ကိုယ့်ရင်သွေးကို ကောင်းစေလို စာစု(၁)

Wednesday, December 30, 2009


ကိုယ့်ရင်သွေးကို ကောင်းစေလို စာစု(၁)

မိဘတိုင်းကတော့ ကိုယ့်ရင်သွေး ကိုယ့်သားသမီးကို ကောင်းစေလို သည်မှာ သဘာဝပင်ဖြစ်သည်။သို့သော် တစ်ခါတစ်ရံ....မိဘ၏အလိုဆန္ဒနှင့် သားသမီး၏ အလှိုဆန္ဒတို့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားသည့်အခါ မိဘနှင့် သားသမီးတို့အကြား မလိုလားအပ်သော ပြသနာများဖြစ်ပွားလာကြရပြန်သည်။ ယခုဆောင်းပါးသည် မိဘနင့် သားသမီးတို့အကြား ဖြစ်ပွားတတ်သော ယင်းပြသနာများကို ဖြေရှင်းနိုင်စေရန် သို့တည်းမဟုတ် အနဲဆုံးအဆင့်အားဖြင့် ပြေလည်မှုရရှိနိုင်စေရန် ရည်သန်ပြီး ရေးသားပါသည်။ သားသမီးဟုဆိုရာတွင်လည်း အရွယ်အားဖြင့် မိခင်ရင်ခွင်ပိုက်အရွယ်မှ အစ အရွယ်ရောက်ပြီး လူလားမြောက်နေသောသားသမီးအားလုံးကို ရည်းညွှန်းပါသည်။ သားသမီး ၏ အမည် နှင့် စရိုက် ယခုကဏ္ဍတွင် ရင်သွေးဖြစ်သူကို မှည့်ခေါ်ထားသော နာမည် အရ ဖြစ်ပွားလာမည့် စရိုက်လက္ခဏာအချို့ ကို ရေးသားဖော်ပြပေးမည်ဖြစ်သည်။ နာမည်အရ ဟုဆိုရာတွင် စာရှုသူများနားလည်နိုင်စေရန်အတွက် ဗေဒင် ပညာရပ်ဆိုင်ရာဝေါဟာရများကို အတတ်နိုင်ဆုံး လျော့ချသွားပြီး ဆီလျော်မှတ်လွယ်မည့် ဝေါဟာရ တို့နှင့် ကြိုး စားဖော်ပြပေးသွားမည်ဖြစ်ပါသည်။ သို့သော် ဆောင်းပါးတစ်ပုဒ် စာတစ်ဆုပ်မျှ နှင့် နာမည်အရ ဖြစ်ပွားလာမည့်အကျိုးအပြစ်တို့ကို အားလုံး အတိအကျ သိရှိနိုင်မည်ကား မဟုတ်ပါ။ စာရေးသူအနေနှင့်လည်း အတိအကျ ဟု မဆိုလိုပါ။ သို့သော် အတတ်နိုင်ဆုံး စာရေးသူ နှစ်ပေါင်းများစွာ လေ့လာအားထုတ်ခဲ့သော မှန်ကန်ညီညွတ်သော အချက်အလက်များကို စာဖတ်သူတို့ နားလည် သိရှိအောင်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ လက်တွေ့ မှန်မမှန်ဟုတ်မဟုတ်ကို မိမိတို့ရင်သွေး ကို ကြည့်ရှုစောင့်ကျပ် သတိချပ်မိခြင်းအားဖြင့် တစ်ဖြည်းဖြည်း သိနားလည်လာမည်ဟု စာရေးသူ အနေနှင့် မျှော်လင့်ယုံကြည်မိပါသည်။တစ်ခုသတိပေးလိုသည်မှာ ယခုဆောင်းပါးကို လိုအပ်သည်ဟုယုံကြည်စိတ်ဖြင့် ဖတ်ရှုမည့်စာရှုသူများအနေနှင့် ကိုယ့်ရင်သွေးကို ကောင်းစေလို ဆောင်းပါးများကို စာစုအစဉ်အဆက် ဆက်လက်ဖတ်ရှုသွားရန်လိုအပ်ပါသည်။ သို့မှသာ အကျိုးအပြည့်အ၀ ရရှိနိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း။

(၁) နာမည်အဖျားစလုံး နှင့် ရင်သွေးစရိုက်လက္ခဏာ အရ အုပ်ထိမ်းပျိုးထောင်ခြင်း

နာမည်အဖျားစလုံးဆိုသည် မှာ နာမည်၏ အဆုံးစာလုံး ကို ဆိုလိုခြင်းဖြစ်သည်။ ပမာအားဖြင့်
စိုးဝေလွင် တွင် လွင်သည်အဖျားစာလုံးဖြစ်သည်။

နာမည်အဖျားစလုံးတနင်္ဂနွေနံဖြင့်မှည့်ခေါ်ခြင်း နှင့် အုပ်ထိမ်းပျိုးထောင်ခြင်း

နာမည်အဖျားစာလုံး (အ၊ဥ) ဖြင့် မှည့်ခေါ်ထားသည့် ..စိုးမိုးအောင်၊ တင်မာဦး၊ သူဇာအေး၊ လင်းလက်ဦး..
စသည်
ကဲ့သို့သော အမည်ရှင်ရင်သွေးများကို ပြုစုပျိုးထောင်ခြင်းကဏ္ဍ

နာမည်အဖျားစာလုံးတနင်္ဂနွေနံ (အ၊ဥ) ဖြင့် မှည့်ခေါ်ထားတဲ့ ရင်သွေးတွေ ကို ပြုစုပျိုးထောင်ရာမှာ၊ ချီးမွှမ်းပြောဆိုပေးဖို့ အထူးလိုအပ်ပါတယ်။ ဒီလိုကလေးတွေကို မိဘတွေက နင်အဖြစ်ကိုမရှိဘူး၊ ညံ့တာအလွန်ပဲ အသုံးကိုမကျဘူး စသည်ဖြင့် အပြစ်တင်ဝေဖန်လိုက်မယ်ဆိုရင် ကလေးရဲ့နှလုံးသားကို ဓါးမြမြနဲ့ ထိုးဆွနေသလို
ခံစားရတတ်ပါတယ်။ အဲဒီ့လိုမကြာခဏဝေဖန်ပြစ်တင်နေမယ်ဆိုရင် မိဘနဲ့ သားသမီးကြား နားလည်မှုက တစ်နေ့တစ်ခြား ကွာဟလာမှာပါ။ အဖြစ်နိုင်ဆုံးချီးမွှမ်းပြောဆိုပေးပါ။ ကလေးကို ဆိုဆုံးမတဲ့နည်းထဲမှာ ဆုပေးဒဏ်ပေးစနစ်ဟာ ဒီနာမည်ရှင်ကလေးငယ်တွေနဲ့အသင့်တော်ဆုံးပဲဖြစ်ပါလိမ့်မယ်။ သိုပေမင့် အလွန်အ
ကျွံဒဏ်ပေးတာ အပြစ်တင်တာမျိုးတွေတော့ အတတ်နိုင်ဆုံးရှောင်ပါ။ သူတို့ကိုအတုယူစရာကောင်းတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ အာဇာနည်ပုဂ္ဂိုလ်တွေနဲ့ အကြီးအကဲတွေအကြောင်း ပြောပြပေးသင့်ပါတယ်။ ဒါဟာသူတို့အတွက် အနာဂတ်အလင်းရောင် ကို သိစိတ်မှာဖွင့်ပေးလိုက်တာနဲ့တူတူပါပဲ။ သူတို့ရဲ့ဘ၀မှာ အစ်ကိုတွေ အဖေအဖိုး ဦးမင်းဦးကြီးတွေ က အရေးပါတာမို့၊ သူတို့ပတ်ဝန်းကျင်မှာ ရှိတဲ့ အဲဒီ့လူတွေအနေနဲ့ စံပြမဟုတ်တောင်လေးစားထိုက်တဲ့အနေအထားမျိုးရှိနေသင့်တာလည်းအမှန်ပါပဲ။
ဒီ့ထက်အရေးကြီးတာတစ်ခုကတော့ သူတို့ကို စာကောင်းပေကောင်းတွေ ၊ ဘာသာရေးနဲ့ ကိုးကွယ်ယုံကြည်မှုပိုင်းဆိုင်ရာ စာပေကောင်းတွေနဲ့ ငယ်ရွယ်စဉ်ကတည်းက ထိတွေ့ပေးထားနိုင်ဖို့ပါ။ တစ်ခြားအမည်ပိုင်ရှင်တွေထက်ကို သူတို့က စာကောင်းပေကောင်းတွေနဲ့ ထိတွေ့ပေးဖို့ ပိုမိုလိုအပ်ပါတယ်။ ဖြစ်နိုင်ရင် သူတို့ကို ကိုယ်ပိုင်စာကြည့်ခန်းကလေး သို့မဟုတ် စာအုပ်စင်ကလေး လုပ်ပေးထားဖို့လိုအပ်ပါတယ်။ ဒါဆိုရင် သူတို့ရဲ့ပင်ကိုယ်စရိုက်အရ ကိုယ်ပိုင်ပိုင်ဆိုင်မှုကိုနှစ်ခြိုက်တတ်တဲ့စိတ်ကြောင့် ကိုယ်ပိုင်သီးသန့်စာအုပ်စင်၊ သို့မဟုတ် စာကြည့်ခန်းလေး လုပ်ပေးထားခြင်းအားဖြင့် ဒီကလေးငယ်မျိုးဟာ စာကြည့်ခြင်း စာဖတ်ခြင်းကိုပိုမိုနီးစပ်သက်ဝင်လာမှာအမှန်ပါပဲ။ဘာအမည်မျိုးပဲမှည့်မှည့် စာဖတ်ခြင်း ဟာလူကို အသိဥာဏ်တိုးပွားစေသလို၊ အထူးသဖြင့် ဒီလို နာမည်အဖျားစာလုံးကို တနင်္ဂနွေနံဖြင့်မှည့်ခေါ်ထားတဲ့ ရင်သွေးတွေမှာတော့ အလွန်ကောင်းတဲ့ဘ၀ရည်မှန်းချက်တွေကို ပိုမိုပြီးသန္ဓေတည်လာစေပါတယ်။ ဒါ့ကြောင့် ဒီလိုနာမည်ရှင်ကလေးငယ်တွေကို စာပေကောင်းတွေနဲ့ မဖြစ်မနေထိတွေ့နိုင်အောင် ဖန်တီးပေးဖို့လိုတယ်ဆိုတဲ့အကြောင်း ရေးသားဖော်ပြပေးရင်း ။ ကိုယ့်ရင်သွေးကိုကောင်းစေလို စာစု(၁) ကို အဆုံးသတ်လိုက်ရပါသည်ခင်ဗျား။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
kosoemoetun13@gmail.com

ချစ်ချစ်အကြောင်း စာစု(၅)

Tuesday, December 29, 2009

ချစ်ချစ်အကြောင်းတစ်စေ့တစ်စောင်း စာစု(၅)

(ပ၊ ဖ၊ ဗ၊ ဘ၊ မ ..ဖြင့် အမည်အဖျားစာလုံးမှည့်ခေါ်ထားသော ချစ်ချစ်တို့အကြောင်း)

သူတို့လို နာမည်ရှင်တွေကို စိတ်ဝင်စားမိမယ် ..ချစ်သူအဖြစ် ရွေးခြယ်မိမယ် ဆိုရင်တော့……………ဘာပဲလုပ်လုပ် သေးသေးမွှားမွှားလေးတွေ တွေးတာကြံတာ လုပ်ပြတာကို သူတို့က မနှစ်သက်တတ်ကြပါဘူး။နောင်ခါလာနောင်ခါဈေးပဲသဘောထား လောလောဆယ်တော့ ကြီးကြီးမားမား ကြံစည်တွေးတော လုပ်ကိုင်ပြလိုက်ပါ။ သူတို့က ဗြစ်စိဗြစ်စိလုပ်တာ ဝေဖန်အပြစ်တင်တာမျိုးတွေကိုလည်း မနှစ်သက်တတ်သူတွေဖြစ်တယ်။
အားနည်းနေသူတွေကို ဖေးမကူညီ ကယ်ဆယ်လိုစိတ် ရှိတတ်သူတွေမို့ ၊ တစ်ခုခုကြောင့် သူတို့စိတ် အလိုမကျ ဖြစ်နေတဲ့အခါမျိုးမှာ ၊ သို့တည်းမဟုတ် ကိုယ့်အပေါ်မကြည်မသာဖြစ်နေတဲ့အခါမျိုးမှာ ကိုယ့်မှာအခက်အခဲတွေကြုံပြီး အားနည်းနေတဲ့အသွင်နဲ့ သူတို့ဆီက အကူညီကို တောင်းခံလိုက်တာ မျိုးကနေ ပြန်အဆင်ပြေသွားတတ်ပါတယ်။

သူတို့ရဲ့ဦးတည်ချက် ရည်ရွယ်ချက်တွေက ..ဘာပဲဖြစ်ဖြစ် ကြီးမားနေတတ်ကြတာမို့ ..သူတို့ကိုကိုယ်ကကြီးကျယ်ရန်ကော…တန်ရာတန်ရာမမှန်းဘူး စသည်ဖြင့် ပြင်းပြင်းထန်ထန် ဝေဖန်မိမယ်ဆိုရင်တော့ နောင်ရေးက ရင်လေးစရာအခြေအနေမျိုး ဖြစ်သွားနိုင်ပါတယ်။
မွေးနေ့လက်ဆောင်ပေးတဲ့အခါမှာတောင် သူတို့အတွက် ကိုယ်က ပေးမယ့်လက်ဆောင်ကို သေးသေးကွေးကွေး ပိစိလေးတွေ မရွေးမိအောင် သတိထားပါ။ဖြစ်နိုင်ရင် ….ပန်းလှလှတွေ အများကြီး ပေးတာတို့ ၊ ၀က်ဝံရုပ်အကြီးကြီး ၀ယ်ပေးတာတို့ (ဥပမာပြောတာနော်)ဆိုရင် သူတို့က သဘောခွေ့တတ်ပါတယ်။နောက်တစ်ခုကတော့ သူတို့က မိတ်ဆွေအပေါင်းအသင်း နယ်ပယ်ကျယ်ပြန့်ပြီး ၊ ဗဟုသုတစုံလင်အောင် ရှာဖွေတတ်သူတွေလည်းဖြစ်တဲ့အတွက် ..ကိုယ်ကလည်း သူတို့နည်းတူ နီးစပ်အောင်နေတတ်ဖို့လိုသလို၊ သူတို့ရဲ့မိတ်ဆွေ ပေါင်းသင်းဆက်ဆံရေး ကဏ္ဍတွေကို အရမ်းကာရော လိုက်လံ ပိတ်ပင်တာမျိုးမလုပ်မိဖို့လည်း အရေးကြီးပါတယ်။ ဟိုလူနဲ့မပေါင်းနဲ့ သည်လူနဲ့ မဆက်ဆံနဲ့ ဆိုတာတွေက သူတို့ကို အထူးစိတ်ညစ်ညူးစေရတတ်လို့ပါ။သူတို့က သဘောထားကြီးတာ စိတ်နေမြင့်မားတာ လူတွေကို ကယ်ဆယ်စောင့်ရှောက်တာ ဒါမျိုးလေးတွေကို အထူး နှစ်ခြိုက်တတ်မယ်ဆိုတာကိုတော့ ကိုယ်ကအမြဲသတိပြုမိနေဖို့လိုပါတယ်။

တစ်ချို့ဆို သူတို့ကိုယ်တိုင်က ဘယ်လိုအခြေအနေနိမ့်နေပါစေ၊ သူတို့ရှေ့မှာ အားနည်းနေသူမျိုးကိုတွေ့ခဲ့ရင် မနေနိုင်အောင်ဖြစ်ပြီး ကူညီတတ်ကြပါတယ်။ ဒါကို ကိုယ်က သူ့ကို ကြိမ်းမောင်းမယ် ၊ဂရုဏာဒေါသောဖြစ်ပြီး ကလော်တုတ်မယ်ဆိုလည်း သူတို့စရိုက်ကတော့ ပြောင်းလည်းသွားဖို့ မလွယ်ပါဘူး။အကယ်လို့များ သင့်ချစ်သူက အဲဒီ့လိုနာမည်ရှင်မျိုး ဖြစ်နေပြီး သင့်လိုပဲ အခြားတစ်ယောက်နဲ့ လည်း ငြိစွန်းပြီး နှစ်ယောက်ကြား ဗျာများရတဲ့အခြေအနေမျိုး ကြုံပြီဆိုရင်တော့ သေချာတာက အားနည်းတဲ့ဘက်ကို သူက ရွေးခြယ်လိမ့်မယ် ဆိုတာပါပဲ။

ကောင်းပြီ။
အနှစ်ချုပ် ပြန်စုပေးပါ့မယ်။

ဒီလိုနာမည်ရှင်မျိုးတွေကို ချစ်ချစ်တော်မယ်ဆိုရင်တော့ သဘောထားကြီးခြင်း၊ ကူညီကယ်ဆယ်တတ်ခြင်း၊ စိတ်နေမြင်မ့ားခြင်း၊ ပညာဗဟုသုတ စုံလင်ခြင်းစသည်အားဖြင့်ရှိဖို့ လိုပါတယ်။ ဥပမာအားဖြင့်တော့ သည်လိုနာမည်ရှင် မျိုးတွေကိုချစ်ချစ်တော်မယ်ဆိုရင်ပေါ့။ အောင်ပြည့်ဖြိုး၊ သူဇာမိုး၊ ယမင်းဖြူ၊ လင်းဝေမောင်၊ အောင်ကျော်ပိုင်၊ တိုးဆုပြည့်၊ ခင်သူဇာမိုး၊ စသည်အားဖြင့် ဆိုပါတော့။
ချမ်းမြေ့ကြပါစေ။
သုတေသီဝေသာလီမောင်ဖုန်း၊
T-group မြန်မာ့ရိုးရာဗေဒင်ပညာအဖွဲ့အစည်း။ waitharlimgphone@gmail.comS

အချစ်နှင့် သူ၏အမည်

Monday, December 28, 2009



အချစ် နှင့် သူ၏ အမည်
စာစု(၁)





သည်တစ်ခါကျွန်တော်တင်ပြချင်တာက (ဆရာကျွန်တော်နဲ့ဒီမိန်းကလေးနဲ့ အဆင်ပြေမလား မပြေမလား၊ ဆရာ သမီးနဲ့သမီးချစ်သူနဲ့ အဆင်ပြေမပြေသိချင်လို့ပါ။) စသည်ဖြင့် မေးလေ့ရှိသူတွေအားလုံးအတွက် ရည်ရွယ်ပါတယ်။ နဲနဲဂွကျတာကတော့ ဒီကဏ္ဍကရေးမယ်ဆိုရင် စုစုပေါင်းဆောင်းပါးပေါင်း ၆၄ပုဒ်ရေးရမယ့် အနေအထားဖြစ်ပြီး ..အတိုချုပ်နိုင်သမျှ စာကိုလျော့ပစ်မယ်ဆိုရင်တောင် အနဲဆုံး ပုဒ်ရေ ၂၀ကျော် ရေးရမယ် ထင်ပါတယ်။ မလွယ်ပါ။

နောက်တစ်ခုက ကျွန်တော်ကိုယ်တိုင်ကလည်း လက်တွေ့တိုက်ဆိုင်တွေ့မြင်ရသောအကြိမ်ရေများအရ အချို့ကို သေချာတပ်အပ်ဖော်ပြရေးသားနိုင်ပြီဖြစ်သော်လည်း အချို့ကိုမူ အတွေးဖြင့် ခန့်မှန်းရုံမျှသာ ခန့်မှန်းနိုင်သေးခြင်း ဖြစ်သည်။ ယင်းကို အတိအလင်းဝန်ခံအပ်ပါသည်။ ကျွန်တော့်တွင်ပြည့်စုံသောအနေအထားအထိ လေ့လာသု တေသနပြုနိုင်ခြင်းမရှိသေးပါ။ နောင်အခါ ကျွန်တော့်ရည်းမှန်းချက်အတိုင်း T-Group မြန်မာ့ရို့းရာဗေဒင်ပညာ သုတေသနအသင်းကို ထူထောင်နိုင်ခဲ့ပါမူ လက်တွေ့လေ့လာမှုခရီးသည် ပိုမိုပြီးများစွာတွင်ကျယ်လာနိုင်မည်ဟု ထင်ပါသည်။ ကြွားလှချေလား ကြီးကျယ်လှချေလားဟုဆိုလျှင် ဟုတ်ကဲ့ ကြီးကျယ်ပါသည်ခင်ဗျား။ သေးနှပ်လျှင် သိမ်ဖျင်းသွားတတ်သောကြောင့်ဟုသာ ဆိုကြပါစို့။


စကားလမ်းက တစ်ခြားကမ်းကိုဆိုက်တော့မည်။ လိုရာကို ဦးတည်ကြပါစို့။ ယခုကဏ္ဍတွင် စာရေးသူအနေနှင့် နာမည်နှစ်ခုကိုတွဲပြီး ကြည့်ရှုခြင်းကဏ္ဍကိုရေးသားမည်ဖြစ်ပါသည်။ လေ့လာကြည့်ပါခင်ဗျား။ နာမည်အဖျားစာလုံး နာမည်အဖျားစာလုံးဟူသည်မှာ နာမည်၏အဆုံးစာလုံးကိုဆိုလိုပါသည်။ ဥပမာ သိန်းမြင့်တွင် မြင့်သည်အဖျားစာ လုံးဖြစ်သည်။ နွယ်နီထွန်းတွင် ထွန်းသည် အဖျားစာလုံးဖြစ်သည်။ ယင်းအချက်ကိုဦးစွာသိရှိထားရပါမည်။



လူကြီးနှင့်ကလေး အတွဲလေးအကြောင်း



(၁) နာမည်အဖျားစာလုံး စနေနံ(တ၊ထ၊ဓ၊ဒ၊န) နှင့် နာမည်အဖျားစာလုံး တနင်္လာနံ(က၊ခ၊ဂ၊ဃ၊င) ဖြင့် မှည့်ခေါ် ထားသော သူနှစ်ဦး ၏ လက်တွဲရေးကဏ္ဍအကြောင်း။
ဥပမာအားဖြင့် စိုးမြင့်ထွန်း နှင့် ဇင်မီမီကျော်၊ နေထက် နှင့် ယမင်းခင်၊ ၀တ်ရည်တိုး နှင့် မိုးမြင့်ကျော်။
စသည်ကဲ့သို့သော အတွဲများ ဖြစ်သည်။


အထက်ပါ လက်တွဲဖော်နှစ်မျိုး၏ လက်တွဲရေးကဏ္ဍသည် ခက်ခဲလှသော ကဏ္ဍတစ်ရပ်ဟုဆိုချင်ပါသည်။
နာမည်အဖျားစာလုံးစနေ သမားတို့သည် လေးနက်စွာလုပ်ဆောင်တတ်ပြီး သူတစ်ပါးကိုဖိအားပေးတတ်သူများ
ဖြစ်နေခြင်း နှင့် နာမည်အဖျားစာလုံးတနင်္လာသမားတို့မှာ ပေါ့ပေါ့ပါးပါးနေထိုင်တတ်မှု အလေးအနက်မတွေးမှု၊
ဖိနှိပ်ချုပ်ခြယ်သည်ကို ကြောက်ရွံ့တတ်ခြင်း စသည်တို့မှာ ဆန့်ကျင်ဘက်အသွင်ကိုဆောင်နေ၏။ ဆူတတ်သူ
ဝေဖန်တတ်သူ နှင့် နားပူမခံနိုင်သူ အပြစ်တင်မှာစိုးသူတို့ လက်တွဲရခြင်းမျိုး ဖြစ်နေတတ်၏။ ထို့ထက်ပိုပြီး ခိုင်း
နှိုင်းဥပမာပေးရပါမူ နာမည်အဖျားစာလုံးစနေသမားများက အနက်ရောင်နှင့် အလားသဏ္ဍန်တူပြီး၊ နာမည်အဖျားစာလုံး တနင်္လာသမားတို့မှာမူ အဖြူရောင်နှင့်အလားသဏ္ဍန်တူပြန်၏။ အဖြူရောင်သမားက
အပေအစွန်းမခံနိုင်သလို အမည်းရောင်သမားကလည်း အရောင်ဖျော့မည်ကိုမလိုလားသော သူများဖြစ်၏။
နာမည်အဖျားစာလုံးတနင်္လာသမား(ခ) အုပ်စု သမားတို့က လွတ်လပ်မှုကိုမြတ်နိုးပြီး ..စိတ်ချမ်းသာမှုကိုရှာလို
ကြ၏။ ပေါ့ပေါ့ပါးပါးနေထိုင်ပြီး အသင်းအဖွဲ့ များနှင့်သာပျော်မွေ့လိုကြ၏။ နာမည်အဖျားစာလုံး စနေနံသမား
(က) အုပ်စုသမားများကမူ ..လူသူနှင့် ကင်းဝေးရာ ဆိတ်ငြိမ်ရာကို ပိုမိုသဘောကျတတ်၏။ အကန့်အသတ်နှင့်
နေထိုင်လုပ်ကိုင် တွေးတော ကြံစည်တတ်၏။ တာဝန်ယူလိုတတ်၏။ ထမ်းလိုတတ်၏။ (ခ) အုပ်စုသမားတို့မှာမူ
တာဝန်ယူလိုစိတ်ထက် ...လွတ်လပ်စွာတွေးတောကြံဆ လုပ်ကိုင်လိုတတ်၏။ ထို့ကြောင့်ပင်လျှင် ယင်းအမည်ရှင်
နှစ်မျိုးမှာ တစ်ယောက်တစ်လမ်းဆီကဲ့သို့ ...လျှောက်လှမ်းမညီနိုင်အောင် ကွာဟနေရတတ်ပေသည်။

ထို့ကြောင့် ယခု အတွဲကို လူကြီးနှင့်ကလေးအတွဲ ဟု အမည်ပေးလိုက်ပါသည်။



လူကြီး နှင့် လူငယ်အတွဲ အကြောင်း




(၂) ဒီတစ်ခုကတော့ နာမည်အဖျားစာလုံး တနင်္လာ နဲ့ နာမည်အဖျားစလုံး ကြာသာပတေး ရှိသူတို့အတွဲနဲ့ပတ်
သက်တဲ့အကြောင်းဆိုပါတော့။ ဒီအတွဲကိုတော့ လူကြီးနှင့်လူငယ်အတွဲလို အမည်ပေးလို့ရမယ်ထင်ပါတယ်။
ဥပမာအားဖြင့် ဒီလိုနာမည်ရှင်အတွဲမျိုးတွေဆိုပါတော့။
မိုးမြင့် နှင့် သူဇာခင်၊ ကျော်ကျော် နှင့် မူယာဖြိုး၊ နီလာခိုင် နှင့် မင်းမင်း၊ ဇော်သန့်ကို နှင့် မျိုးမမ စသည်အားဖြင့်
အတွဲလေးတွေဆိုကြပါစို့။
နာမည်အဖျားစာလုံး ကြာသာပတေး (ပ၊ဖ၊ဗ၊ဘ၊မ) (က)အုပ်စု နှင့်
နာမည်အဖျားစာလုံး တနင်္လာ (က၊ခ၊ဂ၊ဃ၊င) (ခ) အုပ်စု တို့အကြောင်း .......................


ဒီအတွဲကတော့ မဆိုးဘူးလို့ဆိုနိုင်ပါတယ်။ (က)အုပ်စုလို့ နာမည်ပေးထားတဲ့ နာမည်အဖျားစာလုံးကြာသာပတေးသမားတွေက သဘောထားကြီးတတ်တာများပြီး သူတစ်ပါးကို ကယ်တင်လို
ဖေးမပေးလိုတဲ့ စရိုက်လည်း အနဲနဲ့အများရှိကြသူတွေမို့ ...ကလေးဆန်တဲ့ (ခ)အုပ်စု နာမည်အဖျားစာလုံးတနင်္လာသမားတွေကို ခွင့်လွှတ်သီးခံပေးနိုင်ကြတာများပါလိမ့်မယ်။ (က)အုပ်စုသမားတွေ
က....ကြီးကြီးမားမားတွေးတောကြံစည်တတ်ပြီး၊ (ခ) အုပ်စုသမားတွေက ..တစ်ခါတစ်ခါ ကလေးကလားလုပ်ကိုင်
တတ်တာတစ်ခုတော့ ပြောစရာရှိပါတယ်။ ဒါပေမယ့်လည်း အများစုကတော့ အဆင်ပြေတဲ့အတွဲလို့ ဆိုနိုင်ပါတယ်။ ပညာပေးလိုသူနဲ့ ပညာယူလိုသူအတွဲမျိုးလည်းဖြစ်ပါလိမ့်မယ်။ အားငယ်တတ်သူ နဲ့ အားပေးတတ်သူအတွဲလို့လည်းဆိုနိုင်ပါတယ်။ လွတ်လပ်မှုကို ကြိုက်တဲ့သူတွေနဲ့ နားလည်ပေး သဘောထားကြီးပေးနိုင်သူ အတွဲမို့ 70%လောက်သင့်တယ်လို့ဆိုနိုင်ပါတယ်ဗျား။



ချမ်းမြေ့ကြပါစေ။

သုတေသီ ဝေသာလီမောင်ဖုန်း။

waitharlimgphone@gmail.com

နစ်သစ်ကူးအတွက် လက်ဆောင်အစီအရင်

Friday, December 25, 2009

နှစ်သစ်ကူးအတွက် လက်ဆောင်အစီအရင်

ဘာရယ်တော့မဟုတ်ပါဘူး။ ..တစ်ချို့တွေကလည်း ဆရာ နှစ်သစ်ကူးတော့မယ် ဘာများထူးထူးခြားခြားရေးဦးမလဲမေးလို့ပါ။ အများအားဖြင့်တော့ ကျွန်တော်ကိုယ်တိုင်က အစီအရင် ဆိုတာတွေကို သိပ်ဝါသနာမပါသလို၊ တော်ရုံလည်း မယုံကြည်တတ်လို့ပါ။

သို့သော် အမှန်တစ်ကယ် အစွမ်းထက်တဲ့ အရွက်အခက်ရိုက်နည်းတွေ...အစီအရင်တွေလည်း ရှိတယ်ဆိုတာလည်း မျက်မြင် လက်တွေ့အချို့အရ လက်ခံယုံကြည်ခဲ့ပါတယ်။ သာမန်အတွေးအမြင် နဲ့ ဘယ်လိုမှ စဉ်းစားလို့ဥာဏ်မမီနိုင်လောက်တဲ့ သဘာဝလျှို့ဝှက်ချက်တွေ အများကြီးရှိနေပါတယ်။ သိပ္ပံပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေ ဘယ်လိုမှလက်ခံလို့မရပေမယ့် ...အရွက်အခက်လေးနဲနဲပါးပါးနဲ့ ကြီးမားတဲ့ကိစ္စရပ် တစ်ချို့ကို အောင်မြင်အောင် လုပ်သွားတာမျိုးကိုလည်း မြင်တွေ့ခဲ့ရဖူးပါတယ်။

ကျွန်တော်ကိုယ်တိုင်ကတော့ အစီအရင်သမားမဟုတ်ပါဘူး။ နေ့နံတွေ ဂဏန်းတွေ မဟာဘုတ်တိုင်တွေနဲ့ လုံးထွေးနေတဲ့သူပါ။ သို့သော်..ဒီတစ်ခါတော့ ...ကျွန်တော်နဲ့ရင်းနှီးတဲ့မိတ်ဆွေအချို့ကို ကောင်းစေချင်တဲ့စေတနာနဲ့ လမ်းညွှန်ပေးခဲ့ဖူးတဲ့ ဒီအစီအရင်လေးကို ..တင်ပြပေးလိုက်ပါတယ်။ မယုံကြည်ရင် မလုပ်ပါနဲ့။ ယုံကြည်ရင်လုပ်ကြည့်ပါ။ ထူးတယ်မထူးဘူးဆိုတာတော့ ဆောင်ရွက်သူရဲ့ သဒ္ဒါ၊ ဆန္ဒ၊ ၀ီရိယ..အလျောက် သိမြင်လာပါလိမ့်မယ်။ အဲ..တစ်ခုမှာချင်တာက ဒီအစီအရင်ကို လုပ်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့တော့လို ပါတယ်။ လိုအပ်တဲ့ပစ္စည်းကတော့ သိပ်မခက်လှပါဘူး။ လက်ဖက်သားအနဲငယ်နဲ့ အုန်းသီး ၊ သို့မဟုတ်..အုန်းသီးစိတ် သို့မဟုတ် အုန်းယိုသို့မဟုတ် (သိပ်ခက်နေရင်) အုန်းရေဖန်ခွက်တစ်ခွက်စာ လိုပါတယ်။

(အောင်မယ်..တီဗွီအစီအစဉ်က ဟင်းချက်နည်းပို့ချနေသလိုလို ခံစားရတယ်ဗျ)။ လုပ်ရမယ့်နည်းက လင်ဗန်းတစ်ချပ်ထဲမှာ အုန်းသီး ၊ သို့မဟုတ်..အုန်းသီးစိတ် သို့မဟုတ် အုန်းယို၊ သို့မဟုတ်အုန်းရေ တစ်ဖန်ခွက်..ကို ..အလယ်မှာထား၊ ..လက်ဖက်သားကို ငါးပုံပုံ ပြီး ဘေးကနေ ရံပါ။ ပြီးရင် ဘုရားမှာကပ်လှုပါ။
ကပ်လှုရမယ့်အချိန်နာရီ နေ့ရက်တွေက အောက်မှာရေးပေးထားပါတယ်။ အဲဒီ့ထဲက ကိုယ်အဆင်ပြေမယ့်ရက်ကို ရွေးခြယ်ပြီးကပ်လှုနိုင်ပါတယ်။ တစ်ခုပြောချင်တာက ဒီအစီအရင်ဟာ လက်ရှိရောက်ဆဲ ကောဇာမြန်မာခုနှစ် ၁၃၇၁ခုနှစ်အတွင်းအတွက်သာဖြစ်တယ် ဆိုတာပါပဲ။ ဒါလေးကိုတော့သတိချပ်ပါ။

ပြုလုပ်နိုင်သောအချိန်များ

တနင်္လာနေ့ နံနက် 73း0 မှ 9း00 အတွင်း
ဗုဒ္ဓဟူးနေ့ နံနက် 9း00 မှ 103း0 အတွင်း
သောကြာနေ့ နံနက် 103း0မှ 12း00 အတွင်း
စနေနေ့ နံနက် 6း00 မှ 73း0 အတွင်း ..မိမိတို့ အဆင်ပြေသောအချိန်ကိုရွေးခြယ်ပြုလုပ်နိုင်သည်။

အထက်ဖော်ပြပါအချိန်တစ်ခုခုအတွင်း ဘုရားရှင်ကို ဖော်ပြပါ လက်ဖက်သား နဲ့ အုန်းပွဲ ကပ်လှုပြီး ...၊ ဓမ္မစကြာရွတ်ဖတ်ခြင်း
သို့မဟုတ်၊ ဂုဏ်တော်ကိုးပါးကို အနုလုံပဋိလုံ အပြန်ပြန်အလှန်လှန် ရွတ်ဖတ်ပွားများခြင်း ..ပြုပေးရပါမယ်။ ဒီနေရာမှာ ဂုဏ်တော်
ရွတ်ဖတ်ခြင်းနဲပတ်သက်လို့နဲနဲပြောချင်ပါသေးတယ်။ တစ်ချို့တွေက ဂုဏ်တော်ရွတ်ဟေ့ ဆို ...၀ရူးဝရူး နဲ့ ခွေးရူးလိုက်ဆွဲတာခံ
နေရသလို ရွတ်တာမျိုး ရွတ်တတ်ပြီး၊တစ်ချို့ကြတော့လည်း ရွတ်သာရွတ်နေတယ် အရဟံ ..ဘာမှန်းမသိ ၊ သမ္မာသံဗုဒ္ဓေါ ..
ဘာမှန်းမသိ...ဘာမှန်းဘာမှန်းကိုမသိပဲရွတ်နေကြတာမျိုးတွေ့ရပါတယ်။ အကြံပြုလိုတာကတော့ ..သေချာအနက်ကိုအာရုံပြုပြီးမှ
ဖြေးဖြေးချင်းရွတ်ဖတ်ပြီး ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို အပြန်ပြန်အလှန်လှန် ပွားများပါ။ ဒါမှလည်း အကျိုးများပါမယ်။
ဘာဆိုဘာမှ မသိသေးသူတစ်ချို့အတွက်လည်း ကျွန်တော်သိထားတဲ့အသိနဲနဲလေးကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

အရဟံ
ကိလေသာဟူသောအပူအညစ်ခပ်သိမ်းတို့မှ အေးငြိမ်းစင်ဖြူလျက် နတ်လူဗြဟ္မာ သတ္တ၀ါအားလုံး ရိုသေညွတ်ရုံးလျက်
ရွှင်ပြုံးဦးခိုက် အမြတ်ဆုံး ပူဇော်ထိုက်သူ ဖြစ်တော်မူပါပေသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဘုရား။
သမ္မာသံဗုဒ္ဓေါ
သိစရာမှန်သမျှတို့ကို ဆရာမလို ကိုယ်တော်တိုင် ကောင်းမွန်မှန်ကန်စွာ သိမြင်တော်မူပါပေသော မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးဘုရား။
ဝိဇ္ဇာစရဏသမ္ပန္တွော
အသိဥာဏ်စွမ်းအင်အမျိုးမျိုး .. ကျင့်ကြံအားထုတ်မှုစွမ်းအင်အမျိုးမျိုးတို့နှင့် ထပ်တူညီညွတ် ပြည့်စုံတော်မူပါပေသော
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဘုရား။
သုဂတော
စ လယ် ဆုံး ...ပင် နှလုံး ကိုယ် နှုတ် ..လမ်းမှန်ဟုတ်လျက် ပြုလုပ်တော်မူသမျှ အလုံးစုံကောင်းခြင်းဂုဏ်နှင့်
အကြွင်းမဲ့ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဘုရား။
လောက၀ိဒူ
ဖြစ်ပျက် များစွာ သတ္တ၀ါနှင့် စကြာဝဠာ စ..ဆုံး ၊ တစ်လောကလုံးကို သိမ်းကြုံးကုန်စင် အကြွင်းမဲ့သိမြင်တော်မူ
ပါပေသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဘုရား။
အနုတ္တရော ပုရိသ ဒမ္မ သာရထိ
သတ္တ၀ါတို့ကို ကိလေသာ အဆိပ်အတောက် ငြိမ်းဖျောက်ဖြေဆေး နည်းလမ်းပေးလျက် ယဉ်ကျေးသိမ်မွေ့အောင်
အကြွင်းမဲ့ဆုံးမတော်မူနိုင်ပါပေသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဘုရား။
သတ္ထာဒေ၀ မနုသာနံ
လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံး တစ်လောကလုံး၏ ညွတ်ရုံးလိုတူ ပြိုင်ဘက်မပြူသည့် တစ်ဆူတည်းသောဆရာ၊
သံသရာ ခရီးကြမ်းတွင် လမ်းပြရှေ့ဆောင်ကြီး ဖြစ်တော်မူပါပေသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဘုရား။
ဗုဒ္ဓေါ
သစ္စာလေးဆူ သိတော်မူတိုင်း နာသူအကြိုက် သတ္တ၀ါတို့၏ စရိုက်နှင့် အားလျော်စွာ...အလိုက်သင့်ပင်
မမြင်မသိမရှိရအောင် ဟောပြတော်မူနိုင်ပါပေသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဘုရား။
ဘဂ၀ါ
ဘ၀များစွာ ဆည်းပူးတော်မူလာခဲ့သော ပါရမီဘုန်းစက် ကံလက်နက်ဖြင့် ငါးချက်မာန်ခွင်း အောင်မြေနင်းလျက်၊
အမင်းမင်းနတ် မြတ်ထက်မြတ်ဟု လေးမြတ်ကော်ရော် ဆည်းကပ်ပူဇော်ထိုက်သော ဘုန်းကံတော်၊တန်ခိုးတော်၊ ကျက်သရေတော်
အနန္တတို့နှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဘုရား။

သည်အစီအရင်နဲ့ပတ်သက်ပြီး နောက်ဆုံးပြောချင်တာကတော့ ..သည်အစီအရင်ဟာ..၊ ကိုယ်အမှန်တစ်ကယ်ရထိုက်
ပြီး ပြန်မရသေးတဲ့ ကိစ္စမျိုးတွေ နဲ့ ပညာရေးဆိုင်ရာကိစ္စအ၀၀ ဆောင်ရွက်နေသူတွေ..၊ အဆက်အသွယ် သတင်းတစ်ခုခု ပြန်လည်ကြားလိုသူတွေမှာ အထူးအကျိုးပြုစေပါတယ်။ သို့ပေမယ့်..............
လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ကွဲခဲ့အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့ ငယ်ရည်းစားကိုပြန်လိုချင်တာတို့ လွန်ခဲ့တဲ့တစ်နှစ်ကျော်က အခိုးခံခဲ့ရတဲ့ဥစ္စာပစ္စည်းကိုပြန်လိုချင်တာတို့ အစရှိတဲ့မတော်မတဲ့ကိစ္စတွေကိုတော့ ဆောင်ရွက် အောင်မြင်စေမှာမဟုတ်ပါဘူး။ မိမိနဲ့အမှန်တစ်ကယ်ထိုက်တန်ပြီး ရသင့်ရထိုက်ပြီး မရသေး ထစ်ငေါ့နေသေးတဲ့ကိစ္စတွေ၊ အဆက်အသွယ်ပြန်မလာသေးတဲ့ကိစ္စတွေမှာတော့ သည်အစီအရင်ကို ဆောင်ရွက်ပြီး သစ္စာပြုရင် အကျိုးရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်..ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ အကျိုးရှိနိုင်ဖို့ သည်ဆောင်းပါးကို ရေးသားဖော်ပြပေးလိုက်ပါတယ်ခင်ဗျား။

သုတေသီဝေသာလီမောင်ဖုန်း

T-group မြန်မာ့ရိုးရာဗေဒင်ပညာအဖွဲ့အစည်း။
waitharlimgphone@gmail.com

အမှန်ကို ၀န်ခံကြရအောင် စာစု(၂)

Thursday, December 24, 2009

အမှန်ကို ၀န်ခံကြရအောင် စာစု (၂)

တလားကိန်းတဲ့ဗျားးးးးးးးး။

နာမည်ကြီးဗေဒင်ပညာရှင်ကြီး (ယခုကွယ်လွန်သွားပြီဖြစ်တဲ့) ဆရာကြီးမင်းသိင်္ခရဲ့ တပည့်ကြီးတစ်ဦး ဆိုပါတော့။ စာရေးသူရဲ့အသိညီလိုအစ်ကိုလိုနေတဲ့ သူတစ်ဦးကို အဲဒီ့ကိန်းနဲ့ကြုံနေပြီဆိုပြီး ယတြာတွေကော ဘာညာတွေကော ဆိုပါတော့ ထုံးစံအတိုင်း။ ကျွန်တော်နဲ့တွေ့တော့ စိုးရိမ်တစ်ကြီးနဲ့ အဲဒါကြုံနေရပြီပြောတယ်။ (တလားကိန်းပြောတယ်။ စနေနဲ့ ဗုဒ္ဓဟူး နိစ်ပြမိလို့ဆိုလားပဲ။ အဲဒါတော်တော် ဆိုးတတ်သလားဆိုပြီးမေးရှာပါတယ်။) ကဲ.............စပြီဇာတ်လမ်း။ စနေ ဗုဒ္ဓဟူးနိစ်ပြ ဆိုတာ သောကြာဂြိုဟ်အိပ် ၊ သက်ရောက်တစ်ခုခုကြုံချိန်မှာ ဘယ်သူမဆို ကြုံရမယ့် နိစ်ပြအတွဲပါ။

ဒါကို ကိုရွှေဗေဒင်ဆရာက ကြံကြံဖန်ဖန် (စနေနံ တထဒဓန နဲ့ ဗုဒ္ဓဟူးနံ ရယလ၀) ပေါင်းစပ်ပြီးသကာလ...၊ တလားကိန်းဆိုပြီး ဗေဒင်မေးသူကို မသာအခေါင်းနဲ့ ခြိမ်းခြောက်နေပုံပြောပါတယ်။ တစ်ကယ်တော့ လူတစ်ယောက်အဖို့ သောကြာသက်ရောက်လို သက်ရောက်မျိုးကို ရှစ်နှစ်တစ်ကြိမ် မဖြစ်မနေကြုံနေရမှာ ဖြစ်လို့။ သူပြောတဲ့တလားကိန်းကလည်း ရှစ်နှစ်တစ်ခါကြုံနေရမှာပါပဲ။ အဲဒီ့ကိန်းကြုံတိုင်းသာ မျိုးဇိပြတ်နေရမယ်ဆိုရင် ....အသက် ခြောက်ဆယ်ကနေ ခုနှစ်ဆယ်အတွင်း နေသွားရမယ့်လူတစ်ယောက်ဟာ..တလားကိန်း အနဲဆုံး ခုနှစ်ကြိမ် ရှစ်ကြိမ်လောက်ကြုံမှာဖြစ်လို့ အသက်ကို တစ်ချောင်းထဲနဲ့ မရပါဘူး။ စပါယ်ရာပတ် ခြောက်ချောင်းလောက်အနဲဆုံးပါရမလိုဖြစ်နေပါတယ်။ ကမ္ဘာ့ လူဦးရေ သန်းပေါင်းခြောက်ဆယ်ကျော်အနက်က လူပေါင်းမျှချေတွက်ရင် တစ်နှစ်ကို ...ရှစ်သန်းကျော်ကျော်လောက်ဟာ..တလားကိန်းမိနေမှာဖြစ်ပြီး မျိုးဇိအကုန်သာပြတ်ရရင်..ဒီနေ့ နှစ်ဆယ့်တစ်ရာစုရဲ့ အချမ်းသာဆုံးစာရင်းဝင်တွေထဲမှာ ခေါင်းရောင်းတဲ့သူတွေ နဲ့ သုဘရာဇာတွေ ပါလာနိုင်ပါတယ်။

ဆိုတော့.......မလုပ်ပါနဲ့လို့ပဲ ဒီနေရာကနေ မေတ္တာရပ်ခံချင်ပါတယ်။ လူတစ်ယောက်ကို သူဘာမှန်းသေသေချာချာနားမလည်တဲ့ စကားလုံးတွေ အနိဌာရုံ တွေနဲ့ မခြောက်လှန့်ပါနဲ့။ ကိုယ့်ကိုအားကိုးလို့ ယုံကြည်လို့ ထိုက်သင့်တဲ့ ဥာဏ်ပူဇော်ခပေးပြီးပြီပဲ ။ ကျေနပ်ပါ။ ဗေဒင်ဆရာပဲ ဘဏ်ပိုင်ရှင်မှမဟုတ်တာ။ အရမ်းချမ်းသာချင်ရင် ဘဏ်ကိုဓမြတိုက်တာက အကုသိုလ်
နဲပါသေးတယ်။ ဗေဒင်ဆရာဘ၀က ဗေဒင်ဆရာလောက်ဝင်ငွေမှန်ရင်တော်ပြီပေါ့။ ကျွန်တော်ဝေဖန်တာက ပြင်းထန်ကောင်းပြင်းထန်နေပါလိမ့်မယ်။ ဒါပေမယ့် ဒါအမှန်တွေပါ။ ကိုယ့်ပညာကိုကိုယ် သိပ်ယုံကြည်မယ်ဆိုရင် ဗေဒင်ဟောခကို သာ တိုးတောင်းလိုက်ပါ။ ရဲရဲတောင်းမှန်မှန်ကန်ကန် စေတနာထားပြီး ဖြူဖြူစင်စင်ကူညီပေးလိုက်ပါ။ ဟောခတစ်သိန်းဆိုလည်း တစ်သိန်းတန်တယ်လို့ ယုံကြည်ယူဆတဲ့သူရှိရင်လာမေးပါလိမ့်မယ်။

ဆိုတော့ ခုနကပြောသလို....နိစ်ပြဂြိုဟ်နှစ်လုံးကို ကြည့်ပြီး လျောက်ပြောနေရရင် ...(၂+၅) တွဲဆို ကေတီဗွီကိန်းတို့...၊ဘာတို့ထွင်ပြီး ..... ခင်ဗျားယောကျာ်းကေတီဗွီကိန်းမိတော့မယ် ကြည့်ထိမ်းဆိုပြီးဟောရမလိုဖြစ်နေပြီ။

နိစ်ပြဂြိုဟ်တွဲကို သတိပြုရမယ် ဆိုတာမမှားပါဘူး။ ဒါပေမယ့် ...မနက်ဖြန် ပဲ ဥက္ကာပျံ ကမ္ဘာကိုဝင်ဆောင့်တော့မလို ..မေးသူသောကဖြစ်အောင်တော့ မခြောက်သင့်တာအမှန်ပါ။ ကျွန်တော်အခုဒီလိုရေးတော့ အမုန်းခံရမှာပါပဲ။ ခံရလည်းမတတ်နိုင်ပါဘူး။ ဆက်ပြီးတော့ ရေးမှာပါပဲ။ မရေးဘူးဆိုရင်
မသိတဲ့သူတွေ ပိုဒုက္ခများကြဦးမှာမို့ပါ။ ဖတ်မိတော့လည်း ဖတ်မိတဲ့လူ သိပြီး ဥပါဒါန်စွဲ စိတ်သောကရောက်ရတာမျိုးသက်သာနိုင်မှာပါ။ အခုပြောချင်တာက...ဗေဒင်ဆရာတွေအနေနဲ့ ..မေးသူကိုခြောက်လှန့်တာမျိုးက ...အကုသိုလ်ကြီးတယ်ဆိုတာ ပါ။ ဘယ်...........တစ်ဖက်သားမှာ သူ့ကိုသူ စိတ်ကတစ်ထင့်ထင့်နဲ့ ..စိတ်နုသူဆိုစိတ်ရောဂါတောင်ကပ်သွားနိုင်ပါတယ်။ ဗေဒင်မေးသူတွေကို သိစေချင်တာကတော့....မေးတော့မေးးးးးးးဟေ့။ နှော့...။

ဘာသာရေးအသိ ပြင်ပဗဟုသုတအသိခိုင်ခိုင်ရှိမှ မေးတာကပိုသင့်လျော်မယ်ဆိုတာပါပဲ။

သုတေသီဝေသာလီမောင်ဖုန်း။

T-group မြန်မာ့ရိုးရာဗေဒင်ပညာအဖွဲ့အစည်း ။ waitharlimgphone@gmail.com

ချစ်ချစ်အကြောင်းစာစု(၄)

Wednesday, December 23, 2009

ချစ်ချစ်အကြောင်း ... တစ်စေ့တစ်စောင်း ..စာစု (၄)


ယ ၊ လ ၊ ၀ ... ဖြင့် နာမည်အဖျားစာလုံးမှည့်ခေါ်ထားသော ချစ်ချစ်တို့အကြောင်း

သူတို့လိုနာမည်ရှင်မျိုးတွေနဲ့ ချစ်မိထားသူတွေအဖို့ကတော့... နားညီးဖို့သာပြင်ထားတော့လို့ ပြောရမလိုပါပဲ။ မူလမဟာဘုတ်အနေအထားကြောင့်ဖြစ်စေ၊ဆွံ့အနေလို့ဖြစ်စေ.ရှိခဲ့ရင်သာ နားညီးသက်သာနိုင်ပါလိမ့်မယ်။
သူတို့က စကားပြောရတာကို သိပ်ခုံမင်ကြတတ်တယ်လေ။ တစ်ချို့ကျတော့လည်း မပြောရင် မြုံစိစိ၊ အေးအေးလေး၊ ပြောလည်းပြောရော ..၀ီခေါ်ပြီးမရပ်တော့တာမျိုး..တွေ့ရတတ်ပါတယ်။ သူတို့က..တစ်ခုခုကို ပြုပြင်ပေးရတာကို ၀ါသနာထုံတတ်သလို၊ ကိုယ့်ကိုယ်ကိုပဲဖြစ်ဖြစ်၊ သူများကိုပဲဖြစ်ဖြစ် ပြုပြင်ချင်တဲ့စိတ်အာသီသလည်း ရှိတတ်ကြသူတွေမို့၊ သင်သာ သူတို့လိုနာမည်ရှင်မျိုးလေးတွေကို ချစ်ချစ်တော်မိရင်..သင့်ကို ပြုပြင်ခိုင်းတာတွေလုပ်လာမယ်ဆိုတာ ကြိုရိပ်မိထားဖို့လိုသလို၊ သူ့အလိုကျလိုက်လျောညီထွေပြုပြင်နေထိုင်ပေးဖို့လည်း လိုအပ်မယ်လို့ကြိုသတိပေးပါရစေ။

သူတို့ထဲကတစ်ချို့သောချစ်ချစ်ကလေးတွေကတော့...တစ်ကယ့်လူဆိုးနာမည်တွင်နေတဲ့... ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ နာမည်ဆိုးတွင်နေတဲ့..ဖူးစာဖက်မျိုးကို တမင်ရွေးခြယ်ပြီး၊ ပြုပြင်ပေးဖို့ ကြိုးစားတတ်ကြပြန်ပါသေးတယ်။ ဆွေးနွေးတိုင်ပင်ရခြင်းဆိုတာ သူတို့ရဲ့အဓိက ဦးတည်ချက်တစ်မျိုး ဖြစ်တာကြောင့်၊ သူတို့ကိုစကားကောင်းကောင်း ပြောပေးတတ်ဖို့လည်း အရမ်းလိုအပ်ပါတယ်။

သူတို့အတွက် စကားပြောဖော်ဆိုတာ မရှိမဖြစ်လိုအပ်တဲ့အရာပဲဆိုပါစို့။ ဒါကြောင့် သူတို့နဲ့စကားကောင်းကောင်း ပြန်ပြောနိုင်ဖို့အတွက်..သူတို့စိတ်ဝင်စားမယ့် အကြောင်းအရာလေးတွေကို လည်း ၊ ရှာဖွေလေ့လာထားမယ်ဆိုရင် ..အရမ်းကို အဆင်ပြေနိုင်တာပေါ့။ သူတို့က များသောအားဖြင့် ရုပ်ရှင်သရုပ်ဆောင်တွေ၊ အမူအယာလုပ်ပုံတွေကိုလည်း စိတ်ဝင်စားတတ်ကြပါသေးတယ်။ ဒါလည်း သတိပြုထားသင့်ပါတယ်။ တစ်ချို့သော သူတို့ထဲက ချစ်ချစ်တို့ကတော့ ဥာဏ်ရည်ဥာဏ်သွေး နဲ့ အတွေးအခေါ်ပိုင်းတွေကို အလေးအနက်ထားတတ်ကြပြန်တယ်။ ဒီလိုမျိုး ချစ်ချစ်လေးတွေနဲ့ ဆုံဆည်းခဲ့မယ်ဆိုရင်လည်း ကိုယ့်ဘက်က .၊ နောလေ့ရှ်ပိုင်းမှာ ..ထက်မြက်နေဖို့လိုပြန်ရောဗျ။

ဟူးးးးးးးးးးးး ။ ကဲ သူတို့လိုနာမည်ရှင်မျိုးတွေနဲ့ချစ်ချစ်တော်ဖို့ စိတ်ကူးများရှိကြရင်တော့. တော်ကီကောင်းဖို့က နံပတ်တစ်ပဲဗျို့။ တော်ကီကောင်းလေ သူတို့ကအကြိုက်တွေ့လေပါပဲ။ အပြုသဘောဆန်တဲ့ ချစ်သူမျိုးလေးတွေလို့လည်းပြောလို့ရတာမို့....သူတို့က ဘယ်အရာကိုပဲပျက်ပျက် အလွယ်တစ်ကူပစ်ထားလိုက်တာမျိုးကိုလည်း မနှစ်သက်တတ်ဖူး ဆိုတာကိုယ်ကသိထားဖို့လိုပါတယ်။ ဖိနပ်ကလေးပြတ်တာကအစ... စီးလာတဲ့ ကားပျက်တာအဆုံး၊ ကိုယ့်ဆရာက ယောကျာ်းလေးဆိုရင်တော့
..ချစ်သူရှေ့မှာ ဟိုကလိသည်ကလှည့် လုပ်ကြည့်တတ်ဖို့ လိုပါတယ်။ ဖိနပ်ပြတ်ခဲ့ရင်လည်း တွယ်ချိတ်ကလေးနဲ့ ပြုပြင်ပေးလိုက်တာမျိုး လုပ်ပေးနိုင်လို့ကတော့....အမှတ်တွေတစ်လှေကြီး ရမှာကျိန်းသေပါပဲ။

နောက်တစ်ခုကတော့ အပေးအယူ အလဲအလှယ်လုပ်တတ်တဲ့သဘာဝစရိုက်တစ်မျိုးပါ။ ဒါကို သိထားဖို့လည်း လိုပါတယ်။ သူတို့ရဲ့ သဘာဝမှာ ၊ သူတို့ရဲ့ဦးတည်ချက်မှာကို အဲဒါမျိုးက ပါလာပြီးသားဖြစ်နေတာပါ။ အရောင်းအ၀ယ်နဲ့ ကုန်သွယ်မှုဆိုင်ရာ...အခြေခံစိတ်တစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်။ ဖလှယ်ရတာ၊ အလဲအလှယ်လုပ်ရတာကို ၀ါသနာထုံတတ်တဲ့ သူတွေမို့။ ( ဟိုနေ့ကလိုမျိုး နောက်မလုပ်တော့ဘူးဆိုရင် ...ချစ်လည်း နောက်ကို မောင်မကြိုက်တဲ့ ဟိုဥစ္စာကို မလုပ်တော့ဘူးနော်) ဆိုတာမျိုး ...အလဲအလှယ်သဘောမျိုးနဲ့လည်း တောင်းဆိုတတ်ကြတာကို ကြိုတင်သိထားဖို့လိုပါလိမ့်မယ်။

ကဲ ...နဲနဲ အနှစ်ချုပ်ပေးပါ့မယ်။ အဓိကအနေနဲ့ သူတို့လိုနာမည်ရှင်မျိုးလေးတွေကို ချစ်ချစ်တော်မိမယ်ဆိုရင် စာပေဗဟုသုတကြွယ်ဝဖို့လိုသလို၊ စကားပြောကောင်းဖို့ လိုပါတယ်။ အထူးသဖြင့် ...ဆွေးနွေးပေးတာ၊ အယူအဆအတွေးအခေါ်ခြင်းဖလှယ်ပေးရတာလေး တွေကို အထူး စိတ်ပါဝင်စားတတ်သူတွေ ဖြစ်တဲ့အတွက်............၊

အစိမ်းသက်သက်ကနေ စပြီးချဉ်းကပ်မယ်ဆိုရင်တောင်မှ....စကားစမြည်ပြောဆိုဆွေးနွေးခြင်း တစ်ခုခုနဲ့ ၀င်ရောက်ချဉ်းကပ်တာဟာ အကောင်းဆုံးဖြစ်မှာပါ။ တော်ကီ ကောင်းဖို့ လိုတယ်ဗျို့။ တော်ကီ....တော်ကီ၊ အင်း တော်ကီချစ်ချစ်လို့ပဲဆိုကြပါစို့ရဲ့။

ဥပမာအားဖြင့်တော့ သည်လို နာမည်ရှင်မျိုးလေးတွေပေါ့။ နွယ်နွယ်ဝင်း၊ အောင်လင်း၊ ကျော်ဇေယျာ၊ မင်းဇော်ဝေ။ လင်းလင်း၊ ဖြူလဲ့။

ချမ်းမြေ့သုခ ..ရှိကြပါစေ။

သုတေသီ ဝေသာလီမောင်ဖုန်း

ချစ်ချစ်အကြောင်းစာစု(၃)



ချစ်ချစ်အကြောင်း ... တစ်စေ့တစ်စောင်း ..စာစု (၃)


စ ၊ ဆ ၊ ဇ ၊ ဈ ၊ ည ... ဖြင့် နာမည်အဖျားစာလုံးမှည့်ခေါ်ထားသော ချစ်ချစ်တို့အကြောင်း

သူတို့လိုနာမည်ရှင်မျိုးတွေနဲ့ ချစ်မိထားသူတွေအဖို့ကတော့....ရုတ်ရုတ် ရုတ်ရုတ်မလုပ်ဝံ့အောင်ပါပဲ။
သူတို့က သိပ်လျှင်သလို၊ စုံစမ်း ထောက်လှမ်း ရတာကိုလည်း ၀ါသနာထုံတတ်ကြပါတယ်။ တစ်ချို့ဆို(မူလမဟာဘုတ်ဇာတာအရ)အင်္ဂါဂြိုဟ်အရမ်းအားကောင်းတဲ့အနေအထားရှိသူတွေ ဖြစ်ခဲ့ရင်...ဇိုးဇိုးဇတ်ဇတ်နဲ့ ကိုယ့်ကိုဦးဆောင် သွားမယ့်သူမျိုးတွေအဖြစ်တွေ့ကြရပါမယ်။ သူတို့က စိတ်မြန်သလို အီးလေးဆွဲနေတာ၊ စောင့်ဆိုင်းရတာတွေကိုလည်း အရမ်းမုန်းတတ်ပါတယ်။ နာရီကို ရှေ့နဲနဲစောပြီးလှည့်ထားတတ်တာ သူတို့ပေါ့။

..သူတို့ကို ..တားမြစ်ပိတ်ပင်ရတာ အရမ်းခက်ပါတယ်။ ..အဖြစ်နိုင်ဆုံးကတော့ ဖြောင်းဖြောင်းဖျဖျ ပြောဆိုပေးရုံလောက်ပဲလုပ်ပါ။ သူတို့က အနိုင်ယူချင်တယ်။ ယှဉ်ပြိုင်လိုစိတ်လည်း ရှိတတ်ကြပါတယ်။ တစ်ကယ်လို့များ ဒီလိုချစ်သူလေးမျိုးရထားပြီး..သူ့ကို တစ်ခြားတစ်ယောက်နဲ့ နှိုင်းယှဉ်ပြပြီးဝေဖန် အပြစ်တင်တာမျိုးလုပ်မိမယ်ဆိုရင်တော့.နောင်ရေးအခြေအနေက ရင်လေးစရာဖြစ်သွားနိုင်တာမို့ တော်တော်ဂရုစိုက်ရှောင်ကျဉ်ပါလို့ပဲ သတိပေးရပါမယ်။

ဒီလိုနာမည်ရှင်မျိုးတွေဟာ စိတ်မြန်သလို၊ စိတ်ဆတ်စိတ်တိုမှုလည်း ရှိတတ်ကြပါတယ်။ ရုတ်တရက် ဖျတ်ကနဲ ကောက်ခါငင်ခါ လုပ်တတ်လေ့ရှိပြီး၊ အရမ်းသေချာတာကတော့..သူတို့မှာ ကိုယ်ပိုင် စံသတ်မှတ်မှု ပေတံတွေ ရှိနေကြတာပါပဲ။ ဒီလို စံသတ်မှတ်မှုပေတံတွေဟာ...၊ သူတို့ရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊အပြင်..အိမ်ထောင်ဖက်ရွေူးခြယ်ရေးကဏ္ဍမှာပါ..ရှိနေမှာဖြစ်တဲ့အတွက်.
သူတို့နဲ့ချစ်ကြိုးသွယ်မိတဲ့ မောင်မောင်မမ တို့အနေနဲ့ သူတို့ရဲ့ပေတံတွေကို လိုက်မီ နေခြင်း၊ သူတို့ သတ်မှတ်ထားတဲ့ စံရည်စံသွေးမှာ အမြဲတည်နေခြင်း မျိုးရှိနေဖို့လိုအပ်ပါတယ်။ သူတို့သတ်မှတ်ထားတဲ့ စကေး မကိုက်ရင်တော့ အပြေးလိုက်တာတောင်လွယ်မယ်မထင်ပါဘူး။

(ကြည့်ပါလား..သူနော် ဇွတ်ပဲ) အဲလိုမျိုးမကြာခဏဟန့်ရတာ ...သူတို့လိုနာမည်ရှင်မျိုးတွေပါ။ ဇွတ်တရွတ်လုပ်တာ၊ သူတို့ကစပြီး ကျူးကျော်တတ်တာ၊တစ်ခါတစ်လေ မိုက်မိုက်ကန်းကန်း လုပ်ဆောင်တတ်တာ၊ မာနကြီးတာ၊ တစ်ခါတစ်လေ..ရိုင်းရိုင်းပြပြဆက်ဆံတတ်တာ၊ ....တစ်ခါတစ်လေ စွန့်စွန့်စားစားလုပ်တတ်တာ၊ အလျင်လိုတတ်တာ၊ အစရှိတဲ့ဂုဏ်အရည်သွေးတွေနဲ့ပြည့်ဝနေတတ်တဲ့ ချစ်ချစ်အမျိုးအစားပဲဆိုကြပါစို့။ သူတို့ရဲ့လက်သုံးစကားကတော့ အရည်အသွေး ပဲဖြစ်ပြီး၊ ကွာလတီမန်း ကွာလတီလေဒီတွေလို့တောင် ခေါ်နိုင်သူတွေပါ။ လက်ရဲဇက်ရဲ နိုင်တာလည်းသူတို့ပါပဲ။ ဒီတော့ သူတို့ရဲ့ချစ်ချစ် လုပ်မယ်ဆိုရင်တော့..နဲနဲတော့ သတိထားဖို့လိုပါမယ်။ ကိုယ်က မိန်းကလေးဆိုရင်လည်း ..လက်ရဲဇက်ရဲနိုင်တဲ့သူတို့လို..ချစ်ချစ်မျိုးက...၊ ဟိုဒင်း..ဟုတ်ကဲ့။ သတိထားဖို့လိုပါတယ်။ ကိုယ်ကယောကျာ်းလေးဆိုရင်တော့...လက်ရဲဇက်ရဲ ချစ်ချစ်လေးရဲ့.ဆွဲဆိတ်တာ၊ ထုထောင်းတာ။ ဗိုက်ခေါက်လိမ်တာ၊ စသည်ဖြင့်..တော်တော်များများကို ခံရဖို့များတာကြောင့်...အရှောင်အတိမ်းတတ်ဖို့ လိုပါတယ်။

အနှစ်ချုပ်ပြန်စုပေးပါ့မယ်။

ဒီလိုနာမည်မျိုးနဲ့ချစ်ချစ် တစ်ယောက်လောက်နဲ့ ဆုံဆည်းဖို့ဖြစ်လာခဲ့ရင်တော့........အရည်အသွေး နံပတ်တစ်ပါ။ စုံစမ်းထောက်လှမ်းမယ့် သူမျိုးမို့...အမှားလုပ်ထားတာ၊ ဖုံးဖိဖို့လိုတာတွေကို ..၊ ဖုံးမှာဆိုရင်လည်း ပိပိရိရိ သေသေသပ်သပ်နဲ့ဖြစ်အောင် တင်ကြိုပြင်ဆင်ထားသင့်ပါတယ်။ သိပ်မနောက်ကျစေပါနဲ့။ ဘာကိုပဲဖြစ်ဖြစ်ပေါ့။ နောက်ကျတာ။ တောကျတာ၊ ဂိုက်ဆိုက်က ခေတ်မမီတာ၊ မော်ဒယ်အောက်တာမျိုးတွေကိုမဖြစ်အောင်ဂရုစိုက်ပါ။ အဲဗားအပ်ဒိတ် ဖြစ်နေဖို့လိုတဲ့ချစ်ချစ်မျိုးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

သြော်. ဥပမာအားဖြင့် ဒီလိုနာမည်ရှင်မျိုးလေးတွေဆိုပါတော့.........။ အေးအေးစိုး၊ ခင်ခင်ဆွေ၊ စိုးမင်းဇော်၊ လင်းဝေဇင်၊ ပြည့်စုံ၊ သန်းထိုက်ညွန့်၊ တိုးမြင့်ဆု၊။


ချမ်းမြေ့ကြပါစေသေ၀်။

သုတေသီ ဝေသာလီမောင်ဖုန်း။

အမှန်ကိုဝန်ခံကြရအောင် စာစု(၁)

Tuesday, December 22, 2009

အမှန်ကိုဝန်ခံကြရအောင်....စာစု(၁)

ဗေဒင်ဆရာတဲ့....။
ကဲ ကွဲကိန်းတဲ့ဗျားးးးးးးးးး။ ကိုရွှေဆရာ ရွှေဥာဏ်တော် စူးရောက်လို့ ဟောလိုက်ပုံက။ မကွဲချင်ရင် ဆရာ့ဆီမှာ အဆောင်ရှိတယ်တဲ့။ ဒါပေမယ့် ဒီအဆောင်က လိုချင်တိုင်းတော့ယူလို့မရဘူးတဲ့။ အင်္ဂါနေ့မှ လာယူရမယ်တဲ့။ အဆောင်ခကတော့....။ လွန်ခဲ့တဲ့ ကိုးနှစ်ကျော်ကျော် လောက်ကပါ။ တာချီလိတ်မြို့မှာ စာရေးသူနေထိုင်ခဲ့စဉ်က တာချီလိတ်မြို့ရွှေတိဂုံဘုရားခြေတော်ရင်းနားမှာ...ဆိုင်ခန်းကျကျနနနဲ့ ဟောပြောနေတဲ့ နာမည်ရဗေဒင်ဆရာ တစ်ဦးပါ။ ဟောချလိုက်ပုံက..အဲသလို..။ မှန်တာတွေလည်း အထိုက်အသင့် ပါအောင်ဟောနိုင်ပါတယ်။ ဒါပေမယ့် လုပ်ကွက်ကလည်း...အဲသလို ထည့်ထားတယ်။ စာရေးသူက စဉ်းစားပါတယ်။ ဘာပြန်ပြောသင့်သလဲလို့။ နောက်တော့ .....စိတ်မရှိပါနဲ့ဆရာ..ကျွန်တော်တစ်ခုလောက် ပြောပါရစေ။ ဆိုတော့ ...ပြောပါပြောပါ။ ရပါတယ်..တဲ့။

ကျွန်တော်မယုံဘူးဆရာ။ ဆရာပေးတဲ့အဆောင်ကို ဆရာပြောသလို ဖက်ခေါင်းအုံးထဲထည့်အိပ်ရင် ...လင်မယား မကွဲဘူးဆိုတဲ့ စကားကို မယုံဘူးဆရာလို့ ပြောလိုက်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့...ကျွန်တော့် အိမ်ထောင်ရေးကံကို ကျွန်တော်ပဲပိုင်တယ်။ ကျွန်တော်ပဲ ဆုံးဖြတ်စီရင်လို့ရတယ်။ ဆရာပေးတဲ့အဆောင်က ၀င်စီရင်ပေးလို့မရဘူး။ ကျွန်တော်ကသာ မေတ္တာကုန်လို့ ချစ်သဒ္ဓါမြုံခဲ့ပြီဆိုရင် ဒီအိမ်ထောင်ရေးကို အချိန်မရွေး စွန့်ပစ်နိုင် ကွဲကွာနိုင်ပါတယ်။ ကွဲကိန်းကြုံမှ ကွဲမှာမဟုတ်ပါဘူးလို့။ နောက်တစ်ခုကကျွန်တော့်စိတ်ကို ကျွန်တော်က သိနေတော့ ဆရာပြောတဲ့ကွဲကိန်းကိုလဲမကြောက်သလို အဆောင်ကိုလည်းမယုံဘူးခင်ဗျာ။ ဘာလို့လည်းဆိုတော့ ကျွန်တော်က သီးခံမေတ္တာထားပြီး အိမ်ထောင်ရေးကိုတည်ဆောက်နေတာကတစ်ကြောင်း၊ သားသမီးအပေါ်မှာ အင်မတန် သံယောဇဉ်ကြီးတာက တစ်ကြောင်းကြောင့် ဖြစ်တယ်။

ဒါပေမယ့် ဆရာက ဒါကို မသိရှာဘူး။ ဒီတော့ ဒီဟောကိန်းနဲ့ကျွန်တော့်ကိုခြောက်တာပေါ့။ အဲဒီ့မှာ အဲဒီ့ဆရာက ပြောရှာပါတယ်။ သုံးလအတွင်းကွဲကိုကွဲရမယ်တဲ့။ ကျွန်တော်ကလည်း ဟုတ်လား၊ ဒါဖြင့် သုံးလကျော်ရင် ကျွန်တော်ပြန်လာခဲ့မယ်ဆရာလို့ ပြောခဲ့လိုက်ပါတယ်။ ရန်မဖြစ်ကြပါဘူး ကျွန်တော်နဲ့ ဗေဒင်ဆရာနဲ့။ ဒါပေမယ့် စိန်တော့ခေါ်ခဲ့တယ်ဆိုပါတော့။

သူကလည်း တော်တော်ကို သေချာတဲ့ကိန်းနဲ့မိနေလို့ ဟောပုံရပါတယ်။ ခက်တာက ကျွန်တော်ကလည်းအတော်ကိုခေါင်းမာပြီး မှန်တယ်ထင်ရင် နောက်မဆုတ်တတ်တဲ့သူ။ ဒီတော့ တွေ့တော့တာပေါ့။ သိပ်တော့မမှတ်မိတော့ဘူး။ ကျွန်တော့်အထင် 2000 လား 2001 လားပဲထင်တယ်။ တာချီလိတ်မြို့မှာ ....အမြောက်ဆံတွေ ဘာတွေကျ..အက်စ်အက်စ်အေနဲ့ မြန်မာစစ်တပ်နဲ့ တိုက်ကြခိုက်ကြဖြစ်တဲ့ ကာလပေါ့။ ထိုင်းနဲ့လည်းတံတားတွေပိတ် ..ဂျိတ်..၊ ဘာညာဖြစ်ကုန်ကြတဲ့ကာလ ဆိုပါတော့။ အဲသည်လိုမဖြစ်ခင်မှာ ဗေဒင်ဆရာနဲ့ကျွန်တော်စိန်ခေါ်တမ်း ပေါ့ဖြစ်ခဲ့ကြတာပါ။ သူဟောပြီး နှစ်လလောက်အကြာမှာ ကျွန်တော် တာချီလိတ်ကနေ မွေးရပ်မြေ အညာကို ခေတ္တပြန်ရောက်ခဲ့ပါတယ်။ တစ်လကျော်ကျော်ကြာမယ်ထင်တယ်။ ဇနီးနဲ့သမီးကို ခွဲနေရတာပေါ့။ သူပြောတဲ့ကွဲကိန်းက ဒါကိုးးးးးးးးးး။ အဲဒီလိုနေနေစဉ်မှာပဲ ..တာချီလိတ်မြို့မှာ စစ်ဖြစ်နေတယ် ကြားတော့ ချက်ချင်းပဲ ..ကျွန်တော်တာချီလိတ်ကို လေယာဉ်နဲ့ ပြန်သွားခဲ့ပါတယ်။ မှတ်မှတ်ရရ တာချီလိတ်ကိုအသွား လေယာဉ်တွေက ချောင်ချိနေပြီး အပြန်
လေယာဉ်တွေကတော့ လူပြွတ်သိပ်အပြည့်ပါပဲ။ စစ်ဖြစ်နေတဲ့ကာလကိုး။ ဒီကကောင်ကတော့ သားဇောမယားဇောနဲ့ ကြောက်ခဲ့မိဘူး။ သွားချင်စိတ်ပဲရှိတယ်။ စိုးရိမ်စိတ်ပဲရှိတယ် မိသားစုအတွက်..၊ကိုယ့်ဇနီးရဲ့မိဘတွေကလည်းအစိုးရ၀န်ထမ်းတွေဆိုတော့..
သူတို့နဲ့အတူနေနေတဲ့ကျွန်တော့်..
့်မိသားစုလေးမှာတာချီလိတ်မြို့မှာ အန္တရာယ်ဘာညာ ကျရောက်နေမှာပဲစိုးရိမ်ခဲ့တယ်။


ထားပါတော့..။ ကျွန်တော်ပြန်ရောက်သွားတယ်။အခြေအနေတွေအားလုံး အေးဆေးတည်ငြိမ်သွားပြီး ကိုရွှေဗေဒင်ဆရာပြောတဲ့ သုံးလကျော်ပြီး လေးလမြောက်ထဲမှာပေါ့ကျွန်တော်က ကျွန်တော့်သမီးလေးနဲ့အတူ ရွှေတိဂုံဘုရားခြေတော်ရင်းက တီးဆိုင်လေးမှာ ထိုင်နေတုန်းမှာပဲ .....ကိုကိုဗေဒင်ဆရာနဲ့ ပြန်ဆုံလိုက်ရပါတယ်။ သူကပြုံးပြရှာပါတယ်။ သူပြုံးတာက ပြုံးတာနဲ့တော့သိပ်မတူဘူး။ ဘာနဲ့တူမှန်းလဲ
ခုထိကျွန်တော်မသိခဲ့ပါဘူး။

ကဲ.....................................................................

ဒီဇာတ်ကြောင်းကို ကျွန်တော်ရေးပြရတာက သူ့ကိုမုန်းလို့ မဟုတ်ပါဘူး။ ကျွန်တော်တို့မြန်မာလူမျိုးတွေ မျက်ကန်းယုံကြည်တတ်တဲ့စရိုက်ကို ပြင်စေချင်လို့ပါ။ မယုံပါနဲ့။ ကိုယ့်ကိုယ်ကို သာ ယုံပါ။ ကိုယ်လုပ်တာက တစ်ကယ်ဖြစ်လာမှာ။ မယုံရင်လူသတ်မှုကျူးလွန်ကြည့် ..ထောင်ကျမယ် မပူနဲ့။ ဘာယတြာမှချေလို့ မရဘူး။ ဗေဒင်ဆရာဆိုတာ တန်ခိုးရှင်မဟုတ်ဘူး။ အကြံပေးသူသာဖြစ်တယ်။ ဘာကိုအကြံပေးတာလည်း ။လောကသဘာဝ ဓမ္မတာ သဘောအရ..ဖြစ်တတ်တာ ဖြစ်သင့်တာလေး
တွေကို ...အကြံပေးရတာပါ။ ဘာလေးကိုတော့ ဘယ်လိုလုပ်ပါ။ ဒါမှ မင်္ဂလာတရားနဲ့ညီမယ်။ မင်္ဂလာတရားနဲ့ညီရင် ကောင်းကျိုးချမ်းသာဟူသည်ဖြစ်တာပါပဲ။ မင်္ဂလာတရားနဲ့ညီအောင်မနေပဲနဲ့တော့ ဘာကောင်းကျိုးမှ မမျှော်လင့်နေပါနဲ့။ အခုဖြစ်စဉ်မှာပဲကြည့်ပါ။ ဗေဒင်ဆရာတစ်ယောက်က လင်မယားကွဲကိန်းမြင်တယ်။ ယတြာရောင်းစားတယ်။ ထိုက်သင့်တဲ့ဥာဏ်ပူဇော်ခလည်း ယူပြီးပြီ ။ ယတြာကို ဈေးခေါ်ပြီး ထပ်ငွေတောင်းတယ်။ အကယ်လို့သူ့ယတြာက စွမ်းတယ်ဆိုတောင်...ကိုယ့်ဆီကိုအားကိုးလို့ ယုံကြည်လို့ ဥာဏ်ပူဇော်ခချီးမြှင့်ပြီး ဗေဒင်မေးလာသူရဲ့အိမ်ထောင်ရေးကို ငွေမပေးရင်မကာကွယ်ပေးတော့ဘူး။ ဒါဟာ ဆရာကောင်းတစ်ယောက်..လုပ်ရမယ့်အလုပ်မဟုတ်ဘူး။ ဒါဆို ဒီလူဆရာကောင်းမဟုတ်ဘူး။ ဆရာကောင်းမဟုတ်ရင်...ဘာမှတွေးမနေနဲ့..။ ဘာမှမယုံကြည်နေနဲ့။ ရှင်းတယ်။ ကျွန်တော်ဒီနေရာမှာ ကျွန်တော်အပါအ၀င် ဗေဒင်ဆရာအားလုံးကို ပြောချင်တာက ...ကိုယ့်ဆီကို ယုံကြည်အားကိုးလို့ ကိုယ်သတ်မှတ်ထားတဲ့ ဥာဏ်ပူဇော်ခကို ချီးမြှင့်ပြီး ..ကိုယ့်ကိုထမင်းကျွေးတဲ့ ဗေဒင်မေးသူတွေကို မလိမ်ပါနဲ့။ မယုတ်မာပါနဲ့။ မဖြီးပါနဲ့။ ဒါတော်တော် သက်သက်ညှာညှာပြောလိုက်တာပါ။
ဗေဒင်မေးသူတွေကိုပြောချင်တာကတော့....ဗေဒင်ဆရာဆိုတာ တန်ခိုးရှင် ဖန်တီးရှင်တွေမဟုတ်ပါဘူး။ အကြံဥာဏ်ပေးလမ်းညွှန်သူများသာ ဖြစ်တယ်ဆိုတာပါပဲ။

သုတေသီ ဝေသာလီမောင်ဖုန်း

waitharlimgphone@gmail.com

သည်အဖေသည်သမီး (၂)

Monday, December 21, 2009

သည်အဖေ...သည်သမီး ဒုတိယပိုင်း (သို့မဟုတ်)
ဇွဲလုံ့လအကောင်းဆုံး ကိုယ်ကျိုးစွန့်အနစ်နာခံသူ (သို့မဟုတ်) ယနေ့ခေတ်တိုင်းပြည်၏ရတနာ



ဖခင်၏သွေးအပြည့်အ၀ပါသူ၊ နိုင်ငံနှင့်လူမျိုးကိုချစ်သူ၊မိမိကိုယ်ကျိုးကို ဖခင်နည်းတူစွန့်လွှတ်နိုင်သူ၊ အချိန်ကာလအလွန်အမင်းကြာမြင့်စွာ အမှန်တရားအတွက်တိုက်ပွဲဝင်နေသူ ဒေါ်အောင်ဆန်းစုကြည် (သို့) အမေစုအား ယခုဆောင်းပါးဖြင့် ဂါရ၀ပြုအပ်ပါ၏။

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာခုနှစ် ၁၃၀၇ခုနှစ် ပထမ၀ါဆို လဆန်း (၁၀)ရက် ..အင်္ဂါနေ့၊ အင်္ဂလိပ်ခုနှစ် ..1945 june 19 တွင် ဖွားမြင်သည်။ မူလမဟာဘုတ်ဇာတာအရ..(၅)ခုကြွင်းဖွား အင်္ဂါရာဇဖွား ဖြစ်သည်။

မူလမဟာဘုတ်ဇာတာ နှင့် အမည်၏ သဘောသဘာဝများ

ဖခင်၏ သမီးပီပီ အမေစုသည်လည်း ... အမည်မှာ ပက္ခ မိနေသောအမည်မျိုးဖြစ်နေ၏။ အရင်းစာလုံးအောင်သည် မရဏတွင်လည်းကောင်း အဖျားစာလုံးကြည်သည် အဓိပတိဌာနတွင်လည်းကောင်း အသီးသီးတည်ရှိလျှက် ပြင်းထန်သောမရဏ နှင့် အဓိပတိ ပက္ခမျိုးမိနေ၏။

နာမည်အဖျားစလုံးမှာတနင်္လာဖြစ်ပြီးယင်းဂြိုဟ်မှာဖြူစင်သောလွတ်လပ်မှုကိုမြတ်နိုးသောဂြိုဟ်ဖြစ်သည့်အားလျော်စွာတစ်ကြောင်း၊ ၄င်းဂြိုဟ်ရပ်တည်ရာဌာနမှာ ...ဦးဆောင်ဦးရွက်ပြုမှု ၊ စူးစမ်းရှာဖွေမှု ၊ တိုက်ခိုက်ထိုးနှက်မှုတို့ကိုဖြစ်ပွားစေတတ်သော အင်္ဂါပိုင်အဓိပတိဌာနတွင် ရပ်တည်နေခြင်းအားဖြင့် တစ်ကြောင်း...၊ တို့ကြောင့် ...
အမေစုမှာ နာမည်အရပင်လျှင် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ရန် အဆင်သင့်အမြဲ ရှိနေသောအမည်ရှင်မျိုးဟုဆိုရပါလိမ့်မည်။


မွေးနံ အင်္ဂါသည် တနင်္ဂနွေပိုင် ရာဇဌာနတွင်ရပ်တည်နေပြီး...၊ ၄င်းရပ်တည်ရာ ...အိမ်ရှင်တနင်္ဂနွေမှာမူ..မရဏဌာနတွင်တည်ပြီး၊ အဆိုပါတနင်္ဂနွေမှာ ဇာတာရှင်အင်္ဂါနေ့သမီးအတွက် ..ဌာနဂြိုဟ် (သြကာသကာရကဂြိုဟ်) လည်းဖြစ်၏။ မွေးနံအင်္ဂါသည် စနေနှင့်ပက်ခမိ၏။

မူလမဟာဘုတ်အရ ဇာတာတွင် မွေးနံနှင့် ဌာနဂြိုဟ် တနင်္ဂနွေတို့မှာ များစွာပတ်သက်မှုရှိပြီး ..၊ အမည်အရ နာမည်အဖျားစလုံးသည် အဆိုပါတနင်္ဂင်္နွေနှင့်...ပက္ခမိနေခြင်းအားဖြင့် .....အားနည်းသွားစေ၏။ တနည်းအားဖြင့် တနင်္ဂနွေဂြိုဟ်နှင့်ပတ်သက်သောဆိုးကျိုး ဖြစ်ပွားစေနိုင်သော အနေအထားဖြစ်၏။

နာမည်အဖျားစာလုံး ကြည်သည် တနင်္လာပိုင်ဆိုင်ပြီး...၊ တနင်္လာသည် အသင်းအဖွဲ့များ နှင့်ဆိုင်သောဂြိုဟ်လည်းဖြစ်၏။ အဆိုပါအသင်းအဖွဲ့ဆိုင်ရာဂြိုဟ်တနင်္လာသည် ရဲရင့်တက်ကြွသော အဓိပတိဌာနတွင်ရပ်တည်ထားပြီး အရေးကြီးသော နာမည်အဖျားစလုံးအဖြစ် နေရာယူထားခြင်း အားဖြင့်......အမေစုသည်..၊ ငယ်စဉ်ကပင်လျှင် အသင်း ခေါင်းဆောင် ၊ အဖွဲ့ခေါင်းဆောင်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ရပေမည်။ ယင်းသည် ပင်လျှင် ဘ၀၏ အဓိက ရည်မှန်းချက်များတွင်နေရာ
ယူလာမည်ဖြစ်ပြီး၊ ဘ၀ပန်းတိုင်တစ်ခုလည်း ဖြစ်လာပေမည်။

အချိန်ကြာမြင့်စွာ အကျဉ်းစံအဖြစ်နေထိုင်ရခြင်း

လေ့လာခဲ့ဖူးသမျှ စာရေးသူ၏အတွေ့အကြုံအရ ..သက်ဆိုင်ရာမွေးမဟာဘုတ်တွင် ... ဌာနဂြိုဟ်သည် အနေအထား အားနည်းခဲ့ပါမူ ...နေရာထိုင်ခင်း၊ နေရာဌာန .ပိုင်းဆိုင်ရာတွင် အခက်အခဲအကျပ်အတည်းများပြားခြင်း၊ အညံ့အဆိုးကြုံရတတ်ခြင်း ရှိတတ်၏။

ပမာအားဖြင့်ဆိုရမူ.....ဌာနဂြိုဟ်သည် ပုတိဌာနတွင် ရပ်တည်ခဲ့သော်....နေရာထိုင်ခင်း အတည်တစ်ကျ မရှိခြင်း၊ နှစ်နေရာ နှစ်ဌာန နေထိုင်ရတတ်ခြင်း (သို့တည်းမဟုတ်) ယင်းနှစ်နေရာကြားတွင် ဖြစ်သော အခြားသောနေရာတစ်ခုခုတွင် နေထိုင်ရခြင်း ။ သူတစ်ပါးထံတွင်ကပ်မှီ ကပ်မြောင်နေထိုင်ရတတ်ခြင်း၊ သူတစ်ပါးအိမ်၊သူတစ်ပါးနေရာ ကို အကြောင်းအမျိုးမျိုးအားဖြင့်...၀င်ရောက်နေထိုင်ရခြင်း၊ နေရေးထိုင်ရေး အတွက် မရေရာမသေချာသော အနေအထားများဖြစ်ပွားတတ်ခြင်းကို ဖြစ်စေတတ်၏။

ဌာနဂြိုဟ်သည် ... ဘင်္ဂဌာနတွင် ရပ်တည်ခဲ့ပါမူ၊ နေရေးထိုင်ရေးအတွက် ဒုက္ခများမြောင်စေတတ်သော အနေအထားမျိုးဖြစ်ခြင်း၊ လမ်းဆုံလမ်းခွ ၊ ဈေး၊ လမ်းပေါ်လမ်းဘေးတို့တွင် နေထိုင်ရတတ်ခြင်း၊ နေရာထိုင်ခင်းမမြဲခြင်း၊ မကြာခဏရွှေ့ပြောင်းရတတ်ခြင်း သို့တည်းမဟုတ်...ပြုပြင်ပြောင်းလည်း နေရတတ်ခြင်း၊ စသည်အားဖြင့် ဖြစ်ပွားစေနိုင်သော အနေအထားဖြစ်သည်။

ဌာနဂြိုဟ်သည် ......မရဏဌာနတွင်ရပ်တည်ခဲ့ပါမူကား....အဆိုးဆုံးသော အနေအထားမျိုးဖြစ်၏။ နေရာထိုင်ခင်း ဌာနကို ဆုံးရှုံးလက်လွတ်ရတတ်ခြင်း။ မိမိနေရာကို သူတစ်ပါးက မတရားသဖြင့် ယူငင်သွားတတ်ခြင်း၊ အစွန်အဖျားကြသော ....အ၇ပ်ဒေသ များ နေရာဌာနများတွင်နေထိုင်ရတတ်ခြင်း၊ ထောင် ၊ ဆေးရုံ၊၊ ဘိုးဘွားရိပ်သာ၊ သချိုင်းအနီး၊ ရဲစခန်းအနီး၊ နယ်စွန်နယ်ဖျား နယ်စပ်များ၊ နိုင်ငံရပ်ခြား စသည်တို့တွင် နေထိုင်ရတတ်ခြင်း၊ ...စသည်အားဖြင့် တွန်းအားပေးတတ်ကြောင်း လေ့လာတွေ့ရှိခဲ့ရပေသည်။

ယခုအမေစု၏ မူလမဟာဘုတ်ဇာတာတွင်လည်း ....ဌာနဂြိုဟ် တနင်္ဂနွေသည် အဆိုးအဆုံး အနေအထားဖြစ်သော မရဏဌာနတွင် ရပ်တည်နေရုံမက.......ယင်းဂြိုဟ်မှာ မင်းဘေးသင့်စေသော...အာနိသင် ပေးစွမ်းနိုင်သည့် တနင်္ဂနွေဂြိုဟ်ဖြစ်ခြင်းကြောင့် တစ်ကြောင်း၊ နာမည်အဖျားစာလုံးဂြိုဟ် တနင်္လာနံ (ကြည်) ဖြင့် ပက္ခမိထား ခြင်းအားဖြင့်လည်းကောင်း.....၊ အထူးပင် အားနဲလျှက် အမေစုအား ဆိုးကျိုးပေးစွမ်းနိုင်သော အနေအထား ရပ်တည်နေပေသည်။ တနည်းအားဖြင့် မူ .....မိမိနေရာကို သူတစ်ပါးဝင်လုယက်သည်ကို ခံစားရတတ်ခြင်း............၊

ထို့ထက်ဆိုရပါမူ....မိမိ၏တိုင်းပြည်ခေါင်းဆောင်နေရာ(ဌာနဂြိုဟ်သည်တနင်္ဂနွေဖြစ်နေခြင်းကြောင့်) ...ကို သူတစ်ပါး လုယက်ယူငင်ခံရတတ်သော ကံတရားကို ဖြစ်ပွားစေရန် တွန်းအားပေးနေကြောင်း တွေ့ရှိရပါသည်။

ယင်းအပြင် ...နိုင်ငံရေးစိတ်ဓါတ်နှင့် သူမတူအောင် ဇွဲကောင်းကောင်း ခေါင်းမာမာဖြင့် ....အရှုံးမပေးတမ်း တိုက်ပွဲဝင်လျှက် ..အကျဉ်းစံဘ၀ဖြင့် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ခြင်း ကိုလည်း ဖော်ပြလျှက်ရှိပေသည်။

ဆက်လက်ပြီး အမေစုအကြောင်းဆောင်းပါးကို ရေးသားပါဦးမည်။

ချမ်းမြေ့ကြပါစေ။

သုတေသီဝေသာလီမောင်ဖုန်း။

သည်အဖေသည်သမီး (၁)

သည်အဖေ...သည်သမီး ပထမပိုင်း (သို့မဟုတ်)
ဗိုလ်ချုပ်အောင်ဆန်း နှင့် မြန်မာ့ရိုးရာဗေဒင်ပညာရှုထောင့်အမြင်



မြန်မာသမိုင်းကြောင်းတွင် တိုင်းပြည့်တာဝန်ကို ရွပ်ရွပ်ချွန်ချွန်ထမ်းဆောင်ခဲ့သော အာဇာနည်အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ယခုဆောင်းပါးဖြင့် ဂါရ၀ပြုအပ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းအား....၁၂၇၆ခုနှစ် တပေါင်းလဆန်း (၁)ရက် စနေနေ့ နံနက် ၅နာရီ ၃၅မိနစ် ၂၅စက္ကန့်အချိန်၊ နတ်မောက်မြို့တွင်၊ နေကြတ်ပြီးတစ်ရက်ကျော်တွင် ဖွားမြင်သည်။ မြန်မာ့ရိုးရာမဟာဘုတ်ဗေဒင်ပညာရပ်အရ... နှစ်ခုကြွင်းဖွား စနေသား ရာဇဖွားဖြစ်သည်။

မူလမဟာဘုတ်ဇာတာ နှင့် အမည်၏ သဘောသဘာဝများ

(၁) ဗိုလ်ချုပ်၏ အမည် အောင်ဆန်း သည် တနင်္ဂနွေစ အင်္ဂါဆုံး (၁နွေ+၃င်္ဂါ) အမျိုးအစား ၊ သမ္ပဒါနကာရက အပြင်ရန်အမည်မျိုးဖြစ်သည်။
(၂) အမည်ရင်းစာလုံးအောင် သည် တနင်္ဂနွေဂြိုဟ်ပိုင်ဖြစ်ခြင်းကြောင့် ဇာတာရှင် စနေသားအတွက် ကရဏကာရကဂြိုဟ် (အကူအညီနှင့်ဆိုင်သောဂြိုဟ်) အမျိုးအစားဖြစ်ပြီး အမည်အဖျားစာလုံး ဆန်းသည် အင်္ဂါဂြိုဟ်ပိုင်ဖြစ်ခြင်းကြောင့် စနေသားအတွက် သြကာသကာရကဂြိုဟ် . (အထောက်အပံ့ ..အားကိုးအားထားမှုနှင့်ဆိုင်သြော၈ိုဟ်)အမျိုအစားဖြစ်သည်။
(၃) ယင်းအမည်အရင်းစားလုံး အောင် နှင့် အဖျားစာလုံး ဆန်းတို့သည် ဇာတာရှင်၏ မူလမဟာဘုတ်ဖွားဇာတာတွင် အထွန်း နှင့် ဘင်္ဂတို့တွင် ရပ်တည်နေပြီး ပက္ခမိနေလျှက်
ရှိသည်။
(၄) ကောင်းသော အချက်အလက်များမှာ ....စနေသားအတွက် အညွန့်ဂြိုဟ်တနင်္ဂနွေသည် အထွန်းဌာနတွင် ရပ်တည်နေပြီး အမည်အရင်းအလုံးအဖြစ်တည်ခြင်း၊ မွေးနံစနေသည် ၄င်းတနင်္ဂနွေပိုင် ရာဇဌာနတွင် ရပ်တည်နေခြင်း၊ အမည်မှာထက်မြက်သော ဦးဆောင်ဦးရွက်ဂြိုဟ်များဖြင့် ဖွဲ့စည်းထားခြင်း။
(၅) ဆိုးသောအချက်များမှာ နာမည်အရပင်လျှင် တနင်္ဂနွေသည် အသက်ဂြိုဟ် အင်္ဂါသည် ရန်သတ္တုပြုတတ်သောဂြိုဟ် ဖြစ်ကြပြီး၊ ၄င်းနှစ်ခုသည် အပြင်ရန်ဂြိုဟ်တွဲဖြစ်ခြင်း၊ အသက်ကို ရန်ရှာစေတတ်သော သဘာဝစရိုက်ရှိသည့် အမည်တွဲမျိုးဖြစ်ခြင်း၊ အမည်ပက္ခမိခြင်းများဖြစ်သည်။


ဗိုလ်ချုပ်၏ဘ၀ဖြစ်စဉ် အချို့နှင့် ထူးခြားသောမဟာဘုတ်ဗေဒင်ရှုထောင့်အမြင်များ

(၁) လျှို့ဝှက်သင်ကြားရသော စစ်ပညာ
ဗိုလ်ချုပ်အောင်ဆန်း၏ မူလမဟာဘုတ်ဇာတာတွင် စစ် နှင့် လက်နက်များကိုအစိုးရသော အင်္ဂါဂြိုဟ်သည် ...လျှို့ဝှက်ဖုံးကွယ်တတ်သော ပုတိဌာနတွင်ရပ်တည်နေပြီး ..အဆိုပါ အင်္ဂါဂြိုဟ်ပိုင် အက္ခရာဖြင့် ...ဗိုလ်ချုပ်၏ အမည်အဖျား စာလုံးကို ဆန်း ဟူပြီးမှည့်ခေါ်ထားလေသည်။ ယင်းအချက်အရ .. ဂျပန်နိုင်ငံ ဖော်မိုဆာကျွန်းတွင် လျှို့ဝှက်စွာ စစ်ပညာကိုသင်ကြားရခြင်းမှာ လွန်စွာကိုက်ညီနေသော အချက်ဖြစ်သည်။ ပုတိဌာနသည် သင်ကြားခြင်းကို အားပေးရာဌာနဖြစ်ပြီး....၊ ၄င်းဌာနတွင် ရပ်တည်နေသော အင်္ဂါဂြိုဟ်က .... စစ်နှင့်ဆိုင်သောပညာရပ်များကို သင်ကြားရခြင်းဖြစ်ကြောင်းဖော်ပြသည်။ ၄င်းအပြင် စစ်ပညာ သင်ကြားရသော သင်တန်းသားဦးရေမှာ ရဲဘော်သုံးကျိပ်ခေါ် သင်တန်းသားဦးရေ သုံးဆယ်ဖြစ်သည်။ ယင်းမှာ ပုတိဌာနရှိအင်္ဂါဂြိုဟ်(၃) ဂဏန်း၏ သဘာဝနှင့်တိုက်ဆိုင်နေလျှက်ရှိပေသည်။

(၂) နေမျိုးနွယ်တို့ထံမှအကူအညီ
ဗိုလ်ချုပ်အောင်ဆန်း၏ မူလမဟာဘုတ်ဇာတာတွင် ..အထွန်းဌာနတွင်ရပ်တည်နေသောတနင်္ဂနွေဂြိုဟ်သည် ...စနေသားအတွက် ကရဏကာရကခေါ် အကူအညီနှင့်သက်ဆိုင်သော ဂြိုဟ်အမျိုးအစားဖြစ်ပြီး၊ ယင်းမှာ ဗိုလ်ချုပ်၏ နာမည်အရင်း စာလုံးလည်းဖြစ်၏။ ယင်းအချက်နှင့် ဂျပန်တို့ထံမှအကူအညီတောင်းခံရသော အချက်မှာလည်း ကိုက်ညီမှုရှိပေသည်။ အဘယ်ကြောင့်ဆိုသော် တနင်္ဂနွေဂြိုဟ်ဟူသည်မှာ နေမင်းကို ခေါ်ဆိုခြင်းပင် ဖြစ်ပြီး ..၄င်းဂြိုဟ်မှာ အကူအညီနှင့်ဆိုင်သော ကရဏကာရကဂြိုဟ်ဖြစ်နေခြင်းအားဖြင့်၊ နေမျိုးနွယ်ဟုခံယူထားပြီး နေတံဆိပ်အလံဖြင့် နယ်ချဲ့ခဲ့သော ဂျပန်တို့ထံမှ အကူညီတောင်းခံရသည့်ဖြစ်ရပ်မှာ ကိုက်ညီဆီလျော်မှုရှိကြောင်း တွေ့ရှိရပေသည်။ ထို့အတူ အမည်အားဖြင့် အဆိုပါတနင်္ဂနွေ နှင့် အင်္ဂါတို့သည် ရန်ပက္ခ မိထားသည့်နည်းတူ၊ ဂျပန်တို့ထံမှရရှိခဲ့သောအကူညီသည်လည်း သန့်ရှင်းစင်ကြယ်မှုမရှိနိုင်ခဲ့ဘဲ လက်နက်ကိုင်ပြီး ထပ်မံတိုက်ပွဲဝင်ရန်အကြောင်းများဖြစ်ပေါ်လာခဲ့ပေသည်။
ဗိုလ်ချုပ်၏အမည်အဖျားစာလုံး အင်္ဂါဂြိုဟ်သည် စနေသားတို့အတွက် သြကာသ ကာရကဂြိုဟ်ခေါ်(တည်ရာမှီရာ၏ သဘော ၊ မပြီးပြတ်သေးသည်ကို ဆက်လက် ဆောင်ရွက်ရတတ်သည့်သဘာဝ) ကို ဖြစ်ပွားစေခြင်းအားဖြင့်. ဗိုလ်ချုပ်၏ လွတ်လပ်ရေးရရန် ကြိုးပမ်း အားထုတ်မှုများသည် တစ်ကြိမ်နှင့်မပြီးပြတ်တော့ဘဲ.ကိုရွှေဂျပန်တို့ကိုပါ ဆက်လက် တိုက်ထုတ်ရန် အကြောင်းများ ဖြစ်ပွားခဲ့ရပေသည်။

(၃) လုပ်ကြံခံရခြင်း
ဗိုလ်ချုပ်အောင်ဆန်း၏ မူလမဟာဘုတ်ဇာတာ တွင် ...အသက်ဇီဝဂြိုဟ်ကြာသာပတေးသည် မရဏဌာနတွင်ရပ်တည်နေပြီး မဟာဘုတ်နိစ်မူထား၏။
(စာရေးသူ၏အတွေ့အကြုံအရ ...အာယုဂြိုဟ် လည်းဖြစ် ဆပွတ်ဂြိုဟ်လည်းဖြစ်သော ..ကြာသာပတေးနိစ်မူထားသည့် (၂) ခုကြွင်း စနေသားသမီးရာဇဖွားများသည် .........အိမ်ထောင်ရေး၊ မေတ္တာရေးရာအဆင်မပြေမှုဖြစ်စေ၊ အသက်တိုစေမှုဖြစ်စေ၊ မိသားစုအတွင်းအား ပြသနာများပြားရမှုဖြစ်စေ..တစ်ခုမဟုတ်တစ်ခု ကြုံတွေ့ရင်ဆိုင်ရသည်ကို တွေ့ရပေသည်။)
ဗိုလ်ချုပ်၏အမည်သည် အသက်ဘေးကြုံရခြင်းကို ဖြစ်ပွားစေတတ်သော ... (တနင်္ဂနွေ+အင်္ဂါ) ဦးညိုပက္ခ အမည်မျိုးဖြစ်နေ၏။

လုပ်ကြံသူ၏အမည်သည်လည်း (တနင်္ဂနွေ +အင်္ဂါ) ...ဂဠုန်စော ..ဖြစ်နေ၏။
ဂဠန်သည် တနင်္ဂနွေ .. စောသည် အင်္ဂါ ဖြစ်နေ၏။
ဗိုလ်ချုပ်လုပ်ကြံခံရချိန်သည် သေသ၀ိဇ္ဇာကိန်းအရ..စနေသားသမီးတို့ နာသေကိန်း ဖြစ်ပွားတတ်ချိန်ဖြစ်သော..... ကြာသာပတေးအခါတိုင် အသက်ပိုင်းဖြစ်သည့်..အသက် သုံးဆယ့်သုံးနှစ် အတွင်း ကျရောက်နေ၏။
ဗိုလ်ချုပ် လုပ်ကြံခံရသော ကောဇာမြန်မာခုနှစ်သည် ၁၃၀၉ခုနှစ် ဖြစ်ခြင်းကြောင့်...သုညကြွင်း မဟာဘုတ်ခွင်ကျရောက်သဖြင့်...၊ မွေးနံစနေသည်..ဘင်္ဂဌာနတွင် နံတူစနေနှင့်ပင် ပက္ခမိနေခဲ့၏။
ယင်းကောဇာမဟာဘုတ်ခွင်အရ ပင်လျှင် ... ဗိုလ်ချုပ်၏ အမည်အောင်ဆန်းသည် ....ပုတိ နှင့် မရဏတွင် ရပ်တည်နေပြီး၊ အထူးသဖြင့် ...နာမည်အဖျားစာလုံးဆန်း(အင်္ဂါဂြိုဟ်) သည် မရဏဌာနတွင်အဆုံးသတ်နေခဲ့၏။ (စာရေးသူ၏အတွေ့အကြုံအရ ...နာမည်အစအဆုံးနှစ်လုံးသည် ပုတိ နှင့် မရဏတွင် ရပ်တည်နေခဲ့ပါက..ဘင်္ဂဌာနရှိဂြိုဟ်သည် ဆိုးကျိုးကို ထက်သန်စွာဖော်ဆောင်တတ်ကြောင်း တွေ့ရှိရပေသည်။)
လုပ်ကြံခံရချိန်ဖြစ်သော အသက်ပိုင်း သုံးဆယ့်သုံးနှစ်သည် ...(၂) ခုကြွင်းမဟာဘုတ်ဖွားစနေသားတို့အတွက်.. အဆိုးအညံ့များပြားတတ်ချိန်ဖြစ်သော....ပက္ခမိနေ
သည့် ရာဟုဂြိုဟ်အိပ် စနေသက်ရောက်ကာလအတွင်း ..ဖြစ်၏။

ယင်းသို့....ထူးခြားစွာတိုက်ဆိုင်နေသော..ကာလဖြစ်သည့်..မြန်မာသက္ကရာဇ် ၁၃၀၉ခုနှစ် ၀ါခေါင်လဆန်း (၂)ရက်..စနေနေ့ နံနက် ဆယ်နာရီသုံးဆယ်မိနစ်အချိန်တွင်...လုပ်ကြံသူတို့၏လက်ချက်ဖြင့်...နိုင်ငံ၏ ရတနာတစ်ပါးကွယ်ပျောက်လွင့်ပါး..သွားခဲ့ရပေတော့သည်။

သည်အဖေသည်သမီး ပထမပိုင်းပြီး၏။

သုတေသီဝေသာလီမောင်ဖုန်း။

လက်မထပ်ပဲပေါင်းသင်းနေထိုင်ရခြင်း

Sunday, December 20, 2009

လက်မထပ်ပဲပေါင်းသင်းနေထိုင်ရခြင်း နှင့် .. ဗေဒင်ပညာရှုထောင့်အမြင်

လက်မထပ်ဘဲပေါင်းသင်းနေထိုင်ရခြင်းသည် အများအားဖြင့် အနောက်နိုင်ငံများ နှင့် အချို့သောအရှေ့တိုင်းနိုင်ငံများတွင် ဖြစ်ပွားနေသော ဖို နှင့် မ ပေါင်းသင်းနေထိုင်ကြခြင်းများဖြစ်သည်။ အဓိက အားဖြင့် တရားမ၀င်သေးသော အကြင်လင်မယားအဖြစ်ဆက်ဆံနေထိုင်ခြင်းမျိုးဖြစ်သည်။ လူတို့၏ဘ၀တွင် လူ့အသိုင်းအ၀န်းဟူသည်မှာ ပစ်ပယ်မရသော အခန်းကဏ္ဍတစ်ရပ်ဖြစ်သည်။ ထို့အတူ လူသားနှစ်ဦး(ဆန့်ကျင်ဘက်လိင်နှစ်ဦး) ပေါင်းသင်းဆက်ဆံနေထိုင်ရခြင်းမျိုးတွင်..လူမျိုးစုအသီးသီး၏ ဓလေ့ထုံးစံများ၊ အစဉ်အလာနှင့်ယဉ်ကျေးမှုများ၊ ဆိုင်ရာလူမျိုးနွယ်စုတို့၏ သတ်မှတ်ချက်များ ၊ ၄င်းတို့၏ အသိအမှတ်ပြုမှုများသည် အရေးပါသော အခန်းကဏ္ဍများဖြစ်လာကြသည်။ မြန်မာ့ဓလေ့ထုံးစံတွင်လည်း အများအားဖြင့် တစ်လင်တစ်မယားစနစ်ကိုသာလျှင် အဓိကပြု စောင့်ထိမ်းသတ်မှတ်ထားကြပြီး၊ ယောကျာ်းလေး တစ်ဦး နှင့် မိန်ကလေးတစ်ဦး၏ အကြင်လင်မယားအဖြစ်ကို အနဲဆုံးအဆင့်အားဖြင့် အရှေ့ခုနှစ်အိမ်၊ အနောက်ခုနှစ်အိမ် ..ဖိတ်ကြားအသိပေးခြင်းအားဖြင့်ဖြစ်စေ...၊ အသိအသက်များ၏ ရှေ့မှောက်တွင် လက်မှတ်ထိုး ....တရားဝင်အကြင်လင်မယားအဖြစ်ရောက်ရှိစေရ၏။ တနည်းအားဖြင့် ဆိုပါမူ မောင်ဘယ်သူ နှင့် မဘယ်သူ တို့သည် ထိုနေ့ထိုရက် ထိုအချိန်မှ စပြီး....အကြင်လင်မယားအဖြစ် ရောက်ရှိကျပါကြောင်း.သိသူမြင်သူများကို အသိအမှတ်ပြုစေခြင်း အားဖြင့်....ကြော်ငြာရခြင်းတစ်မျိုးဖြစ်ပေသည်။ ယင်းသို့အားဖြင့် ....အသိအမှတ်ပြုခံရခြင်း မခံရခြင်းသည်လည်း ထိမ်းမြားပေါင်းသင်းဆက်ဆံရာတွင် အရေးပါသောကဏ္ဍတစ်ရပ်ဖြစ်လာပေသည်။

ဗေဒင်ပညာရပ်တွင် ...တနင်္ဂနွေဂြိုဟ်သည် အသိအမှတ်ပြုရခြင်းများနှင့်စပ်လျဉ်းပြီး အလွန်အရေးပါသောဂြိုဟ်တစ်လုံးဖြစ်သည်။ ထို့ကြောင့် လက်ထပ်ခြင်းသာမက များစွာသော တရားဝင်အသိအမှတ်ပြုရေးဆိုင်ရာ ကိစ္စအ၀၀တွင် တနင်္ဂနွေဂြိုဟ်အနေအထားသည် အလွန်အရေးကြီးပေးသည်။ တနင်္လာဂြိုဟ် သည် လမင်းကို ကိုယ်စားပြုခေါ်ဝေါ်ခြင်းဖြစ်ကာ.....တနင်္လာဂြိုဟ်သည် ဧည့်ခံခြင်း၊ ဖိတ်ခေါ်ခြင်း၊ မင်္ဂလာပွဲများ အခန်းအနားများ နှင့် သက်ဆိုင်သော ဂြိုဟ်လည်းဖြစ်သည်။ အနောက်တိုင်းနက္ခတ်ဗေဒင်ပညာရပ်တွင် လက်ထပ်ထိမ်းမြားခြင်းကိစ္စအ၀၀အတွက် တနင်္ဂနွေဂြိုဟ်ကို အထူးအလေးထားပြီး ကြည့်ရှုစစ်ဆေးလေ့ရှိကြပေသည်။ ယင်းအယူဆမှာလက်ခံနိုင်ဖွယ်ရာရှိသော အယူဆတစ်ရပ်ဖြစ်သည်။ တနင်္ဂနွေဂြိုဟ် အားနည်းသော အနေအထားသည် ကျန်သောအနေအထားဆိုးများ ထက်ပင် ပိုမို ဆိုးဝါးသောအနေအထားတစ်ရပ်ဟု ယူဆမိပါသည်။ လက်တွေ့လေ့လာသုတေသနပြုကြည့်ရာတွင်လည်း တနင်္ဂနွေအားနည်းသောသူများသည် ဘ၀တွင်...နာမည်ဆိုး ဖြင့် (၀ါ) ဆိုးဝါးသောအသိမှတ်ပြုခံရခြင်းများဖြင့် ဘ၀တွင်ရင်ဆိုင်ဖြတ်သန်းရကြောင်းတွေ့ရှိရသည်။

တနင်္ဂနွေဂြိုဟ် အားနည်းခြင်း အားရှိခြင်း စသော အနေအထားများကို လက္ခဏာပညာ၊ နက္ခတ်ဗေဒင်ပညာ၊ လက်ဆန်းဗေဒင်ပညာအမျိုးမျိုး ..၊ ဂဏန်းဗေဒင်၊ စသည်အားဖြင့် ရှုထောင့်ပေါင်းစုံသော ပညာရပ်များမှနေပြီး ထောက်ဆကြည့်ရှု သိရှိနိုင်သည်။ ယခုဆောင်းပါးတွင် လက်ဆန်းဗေဒင်ပညာရပ်ဆိုင်ရာရှုထောင့်မှသာ တွေးမြင် သုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။

လက်ဆန်းဗေဒင်ပညာတွင် ...တနင်္ဂနွေဂြိုဟ်အင်အားပျက်စေသော အမည်အမျိုးအစားများရှိသည်။ ဥပမာအားဖြင့် ...(အင်္ဂါအစ သောကြာ အဆုံး) မှည့်ခေါ်ထားသောအမည်မျိုးသည် ...မူလအနေအထားအရပင်လျှင် ...၊ တနင်္ဂနွေဂြိုဟ်ကို အင်အားပျက်ပြားစေသောအမည်အမျိုးအစားတစ်ခုဖြစ်သည်။ ထို့နည်းတူ... (ကြာသာပတေးအစ... အင်္ဂါအဆုံး) (ဗုဒ္ဓဟူးအစ ..ကြာသာပတေးအဆုံး) (သောကြာအစ..ဗုဒ္ဓဟူးအဆုံး) (တနင်္လာအစ..စနေအဆုံး) နာမည်များသည်လည်း တနင်္ဂနွေဂြိုဟ်အင်အားပျက်စေသော နာမည်တွဲများဖြစ်ကြသည်။ ယင်းသို့ဆိုလျှင် ..အဆိုပါအမည်ရှင်များအားလုံးသည် လက်ထပ်ပေါင်းသင်းရေးဆိုင်ရာ အသိမှတ်ပြုခံရရေးတွင် ..ကံဆိုးကျမည်လား။ ထိုသို့တရားသေယူဆရန်မဟုတ်ပါပေ။ သို့သော်.......... အဆိုပါအမည်ရှင်များအဖို့ မူလမဟာဘုတ်တွင်ပါ တနင်္ဂနွေဂြိုဟ်ပျက်ပြားစေသော အနေအထားများရှိခဲ့ပါမူ....အမှန်ပင် ... လက်ထပ်ထိမ်းမြားရေးဆိုင်ရာ အသိမှတ်ပြုခံရရေးတွင် ..အားနည်းလာနိုင်ပေသည်။

ဥပမာအားဖြင့် အင်္ဂါသမီး မစိုးစိုးသိန်း ဆိုသူတစ်ဦးဆိုပါစို့။ နာမည်သည် (အင်္ဂါအစ သောကြာအဆုံး) တနင်္ဂနွေအားပျက် အမည်မျိုးဖြစ်နေပြီး...၊ သူမသည်ပမာအားဖြင့်...၀ကြွင်းဖွား တစ်ဦး ဖြစ်နေပါက....တနင်္ဂနွေဂြိုဟ်သည် မူလမဟာဘုတ်တွင် ပုတိတွင်ရှိပြီး ......ယင်းအမျိုးသမီးမျိုးမှာ ....လက်ထပ်ထိမ်းမြား ပေါင်းသင်းဆက်ဆံရေးတွင် မရေရာ မသေချာသော အခြေအနေများ...စကောစက အခြေအနေဆိုးများ ..တရားဝင်မဖြစ်သလိုလို ဖြစ်သလိုလို အခြေအနေများ....ကြုံရမည်ဖြစ်သည်။

ဆက်လက်ပြီးတင်ပြသွားပါမည်။
ုသုတေသီဝေသာလီမောင်ဖုန်း။
waitharlimgphone@gmail.com

ရင်သွေးငယ်များနာမည် စာစု (၃)


ရင်သွေးငယ်များနာမည် .......... ရင်သွေးငယ်များအနာဂတ်
ရင်သွေးငယ်များနာမည် .......... ရင်သွေးငယ်များအနာဂတ်
ရင်သွေးငယ်များနာမည် .......... ရင်သွေးငယ်များအနာဂတ်
စာစု(၃)

နာမည်ဘယ်လိုရွေးခြယ်သင့်သလဲ........

နာမည်ဘယ်လိုရွေးခြယ်သင့်သလဲ ...ဆိုသောမေးခွန်းသည်တစ်ခွန်းတည်း ဖြစ်သော်လည်း၊ ....အဖြေမှာမူ .. အမြောက်အများ ထွက်ပေါ်လာနိုင်ပါသည်။ ဆရာတစ်ဆူ ပညာတစ်မျိုး၊ အယူအဆတစ်ဖုံ၊ နည်းလမ်း တစ်သွယ်၊ အမျိုးမျိုးမူဝါဒ ကွဲပြားနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ။ ပညာလိုက်စား သတို့သားကောင်း တို့အနေနှင့် ..လက်တွေ့နှစ်ခြိုက်ရာ၊ အမှန်တစ်ကယ် သုံးကြည့်၊ဆန်းစစ်ကြည့်ပြီး...အကျိုးရှိမည် ထင်သည့်နည်းပညာကို သုံးစွဲသင့်ပါသည်။ ပုဂ္ဂိုလ်ထက်...လက်တွေ့ပိုင်းကို ဦးစားပေးရွေးခြယ်ပြီး ...သုံးစွဲနိုင်ကြပါစေကုန်။

နာမည်ရွေးခြယ်ရာတွင်...အနောက်တိုင်း numberology နည်းစနစ် သည် ကောင်း၏။ ထို့ထက် ..... ထို့ထက် များစွာကောင်းသည်ကား...မြန်မာ့ရိုးရာ နာမက္ခရဆန်းပညာ ပင်ဖြစ်လေသည်။ နာမက္ခဆန်းကျမ်းသည် လောကတွင်ရှိသမျှသော နာမည်ဟူသမျှကို ခွဲခြားဆန်းစစ်နိုင်၏။ အကောင်းအဆိုး အကျိုးအကြောင်းကို ထောက်ချင့်ပြီး သင့်မသင့် ကောင်းမကောင်း၊ အကြောင်းအကျိုးညီစွာ ...ဆန်းစစ်ခွဲခြားနိုင်သော ပညာစစ်စစ်ဖြစ်၏။ နာမက္ခဆန်းပညာကို ပိုင်နိုင်ကျွမ်းကျင်လျှင် ...နတ်မျက်စိရနေသည့်အလား အလွန်အံ့အားသင့်ဖွယ်ရာ ကောင်းသော ဟောကိန်းများထုတ်နိုင်၏။ စာရေးသူကား .....ဥာဏ်နှင့်အားလျော်စွာ ပညာအစွန်းအစမျှသာ တတ်မြောက်ပါသည်။ထိုပညာအစွန်းအစမျှသည်ပင် ...စာရေးသူအတွက်ကြီးစွာသောအထောက်အကူပြု၏။ ဥာဏ်ပညာထက်မြက်သူတို့အတွက်ကား ဆိုဖွယ်ရာမရှိပေ။ အလွန်လေ့လာလိုက်စားသင့်သောပညာရပ်ဖြစ်၏။

ရင်သွေးငယ်တို့အတွက် နာမည်ရွေးခြယ်ရာတွင် မဟာဘုတ်စနစ်နင့် နာမက္ခရစနစ်ကိုတွဲစပ်အသုံးပြုခြင်းကို စာရေးသူအနေနှင့် သဘောကျနှစ်ခြိုက်မိပါသည်။ ထို့အပြင် မူလမွေးနေ့နံအရ အင်္ဂ၀ိဇ္ဇာတိုင်နှင့်လည်း မဖြစ်မနေ ချင့်ချိန်ထောက်ဆမှုပြုပေးရန်လိုအပ်ပါသည်။ ပမာအားဖြင့် ဆိုရပါမူ.....
....နာမည်တစ်ခုဆိုပါစို့..... တစ်ခုကြွင်းမဟာဘုတ်ဖွား စနေသားသမီးတစ်ဦးအား ...ထွန်းဇော် ဟူသောအမည်ပေးလိုက်သည်တွင်။ အဆိုပါထွန်းဇော်သည်.... တိုင်ပြန်ဖြစ်သည်။ ၀ဏ္ဏမှန် /မမှန်။ ဌာန်၊ ဗျုပ္ပတ်သင့်/မသင့်..။ သကတ်အနေအထား၊ ......စသည်ဖြင့် ဆန်းအင်္ဂါများကို ခွဲစိတ်ကြည့်ခြင်း။ အလွန်ဆိုးရွားသောအနေအထားမျိုးတို့ကို ရှောင်ကျဉ်မှုပြုခြင်း၊ ..အားဖြင့် နာမည်ကိုသုံးသပ်ပြီးနောက် .....မဟာဘုတ်တွင် အဆိုပါအမည်သည်...မည်သည့်အနေအထားရှိသည်။ နာမည်အဖျားစလုံးအနေအထား။ ကာရကအားဖြင့်မည်သို့မည်ဖုံ။ ပက္ခအားဖြင့် မည်သည့်ဂြိုဟ်ကို အားနည်းစေသနည်း။ စသည်ဖြင့် ထပ်မံကြည့်ရှုပေးရာ၏။ မူလစနေသားအနေနှင့် အင်္ဂ၀ိဇ္ဇာရှုထောင့်ကိုသုံးသပ်ပါမူ... စတုန်းရန်ဂြိုဟ်နှင့် နာမည်အဖျားစာလုံးကို အဆုံးသတ်မှည့်ခေါ်ထားခြင်းဖြစ်ကြောင်း ...သိရှိနေရန်လိုအပ်သကဲ့သို့ပင်။ ယင်း စနေ+အင်္ဂါ နာမည်သည် ကြာသာပတေးဂြိုဟ်ကို အဆိုးသဘော အင်အားပြုသောအမည်ဖြစ်ကြောင်းကိုလည်း အင်္ဂ၀ိဇ္ဇာရှုထောင့်မှနေပြီး သုံးသပ်နိုင်ပေသည်။ ဇာတာရှင်သည် ယင်းကြာသာပတေးဂြိုဟ်အနေအထားညံ့စေသော အမည်ပိုင်ရှင်အားဖြင့်....အိမ်တွင်းရေးဆူပူမှုကို ဖြစ်ပွားစေလိမ့်မည်။ ထိုမှတစ်ဖန်..အဆီဓါတ်လွန်ကဲခြင်းအားဖြင့် လည်းကောင်း၊ ရောဂါဥပဒ်ကို ဖြစ်ပွားစေနိုင်ကြောင်း တွေ့ရှိရပေမည်။ ...

နက်နက်နဲနဲ မစဉ်းစားပဲ အမည်ကိုလွယ်လွယ်မှည့်ခေါ်ခြင်းအားဖြင့်...ကောင်းကျိုးထက်ဆိုးကျိုးကို ပိုမိုဖြစ်ပွားစေပေလိမ့်မည်။ စာရေးသူကိုယ်၌လည်း နာမည်ရွေးခြယ်ပေးရမည်ဆိုလျှင်..၀န်တာကြီးလှ..ခေါင်းကျိန်းလှကြောင်း ၀န်ခံရပေမည်။ မိမိပေးလိုက်သောအမည်သည် မှားယွင်းချွတ်ချော် လိုအပ်ချက်ကြီးကြီးမားမားပါခဲ့သော် ဟု တွေးမိလျှင်..၀ဋ်ဥပဒ်ကို ကြောက်လှသည် ဖြစ်ခြင်းကြောင့်၊နာမည်နှင့် ပတ်သက်သမျှကို ..ယနေ့တိုင်အောင် လေ့လာမှုပြုနေရဆဲဖြစ်ပါသည်။



လေးစားအပ်သောပညာရှင်



ယနေ့ထက်တိုင်လည်း မြန်မာပြည်တွင် ရွက်ပုန်းသီး နာမက္ခရပညာရှင်အချို့ ရှိနေဆဲဖြစ်ပါသည်။ စာရေးသူအလွန်လေးစားမိသော ပညာရှင်တစ်ဦးမှာ ဆရာမင်းကျော်ဇော် ဟူ၏။ ယင်းဆရာသည် အမှန်စင်စစ်ပင် ပညာရှင်စစ်စစ်ဖြစ်၏။လွန်ခဲ့သောနှစ်ပေါင်း ဆယ့်လေးငါးနှစ်ခန့်က ရန်ကုန်ဘူတာကြီးတွင် အဆိုပါဆရာမင်းကျော်ဇော် ၏ နာမည်ဟောနည်း နာမည်ရွေးနည်း ဟူသော စာအုပ်ကို ၀ယ်ယူသိမ်းဆည်းရမိခဲ့ပါသည်။ ယနေ့ထက်တိုင် ဟောင်းနွမ်းသော်လည်း အကောင်းအတိုင်း သိမ်းဆည်းထားဆဲဖြစ်ပါသည်။ ဆရာမင်းကျော်ဇော် သည် စာအုပ်နောက်ပိုင်းနားတွင် အဖိုးထိုက်တန်သော ..ပညာရပ်ဆိုင်ရာအယူအဆအချို့ကို ..တွေ့ရှိရပြီး၊ယင်းအယူအဆများမှာ ယနေ့ထက်တိုင် စာရေးသူအတွက် အကျိုးပြုအသုံးဝင် နေဆဲဖြစ်လေသည်။ ဆရာမင်းကျော်ဇော်၏ အဆိုပါ ကျမ်းစာအုပ်တွင်ပါရှိသောအချက်အချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

လူတစ်ယောက်တွင်ခိုင်မြဲစွာသုံးစွဲနေသောအမည်နာမသည် ၄င်း၏မွေးဇာတာ မဟာဘုတ်နှင့်တကွ ရုပ်ဆင်းကြန်အင်တို့ကို ပေါင်းစပ်ပြီးသော် ဘ၀၌ ကောင်းကျိုးချမ်းသာခံစားရနိုင်ခြင်းရှိ မရှိကို အထက်ပါအချက်များအရ တိုက်ဆိုင်စစ်စိပြိး ရဲရဲတင်းတင်း အာမခံ နှင့် ရှေ့ရေးဟောချက်များထုတ်နိုင်လေသည်။

အိမ်ထောင်ရေးမကောင်းသော ပင်ကိုဇာတာနှင့် နာမည်ရှင်တစ်ဦး သည် မည်သည့်ကိန်းသို့ရောက်သည်နှင့် အိမ်ထောင်ပျက်မည်၊ ကွဲမည်၊ ဒုက္ခရောက်မည်ကို ဟောပြောနိုင်၏။ စီပွားရေး၊ ငွေကြေးဥစ္စာများနှင့် ပတ်သက်ပြီး ထိခိုက်နစ်နာခြင်း၊ ပျက်စီးခြင်း စသော ဇာတာနှင့် နာမည်ရှင်တစ်ဦးသည် မည်သည့်ကိန်းသို့ရောက်သည်နှင့် စီးပွားပျက်မည်၊အလုပ်ပြုတ်မည်၊ ရာထူးကျမည်ကို ကြိုတင်ဟောပြောနိုင်၏။

ထို့နည်းတူစွာ စီးပွားတိုးတက်မည့်သူ၊ ချမ်းသာမည့်သူများ၊ ရာထူးတိုးမည့်သူများ၊ ထီပေါက်မည့်သူများ၊ ဘုန်းတန်ခိုးတိုးတက်မည့်သူများသည် မည်သည့်ကိန်းသို့ရောက်မှ အောင်မြင်မည်၊ ချမ်းသာမည်ကို ကြိုတင်ဟောပြောနိုင်လေသည်။နာမည်ဟောနည်း ပညာရပ်ကြီးများမှာ နေမြင်လမြင်ပုဂ္ဂိုလ်များ၏ လျှို့ဝှက်နက်နဲသော ဗေဒင်ပညာကြီးတစ်ခုဖြစ်ပြီး၊ ယခင်က ဆရာများ အထူးလျှို့ဝှက်ခဲ့သော နည်းစနစ်များ ဖြစ်ပါ၏။ နာမည်ပညတ်၏ ဓါတ်များကို သိဒ္ဓိမြောက်အောင် စီရင်နိုင်ကြောင်း၊ သင်သည် ကိုယ်တိုင်လေ့လာတတ်ကျွမ်းလျှင် နားလည်သဘောပေါက်မည်မလွဲပါချေ။

အထက်ပါရေးသားချက်များကိုကြည့်ခြင်းအားဖြင့်ပင် ဆရာမင်းကျော်ဇော်၏ ပညာရပ်ပိုင်းဆိုင်ရာ ပေါက်မြောက်ခရီးရောက်မှုကို ခန့်မှန်းသိရှိနိုင်ပေသည်။



နာမည်တစ်ခု၏အင်အား



နာမည်တစ်ခုသည် သက်ဆိုင်ရာ အားဗလ အဆိုးအကောင်းအလိုက်....အမှန်ပင် အကျိုးအာနိသင်ကိုပြုတတ်၏။ ထိုအခြင်းအရာတွင် ...သတိပြုအပ်သည်မှာ ကောင်းကျိုးသက်သက်ချည်းကို ဖြစ်စေ၊ ဆိုးကျိုးသက်သက်ချည်းဖြစ်စေ ပေးစွမ်းသော အမည်မျိုးဟူ၍ကား မရှိနိုင်ပေ။ ကောင်းကျိုးအများဆုံးပြုသည့်အမည်မျိုး နှင့် ဆိုးကျိုးကို အများဆုံးပြုသည့် အမည်ဟူ၍သာ ခွဲခြားနိုင်ပေသည်။ အဓိကအားဖြင့် .... နာမည်တစ်ခုသည် အသက်ဘေး အန္တရယ် ကိုဖြစ်ပွားစေနိုင်သောအင်အားမျိုး မရှိစေသင့်။ မများပြားစေသင့်ပေ။
ပမာအားဖြင့် ဇာတာတစ်ခုကို တင်ပြပေးပါမည်။

အမည် မပြည့်ဖြိုးအောင်
၁၃၅၉ခုနှစ်၊ ၀ါခေါင်လပြည့်နေ့ တနင်္လာနေ့ နံနက်လေးနာရီတွင်ဖွားမြင်သူ။
ဇာတာရှင်သည်.......မဟာဘုတ်ဇာတာအရ....၊ (၁) ခုကြွင်း တနင်္လာပုတိဖွားတစ်ဦးဖြစ်သည်။
အမည်ကိုကြည့်ပါ။.

အမည်သည် ..ကျားဆန်သောအမည်မျိုးဖြစ်သည်။ ဇာတာရှင်မှာမိန်းကလေးဖြစ်ခြင်းကြောင့် ထိုသို့မှည့်ခေါ်ခြင်းမှာ ..ကျား/မ ပညတ်အားဖြင့် ဆန်းကျင်သောအနေအ
ထားမျိုးဖြစ်စေသည်။ နာမည်တစ်ခုလုံးသည် ကမ္မကာရကဖြစ်သည်။ နာမည်အဖျားစလုံးသည် တနင်္ဂနွေဖြစ်ပြီး၊ မူလမဟာဘုတ်တွင် ...ဘင်္ဂဌာနတွင်ပင်ရပ်တည်နေကာ၊ နံတူတနင်္ဂနွေနှင့်ပင် ပက္ခမိစေသည်။ ယင်းအချက်ကြောင့်ပင် တနင်္ဂနွေတွင်အပြစ်မကင်းကြောင်းတွေ့ရှိရပေသည်။ ထိုမှတစ်ဖန် ထပ်မံကြည့်ရှုပါက..ပြည့်ဖြိုးအောင်ဟူသောအမည်သည်..(၅တေး+၁နွေ) နာမည်မျိုးဖြစ်ရာ..၊ အဆိုပါ(၅တေး+၁နွေ) သည် အင်္ဂါဂြိုဟ်အား..ဆိုးအားပြုသောအမည်မျိုး(အင်္ဂ၀ိဇ္ဇာ အင်္ဂါအခါတိုင်တွင်ကြည့်ပါ။) ဖြစ်နေသည်။ အင်္ဂါဂြိုဟ်ကိုလည်း အားနည်းစေသောအမည်မျိုး
ဖြစ်ကြောင်း တွေ့ရှိရသည်။ ဇာတာရှင်ကလေးငယ်သည် .... မှည့်ခေါ်လိုက်သောအမည်အရ.....

တနင်္ဂနွေဂြိုဟ် အသက်ဇီဝ နှင့် ကျန်းမာရေးဆိုင်ရာဂြိုဟ်
အင်္ဂါဂြိုဟ် (တနင်္လာ သားသမီးတို့အတွက် အာယုဂြိုဟ် = အသက်ရှင်သန်မှု နှင့် ကျန်းမာရေးဆိုင်ရာဂြိုဟ်) ပင် ဖြစ်ပြီး
အဆိုပါဂြိုဟ်နှစ်ခုစလုံး အားနဲနေကြောင်း တွေ့ရှိရသည်။ အမည်ကား အသက်ရှင်သန်မှုကို အားနဲစေခြင်း (၀ါ) အသက်တိုခြင်း၊ မကျန်းမာခြင်း၊ အသက်ဘေးတို့နှင့် ကြုံတွေ့ရတတ်ခြင်းမကင်းစေတတ်သော အမည်မျိုးဖြစ်ကြောင်း ထင်ရှားစွာတွေ့မြင်နိုင်သည်။ အထူးသဖြင့် အသက်ဓါတ်ကိုပေးသော တနင်္ဂနွေဂြိုဟ်သည် နံတူ တနင်္ဂနွေနှင့် ပင် ဘင်္ဂဌာနတွင် ပက္ခမိထားခြင်းကြောင့် တနင်္ဂနွေသက်ရောက် ။ ဂြိုဟ်အိပ်၊ ထူလ၊ အန္တရဒသာများတွင် ..အသက်/ကျန်းမာရေး ဆိုင်ရာ ဘေးဥပဒ်များ ဖြစ်ပွားစေနိုင်ပြီး မွေးနံအာယုဂြိုဟ်အင်္ဂါအားနည်းချိန်မျိုးကြုံပါကလည်း ယင်းကဲ့သို့ ဆိုးကျိုးပေးနိုင်ကြောင်း နာမည်မှ ပင် ဖော်ပြနေပေသည်။

ဇာတာရှင်ကလေးငယ်သည် အသက်အားဖြင့်ရှစ်နှစ်၊ သက်ရောက်ကား အသက်ကိုဆုတ်ယုတ်စေမည့် တနင်္ဂနွေသက်ရောက်၊ ကောဇာသက္ကရာဇ်အားဖြင့် ၁၃၆၇ခုနှစ်၊
(ယင်းခုနှစ်သည် နှစ်ခုကြွင်းမဟာဘုတ်နှစ်ဖြစ်သည်။ မွေးနံဘင်္ဂတွင်ရပ်ပြီး၊ နာမည်အဖျားစလုံးတနင်္ဂနွေသည် ..အထွန်းဌာနတွင်ရပ်တည်ကာ..ပုတိဌာနရှိ အာယုဂြိုဟ်အင်္ဂါနှင့် ပက္ခ(ဆန့်ကျင်
သောအနေအထားမျိုး) ရပ်တည်လျှက်ရှိခြင်းအားဖြင့်..) အာယုဂြိုဟ်အင်္ဂါလည်း အားနည်းသောကာလတွင်.......ရေနစ်သေဆုံးခဲ့ရသော ကလေးငယ်ဖြစ်ပါသည်။
ကောဇာမဟာဘုတ်တွင် ... နာမည်အဖျားစာလုံးနှင့် ပက္ခမိနေသော ဂြိုဟ်မှာ၊ အင်္ဂါဖြစ်ပြီး ယင်းကဲ့သို့အားနည်းနေသော အာယုဂြိုဟ်အင်္ဂါသည် ပုတိအိမ်တွင်ရပ်တည်နေခြင်းမှာ .. ထူးခြား
သောအချင်းအရာအဖြစ်မှတ်တမ်းတင်အပ်ပေသည်။ အဘယ်ကြောင့်ဟူမူ ..ပုတိအိမ်သည် တနင်္လာပိုင်သောအိမ်ဖြစ်ပြီး ရေနှင့်စပ်လျဉ်းသော အိမ်ဖြစ်ခြင်းကြောင့် ရေလွှမ်းမိုးရာဌာနတွင်အား
နည်းသောအာယုဂြိုဟ်အင်္ဂါသည် ရေတွင်..အသက်ကိုဘေးဖြစ်စေခြင်းကို ပေးစွမ်းခဲ့ခြင်းမှာ ..သတိပြုဖွယ်အချက်ပင်ဖြစ်ပါတော့၏။

ဆက်လက်ရေးသားပါဦးမည်။

သုတေသီ ဝေသာလီမောင်ဖုန်း။

(T-Group) ... မြန်မာ့ရိုးရာဗေဒင်ပညာအဖွဲ့အစည်း။

ချစ်ချစ်အကြောင်း...စာစု(၂)


ချစ်ချစ်အကြောင်း ... တစ်စေ့တစ်စောင်း
ချစ်ချစ်အကြောင်း ... တစ်စေ့တစ်စောင်း
ချစ်ချစ်အကြောင်း ... တစ်စေ့တစ်စောင်း ..စာစု (၂)


က ၊ ခ ၊ ဂ ၊ ဃ ၊ င ... ဖြင့် နာမည်အဖျားစာလုံးမှည့်ခေါ်ထားသော ချစ်ချစ်တို့အကြောင်း


ဒီတစ်ခါကတော့.....နာမည်အဖျားစာလုံးကို က၊ ခ၊ ဂ၊ ဃ၊ င နဲ့ မှည့်ခေါ်ထားတဲ့ချစ်ချစ်တို့အကြောင်းပါ။

သူတို့ကတော့ စိတ်ကူးယဉ်ဆန်တဲ့သူတွေဖြစ်ကြပါတယ်။ အကူအညီပေးတာမျိုး၊ တစ်ခြားသူတွေရဲ့ ကဏ္ဍတွေကို ကြားဝင်ဆောင်ရွက်ပေးရတာမျိုး မကြာမကြာလုပ်လေ့ရှိကြတဲ့အတွက် ....သူတို့နဲ့ချစ်သူလေးများဖြစ်မိကြမယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင်ကလည်း သူနဲ့အတူ ကူညီတတ်ဖို့လိုပါလိမ့်မယ်။ သူတို့က ..များသောအားဖြင့်...စိတ်ကြည်လင်စရာလေးတွေ ပေါ့ပေါ့ပါးပါးလေးတွေပဲနေတတ်ထိုင်တတ်၊လိုလားတတ်ကြတယ်။ ဒါကြောင့်သူတို့ကို တာဝန်တွေ ပရက်ရှာတွေ၊ စိတ်ညစ်စရာတွေ သွားရင်ဖွင့်ပြလို့မသင့်လျော်ဖူး။ သူတို့က အဲဒါဆို ရှောင်ကျဉ်သွားတတ်တယ်။

သူတို့ကို ချစ်သူအဖြစ် အိမ်ထောင်ဖက်အဖြစ် ရွေးခြယ်မယ်ဆိုရင် ကြိုသိထားဖို့အဓိက အရေးကြီးတာ တစ်ခုတော့ရှိပါတယ်။ တခြားမဟုတ်ပါဘူး။ သူတို့ကို ပျော်အောင်ထားနိုင်မလားလို့သာ ...ကိုယ့်ကိုယ်ကို ပထမဦးစွာ မေးကြည့်ထားဖို့ လိုအပ်ပါတယ်။ သူတို့က အများအားဖြင့် တော်ရာမှာထက် ပျော်ရာမှာမွေ့တတ်ကြတဲ့သူတွေလို့ ဆိုနိုင်ပါတယ်။ ကလေးကလားဆန်တတ်သလို.......သူတို့ရဲ့ ဘ၀ဦး
တည်ချက်ကလည်း မကြာခဏဆိုသလို ပြောင်းလည်းနေတတ်ကြပါတယ်။ တစ်ခါတစ်ခါ အရမ်းစိတ်ဓါတ်ကျ နေတတ်သလို တစ်ခါတစ်ခါအရမ်းစိတ်ရွှင်မြူး နေတတ်တာလည်း သူတို့လေးတွေပါပဲ။

တစ်ကယ့်ကို လွတ်လပ်ပေါ့ပါးမှုကို နှစ်သက်တတ်သူတွေဖြစ်ပြီး၊ ချုပ်ချယ်မှုကို လုံးဝကြောက်တတ်သူတွေလည်း ဖြစ်တဲ့အတွက်၊ အနှောင်အတွယ်တွေ ဖိနှိပ်မှုတွေကို သူတို့က ခါးသီးတတ်ပါတယ်။ သူတို့က ..ဘယ်အရာကိုပဲဖြစ်ဖြစ် စကောစက အခြေအနေမျိုးတွေကို နှစ်သက်လေ့ရှိတတ်ကြတဲ့အတွက်.........သူတို့ကို ချစ်ခွင့်ပန်တဲ့အခါမှာလည်း အများအားဖြင့် ...မပြတ်မသားဖြေလေ့ ရှိကြပါတယ်။ ဟိုလိုလို သည်လိုလိုလုပ်လို့ဆိုပြီး ...ဒေါမကန်လိုက်ပါနဲ့။ သူတို့ရဲ့ သဘာဝမို့ ခွင့်လွှတ်နားလည်ပေးနိုင်မှပဲ ဖြစ်ပါလိမ့်မယ်။

တစ်ခါတစ်ခါ ဂွကျတာမျိုးလေးတွေကတော့ ...... သူတို့ကို လေးလေးနက်နက် တွေးခိုင်း နေခိုင်း လုပ်ကိုင်ခိုင်းရ ခက်တာလေးတွေပါပဲ။ ............သူတို့က သိပ်ဟဲဗီးဖြစ်တာတွေကို မှ လက်မခံနို်င်တာကိုး။ ဒါကြောင့် လေးနက်စွာ သဘောထားဖို့ဆိုတာ သူတို့အတွက် သာမန်ကနေ ကြီးမားတဲ့အခက်အခဲမျိုးတွေအထိဖြစ်နေနိုင်ပါတယ်။ အကယ်လို့များ ကိုယ်က ဒီလိုနာမည်အဖျားစာလုံးရှိတဲ့ချစ်ချစ်ကလေးတစ်ယောက်ကို နီးစပ်ဖို့ကြိုးစားတော့မယ် ဆိုရင်တော့ .......သင့်ကိုယ်သင် ..ဦးစွာ ဒီလိုနေပေးတတ်ဖို့လိုပါတယ်။

ပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါးစတိုင်မျိုး ဖန်တီးထားပါ။ ကျူတာဆရာ/ဆရာမ စတိုင်မျိုး ၊ စည်းကမ်းသေ၀ပ်သူ ပုံစံမျိုး ဖြစ်နေလို့မရပါဘူး။ စိတ်ချမ်းသာစရာအကြောင်းတွေ။ ဟာသလေးတွေ။ ရုပ်ရှင် အနုပညာ အကြောင်းတွေ .......အသင်းအဖွဲ့ဆိုင်ရာ ကဏ္ဍလေးတွေ၊ သင်တန်း နဲ့ဆိုင်တဲ့ စကားလေးတွေ.........ဒါမျိုးလေးတွေနဲ့ သူတို့ကို ချဉ်းကပ်ရင် ပိုမိုလွယ်ကူပါလိမ့်မယ်။

သြော်.. ဖြစ်နိုင်ရင် သူတို့နဲ့တွေ့တဲ့အခါ အရောင်မှိုင်းမှိုင်းကြီးတွေထက် အရောင်လွင်လွင်လေးတွေကို ပိုဝတ်ဆင်သုံးစွဲသင့်တယ်။ သူတို့နဲ့ ရည်းစားဖြစ်တဲ့အခါမှာ တတ်နိုင်သလို အလုပ်အားရက် ကြားရက်ကလေးတွေ ဖန်တီးပြီး......... ရေနဲ့နီးစပ်တဲ့ နေရာမျိုးလေးတွေမှာ ....ချစ်သူနှစ်ဦး အနားယူပေးသင့်တာပေါ့။ ( ရေထဲတော့မခုန်ချနဲ့နော်။ တရားခံ အနော်မပါဘူး။)

သူတို့က မီဒီယာကဏ္ဍတွေကိုလည်းအရမ်း စိတ်ဝင်စားတတ်ပါတယ်။ ဟိုဘက်ကနေ သည်ဘက်ကို ...ကူးပေးဖို့က သူတို့ဝါသနာပေါ့...။ အောင်သွယ်တို့ ..ဂျွိုင်းပေးတာတို့ကိုလည်း အလျဉ်းသင့်သလိုလုပ်တတ်ကြပါသေးတယ်။ အဲလိုလုပ်ပေးရင်းက ....ကိုယ့်အနေနဲ့ အထင်လွဲစရာမျိုးလေးတွေ လာလာပြီး ကြုံခဲ့ရင်လည်း .....သူ့သဘာဝကို နားလည်ပေးပြီး...ခွင့်လွှတ်ပေးနိုင်ဖို့ လိုပါတယ်။ ကဲ အနှစ်ချုပ်ပြန်စုပေးပါ့မယ်။ ..................

သူတို့လို နာမည်ရှင်မျိုးလေးတွေကိုချစ်ချစ်တော်မိမယ်ဆိုရင်တော့....ကိုယ်တိုင်ကလည်း ပျော်တတ်ဖို့လိုတယ်။ သူတို့ကိုလည်းပျော်အောင် ထားတတ်ရပါမယ်။ တာဝန်တွေ၊ တားမြစ်တာတွေ ....အရမ်းများတာနဲ့ သူကသင့်ကို ရှောင်ရှားဖို့ကြိုးစားပါလိမ့်မယ်။ စိတ်ညစ်စရာတွေ သိပ်မပြောမိပါစေနဲ့။ ကလေးကလား လုပ်တာမျိုးကို နှစ်ခြိုက်တတ်သူတွေ ဆိုတော့..ကိုယ်တိုင်ကလည်း ကလေးလို သူ့ကို ဆက်ဆံနိုင်ရင် ပိုကောင်းပါတယ်။ ....အရမ်းမချုပ်ချယ်မိအောင် ကြိုးစားမှတော်ရုံကြမယ့် ချစ်ချစ်မျိုးလေး တွေပါ။ ဟဲဟဲ ....လွှတ်သာထားလိုက်တော့လို့ပြောရမလိုပါပဲ။ .....နဲနဲတော့ သီးခံပေးဖို့လိုမယ် ထင်ပါတယ်။ တစ်ခါတစ်ခါတော့လည်း သူလောက်ချစ်တတ်တာ....နုညံ့သိမ်မွေ့တာ မရှိဘူးထင်ရလောက်အောင် ...ချစ်ဖို့ကောင်း တဲ့ချစ်ချစ်ကလေးတွေဆိုပါတော့။

ဥပမာဆိုရရင်တော့ ဒီလိုနာမည်မျိုးလေးတွေပါ။ လင်းလင်းခိုင်၊ သူရကျော်၊ သိမ့်သိမ့်ခင်၊ ချမ်းငြိမ်း .........စတဲ့အမည်မျိုးလေးတွေဆိုပါတော့။

ဝေသာလီမောင်ဖုန်း (ဗေဒင်ပညာသုတေသီ)

ရင်သွေးငယ်များနာမည်...စာစု(၂)


မပေးသင့်သောနာမည်ပြောင်များ

နာမည်ပြောင်များမှည့်ခေါ်ခြင်းသည် ...လူတစ်ယောက်၏ ဘ၀က ကောင်းကျိုးပြုစေသည်ထက် ဆိုးကျိုးကိုသာ အများအားဖြင့် ပြုစေကြောင်းတွေ့ရှိရပါသည်။ နာမည်ပြောင် အမျိုးမျိုးတွင် ကုလား၊ ကုလားမ၊စသော အမည်တော်တော်များများကိုလည်း တွေ့ရဖူးပါသည်။

စာရေးသူ၏ အတွေ့အကြုံအရ ..ယင်းအမည်မျိုးတို့သည် သူတစ်ပါးက ခိုင်းစေမှုအမျိုးမျိုးကို ခံကြရကြောင်းတွေ့ရှိရပြီး။ ငွေကြေးပြည့်စုံသူ၊ ရာထူးရာခံရှိသူများပင်လျှင် ယင်းအမည်ပြောင်ရှိခြင်း၊ သုံးစွဲခြင်းအားဖြင့် သူတစ်ပါးခိုင်းစေသော အလုပ်များကို ကြားဝင်လုပ်ကိုင်ပေးနေရခြင်းမျိုးဖြစ်ပွားစေကြောင်း တွေ့ရှိရသည်။

စာရေးသူ၏ မိတ်ဆွေများတွင်လည်း ထိုသို့သော နာမည်ပြောင်ရှိသူများ အများအပြားပင် ရှိပေသည်။ ထိုသူ
အားလုံးသည် မန်နေဂျာ၊ စစ်ဘက်ဆိုင်ရာဆရာဝန်ကြီး၊ ရုံးအကူ၊ စသည်အားဖြင့်.....အမျိုးမျိုးသော အသက်မွေးမှုများဖြင့် ရပ်တည်နေရသည်ဖြစ်သော်လည်း ...အဆိုပါ အကျိုးပေးမျိုးမှာမူ တူညီနေသည်ကို တွေ့ရှိရလေသည်။ စာရေးသူ အမြင်အားဖြင့်မူ စနေပညတ်မျိုး (နေ့နံကို ဆိုလိုခြင်းမဟုတ်ပါ။) ဖြစ်နေသောကြောင့်ဟု ယူဆမိပါသည်။

ဆန်းကျင်နေသောအမည်များပေးခြင်း

ဆန်းကျင်သောနာမည်များပေးခြင်း သည် ..ယင်းနာမည်ရှင်အား ကြောက်မက်ဖွယ်ရာ ကံအခြေအနေအချို့နှင့် ရင်ဆိုင်မိစေနိုင်ပါသည်။ နာမည်တွင်ပါဝင်သောစာလုံးများအချင်းချင်း ဆန်းကျင်ခြင်း (၀ါ) ဆန့်ကျင်ဘက်အနက် သဘောမျိုး တည်ရှိနေခြင်းမျိုးကို ဆိုလိုပါသည်။ ဥပမာအားဖြင့် ဖြူ ခြင်း နှင့် မဲခြင်း သည်ဆန့်ကျင်ဘက် သဘောဆောင်သည်။ ဆန့်ကျင်ဘက်သဘောဆောင်သော အနက်နှစ်ခုကို တွဲစပ်ပြီး အမည်တစ်ခုအဖြစ်ပိုင်ဆိုင်နေခြင်းသည် ဘေးရန် နှင့် မကောင်းကျိုးကို လက်ယပ်ခေါ်စေနိုင်သောအနေအထားဖြစ်သည်။ စာရေးသူယခင်ကနေထိုင်ခဲ့ဖူးရာ အထက်အညာဒေသတွင် ကိုပိုလို ဟုခေါ်ဆိုသော ဆိုက်ကားဆရာတစ်ဦးရှိပါသည်။ သူ၏ အမည်ရင်းကား မဟုတ်ပါပေ။
သို့သော် မည်သူပင်ဖြစ်စေ ..ယင်းဆိုက်ကာဆရာအား ကိုပိုလိုဟုသာ သိရှိကြသည်။ ဆိုက်ကားဆရာ ကိုပိုလိုဟုဆိုလျှင် တစ်မြို့လုံးနီးနီး သိကြပေသည်။ အဘယ်ကြောင့် ယင်းအမည်သညာကို တွင်လာရပါသနည်း။ ပိုလိုနှိုင်းစီးကရက်ကို စွဲစွဲမြဲမြဲသောက်လွန်းသောကြောင့် အစွဲပြုပြီးသကာလ.. အဆိုပါဆိုက်ကားဆရာမှာ ကိုပိုလိုဟုအမည်တွင်လာရခြင်းပေလော.........။

ပိုခြင်း နှင့် လိုခြင်း သည် ဆန့်ကျင်ဘက် အနက်များဖြစ်ကြ၏။ ဖြောင့်ဖြောင့်ကြီးပင် ဆန့်ကျင်နေကြ၏။ နာမည်အရင်းစာလုံးသည် ပို နာမည်အဖျားစာလုံးသည် လို ... ဖြင့်မှည့်ခေါ်ထားသော ကိုပိုလိုသည်.......တစ်နေ့သောအခါတွင် ကားဖြင့်ဝင်ကြိတ်ခံရပြီး အသေဆိုးဖြင့် ဆုံးပါးခဲ့ရ၏။ နာမည်ကြောင့်ဟု စာရေးသူလိုရာမတွေးလိုပါ။ သို့သော် နာမည်များကို ဆန်းကျင်အောင်မမှည့်သင့်ဟူသော ရှေးဆန်းဆရာကြီးများ၏ ...သြ၀ါဒကိုမူ ....မလွန်ဆန်ဝံ့တော့ပါပေ။ အခြားသောအားဖြင့် မောင်သက်မြင့် ၊ မောင်ချိုတူး ..စသောအမည်များကိုလည်း ကြည့်ပါ။ သက်မြင့် ဟူသောအမည်တွင် ...သက်သည်နိမ့်ခြင်း ဆင်းခြင်း၊ လျှောကျခြင်းသဘောဆောင်သော ပညတ်ဖြစ်၏။ နောက်စာလုံးမြင့်နှင့် အနက်သဘောချင်း လုံးဝဆန့်ကျင်နေ၏။ မမှည့်အပ်စကောင်းပေ။ ချိုတူး တွင်လည်း ချိုသည် သောမရသာရုံပညတ်မျိုးဖြစ်သည်။ တူးသည် ..ခါးတူးခြင်း၊ မဲတူးခြင်း စသည်ဖြင့်သုံးနှုန်းအပ်သော ပါပအနက်ဆောင် ပညတ်မျိုးဖြစ်၏။ ယင်းချိုတူးမှာ ဇာတာရှင်၏ မိတ်ဆွေတစ်ဦးဖြစ်ပါသည်။ မဆီမဆိုင် ရုံးရောက်ဂတ်ရောက် ရောက်ရတတ်သူမျိုး ဖြစ်လေသည်။ သူမကျူးလွန်သော အမှုများအတွက် အချောင်သက်သက် မကြာမကြာ စိတ်ညစ်ရသူမျိုးလည်း ဖြစ်လေသည်။

လူ နှင့် အမည် ဆန်းကျင်နေခြင်း

လူနှင့်အမည်ဆန်းကျင်နေခြင်း ( ၀ါ ) ဆန့်ကျင်မှုပြုနေခြင်းသည်လည်..ကောင်းကျိုးမပြုသော အချက်တစ်ချက်ဖြစ်သည်။ နာမည်တစ်ခုသည် ယင်းနာမည်ရှင်၏ ရုပ်ရည်ပုံစံ၊ သို့မဟုတ် အမူအကျင့် ..သို့မဟုတ်...စရိုက် နှင့် ဆန်းကျင်နေလျှင် ...(၀ါ) ဆန့်ကျင်မှုပြုနေလျှင် ယင်းနာမည်ရှင်အား နာမည်ကပင် ပြန်ပြီး ထိခို်က်စေနိုင်၏။ ပမာအားဖြင့်.........................................................သံခဲ ..ဟူသောအမည်ရှင်သည် ဒူပေဒါပေခံခြင်း တေတေပေပေ နေတတ်သော တုံးတိုက်တိုက်ကျားကိုက်ကိုက် သမားမျိုး ဖြစ်နေမှ သင့်
လျော်ပြီး ကောင်းကျိုးပေး၏။ သံခဲဟုပေးထားပြီး အမည်ရှင်သည် သာမန်ပုံစံမျိုးဖြစ်နေပါက။ အလိုလိုနေရင်း ချူချာနေတတ်သည်။ အထိမခံရွေပန်းကန်ကဲ့သို့ ....နေနဲနဲပူ မိုးနဲနဲမိ ရုံမျှ နှင့် နေမကောင်းဖြစ်လာတတ်၏။ လှဝေဟုမှည့်ထားသော အမည်ရှင်သည် ရုပ်အဆင်းပြေပြစ်တင့်တယ်မှ ကောင်း၏။ ရုပ်အဆင်းညံ့ဖျင်းမူ ဘ၀အကျိုးပါညံ့ဖျင်းအရုပ်ဆိုးစေ၏။ အငယ်ဆုံးသားလေး ကို မောင်ဦး မှည့်ထားခြင်းမျိုးမှာ
လည်း ဘယ်လိုမှ မသင့်လျော်သော မှည့်ခေါ်ခြင်းမျိုးဖြစ်၏။ အကြီးဆုံးသမီးကို မနှင်းထွေး မထွေးငယ် စသည်ဖြင့် မှည့်ခေါ်မိခြင်းမျိုးမှာလည်း ထို့နည်းတူဖြစ်ပေသည်။ နာမည် မာ လျှင် လူမာမှ သင့်၏။ နာမည်ညွန့်လျှင် လူညွန့်မှ ကောင်း၏။ နာမည်က အသေးလေး....လူကထွားထွားကြီး ဖြစ်နေသော် အနက်ဆန့်ကျင်သောကြောင့်......ဆိုင်ရာအနက်ကိုလိုက်ပြီး မကောင်းကျိုးရစေတတ်၏။ မောင်မြတ်နိုးသည်
သိမ်မွေ့ယဉ်ကျေးရာ၏။ မဖြူသွယ် သည် ဖြူဖြူသွယ်သွယ် အေးအေးဆေးဆေး စရိုက်ရုပ်ရည်ကိုဆောင်သူဖြစ်မူ ကောင်းစားလွယ်၏။ မောင်ချမ်းမြေ့သည် နုညံ့သောစရိုက် နှင့် ငြိမ်းအေးသော နှလုံးစိတ်ဝမ်းရှိသူဖြစ်သော် အတိုင်းထက်အလွန် ကောင်းသတည်း။

စာစု(၃) တွင် ဆက်လက်ရေးသားပါမည်။
ချမ်းမြေ့ပါစေ။
သုတေသီ ဝေသာလီမောင်ဖုန်း ....။

ချစ်ချစ်အကြောင်းတစ်စေ့တစ်စောင်း စာစု (၁)


ချစ်ချစ်အကြောင်း ... တစ်စေ့တစ်စောင်း
ချစ်ချစ်အကြောင်း ... တစ်စေ့တစ်စောင်း
ချစ်ချစ်အကြောင်း ... တစ်စေ့တစ်စောင်း ..စာစု (၁)

တစ်ကယ်တော့ သည်ဆောင်းပါးလေးက အားလုံးကို ပျော်ရွင်စေလိုခြင်းသာ အဓိကဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ နစ်နာစေလိုသောစိတ် အလျဉ်းမရှိရပါကြောင်း။ ဗေဒင်ပညာရပ် သဘောဖြင့် မိမိချစ်သူကို ထောက်လှမ်းရလွယ်ကူနိုင်အောင၊် ..ဗေဒင်ပညာကိုနက်နက်နဲနဲ လိုက်စားထားစရာ မလိုပဲ အလွယ်တစ်ကူ ကြည့်ရှုသိရှိနိုင်စေရန် ရယ်ဒီမိတ်သက်သက်လုပ်ပေးခြင်း သဘောမျိုးလည်းဖြစ်သည်။

မိမိတို့၏ချစ်သူ(၀ါ)ချစ်ချစ်များတွင်..
နာမည်လေးတစ်ခုလောက်တော့မလွဲမသေရှိမည်ဖြစ်သောကြောင့်..
ဘယ်သူမဆို လွယ်လွယ်ကူကူ ဖတ်ရှုနိုင်ကြလိမ့်မည်ဟု ယုံကြည်မိပါကြောင်း။

(၁)နာမည်အဖျားစာလုံးများအကြောင်း

နာမည်အဖျားစာလုံးဆိုသည်ကတော့ အခြားမဟုတ်ပါ။ နာမည်တစ်ခု၏ အဆုံးသတ်စာလုံးကိုခေါ်ဆိုခြင်းဖြစ်သည်။

ဥပမာ အားဖြင့် အောင်မင်းထွန်းတွင်.....အောင်သည်အစစာလုံးဖြစ်ပြီး၊ ထွန်းသည်အဆုံးစာလုံး(၀ါ) အဖျားစာလုံးလည်းဖြစ်လေသည်။ မိမိတို့၏ ချစ်ချစ်များ၏ နာမည်အဖျားစာလုံးများကို မှတ်သားထားပါ။ ပြီးလျှင်ဆက်ဖတ်ပါ။

(က)တနင်္ဂနွေနံ အ၊ဥ ဖြင့် နာမည်အဖျားစာလုံး မှည့်ခေါ်ထားသော ချစ်ချစ်တို့အကြောင်း

သည်ချစ်ချစ်တို့ကတော့......ဂုဏ်ယူရတာမျိုးကို နှစ်သက်တယ်။ သူတို့ဘ၀ဦးတည်ချက်က နံပတ်တစ်ဖြစ်ဖို့
အဓိကပါပဲ။ ဆုရမှာ ၊ ချီးမြှင့်ခံရမှာမျိုးတွေကို သူတို့က နှစ်သက်လေ့ရှိကြတယ်။ သူတို့ကို ချိုးချိုးဖဲ့ဖဲ့ပြောဆိုမိတာမျိုးမပြောနဲ့ အပြစ်နဲနဲတင်လိုက်ရင်တောင် ...မကြိုက်တတ်ကြဘူး။ ဖြစ်နိုင်ရင် သည်ချစ်ချစ်မျိုးက များများချီးကျူးပြောဆိုပေးဖို့လိုပါတယ်။ မြောက်ပင့်ပြောနေမှန်းသိသည့်တိုင်အောင် သူတို့က အမြောက်သိပ်ကြိုက်တတ်ပါတယ်။

စိတ်ချလက်ချ သူတို့ရဲ့အရည်အသွေးတွေကိုရွေးပြီး ချီးကျူးပေးပါ။ တစ်ဖွဖွပြောပေးပါ။ အဲဒါဟာ သူတို့မခွာနိုင်ဘဲ စွဲနေစေမယ့် ပီယဆေးကြီးတစ်ပါး ဖြစ်နေပါလိမ့်မယ်။ သူတို့က တစ်ခါတစ်လေ တစ်ကိုယ်ကောင်းဆန်သလိုမျိုး လုပ်ကိုင်တတ်ပါလိမ့်မယ်။ ဒါကိုတော့သီးခံပေးနိုင်ဖို့လိုပါလိမ့်မယ်။ ကိုယ်အားကိုယ်ကိုးတတ်သူတွေကို အထင်ကြီးတတ်ပြီး၊ များသောအားဖြင့်တော့ သည်ချစ်ချစ်ကလေးမျိုးတွေက စာအုပ်စာပေနယ်ပယ်နဲ့ နီးစပ်နေတတ်ကြပါတယ်။ ဒါလေးကိုလည်း အရေးတစ်ယူပြု မှတ်သားပြီး မွေးနေ့ဘာညာတွေမှာ အမှတ်တရအဖြစ် စာအုပ် စာတမ်းလေးတွေ။ စာရေးကိရိယာလေးတွေ လက်ဆောင်ဝယ်ပေးသင့်တာပေါ့။ သူတို့ထဲက တစ်ချို့ကျပြန်တော့လည်း အားကစားဘက်ကို စိတ်ဝင်စားသူလေးတွှေဖြစ်နေတတ်ပြန်ပါတယ်။ ဒါဆိုကိုယ်ကလည်း အားကစားတစ်ခုခုကိုအကြောင်းပြပြီး သူနဲ့ပိုနီးစပ်ပူးပေါင်းလို့ရတာပေါ့။ တစ်ချို့ကျပြန်တော့လည်း တစ်ကိုယ်ရေသန့်ရှင်းမှုကို အလွန်အင်မတန်မှကို နှစ်သက်သူမျိုးဖြစ်နေတတ်ပါတယ်။
ဒါကို ကိုယ်ကမသိဘဲ......အဲဒီ့လိုချစ်ချစ်မျိုးရှေ့မှာ လက်သည်းကြီး တစ်ကျိကျိကိုက်နေတာတို့...၊ နှာခေါင်းနှိုက်တာတို့၊ ချွေးတွေသံတွေနဲ့သူ့ကိုဖက်နမ်းမိတာတို့ဆိုရင်တော့ အနာဂတ်အရေးကတော့ ရင်လေးဖွယ်ရာ ဖြစ်လာနိုင်ပါတယ်။

ကိုယ့်ဆရာတို့ရေ ဟုတ်ဟုတ် မဟုတ်ဟုတ်ပေါ့.....သူတို့ကို တစ်ယောက်ဆိုတစ်ယောက်၊ ပိတောက်ဆိုပိတောက်လို့ လျှောက်မပြောချင်နေပါ။ မင်းနဲ့တူတဲ့ နောက်တစ်ယောက်ကတော့ ကိုယ့်ဘ၀မှာ ဘယ်သောအခါမှ မရှိနိင်တော့ပါဘူး ဆိုရင်တော့.....သူတို့က ကိုယ့်ဆရာတို့ကို အမှတ်ပြည့်ပေးပါလိမ့်မယ်။
ကတိတည်မှတော့ ကြိုက်တယ်ခင်ဗျ။ ကတိတွေ အထပ်ထပ်တောင်းတတ်ပါတာ သူတို့ပေါ့။ စည်းကမ်းတွေကိုလည်း ခဏခဏ စကားထဲထည့်ပြောတတ်တာသူတို့ပါပဲ။ များသောအားဖြင့်ကတော့ စည်းကမ်းရှိရှိနေတတ်သူမျိုးကို သူတို့က ပိုသဘောကျတတ်လေ့ရှိပါတယ်။ သိပ်ပြီး ရုပ်ရှင်ဝါသနာပါတဲ့ချစ်ချစ်ကလေးများဆိုရင်တော့မောင်ရင်ရေ...ရုံတင်တင်ခြင်း ပထမဆုံးရက်မှာ ပြနိုင်လို့ကတော့....အခွင့်ထူးတိုးမြှင့်ရရှိဖို့ စရံတစ်ဝက်ခြေ ပြီးသားလိုပါပဲ။ အနှစ်ချုပ်နဲနဲပြန်စုပေးပါ့မယ်။
သူတို့လိုနာမည်ရှင်မျိုးလေးတွေကိုချစ်ချစ်တော်မိမယ်ဆိုရင်တော့......ကျန်းမာရေး၊ အားကစား၊ စာပေ၊ ကတိ၊ ချီးကျူးပေးဖို့၊ စည်းကမ်း၊ ...စတာလေးတွေကို သတိပြုမိထားဖို့လိုပါလိမ့်မယ်ဗျာ။

ဥပမာအားဖြင့်တော့ .......ဒီလိုနာမည်မျိုးလေးတွေ.. လင်းထက်အောင်၊ သီတာဦး၊ နှင်းသီရိအေး၊ မျိုးသူရအောင်၊ စတဲ့အမည်ရှင်ချစ်ချစ်မျိုးလေးတွေ ဆိုပါတော့.....။

ဆက်လက်ဖော်ပြသွားပါဦးမည်။

သုတေသီဝေသာလီ (ဗေဒင်ပညာသုတေသီ) waitharlimgphone@gmail.com

မဟာဘုတ်ပညာနှင့်အတွေးရှုထောင့် စာစု(၂)

Saturday, December 19, 2009

မဟာဘုတ်ပညာ နှင့် .. အတွေးရှုထောင့်များ စာစု (၂)

မဟာဘုတ် + တနင်္ဂနွေ+ ခုနှစ်ရက်သားသမီးများ

ယခုဆောင်းပါးသည် အတွေးရှုထောင့်စာစဉ်(၁) ကို ဆက်လက်ရေးသားခြင်းဖြစ်ပါသည်။ စာစု(၁)ပါ ......မဟာဘုတ်ဌာနခုနှစ်တွင် ရပ်တည်နေသော .တနင်္ဂနွေဂြိုဟ် ရပ်တည်မှုများအရ ဖြစ်ပွားလာနိုင်သော အခြေအနေအချို့ကိုပင် ...မူတည်ထားကာ .......ယင်းအနေအထားများသည် .........နေ့နံကွဲပြားသော ခုနှစ်ရက်သားသမီးတို့အား မည်ကဲ့သို့ အကျိုးအပြစ် ပြုနိုင်လာမည်ကို .......ဆက်လက်တွေးတောလေ့လာကြည့်ရှုခြင်းဖြစ်ပါသည်။ ယခုအခန်းကဏ္ဍသည်... ပိုမိုပြီး အတွေးအခေါ်အယူအဆပိုင်းများ လိုအပ်လာမည်ဖြစ်ပြီး........ပညာလေ့လာနေသော မြန်မာလူငယ်များအတွက် အုပ်တစ်ချပ်သဲတစ်ပွင့်မျှဖြစ်စေ...အထောက်အကူဖြစ်စေလိမ့်မည်ဟုလည်း ယုံကြည်မိပါသည်။ စာရေးသူကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီး တွေးခေါ်ဆက်စပ်ကြည့်ရှုနေရဆဲဖြစ်ပါသည်။ .....မဟာဘုတ်ပညာသည် အလွန်နဲပါးသော ..ကိန်းဂဏန်းလေးများဖြင့်...ဇယားကွက်သေးသေးလေးဖြင့် အတိပြီးသော်လည်း..၊ အလွန်နက်နဲပြီး ကျယ်ပြန့်လှပါသည်။ ယခုအယူအဆများကို တင်ပြရာတွင် စာရေးသူ၏ အမြင်အတွေး ရှုထောင့်မှသာ တင်ပြသွားခြင်း ဖြစ်ပြီး...၊ အခြားပညာလေ့လာသူများအနေနှင့်လည်း မိမိတို့ အယူအဆအတွေးအခေါ်အရ လွတ်လပ်စွာ ဆက်လက်တွေးနိုင်စရာများ ရှိနေသည်သာဖြစ်ပေသည်။ လေ့လာကြည့်ကြပါစို့။ ................

မရဏဌာနရှိ တနင်္ဂနွေဂြိုဟ် နှင့် ... ကြာသာပတေးသားသမီးများ

မရဏဌာနရှိတနင်္ဂနွေဂြိုဟ်သည်.... စာစု(၁)တွင်အနဲငယ်ရေးသားဖော်ပြထားသည့်အတိုင်း......

တနင်္ဂနွေသည် မရဏဌာနတွင်ရပ်တည်နေသောအခါ အသက်မွေးမှုများ ပျက်ဆီးခြင်းကို ဖြစ်ပွားစေနိုင်သည်။ တနင်္ဂနွေဂြိုဟ်သည် ရာသီဥတု ဆိုင်ရာ...ဖြစ်စဉ်များနှင့်လည်း ပတ်သက်နေသည့်အတွက်...... ရာသီဥတုဖောက်ပြန်ခြင်းများကိုလည်း ဖြစ်ပွားစေနိုင်သောအနေအထားဖြစ်သည်။ ယင်းအနေအထားသည် အမြောက်အများသေကြေပျက်ဆီးရန်အနေအထားကိုလည်း တွန်းအားပေးသည်။ အကြီးအမှုးများ ပျက်ဆီးခြင်း နှင့် အကြီးအကဲအတုအယောင်များကိုလည်း ဖြစ်ထွန်းစေသည်။ ကတိဖောက်ဖျက်ခြင်းနှင့်.... ဥပဒေကိုချိုးဖောက်ခြင်း၊ စည်းကမ်းပျက်ဆီးခြင်းများကိုလည်း ဖြစ်ပွားစေသည်။ မရဏဌာနရှိ တနင်္ဂနွေသည် အလွန်စိုးရိမ်ပူပန်ရခြင်း နှင့် ကြောက်ရွံ့တုန်လှုပ်ရခြင်းကိုလည်း ဖြစ်ပွားစေနိုင်၏။ ယင်းအနေအထားသည် အသက်ဘေးကြုံတွေ့ရနိုင်ခြင်းကိုလည်း အလွန်အားပေးသော အနေအထားတစ်ရပ်ဖြစ်သည်။ အကောင်း ထက် အဆိုးဘက်ကို ပိုမိုအားပြုသည်။ ....... စသည်ဖြင့် .ပါရှိပေရာ...
....ယင်းအနေအထားတစ်ရပ် သည် ဥပမာအားဖြင့် ကြာသာပတေးသားသမီးများအတွက်မူ မည်သို့ အကျိုးအပြစ်များဖြစ်ပွားလာနိုင်သနည်း။ ဆက်စပ်တွေးခေါ်ကြည့်သင့်ပေသည်။ ...ယင်းသို့ဆိုလျှင် အဆိုပါ တနင်္ဂနွေ နှင့် ကြာသာပတေးသားသမီးများ ၏ ဆက်နွယ်မှုအချို့ကိုပါထည့်သွင်းစဉ်းစားဝေဖန်သင့်ပေသည်။
တနင်္ဂနွေသည် ကြာသာပတေးသားသမီးများအတွက် အပြင်မိတ်ဂြိုဟ် မွေးနံမှ အတိအကျထောက်ဆပါမူ အတွင်းရန်တုဂြိုဟ်၊ ၄င်းသည် ကမ္မကာရကဖြစ်သည်။ ၄င်းသည် ဘုမ္မိဂြိုဟ်လည်း ဖြစ်သည်........စသည်အားဖြင့် တစ်ဆင့်ချင်းပေါင်းစပ်ဝေဖန်သွားသော်..............
မရဏဌာနရှိတနင်္ဂနွေဂြိုဟ်သည် ..ကြာသာပတေးသားသမီးများအတွက် ... မိမိနှင့်မဆိုင်သော သူတစ်ပါးကိစ္စအကြောင်းအရာများစွာတွင် သူများကိုယ်စား ၀င်ရောက်လုပ်ကိုင်ဆောင်ရွက်ပေးရခြင်းများ ဖြစ်ပွားစေလိမ့်မည်။ လျှို့ဝှက်ဆန်းကြယ်သော အကြောင်းအရာများတွင် အစပျိုးလုပ်ကိုင်မိစေလိမ့်မည်။ ယင်းသို့လုပ်ကိုင်သောအကြောင်းအရာများသည် မိမိနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသော အကြောင်းအရာများလည်းဖြစ်နေတတ်ပေသည်။ မိမိနှင့်မသက်ဆိုင်သောသဘောသည် အဓိကအားဖြင့် ပါဝင်လာမည်ဖြစ်ပြီး( ကမ္မကာရကသဘာဝအားဖြင့်) ........၊ ခပ်ဆိုးဆိုးပြောပါမူ...အချောင်သေရတတ်သည်။ မရည်ရွယ်ဘဲ....ကိုယ်နှင့်မဆိုင်ဘဲ...ဂုဏ်သိက္ခာကျဆင်းရတတ်သည်။ သူတစ်ပါးကြောင့် မိမိတွင် အပြစ်တင်ခံရတတ်သည်။ သူတစ်ပါးအတွက် ၀င်ရောက်အာမခံပေးရခြင်းမျိုးအားဖြင့် .... ပြသနာကြုံရနိုင်သောအနေအထားမျိုးဖြစ်သည်။ မရဏဌာနသည် ပရနှင့်ဆိုင်သောဌာနဖြစ်ပြီး......ယင်းဌာနတွင်ရပ်တည်နေသော တနင်္ဂနွေဂြိုဟ်သည် ကြာသာပတေးသားသမီးတို့အား.....ပရလောကသားတို့၏ ရန်သတ္တုပြုခံခြင်းမျိုးကိုလည်း ဖြစ်ပွားစေနိုင်ပေသည်။
အထက်ပါဖော်ပြချက်များသည် စာရေးသူအနေ့ဖြင့် ဆက်စပ်တွေးခေါ်ကြည့်မိသလောက် ..တင်ပြထားခြင်းသာဖြစ်ပြီး၊ အမှန်တစ်ကယ်တမ်းတွင်မူ ထို့ထက်များစွာသော အကြောင်းအရာများ၊ အချင်းအရာများ...ရရှိနိုင်ပေသေးသည်။

မရဏဌာန + တနင်္ဂနွေဂြိုဟ် ၏ အာနိသင်သည်.... ကြာသာပတေးသားသမီးများအတွက် မည်ကဲ့သို့..ကောင်းကျိုးဆိုးပြစ်ပေးနိုင်မည်နည်းဟု တွေးခေါ်ဆက်စပ်ကြည့်ရှုနိုင်သည့် နည်းတူပင်....
အခြားအခြားသော နေ့နံသားသမီးများအတွက်လည်း ထိုနည်းတူ တွက်ဆနိုင်သည်သာဖြစ်ပေသည်။

ပမာအားဖြင့် ကြာသာပတေးသားသမီးနေရာတွင်.....သောကြာသားသမီးဖြစ်စေခဲ့ပါမူ..၊ ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာအနေအထားဖြစ်နိုင်ပြီး။ အသက်ကိုခက်ခဲပင်ပန်းစွာ ရှင်သန်ရန်ကြိုးပမ်းအားထုတ်ရမှုကိုဖော်ပြသည်။ .....
.... တနင်္လာသားသမီးအတွက်ဖြစ်ခဲ့ပါမူ... ရင်းနှီးမြှုပ်နှံမှု မှားယွင်းခြင်းနှင့်စပ်လျဉ်းပြီး ကြီးစွာသော နောင်တရပူပန်ရခြင်းကိုဖြစ်ပွားစေနိုင်ကာ.......စနေသားသမီးအတွက်ဖြစ်ခဲ့ပါမူ..ပိုင်ဆိုင်မှုများ ဆုံးရှုံးရခြင်း နှင့် မိမိပိုင် ပိုင်ဆိုင်မှုတို့ကို အလွန်လျှို့ဝှက်စွာ သိမ်းဆည်းသိုဝှက်ထားခြင်းမျိုးကို ဖြစ်ပွားစေနိုင်သောအနေအထားတစ်ရပ်ဖြစ်သည်။ ...... စသည်အားဖြင့် ...နေ့နံတစ်မျိုးခြင်းဆီအားဖြင့် အကျိုးအပြစ်အနေအထားများ ကွာခြားသွားကြမည်သာဖြစ်ပေသည်။

ယင်းသို့ဆိုလျှင် ... မဟာဘုတ်ခွင်တွင် ပါဝင်နေသော အခြားသောဂြိုဟ်များ၏ ရပ်တည်မှုများသည်လည်း..သက်ဆိုင်ရာနေ့နံအားဖြင့် ..အကျိုးအပြစ်များ ကွာခြားသွားကြမည်သာ ဖြစ်ပေသည်။ ထိုအခါ ...အလွန်များပြားသော.....ကျယ်ပြန့်သော ..တွေးခေါ်ယူဆဖွယ်ရာ အချက်အလက်များစွာကို မဟာဘုတ်ခွင်သေးသေးလေးပေါ်တွင် ရှာဖွေတွေ့ရှိနိုင်သည်သာ ဖြစ်ပေတော့၏။

ဆက်လက်ပြီး .....ရေးသားသွားပါဦးမည်။

သုတေသီဝေသာလီ။ ။...........

မဟာဘုတ်ပညာ နှင့် တနင်္ဂနွေဂြိုဟ်အနေအထား

Wednesday, December 16, 2009

မဟာဘုတ်တွင် ဌာနခုနှစ်ဌာနရှိသည်။ ... အဆိုပါဌာနများသည် တစ်ခုနှင့်တစ်ခုမတူ.....၊ သဘာဝခြင်း ကွာခြားကြသည်။ ယင်းသို့ကွာခြားသောအနေအထား အသီးသီး ရှိသည့် ဌာနများတွင် တနင်္ဂနွေဂြိုဟ်သည်လည်း အနေအထား ပြောင်းလည်းပြီး ကောင်းကျိုးဆိုးပြစ်ကိုပေးစွမ်းတတ်ပေသည်။

မဟာဘုတ်တွင် အများအားဖြင့် အောက်သုံးတန်းကို မကောင်း အညံ့၊ အထက်အိမ်များဖြစ်သည့် လေးဌာနကိုမူ အကောင်း ဟု အများအားဖြင့် သတ်မှတ်ထားကြလေ့ရှိသော်လည်း....စာရေးသူအနေနှင့်မူထိုကဲ့သို့မယူဆမိပေ။ ဌာနတိုင်းတွင် ကောင်းကွက်ရှိသလို ဆိုးကွက်လည်း ရှိနိုင်သည်။ သူ့နေရာနှင့်သူ၊ သူ့သဘာဝနှင့်သူဟုသာ ...ယူဆမိပါသည်။ ယခုတင်ပြမည့် ဆောင်းပါးတွင်လည်း အချို့သော အချင်းအရာများနှင့်ပတ်သက်ပြီး အငြင်းပွားဖွယ်ပင် ဖြစ်လာနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ...လက်တွေ့လာလာ သုံးသပ်ပြီးမှ စာရှုသူတို့အနေနှင့် ဆုံးဖြတ် စေချင်ပါသည်။
]

ဘင်္ဂဌာနတွင်တနင်္ဂနွေဂြိုဟ်ရပ်တည်ခြင်း


တနင်္ဂနွေသည် လူတို့၏ အသက်မွေးမှုကို ဖော်ပြသော....အသက်မွေးမှုဆိုင်ရာ ဂြိုဟ်တစ်လုံးဖြစ်သည်။ ယင်းသည် ဘင်္ဂတွင်ရပ်တည်လာခြင်းအားဖြင့် ...အသက်မွေးမှု အပြောင်းအလည်းများပြားရခြင်းကိုပေးစွမ်းတတ်ပြီး၊ .. ရံခါတွင်မူ ...အသက်ဘေးမှ လွတ်အောင် ရုန်းကန်ရခြင်းကိုလည်း ဖြစ်ပွားစေတတ်သည်။ တနင်္ဂနွေသည် ..ဘင်္ဂတွင်ရပ်တည်လာခြင်းအားဖြင့် အကြီးအကဲများကို အပြောင်းအလည်း ဖြစ်ပွားစေသည်။ အိမ်တစ်အိမ်၏ အိမ်ထောင်ဦးစီး၊ တိုင်းပြည်တစ်ပြည်၏ ရှင်ဘုရင်၊ မင်းအစိုးရ၊ ကျောင်းတစ်ကျောင်း၏ ကျောင်းအုပ်ကြီး ၊ ဌာနတစ်ခု၏ ဦးစီးမှုး .........စသည်ဖြင့်......သက်ဆိုင်ရာ အရပ်နေရာပတ်ဝန်းကျင် အလိုက် ...ဆိုင်ရာအကြီးအကဲများကို အပြောင်းအလည်းဖြစ်ပွားစေသည်။ အများအားဖြင့်မူ ......အကောင်းသဘော သဘာဝထက် အဆိုးများကို ပိုမိုဖြစ်ပွားစေကြောင်း တွေ့ရှိရပေသည်။ (တရားသေမှတ်ယူခြင်းမူ မပြုသင့်ပေ။)


မရဏဌာနတွင် တနင်္ဂနွေဂြိုဟ်ရပ်တည်ခြင်း

တနင်္ဂနွေသည် မရဏဌာနတွင် ရပ်တည်နေသောအခါ အသက်မွေးမှုများ ပျက်ဆီးခြင်းကို ဖြစ်ပွားစေနိုင်သည်။ တနင်္ဂနွေဂြိုဟ်သည် ရာသီဥတု ဆိုင်ရာ...ဖြစ်စဉ်များနှင့်လည်း ပတ်သက်နေသည့်အတွက်...... ရာသီဥတု ဖောက်ပြန်ခြင်းများကိုလည်း ဖြစ်ပွားစေနိုင်သော အနေအထား ဖြစ်သည်။ ယင်းအနေအထားသည် အမြောက်အများ သေကြေပျက်ဆီးရန် အနေအထားကိုလည်း တွန်းအားပေးသည်။ အကြီးအမှုးများ ပျက်ဆီးခြင်း နှင့် အကြီးအကဲ အတုအယောင်များကိုလည်း ဖြစ်ထွန်းစေသည်။ ကတိ ဖောက်ဖျက်ခြင်းနှင့်.... ဥပဒေကိုချိုးဖောက်ခြင်း၊ စည်းကမ်းပျက်ဆီးခြင်းများ ကိုလည်း ဖြစ်ပွားစေသည်။ မရဏဌာနရှိ တနင်္ဂနွေသည် အလွန်စိုးရိမ်ပူပန်ရခြင်း နှင့် ကြောက်ရွံ့ တုန်လှုပ်ရခြင်းကိုလည်း ဖြစ်ပွားစေနိုင်၏။ ယင်းအနေအထားသည် အသက်ဘေး ကြုံတွေ့ရနိုင်ခြင်းကိုလည်း အလွန်အားပေးသော အနေအထားတစ်ရပ်ဖြစ်သည်။ အကောင်း ထက် အဆိုးဘက်ကို ပိုမိုအားပြုသည်။ စာရေးသူ၏အတွေ့အကြုံအရမူ ကြောက်ရွံ့ လောက်သော အနေအထားတစ်ရပ်ဖြစ်သည်။ (သို့သော် ..... အဆိုးများ၏နောက်တွင်မူ...ဖြစ်သင့်သော ဖြစ်ထိုက်သော.... ကောင်းကျိုးများ အစဉ်ပါလာတတ်သည်ကိုမူ ...မကြာခဏ တွေ့ရှိရဖူးပေသည်။)


အထွန်းဌာနတွင်တနင်္ဂနွေဂြိုဟ်ရပ်တည်ခြင်း


အထွန်းဌာနတွင် တနင်္ဂနွေဂြိုဟ်ရပ်တည်လာသောအခါတွင်.........ကနဦးအစတွင် အလွန်ထက်သန်သော ကောင်းကျိုးများကိုဖြစ်ပွားစေတတ်သည်။ အကောင်းမြတ်ဆုံးသော ထွန်းလင်း တောက်ပခြင်း နှင့် ရှင်သန့်ခွင့်တို့ကို ပေးစွမ်းသော အနေအထားတစ်ရပ်လည်းဖြစ်သည်။ သို့သော် .....နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာလေ့ရှိသည်ကား........ ကံကြွေးကံဟောင်းကို ပေးဆပ်ရခြင်း နှင့် ...ဆုံးရှုံးစွန့်ခွါရခြင်း အချို့ကို ဖြစ်ပွားစေတတ်ခြင်းတည်း။ အထွတ်အထိပ်သို့ ရောက်ရှိခွင့်ရခြင်း နှင့် ယင်းမှ တစ်ဖန်....ပျက်စီးထိခိုက်ရခြင်းမျိုးကို ပေးစွမ်းလေ့ရှိကြောင်း လေ့လာတွေ့ရှိရပေသည်။ ကျယ်ပြန့်သော အသက်မွေးလမ်းကြောင်းကိုသော်လည်းကောင်း၊ အောင်မြင်ဖြစ်ထွနုးသော အသက်မွေးမှုအနေအထားကိုသော်လည်းကောင်း၊ ကြီးမြတ်သော ပညာရှင် ကိုးကွယ်ယုံကြည်ရာ အဖြစ်ကိုသော်လည်းကောင်း ဖြစ်ပွားစေနိုင်သည်။ အမြောက်အများကိုးကွယ်ယုံကြည်ရာအဖြစ်ကိုသော်လည်းကောင်း ရောက်ရှိစေနိုင်သည်။ ယင်းအခြေအနေမှ ချုပ်ငြိမ်းရခြင်းသည်လည်း တစ်ဆက်တည်း လိုက်ပါလာတတ်ပြန် သတည်း။ အကောင်းအဆိုး ဒွန်တွဲနေသော အနေအထားတစ်ရပ်ဟုသာဆိုချင်ပါသည်။



သိုက်ဌာနတွင် တနင်္ဂနွေဂြိုဟ်ရပ်တည်ခြင်း

အထွနုးဌာနတွင် ရပ်တည်သည့်နည်းတူ........ အကောင်းအဆိုးဒွန်တွဲလျှက်ရှိသည် ယင်းသည်......ကနဦးအစတွင် ကြီးမြတ်သောဘ၀ ကို တွန်းပို့ပေးတတ်သည်။ သို့သော် တစ်ပြိုင်နက်တည်းမှာပင် .. ယင်းသည် ...မသန့်ရှင်းသောကောင်းကျိုးတစ်ခုကို ပိုင်ဆိုင်နေရသည့် အခြေအနေမျိုးကိုဖြစ်ထွန်းစေသည်။ အထွန်းဌာနနှင့်မတူညီသည်မှာ ယင်းအချက်ပင်ဖြစ်ပြီး။ သိုက်ဌာနတွင်ရပ်တည်သော တနင်္ဂနွေသည် မသန့်ရှင်းသော ကောင်းကျိုးတစ်ခုကို ပိုင်ဆိုင်နေရခြင်းမျိုးဖြစ်ကာ ...ယင်းအခြေအနေတွင်ပိတ်မိနေတတ်ခြင်းမျိုးဖြစ်သည်။ ဥပမာအားဖြင့် ဆိုရမူ သိုက်ဌာနတွင်တနင်္ဂနွေဂြိုဟ်ရပ်တည်ခြင်းအားဖြင့် အိုးအိမ်တစ်လုံးကို အမွေဆက်ခံရှိပြီး၊ ယင်းအိုးအိမ်ကြောင့်ပင် သက်ဆိုင်ရာဇာတာရှင်မှာ မကောင်းကျိုးတစ်စုံတစ်ရာ ရရှိနေတတ်ခြင်းမျိုး ဖြစ်ပွားစေတတ်သည်။ ယင်း သည် မျိုးရိုးအမွေဆက်ခံပြီး အသက်မွေးရခြင်း နှင့် ... အခြေအနေဆိုးတစ်ရပ်ရပ်တွင် အသက်ရှည်လျားစွာ နေထိုင်နေရခြင်းမျိုးကိုလည်း ဖြစ်ပွားစေတတ်သည်။ စာရေးသူ၏အတွေ့အကြုံအရမူ မနှစ်သက်ဖွယ်ရာအနေအထားတစ်ရပ်ဟု ဆိုချင်ပါသည်။


ရာဇဌာနတွင်တနင်္ဂနွေဂြိုဟ်ရပ်တည်ခြင်း


တနင်္ဂနွေဂြိုဟ်သည် ရာဇအိမ်တွင် ရပ်တည်နေသောအခါ မဟာဘုတ်ကသစ်ရ၏။ အလွန်အားရှိသော အနေအထားဖြစ်၏။ အတုအဖက်မရှိသော အောင်မြင်ခြင်းမျိုးကို ဖြစ်ပွားစေနိုင်၏။ အပြည့်အ၀သော ထွန်းလင်းတောက်ပခြင်းကိုသော်လည်းပေးစွမ်းနိုင်၏။ အကောင်းဆုံးသော ဆုကိုသော်လည်းကောင်း၊ ကောင်းမြတ်သော အစိုးရခြင်းကိုသော်လည်း ကောင်း၊ တင့်တယ်သော ချီးမြှောက်ခံရခြင်းကိုသော်လည်းကောင်း၊ မင်းအစိုးရတို့မှ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်မြှောက်စားခြင်းကိုသော်လည်းကောင်း၊ ဖြစ်ပွားစေတတ်၏။ အပြစ်ကင်းသောကောင်းကျိုးကို ပေးစွမ်းနိုင်သော အနေအထားတစ်ရပ်ဖြစ်သည်။ ကိုယ်တိုင်ကြိုးစားအားထုတ်မှုဖြင့် တင့်တယ်စွာရပ်တည်နေထိုင်နိုင်ခြင်း၊ ရဲရင့်မှုအပြည့်အ၀ဖြင့် ရပ်တည်နေထိုင်နိုင်ခြင်း၊ မည်သူ့ကိုမျှ အားကိုးစရာမလိုဘဲ ..အထင်ကြီးခံရသောအနေအထားမျိုးဖြင့် ရပ်တည်နေထိုင်နိုင်ခြင်းတည်း ဟူသော အခြေအနေများကို လည်း ပေးစွမ်းနိုင်သောအနေအထားမျိုးဖြစ်လေသည်။ စာရေးသူ၏ အတွေ့အကြုံအရမူ ဌာနခုနှစ်ခုတွင် ရာဇဌာနတွင် တနင်္ဂနွေရပ်တည်ခြင်းမှာ ကောင်းကျိုးအပေးနိုင်ဆုံးအနေအထား အဖြစ် တွေ့ရှိရသည်။


ပုတိဌာနတွင်တနင်္ဂနွေဂြိုဟ်ရပ်တည်ခြင်း


ပုတိဌာနတွင် တနင်္ဂနွေဂြိုဟ် ရပ်တည်နေသောအခါ....... .... တိုင်းပြည်တစ်ပြည်ကို မင်းနှစ်ပါး ခွဲဝေအုပ်စိုးရသည်ကဲ့သို့ပင်.....တခြမ်းတစ်ဝက်သော အစိုးရခြင်းကို ဖြစ်ပွားစေတတ်၏။ ယဉ်ရထားမောင်းနှင်သူ အဖြစ်ကို အလွန်ပေးစွမ်းတတ်သော အနေအထားမျိုးလည်းဖြစ်၏။ အပျော်တမ်းအဖွဲ့ခေါင်းဆောင်၊ ရေ နှင့် ပတ်သက်သော အစိုးရသူများ၊ မိခင် နှင့်ကလေးများ ဆိုင်ရာ အကြီးအမှုးဖြစ်ရခြင်းများ၊ လျော့ရဲသော ဥပဒေအုပ်ချုပ်ရေးမျိုး ...စသည်တို့ကို ဖြစ်ပွားစေနိုင်သော အနေအထားဖြစ်သည်။ အသက်ကို ပိုးမွေးသလို မွေးယူရခြင်း နှင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းမျိုးတို့ကိုလည်း ဖြစ်ပွားစေသည်။ စာရေးသူ၏အတွေ့အကြုံအရ သင့်တင့်သောအနေအထား ဖြစ်သည်။


အဓိပတိဌာနတွင်တနင်္ဂနွေဂြိုဟ်ရပ်တည်ခြင်း


တနင်္ဂနွေဂြိုဟ်သည် အဓိပတိဌာနတွင်ရပ်တည်နေသောအခါ အရှိန်ညီးညီးပူပြင်း လောင်ကျွမ်းနေသော တန်ခိုးသြဇာများဖြင့် အတိပြီးသည်။ အစိုးရခြင်း အထွဋ်အထိပ်သို့ တက်လှမ်းနိုင်ခြင်း၊ အလွန်ထက်မြက်စွာ အုပ်ချုပ် ခြယ်လှယ်နိုင်ခြင်း၊ စစ်ဘက်ဆိုင်ရာ အကြီးအမှုးများ ဖြစ်ရခြင်း၊ ဌာနဆိုင်ရာအလိုက်...မြင့်မားသော ရာထူးများဖြင့် အုပ်ချုပ်နိုင်ခွင့်ရခြင်း။ စသည်ဖြင့် အနေအထားတို့ကို ဖြစ်ပွားစေနိုင်၏ ထို့အတူ ..အလွန်ပြင်းထန်စွာ ဦးခေါင်းပိုင်းတွင် ဒဏ်ရာရရှိစေတတ်ခြင်း၊ ဦးနှောက်ပိုင်းဆိုင်ရာအနာရောဂါများ ကျရောက်စေနိုင်ခြင်း၊ အသက်လုပွဲများ ဆင်နွဲရခြင်း တို့ကိုလည်း ဖြစ်ပွားစေတတ်၏။ အနိုင်အထက်ပြုပြီး အသက်မွေးရခြင်း၊ အပြိုင်အဆိုင် သဘောဖြင့် အသက်မွေးရခြင်းများကိုလည်း ဖြစ်ပွားစေတတ်၏။ ထက်မြက်ရဲ့ရင်မှုတွင်မူ အလွန် အားကောင်းသောအနေအထား ဖြစ်၏။ သူရတံဆိပ်အပ်နှင်းခံရသော အနေအထားမျိုးအထိ ဖြစ်ပွားစေနိုင်၏။ ယင်းအနေအထားသည် အကောင်း အဆိုးပြင်းထန်သော အနေအထားတစ်ရပ်ဟု ဆိုနိုင်ပေသည်။ စာရေးသူ၏ အတွေ့အကြုံအရ ကောင်းကျိုးကို ပိုမိုဆောင်သောအနေအထားများ တွေ့ရှိခဲ့ရပေသည်။

ဆက်လက်ရေးသားပါဦးမည်........................

သုတေသီ ..ဝေသာလီမောင်ဖုန်း

 

Posts Comments

©2006-2010 ·TNB