အမည်တို့၏ အကျိုးရလဒ်များ

Thursday, December 23, 2010

ဒီဆောင်းပါးကတော့ ..မထင်မှတ်ပဲ ၊ လက်ရှိဆောင်ရွက်ပေးနေတဲ့ အခမဲ့ အမည်စစ်ဆေးပေးခြင်း နှင့် သဘာဝယတြာ အစီအစဉ်ထဲကနေ .. စာဖတ်သူများအတွက် အကျိုးတစ်စုံတစ်ရာ ရရှိစေနိုင်မယ်လို့ ယူဆမိတဲ့ ဟောစာတမ်းတစ်စောင်ကို .. သက်ဆိုင်သူ ဇာတာရှင်ရဲ့ ခွင့်ပြုချက်နဲ့အတူ တိုက်ရိုက် တင်ပြ ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးအတွက် ကျေးဇူးတင်မယ် ဆိုရင်တော့ ကျွန်တော့်အစား ..အဆိုပါဇာတာရှင်  ဦးထွန်းထွန်းဦး ရဲ့ ခွင့်ပြုမှုကို သာ ကျေးဇူးတင် သင့်ပါကြောင်း။

ထီကံစမ်းလိုသူများ အတွက်

Monday, December 20, 2010

ထီပေါက်ကံ

ထီပေါက်ကံကို ဦးပုညတေးထပ်ဖြင့် ဟောခဲ့သည်ကို မှတ်သားဖူးပါသည်။ ယင်းနည်းတူ လက်ဆန်း ဗေဒင်ပိုင်းတွင် ထီပေါက်ကံ တွက်နည်းအတိုအစများ အလွန်များပြားစွာ ရှိသည်။ လက်တွေ့တွင်မူ ခါးပြတ်နေသော ပညာမြှပ်ကွက်များ ကြောင့် ထိုတွက်နည်းတို့မျှနှင့် ကြောင်းကျိုးတိုက်ဆိုင် မှန်ကန်ခြင်း မရှိဘဲ ၊ လွဲလွဲနေတတ်ပါသည်။

စိတ်တန်ခိုး ဖြင့် အောင်နိုင်ခြင်း

Friday, December 17, 2010

စိတ်တန်ခိုး၏ မြစ်ဖျားဒေသ

လူတို့သည် ကမ္ဘာဦးအစကာလမှပင် အစပြုပြီး ၊ ကိုးကွယ်အားထားရာ ကို မျှော်ကိုးလိုလား မှု ရှိခဲ့ကြ၏။ လူတို့သည် သူတို့၏ ရင်တွင်းမှ ကြောက်ရွံ့ စိုးရွံ့များ အတွက် ခိုကိုးရာ တစ်စုံတစ်ရာ ကို ငတ်မွတ်တောင့်တ တတ်ကုန်၏။

သည်အဖေ သည်သမီး သည်ခရီးနီးသလား 

Monday, December 13, 2010

လူတိုင်း တွင်  ရည်ရွယ်ထားသော ဘ၀ခရီး ဟူသည် ရှိကြ၏။  တစ်ချို့သော သူတို့က သာမန် ခရီးငယ်မျှကိုသာ ရည်ရွယ် လျှောက်လှမ်းလို၏ ။ အချို့မူကား  ခက်ခဲကြမ်းတမ်းစေဦး …ရှည်လျား ကြာမြင့်ပါစေဦး ၊ ယုံကြည်ချက်ခိုင်မာရာ သို့ ရည်ရွယ်ပြီး လျှောက်လှမ်း၏။ အလျား ဘယ်လောက်ပင် ရှည်ရှည် ၊ ကာလဘယ်လောက်ပင် ကြာကြာ ….ဆူးခင်းကာ မီးလိုပူစေ ဦးတော့ .. ဖ၀ါးမြေချ လှမ်းမည်သာ။

အမေစု  (၀ါ) ပြည်သူချစ်သော ဒေါ်အောင်ဆန်းစုကြည် သည် ယင်းကဲ့သို့သော အမျိုးသမီးကြီး တစ်ဦး ဖြစ်၏။ 

မောင် နှင့် မယ် ရွှေလည်တွဲနိုင်ဖို့  စာစု (၂)

Thursday, December 9, 2010

စိတ်ကူး နှင့် လက်တွေ့

မရခင်ကတော့ စိတ်ကူးအမျိုးမျိုးယဉ်စရာကောင်းလှသည်။ ကောင်လေးကလည်းတွေးမည်။ အင်း ..မနက်ခင်းလင်းလျှင် မိန်းမက အနမ်းလေးနှင့် လာနှိုးမည်။ ပြီးလျှင် သွားတိုက်ဆေး ၊ သွားတိုက်တံ အဆင်သင့်လုပ်ပေးမည်။ မျက်နှာလည်း သစ်ပြီးရော နံနက်စာက အဆင်သင့် ။ 


ကြောင် လက်လီလက်ကားရမည်

Sunday, December 5, 2010

ဒီတစ်ခါကတော့ တစ်ကယ်ကို ပါပဲ။  ဆောင်းပါးရယ်လို့တောင်မဟုတ်တော့ပါ။ ကြော်ငြာဟုပင် ပြောနိုင်ပါသည်။ ကျွန်တော်တို့အိမ်တွင် ကြောင် ဆယ်ကောင်တိတိရှိလေသည်။

အဆွေခင်ပွန်းဟုဆိုကြရာဝယ်

Friday, December 3, 2010

မိတ်ဆွေ သို့တည်းမဟုတ် အဆွေခင်ပွန်း

လောကနီတိမှာ  အဆွေခင်ပွန်းမရှိသူမှာ ချမ်းသာခြင်း မရှိနိုင်ဘူးလို့ ဆိုပါတယ်။ တစ်ကယ် လက်တွေ့မှာလည်း လောကမှာ အဆွေခင်ပွန်းကင်းပြီး နေရခြင်းဟာ မလုံခြုံသော သားရဲတွင်းမှာ ကျီးလန့်စာစား အသက်ရှင်ရသည်နှင့် အတူတူပါပဲ။ အဆွေခင်ပွန်း ဆိုရာမှာလည်း မောင်ဖုန်း ကြားဖူးတဲ့ အဆွေခင်ပွန်း ငါးမျိုးအကြောင်း နဲနဲပြန်ပြောပြပါရစေ။

အမည် စစ်ဆေးပေးအပ်ခြင်း နှင့် စပ်လျဉ်း၍

Thursday, November 25, 2010

ဒီဆောင်းပါးကို အမြန်တင်လိုက်ရပါတယ်။ မတင်လို့လည်း မရတော့ပါ။ မောင်ဖုန်း ဆတ်ဆော့ပြီး  အခမဲ့ အမည် စစ်ဆေးပေးခြင်း ကို ဆောင်ရွက်မိပါသည်။

ဆရာက ပိုက်ဆံရမှ ဟောစာတမ်း ပြည့်ပြည့်စုံစုံရေးပေးမှာလား ။ ခု ဟာကဒီလောက်ပဲလား။ နာမည် စစ်ပေးရုံပဲလား ။ ခနဲ့သည်လား။ တမင် စော်ကားလိုသည်လား။ အမှန်ပင် နားမလည်သည် လားတော့  မသိပါ။ မေးသူအချို့  ရှိလာပါသည်။

နာမည်နဲ့ ယတြာ အခမဲ့ လမ်းညွှန်

Friday, November 19, 2010

မြန်မာ့ရိုးရာဗေဒင် www.mahabote.org မှ အောက်ပါအစီအစဉ်တစ်ရပ်ကို ဆောင်ရွက်ပေးနေပါသည်။

ပိုသိမှ  အလိုရှိတာ  ပြီးပြည့်စုံမည်

Wednesday, November 10, 2010

နာမည် က ပေးတဲ့ ကောင်းကျိုး  ဆိုးကျိုး

နာမည် တစ်ခု  ။

လုပ်ငန်းနာမည် ၊ လူနာမည် ။ သင်္ဘောနာမည် ၊ ကားနာမည် ၊ ဆိုင်နာမည် ၊ အိမ်မွေးတိရိစ္ဆာန် နာမည် ၊ အကြောင်းအရာ နာမည် ၊ ဘာနာမည်ပဲဖြစ်ဖြစ် ကောင်းကျိုး ဆိုးကျိုး ဟူသည် ရှိကြ၏ ။  ယုံသူလည်း ရှိမည် ။ မယုံသူလည်း ရှိမည်။ ယုံခြင်း ၊ မယုံခြင်း က အရေးမကြီး ၊ အရေးကြီးသည်က  မိမိတို့တွက်ဆ သည့်အတိုင်း ကောင်းကျိုး ဆိုးကျိုး ပေးမှု က တိကျမှန်ကန် နေရန်သာ လိုအပ်သည်။

ဗေဒင်ဆရာ တစ်နေ့တာ

Friday, October 22, 2010

(၁)

အောက်အီးအီးအွတ်    …

စိတ်ထဲကပဲကြားယောင်လိုက်ရသည်။ အညာမှာဆိုရင်တော့ ဒီအသံလေးနဲ့ နိုးထရသည်။ ဒီမှာကတော့ ဒီလိုမဟုတ် ။ တစ်ညလုံး မအိပ်ရသေးသဖြင့်  စောစောနိုးနေသည့်အလား ။

မညီမျှသော တူညီခြင်း  နှင့် မတူညီသော ညီမျှခြင်း

Tuesday, October 19, 2010


လူ

ဤလောက၌  …  …  …

နိမ့်ကျသောသူမှ ပင် ပေါက်ဖွားလင့်ကစား      …       မင်း အမတ် ဖြစ်နိုင်၏ ။

သူမိုက်  မှပင်  ပေါက်ဖွားလင့်ကစား    …       ပညာရှိဖြစ်နိုင်၏ ။

ဥစ္စာမရှိသူမှပင်  ပေါက်ဖွားလင့်ကစား  …       ကြွယ်ဝချမ်းသာနိုင်၏

ထို့ကြောင့်  … 

လူယောကျာ်း   လူမိန်းမ တို့ကို မထီမဲ့မြင် မပြုအပ် ၊ အထင်မသေးအပ်ရာတည့်

  …                 (လောကနီတိ)                    …

ခြင်္သေ့ပြေးတဲ့ဆေး

Wednesday, October 13, 2010

28.9.2010   နံနက်ခင်း
နေမင်းထွက်စ လက်တစ်ဖြစ်
6နာရီ နဲ့ 3 မိနစ် တိတိမှာ
နွားတစ်ထောင် တိုးလာတယ်  ။

မမလေးကို မောင်ခိုးမယ်လို့

Monday, October 11, 2010

 

တောက်တီးတောက်တဲ့ ပါပဲ ။  တစ်ကယ်ဆို  မမလေးကို မောင်ခိုးမယ်လို့ လူဆိုးတွေနဲ့ မောင်တိုင်ပင်လို့ပဲ ကြားခဲ့ရဖူးပါတယ်။ ဘယ့်နှယ်  ..  ကိုပြေတိုးဟန် နဲ့တွေ့မှ ခိုးပြေးချင်လို့ နေကောင်းရက်သာ ရွေးပေးပါ ။ အရမ်း အရေးကြီးတယ် ဆိုပြီး ဗေဒင်ဆရာတွေ နဲ့မောင်တိုင်ပင် လုပ်တော့တာပါပဲ။

မေတ္တာငတ်မွတ်ခြင်း   ကံ

Wednesday, October 6, 2010

ဒီလောက်အရေးပါတဲ့ မေတ္တာကို  ဗေဒင်ပညာရှုထောင့်မှာ ဘယ်ဂြိုဟ် နဲ့ ပြဆိုထားပါသလဲ ။ ဗေဒင်ပညာ ၀ါသနာရှင် အတော်တော်များများ အပြင် ၊ ဗေဒင်ဟောပြောနေတဲ့သူအချို့ ပါ ဒီအချက်ကို ဝေေ၀၀ါးဝါး ဖြစ်နေတတ်ကြပြီး ၊ အချို့က လုံးဝမသိကြပါဘူး ။

မောင် နှင့် မယ် ရွှေလည်တွဲနိုင်ဖို့

Tuesday, September 21, 2010

ဘာဖြစ်နေသလဲ လို့ တွေးမိတဲ့အထိပင် ။
ခုတစ်လော မေးကြသည်၊ စုံတွဲကဏ္ဍများ ယခင်ထက်ပိုမိုပြီး ။ အရင်လို ကျွန်တော် အွန်လိုင်းကို မကြာခဏ မလာဖြစ်။ တစ်ပတ်မှ တစ်ခါ ၊ အလွန်ဆုံးနှစ်ခါ သာ တက်နိုင်သဖြင့် လည်း ပါပေမည်။ သြော် ..  လာမယ့်  သီတင်းဝါလ ကျွတ်ပြီးစလောက် ကို မှန်းမျှော်တွေးဆ ၊ အားခဲကြတယ်နဲ့ တူပါရဲ့။

ဆန်းဝင်မှ လန်းရွှင်ပ မယ်ကွယ့်

Thursday, September 16, 2010

ဆန်းဝင်ခြင်း  နှင့်  ဆန်းကျင်ခြင်း ဟူသည် ဆန်းကျမ်းဗေဒင်မှ အယူအဆတစ်ရပ်ဖြစ်သည်။ ဆန်းဝင်တော့ ဘာဖြစ်သလဲ  ၊ ဆန်းမ၀င်တော့ကော ဘာဖြစ်သလဲ ဟု မေးရန်အကြောင်းရှိပါ  သည်။ ဆန်းဝင်လျှင် ကောင်းကျိုး တိုးတက်ပြီး ၊  ဆန်းကျင်လျှင် ကောင်းကျိုးပျက်ဆီး နိုင်ပေသည်။ ဤသို့ဆိုလျှင် အဘယ်အကြောင်းအရာတို့ကို ပြုမူမိလျှင် သို့မဟုတ် ကြုံတွေ့လျှင် ဆန်းဝင်စေနိုင်သနည်း ၊ ဆန်းကျင်စေနိုင်သနည်း။ ယင်းသို့ ဆက်လက်မေးပါမူ အဖြေအားဖြင့် အလွန်ကျယ်ဝန်း စေပေလိမ့်မည်။ အနှစ်ချုပ်  သဘောဖြေရပါမူ ဖြစ်သင့်သော အကြောင်းအရာ တို့ကို ပြုမူ မိလျှင် သို့မဟုတ် ကြုံတွေ့လျှင် ဆန်းဝင်စေနိုင်ပြီး ၊ မဖြစ်သင့်သော အကြောင်းအရာတို့ကို ပြုမူမိလျှင် သို့မဟုတ် ကြုံတွေ့လျှင် ဆန်းကျင်စေနိုင်၏  ဟုသာ ဖြေဆိုရပေလိမ့်မည်။

သာမိကာရက နာမည်ရှင်များ အကြောင်း 

Monday, September 13, 2010

သာမိကာရက အမည်
တနင်္ဂနွေ        အစ    +   တနင်္လာ         အဆုံး
တနင်္လာ          အစ    +   အင်္ဂါ              အဆုံး
အင်္ဂါ               အစ    +   ဗုဒ္ဓဟူး          အဆုံး   
ဗုဒ္ဓဟူး            အစ    +   စနေ              အဆုံး
ကြာသာပတေး  အစ    +  ရာဟု             အဆုံး
သောကြာ        အစ    +   တနင်္ဂနွေ        အဆုံး
စနေ               အစ    +  ကြာသာပတေး  အဆုံး      ပြုမှည့်ခေါ်ထားသော

ကတ္တုကာရက အမည်ရှင်များ အကြောင်း

Wednesday, August 25, 2010

ကတ္တုကာရက အမည်

တနင်္ဂနွေနံဖြင့် စတင်ပြီး တနင်္ဂနွေနံဖြင့်ပင် အဆုံးသတ်  မှည့်ခေါ်ထားခြင်း  ၊  အလားတူပင်  တနင်္လာ နံဖြင့်  စတင်  မှည့်ခေါ်ထားပြီး  တနင်္လာနံဖြင့်ပင်  အဆုံးသတ်  မှည့်ခေါ်ထားခြင်း  ၊     စသည် အားဖြင့်  မှည့်ခေါ်ထားသော နံတူစဆုံး အမည်များကို ကတ္တုကာရကအမည်များ ဟု  ခေါ်တွင်နိုင်ပေသည်။

ကလေးသူငယ်များနှင့် ကောင်းကင်ဂြိုဟ်များ    ဆက်သွယ်မှု

Friday, August 20, 2010

ကလေးသူငယ်တွေအပေါ် ကောင်းကင်ဂြိုဟ်တွေ လွှမ်းမိုးခြယ်လှယ်မှုကို စိတ်ကူးဆက်စပ်ပြီး ရေးသား တင်ပြ ပေးလိုက်ပါတယ်။ ဒီဆောင်းပါးကတော့ ကျွန်တော့်မိတ်ဆွေကြီး ကိုယ်ဝန်န…..အဲလေ  ကိုဝဏ္ဏ အတွက် နဲ့ သမီးငယ်လေး အတွက် ဖြစ်ပါကြောင်း ။


တစ်ကယ်မသိသေးသော ဗေဒင်ဆရာ စာစု(၁)

Thursday, August 19, 2010

တစ်ကယ်မသိသေးသော ဗေဒင်ဆရာ ….။ ထိုသူမှာ ကျွန်တော်ဖြစ်၏။ လောကသဘာဝကို နားမလည် သေးသမျှ ကျွန်တော်သည် ဗေဒင်တတ်မြောက်ဦးမည်မဟုတ်။ဗေဒင်ပညာကို   သိမြင် နားလည်ဦးမည် မဟုတ်ပါပေ။


ချိတ်ဆူးများအကြောင်း

Monday, August 16, 2010

(၁)

နံနက်ခင်း လင်းကတည်းက ကိုစိုးနိုင် ကြားနေရသည်။ ဒီအသံက တော်တော်လေးတော့ ဆိုးသည်။ နားထဲတွင် ဒုန်းဒုန်းဒိုင်းဒိုင်းတွေလည်း ပါသည်။ အော်သံ ဟစ်သံ  …ရွှေ့သံ၊ ကားသံ လူသံ ကလေးသံ လူကြီးသံ …စုံသည်။ အမေ၀င်း အိမ်နှင့်ခြံကို သူ့သားသမီးများ ရောင်းပစ်လိုက်ပြီဟု ကြားခဲ့ရခြင်းသည် အမှန်ပင်ဖြစ်လိမ့်မည်။

……………………………………………………အင်း ရောက်လာကြပါပကောလား။ ဟိုဘက်ခြံမှာ လူသစ်တွေ။

တံဆိပ်ကပ်ခြင်း

ကမန်းကတမ်း ဆိုတဲ့ စကားလုံးတွေနဲ့
ဘ၀ကို ဆွဲခေါ်လာခဲ့ရတယ်
သူငယ်ချင်းတွေက  ပြောကြတယ်
မောင်ဖုန်းရယ် ဖြစ်ရလေတဲ့    ။ 

ချစ်ချစ်အကြောင်း စာစု(၈)

Saturday, August 14, 2010

ကပ်သီးကပ်သပ် ကျန်နေတဲ့ .. နာမည်အဖျားစာလုံး ရာဟုနံဖြင့် မှည့်ခေါ်ထားသော ချစ်ချစ်အကြောင်း ကဏ္ဍ ကို ဆက်လက် ဖော်ပြ ရေးသားပေးလိုက် ရပါတယ်။


လူတိုင်း ကြောက်တဲ့ ကိုစနေ စာစု (၂)

စနေ…….
စနေကို
လူတွေဘာကြောင့် ကြောက်ရွံ့ကြပါသလဲ။ စနေဟာ လူတွေအဖို့ အမှန်တစ်ကယ် ထိတ်လန့်စရာ ဟုတ်ပါသလား။
စနေဂြိုဟ်နဲ့ ပတ်သက်ပြီး လူတွေက …စနေစီးတယ်။ စနေအထွက်ခတ်တာပေါ့။ သားဦးစနေ မီးလိုမွှေ …တဲ့။ စနေတစ်ချက် ဆောင့်တော့ …တစ်သက်လုံးရှာလာသမျှတက်တက်ပြောင်။

အလုပ်အကိုင်ကံ ထောက်လှန်းတွက်ဆနည်း (၄)

Thursday, August 5, 2010

နာမည်အဖျားစာလုံး နဲ့ ပတ်သက်ပြီး  ...မှတ်သားစေ လိုတာကတော့ ၊ ဘယ်သူမဆို နာမည်အဖျားစာလုံး  (၀ါ)  နာမည်အဆုံးစာလုံး အနေအထားအရ သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ အနေအထားတွေ၊ ကံလမ်းကြောင်းတွေ...ကွဲပြားခြားနားမှု ရှိနေကြောင်း ပဲ ဖြစ်ပါတယ်။
အလုပ်အကိုင်ကံ ထောက်လှန်းတွက်ဆနည်း (၄)

နာမည်အဖျားစာလုံး  နှင့်  ..အလုပ်အကိုင်

နာမည်အဖျားစာလုံး နဲ့ ပတ်သက်ပြီး  ...မှတ်သားစေ လိုတာကတော့ ၊ ဘယ်သူမဆို နာမည်အဖျားစာလုံး  (၀ါ)  နာမည်အဆုံးစာလုံး အနေအထားအရ သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ အနေအထားတွေ၊ ကံလမ်းကြောင်းတွေ...ကွဲပြားခြားနားမှု ရှိနေကြောင်း ပဲ ဖြစ်ပါတယ်။ နာမည်အဖျားစာလုံးဟာ ...လူတစ်ယောက် မှာ အလွန် အရေးပါ ပါတယ်။ ဒီလူ ဘယ်လိုလုပ်မယ်။ ဘယ်ကို ဦးတည်မယ်။ ဘယ်ပုံစံ ဘယ်အချိုးချိုး နိုင်တယ်ဆိုတာက အစ နာမည် အဖျား စာလုံးလေးမှာလည်း အင်မတန် ဖော်ပြထားပါတယ်။ ဒါကြောင့် အလုပ်အကိုင် အသက်မွေးမှုပုံစံတွေကို တွက်စစ်တဲ့ အခါမှာလည်း နာမည်အဖျား စာလုံးဟာ မေ့ထားလို့ မရပါဘူး။  သူ့ကိုလည်း အဆုံးသတ်အဆင့်မှာ တွက်ချက် ချင့်ချိန် ပေးရပါတယ်။

နာမည်တစ်ခုလုံး    နှင့် အလုပ်အကိုင်

အဲဒီ့လိုပဲ နာမည်တစ်ခုလုံးကိုလည်း သက်ဆိုင်ရာ ကာရက၊ မိတ်ရန်၊ဂြိုဟ်သဘာဝများအရ... ထောက်လှန်း တွက်ဆလို့လည်း ရနိုင်ပါတယ်။ ဥပမာအားဖြင့် .. ကျော်သောင်း ဆိုတဲ့နာမည်ရှင်မျိုးကို အဝေးပြေးကား ထောင်တာ၊ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းမျိုးလုပ်ခိုင်း တာဟာ သဘာဝမကျလှသလို၊  အောင်မင်း ဆိုတဲ့ နာမည်ရှင်မျိုး ကိုလည်း အလွယ်တစ်ကူ နဲ့ ..အခိုင်အမာအခြေချလုပ်ကိုင်ရတဲ့..အထိုင်လုပ်ငန်းမျိုးတွေ လုပ်ဖို့ အကြံဥာဏ်ပေးတာမျိုးမသင့်ကြောင်း ..နာမည်တွေရဲ့ကာရကများမှတစ်ဆင့် သိရှိနားလည် နိုင်ပါတယ်။ ထိုနည်းတူပါပဲ...နာမည်ရဲ့ ပညတ်သဘောအနက်အရ ...ဘယ်လိုခွဲခြား အကြံပေး သင့်တယ် ဆိုတာကို နားလည်ထားရပါမယ်။

ဥပမာအားဖြင့် မောင်ကြည်လင်ဆိုတဲ့နာမည်မျိုးဟာ ...သန့်ရှင်းမှု နဲ့ ..တနင်္လာကာရကကို အထူးပြု ထားတာမို့...စနေကာရကဆိုင်ရာ လုပ်ငန်းမျိုးကို ရှောင်ကျဉ်သင့်ပြီး၊  ကြည်လင်ရဲ့ အနက်သဘော အရ...ပွဲရုံလုပ်ငန်းလို အမှိုက်သရိုက်ထူပြောတဲ့ (ဥပမာနော်)လုပ်ငန်းမျိုး၊ ငါးပိငါးခြောက် ရောင်းဝယ်ခြင်းမျိုး ကို အကြံဥာဏ် မပြုသင့်ကြောင်းသိရှိနားလည်ထားရပါမယ်။

ဂြိုဟ်အမျိုးအစားခွဲပြီး အသက်မွေးမှုအလုပ်အကိုင်များကို ခန့်မှန်းထောက်ဆခြင်း

အသက်မွေးမှုများကို ခွဲခြားနိုင်ဖို့အတွက် ပထမဦးစွာ ဂြိုဟ်တစ်ခုချင်းဆီအလိုက် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အမျိုးအစားနဲ့ပရိယာယ် သဘောသွားအချို့ကို နားလည်ထားဖို့ရန်လိုပါမယ်။

ဒီ့အတွက် အောက်မှာဖော်ပြထားတဲ့အတိုင်း ...ဂြိုဟ်တစ်ခုချင်းဆီရဲ့ ပင်ကိုယ်မူလသဘောတရားအချို့ကို ဖတ်ရှုလေ့လာ ထားရပါမယ်။

တနင်္ဂနွေဂြိုဟ်   ။                    ။         အပူစွမ်းအင် ..အလင်းစွမ်းအင် နှင့် ပတ်သက်သောလုပ်ငန်းများ၊ အစိုးရ လုပ်ငန်းများနှင့် အုပ်ချုပ်ရေး နယ်ပယ်။ တီထွင်ဖန်တီးရသော လုပ်ငန်းများ၊ အသက်ရှင်သန်မှုကို အားပေး လှုံ့ဆော် ပေးသော အလုပ်များ၊ လျှပ်စစ်စွမ်းအင် နယ်ပယ်နှင့် ပတ်သက်သောလုပ်ငန်းများ၊ ဥပဒေဆိုင်ရာ လုပ်ငန်းများ။ စာပေနှင့် အသိဥာဏ်ဆိုင်ရာ လုပ်ငန်းများ။

တနင်္လာဂြိုဟ်   ။                     ။   ရေ ၊ အရည်ဓါတ် နှင့် ပတ်သက်သောလုပ်ငန်းများ၊ မွေးမြူရေး လုပ်ငန်းများ၊ သင်ကြားရေးလုပ်ငန်းများ။ တဆင့်ကြားခံလုပ်ငန်းများ၊ ဖလင်လောက ရုပ်ရှင်၊ ဓါတ်ပုံ စသော လုပ်ငန်းများ၊ ကွန်ပြူတာ ပညာရပ်ဖြင့် နှီးနွယ်နေသော လုပ်ငန်းများ။  ယာဉ်ကားနှင့် ပတ်သက်သော လုပ်ငန်းများ ။

အင်္ဂါဂြိုဟ်        ။                    ။   စွန့်စားလုပ်ကိုင်ရသောလုပ်ငန်းများ ၊  မီး နှင့် အသက်မွေးရသော အလုပ်များ၊ လက်နက်ကိရိယာ ဆူးဆောက်တန်ဆာတို့ဖြင့် အသက်မွေးရသောအလုပ်များ၊ စူးစမ်းရှာဖွေ ရသော လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ။ အပြိုင်အဆိုင် အလုအယက် သဘာဝဖြင့် အသက်မွေး ရသော လုပ်ငန်းစဉ်များ။

ဗုဒ္ဓဟူးဂြိုဟ်      ။                   ။   ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ၊ ကုန်သည်လုပ်ငန်း နှင့် ကုန်ရောင်း ကုန်ဝယ် လောက။ ဈေးရောင်းဈေးဝယ်၊ စာပေရေးသားခြင်းနှင့် နှုတ်မှုဖြင့် အသက်မွေးပြုရသော အလုပ်များ၊ ပြုပြင်ရေးလုပ်ငန်းများ။


ကြာသာပတေးဂြိုဟ် ။             ။    ဖြန့်ဖြူးရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးရှေးရှု လုပ်ဆောင် ရသောလုပ်ငန်းများ၊ ပညာဖြင့် အသက်မွေးရသောအလုပ်များ၊ ၀တ်စားတန်ဆာ နှင့် ကျောက်မျက်ရတနာ လုပ်ငန်းများ။ အကြီးအကဲအဖြစ် ဆောင်ရွက်ရသော လုပ်ငန်းများ။

သောကြာ             ။               ။  သစ်သီးဝလံ နှင့် ဥယျာဉ်ခြံလုပ်ငန်းများ။ ဇီမ်ခံပစ္စည်း ထုတ်လုပ်ခြင်း ၊ရောင်းချခြင်း လုပ်ငန်းများ၊ ပို့ဆောင်ရေးလုပ်ငန်းများ၊ မန်နေဂျာ အဖြစ် အသက်မွေးရခြင်း၊  ဘဏ်လုပ်ငန်း နှင့် ယင်းကဲ့သို့ ထိမ်းသိမ်း စောင့်ရှောက်ပေးရသော လုပ်ငန်းများ၊ ပျော်ပွဲရွှင်ပွဲ နှင့် ပွဲလမ်းသဘင်တို့ နှင့် စပ်လျဉ်းပြီး ..အသက်မွေးရခြင်းများ။ ကာမဂုဏ်ကို အမှီပြုအသက်မွေးရခြင်းများ။

စနေ                   ။                ။  အလုပ်ကြမ်း ၊ အစောင့်၊ ဒရ၀မ် ကဲ့သို့....တာဝန်များဖြင့် အသက်မွေး ရခြင်း၊ လုပ်သား သဘာဝဖြင့် အသက်မွေးရခြင်း၊ ထောင်၊ ဆေးရုံ ၊ တို့တွင် အလုပ်လုပ်ကိုင်ရခြင်း၊ ကံကို ပုံထား ရသော အလုပ်များ၊ ထီလုပ်ငန်း၊ လောင်းကစားနယ်ပယ် နှင့် ကံစွန့်ကံစား အလုပ်များ။  အဟောင်း အနွမ်း နှင့် အသုံးပြုပြီး ပစ္စည်းများကိုအမှီပြုအသက်မွေးရခြင်း။

ရာဟု                  ၊                 ။  အတည်တကျမရှိလုပ်ကိုင် အသက်မွေးခြင်း၊ အရပ်တကာ လှည့်လည် သွားလာပြီး အသက်မွေး လုပ်ကိုင်ခြင်း၊ အရက်သေစာ နှင့် စပ်လျဉ်းသော အလုပ်များ၊ အဆိပ်နှင့် နှီးနွယ် နေသော အလုပ်များ။ မြွေဖြင့် အသက်မွေးသူများ၊ ဖျက်သိမ်းခြင်း၊ ရွှေ့ပြောင်းခြင်း တို့ကို အမှီပြုခြင်းအားဖြင့် အသက်မွေး ရခြင်းများ။ 

လတ်တစ်လော ခေါင်းထဲပေါ်သလို ...ရေးသားတင်ပြပေးလိုက်ပါတယ်။ အမှန်ကတော့ ရေးလေလေ မကုန်လေလေဆိုသလို ..၊ အလုပ်အကိုင်အမျိုးအစားပေါင်းများစွာ၊ ကျန်ရှိပါသေးတယ်။ အဖြစ်နိုင်ဆုံး အဓိကကျမယ် ထင်တဲ့ သဘောတရား လေးတွေပါအောင်တော့ကြိုးစားပေးထားပါတယ်။

ကဲ...ဘယ်လိုကြည့်မလဲ ။

ဥပမာ ။   မောင်သိန်းမြင့်  သောကြာသားဆိုပါစို့။    သောကြာသားမို့ အညွန့်ဂြိုဟ် က  .........  စနေ .........ဖြစ်ပါမယ်။ ဒါကြောင့်  စနေနဲ့ ပတ်သက်တဲ့ အသက်မွေးမှု ကံမျိုးက ဇာတာရှင်အတွက် အခြေခံကျောရိုး ကံ အဖြစ် တည်ရှိထားပါမယ်

ဒီနေရာမှာ နာမည်အဖျားစာလုံးကို အနဲငယ်သုံးကြည့်မယ်ဆိုရင် ဒီနာမည်ရှင်ရဲ့နာမည်အဖျားစာလုံးဟာ ကြာသာပတေး ဖြစ်လို့...ဖြန့်ဖြူးရေးလုပ်ငန်းမျိုး၊ပညာနဲ့အသက်မွေးတာမျိုးကို ပိုမိုအားသန်လာမယ် ဆိုတာ ကိုလည်း ထပ်ဆင့် တွေးမြင်နိုင်ပါတယ်

အထက်ပါအချက်နှစ်ချက်ကို ဆက်စပ်လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် ...ပမာအားဖြင့်  ပစ္စည်းဟောင်းတွေ ပြန်လည် ဖြန့်ဖြူးရောင်းချသူမျိုး၊ ထီလက်မှတ် ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းသဘာဝမျိုး နဲ့ ကိုက်ညီနေတာကို တွေ့ရပါမယ်။ တစ်ခြားအားဖြင့်လည်း အများအပြား ဆက်စပ်ကြည့်နိုင်ပါတယ်။

တစ်ကယ်ဟုတ်ရဲ့လား။              ...............

ဒီမေးခွန်းကို  ရင်ထဲမှာ မေးပါ။  ပြီးရင် လက်တွေ့လေ့လာကြည့်ပါ။ များများလေ့လာမှတ်တမ်းတင်လေလေ ....ကျွမ်းကျင် နားလည်လာလေလေပါပဲ။နောက်တစ်ခုက...ဆက်စပ်တွေးခေါ်ကြည့်ဖို့ မမေ့ပါနဲ့။ ဖြစ်နိုင်သမျှ အတွေးကို ဆန့်ထုတ်ပြီး ဖြန့်တွေးကြည့်ပါ။ ဆက်စပ်ကြည့်ပါ။ မိမိကိုယ်တိုင်လည်းမိမိဘ၀တစ်လျှောက်လုံးမှာ ဘယ်လိုတွေ လုပ်ကိုင် ခဲ့ရသလဲ ။ ဘာကြောင့်လည်း ဆိုတာတွေကို မေးခွန်းထုတ်ကြည့် ဖြေကြည့်ပါ။

နောက်ဆောင်းပါးတွေမှာ ။  ကာရက သဘော နဲ့ မဟာဘုတ်တိုင်မှာ အလုပ်အကိုင်နဲ့ပတ်သက်လို့ ဆက်စပ် တွေးခေါ်နိုင်ပုံတွေ အကြောင်း ထပ်မံတင်ပြပေးသွားပါ့မယ်။ 

အားလုံးပဲ ချမ်းမြေ့သော နေ့တစ်နေ့ ဖြစ်ကြပါစေ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ) kosoe@gmail.com

Read More...

အလုပ်အကိုင်ကံ..ထောက်လှမ်း တွက်ဆနည်း  အပိုင်း(၂)

Saturday, July 24, 2010

ဘယ်နေ့ သားသမီးပဲမဆို..အောက်ပါ အသက်ပိုင်းများမှာ အလုပ်အကိုင် ၊ အသက်မွေးမှု အခြေအနေများ အပြောင်းအလဲ ဖြစ်ပွားရတတ် ပါတယ်။ တနည်းအားဖြင့် အလုပ်ပြောင်း၊ အသက်မွေးမှု အပြောင်းအလဲ ဖြစ်ပေါ်လာတတ်သော အသက်ပိုင်းများဟုဆိုနိုင်သည်။
(၃)  အလုပ်အကိုင် အပြောင်းအလည်း ဖြစ်ပွားတတ်သော အသက်ပိုင်းများ

အသက်အားဖြင့်  .. ၉နှစ်၊ ၁၆နှစ်၊ ၂၃နှစ်၊၃၀နှစ်၊ ၃၇နှစ်၊ ၄၄နှစ်၊၅၁နှစ်၊ ၅၈နှစ်၊၆၅နှစ်၊ ၇၂နှစ် စသော အသက်ပိုင်း များတွင် အပြောင်းအလဲများ ကြုံတွေ့ရတတ်ပေသည်

ယင်းအသက်ပိုင်းများတွင် လုပ်ငန်းကိုင်ငန်း အသက်မွေးမှုအနေအထားများ အနဲမှအများ  ပြောင်းလဲမှု ဖြစ်ပွားမည်။ အနဲဆုံးအားဖြင့်  ..လုပ်ငန်းနေရာ၊ လုပ်ငန်းတွင်း ဌာနပိုင်းဆိုင်ရာ၊ လုပ်ကိုင် ဆောင်ရွက် ရသည့် အနေအထားများ  ..စသည်အားဖြင့် ပြောင်းလဲမှုကြုံနိုင်ပြီး၊ အများအားဖြင့် လုပ်ငန်းအပြောင်းအရွှေ့ အပြောင်းအလဲ အထိ ဖြစ်ပွားနိုင်သော အသက်ပိုင်းများ ဖြစ်သည်။ ယင်းအသက်ပိုင်းများကို ရောက်ရှိ လာချိန်တွင် ကျရောက်လာမည့် အပြောင်းအလဲများကို လက်ခံ ပြီး လိုက်လျောညီထွေ ပြောင်းလည်း ပေးနိုင်ရန် ကြိုးစားအားထုတ် ရမည်ဖြစ်သည်။

အယူအဆပိုင်း (၂)  တနင်္ဂနွေသည် အလုပ်အကိုင်ကာရကပြုဂြိုဟ်ဖြစ်ပြီး အမြစ်ဌာနတွင် ရပ်တည် ထားသော အခြေအနေတွင်..၊ အမြစ်ဌာနသည် ရောက်ရှိလာသောဂြိုဟ်ဟူသမျှကို အပြောင်းအလဲ နှင့် ပြုပြင်ပြောင်းလဲရမှု ၊ ပုံသဏ္ဍန်နှင့် ဖွဲ့စည်းပုံ ပြောင်းရွှေ့ရမှုကို ဖြစ်ပွားစေ တတ်သော အာနိသင်ရှိခြင်း အားဖြင့် အလုပ်အကိုင် ၀ါ အသက်မွေးမှု အပြောင်းအလည်းများကို ဖြစ်ပွားစေ နိုင်ခြင်း ဖြစ်သည်။

(၄) အလုပ်အကိုင် (၀ါ) အသက်မွေးဝမ်းကျောင်းမှုတွင်  အတိုက်အခံများပြားစေတတ်သော   အသက်ပိုင်းများ

အောက်ပါ အသက်ပိုင်းများဖြစ်သော.......အသက်ပိုင်းခြား ကာလများတွင် လောကီလူသားတို့တွင် အလုပ်အကိုင် အသက်မွေးမှုရေးရာများဝယ် ရန်အတိုက်အခံအပြိုင်အဆိုင် ကြုံတွေ့ များပြား စေတတ်၏။ အလုအယက် ယှဉ်ပြိုင်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ရတတ်၏။ ဥပမာအားဖြင့် ..အောက်ပါ အသက်ပိုင်းများ ဖြစ်သည်။

အသက်အားဖြင့် ... ၁၂နှစ်၊ ၁၉နှစ်၊ ၂၆နှစ်၊ ၃၃နှစ်၊ ၄၀နှစ်၊ ၄၇နှစ်၊ ၅၄နှစ်၊၆၁နှစ်၊ ၆၈နှစ်၊၇၅နှစ် တို့ ဖြစ်သည်။

အထက်ဖော်ပြပါ အသက်ပိုင်းများတွင် ဇာတာရှင်တို့သည် ... အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ရာတို့တွင်..
ယှဉ်ပြိုင် အနိုင်လုပြီး အသက်မွေးရတတ်၏။  ယခင်က ငြိမ်းငြိမ်းချမ်းချမ်းလုပ်ကိုင်လာစေနိုင်ကာမူ..ယင်း အချိန်များတွင်မူ မိမိကို ပခုံးချင်းယှဉ် အပြိုင်အဆိုင်လုပ်လိုသူတို့ပေါ်ပေါက်လာတတ်၏

မည်သို့ပင်ဖြစ်စေကာမူ မိမိတို့လုပ်ကိုင်ရာ အသက်မွေးမှုတို့တွင် အထက်ပါအချက်တို့ကို သတိပြု ဆင်ခြင်ခြင်းအားဖြင့် ..အကျိုးကျေးဇူး ရစေနိုင်ရန် ရည်သန်ပြီး ယခုဆောင်းပါး တို့ကို ရေးသားပေးအပ် ပါသည်။

ချမ်းမြေ့ကြပါစေ။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

Read More...

အလုပ်အကိုင်ကံ ထောက်လှမ်း တွက်ဆနည်း   (၃)

သည်ဆောင်းပါးမှာတော့ ...နာမည်နဲ့ လူတစ်ယောက်ရဲ့ အကျိုးစီးပွားရှာဖွေမှုပုံစံ (၀ါ) အသက်မွေးမှု  အနေအထား ဆက်စပ်ပုံတွေကို တင်ပြပေးလိုက်ပါတယ်။
အသက်မွေးမှုအနေအထား (၀ါ) အလုပ်အကိုင်နဲ့ စပ်လျဉ်းပြီး ... လက်ရိုးဗေဒင်မှာ ထောက်လှန်းတွက်ဆ နည်းပေါင်းများစွာ ရှိပေမယ့် လက်ဆန်းဗေဒင်မှာတော့ အတော်လေးကိုနဲပါးလှပါတယ်။ နောက်ဆုံးတော့  ဆရာမင်းကျော်ဇော် ပြောခဲ့သလို  ....နာမည်ကို ဓါတ်ရိုက်ရ၏။ ဆေးကုရ၏။ ဗေဒင်ဟောရ၏။  ဆိုသလို နာမည်နဲ့ ထောက်ဆကြည့်တဲ့ စနစ်တစ်ခုကို ကျွန်တော် စဉ်းစားလေ့လာ အားထုတ်ခဲ့ပါတယ်။ အဲဒီ့မှာပဲ အတန်အသင့် လေ့လာအားထုတ်မှု ပြုခဲ့ပြီးတဲ့နောက် ...2007 ထဲမှာ  အသက်မွေးဝမ်းကျောင်းမ ဆိုင်ရာ အထောက်အကူပြု ဗေဒင်ပညာ ...ဆိုပြီး စာအုပ်တစ်အုပ် ရေးသားပြုစုခဲ့ပါတယ်။

အဲဒီ့စာအုပ်မှာ .ကာရကနှင့်အသက်မွေးဝမ်းကျောင်းဆိုပြီး  ရေးသားခဲ့ဖူးပေမယ့် ။ ယခုမြန်မာ့ရိုးရာ ဗေဒင်ဆိုဒ် မှာတော့ ကာရက နဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ ထူးထူးခြားခြား မရေးသား မဖော်ပြဖြစ်သေးပါ။

တစ်ကယ်တော့ ကာရ့က ခွဲခြားပြီး ထောက်ဆတွက်စစ်ရတာဟာ မြန်မာ့ဗေဒင်ပညာမှာ အင်မတန် အရေးကြီးတဲ့ အချက်လို့ ကျွန်တော်ယူဆပါတယ်။ အဲဒီ့လိုပါပဲ..လူတစ်ယောက်ရဲ့ နာမည်မှာ လည်း ..ကာရက ခွဲခြား ဟောဆိုခြင်းအားဖြင့် ...အဲဒီ့လူရဲ့ ဘ၀ကံ၊ အနာဂတ်ကံဇာတာ၊ စရိုက်၊ စိတ်နေ စသည်ဖြင့် တို့ကိုလည်း ခွဲခြားဟောဆို နိုင်လာပါတယ်။

ဥပမာအားဖြင့် .. မင်းအောင်ဆိုတဲ့နာမည်ရှင်နဲ့ အောင်မင်း ဆိုတဲ့နာမည်ရှင်နှစ်ဦးမှာကို ...ဘယ်သူက ပိုအောင်မြင်နိုင်တယ် ဘယ်သူက လမ်းချော်တိမ်းစောင်းရန် ပိုမိုလွယ်ကူတယ်ဆိုတာကို ကာရက တစ်ချက် ထဲနဲ့တင်..၊ သုံးသပ်လို့ရနိုင်ပါတယ်။ အနုစိတ် သုံးသပ်နိုင်လေလေ အဖြေက ပိုမိုစိတ်လာ လေလေပါပဲ။ ဒါကိုမှ မဟာဘုတ်နဲ့ယှဉ်တွဲအသုံးပြုနိုင်လာတဲ့အခါမှာ အင်အားကောင်းပြီး ခိုင်မာတဲ့ ဟောကိန်း အချို့ကို နာမည်နဲ့ မဟာဘုတ် တွဲစပ်အသုံးပြုခြင်းအားဖြင့် ရရှိနိုင်လာပါလိမ့်မယ်။

ခုကျွန်တော်ပြောတဲ့ အချက်ကို ..လက်ခံနိုင်သူ ၊ လက်မခံနိုင်သူ အမြောက်အများ ပေါ်ထွက်လာဦးမှာပါပဲ။  တစ်ခုပဲ ကျွန်တော်ပြောချင်ပါတယ်။ လက်တွေ့များများ လေ့လာကြည့်ပါ။ တိုက်ဆိုင်စစ်ဆေးကြည့်ပါ။ မှန်တယ် ကိုက်ညီတယ်ဆို လက်ခံကျင်သုံးနိုင်ပါပြီ။ မမှန်ဘူး မကိုက်ညီဘူးဆိုတဲ့အခါ ..ပယ်ခဲ့ပါ။ စွန့်ပါ။ ဘာမှ အရှုံးပေါ်စရာ မရှိပါဘူး။ ကိုယ်တိုင် မဆန်းသစ် မဖော်ထုတ်နိုင်သည့်တိုင်အောင် အယူအဆသစ် တွေကို အမှုမဲ့အမှတ်မဲ့ မကျော်လွှားသွားသင့်ပါ။

နောက်တစ်ခုကတော့  ...အညွန့်ဂြိုဟ် အကြောင်းပါ။ အညွန့်ဂြိုဟ်နဲ့ ပတ်သက်ပြီး...ယခင်ကလည်း ကျွန်တော် သည်ဆိုဒ်မှာ အနဲငယ် ဖော်ပြပေးခဲ့ပြီးပါပြီ။  အခု နည်းနည်းထပ်ပြီး တင်ပြပေးပါမယ်။

အညွန့်ဂြိုဟ်


အညွန့်ဂြိုဟ်ဆိုတာ သက်ဆိုင်ရာ နေ့နံသားသမီးတွေရဲ့  ..ရှေ့တစ်ရက်တိုးထားတဲ့ နေ့နံ (၀ါ) ဂြိုဟ်နံ ကို ဆိုလိုတာပါ။ ပမာအားဖြင့် တနင်္ဂနွေ သားသမီးတစ်ဦးအတွက် ရှေ့တစ်ရက်တိုးထားတဲ့ နေ့ တနင်္လာဟာ တနင်္ဂနွေ သားသမီးအတွက် အညွန့်ဂြိုဟ်ပါပဲ။  ထိုနည်းအားဖြင့် တနင်္လာသားသမီး အတွက်ဆို အင်္ဂါ ၊ အင်္ဂါသားသမီး အတွက် ဆို အညွန့်ဂြိုဟ် က ဗုဒ္ဓဟူး စသည်ဖြင့်ပေါ့ အလွယ်တစ်ကူ သိနိုင်ပါတယ်။

အညွန့်ဂြိုဟ်ဆိုတာကတော့ တစ်ခြားမဟုတ်ပါ။  ထိုနေ့နံရှင် ထိုနေ့သားသမီး  ဘာကိုလိုချင်မလဲ၊ ဘာကို ရှာဖွေမလဲ၊ ဘယ်လိုရှာဖွေမလဲဆိုတာတွေကို ဖော်ပြနေတဲ့ဂြိုဟ်လို့ အကြမ်းအားဖြင့် မှတ်ယူ နိုင်ပါတယ်။လောကီ အကျိုးစီးပွားပဲဖြစ်ဖြစ်၊ လောကုတ္တရာအကျိုးစီးးပွားပဲဖြစ်ဖြစ်၊ ပညာပဲရှာရှာ စီးပွားပဲ ရှာရှာ...ရှာချင်တာရှာ...၊ ခက်မလား  လွယ်မလား နီးမလား ဝေးမလား စသည်ဖြင့်ကို အညွန့်ဂြိုဟ် ကနေ တစ်ဆင့် ထောက်လှမ်း တွက်ဆနိုင်သလို..၊ ဘယ်လိုနေရာမှာရှာမလဲ ဘာလိုပုံစံရှာမလဲ စသည်ဖြင့် ကိုလည်း ချင့်ချိန်ခန့်မှန်းယူနိုင်ပါတယ်။

ဒီလောက်ဆိုရင် အညွန့်ဂြိုဟ်ရဲ့ အရေးပါပုံကို အတန်အသင့် သဘောပါလောက်ပြီလို့ယူဆမိပါတယ်။

နောက်တစ်ခုကတော့ ဂြဟကာရကလို့ ခေါ်တဲ့ ဂြိုဟ်တွေရဲ့မူလစရိုက်တွေပါ။  ဒီမူလသဘောတရား တွေကို နားလည် ထားပြီး လေ့လာ အကဲခတ်ချင်းအားဖြင့်လည်း အသက်မွေးမှုကံတွေကို လေ့လာဆန်းစစ် နိုင်ပါတယ်။ ဒီလို ဆန်းစစ်တဲ့နေရာမှာ ကျွန်တော့်အနေနဲ့ သက်ဆိုင်ရာဇာတာရှင်ရဲ့ နာမည်အဖျားစာလုံး ကနေစတင် လေ့လာ အကဲခတ်တာကို  သဘောကျမိပါတယ်။ လူတစ်ယောက် ဘာလုပ်မယ် ။ဘယ်လို လုပ်မယ် ဆိုတာကို အဲဒီ့နာမည်အဖျားစာလုံးကနေပဲ ကျွန်တော်တို့ စတင်လေ့လာနိုင်ပါတယ်။

ဗေဒင်ပညာဆိုတာ တစ်ကယ်တော့ သဘာဝလောကကြီးရဲ့အကြောင်း တစ်စိတ်တစ်ဒေသပါပဲ။ သဘာဝကို
နားလည်ရင် ဗေဒင်ကို နားလည်နိုင်သလို၊ ဗေဒင်ကိုတစ်ကယ်နားလည်လာရင်လည်း သဘာဝကို အလေးထား အာရုံပြုမိ လာစမြဲပါ။

ရှေ့လာမယ့် အခန်း (၄) မှာ နာမည်အဖျားစာလုံးနဲ့  ..အသက်မွေးမှုကံတွေ စတင်အကဲခတ်တာကို တင်ပြ ရေးသားပေးပါ့မယ်။ တစ်ဆင့်ပြီးတစ်ဆင့် ဆိုကြပါစို့။

ချမ်းမြေ့ကြပါစေ။

ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)

Read More...

ဒီနှစ် နဲ့ ဒီနာမည် စာစု(၁)

Thursday, July 1, 2010

ဒီနှစ် နဲ့ ဒီနာမည် စာစု(၁)


လက်ရှိ ရောက်ဆဲ မြန်မာခုနှစ်အတွင်း နာမည်တို့နဲ့ဆိုင်တဲ့အကျိုးပေးအချို့ကို ရေးသား ဖော်ပြသွားပါမယ်။ အမည်လို့ ဆိုတဲ့နေရာမှာလည်း  အမည်အဖျားစာလုံးကို အဓိကထားပြီး တွက်ချက် ရေးသား ဖော်ပြသွားမှာ ဖြစ်တဲ့အတွက် ကံဇာတာကြည့်ရှုဖတ်လိုသူများအနေနဲ့ မိမိတို့နာမည်အဖျားစာလုံးကို တင်ကြိုခွဲခြားထားဖို့ လိုပါမယ်။ နာမည်အဖျားစာလုံး ..တစ်နည်းအားဖြင့် နာမည်တစ်ခုရဲ့ အဆုံးစာလုံး ကိုကြည့်ရှုပြီး   ယင်းစာလုံးဟာ ဘာဂြိုဟ်ဘာနေ့နံဖြစ်တယ်ဆိုတာလောက်တော့ သိထားဖို့လိုပါမယ်။

(၁) နာမည်အဖျားစာလုံး တနင်္ဂနွေနံ (အ၊ ဥ) ဖြင့် မှည့်ခေါ်ထားသူများ အတွက်......
ဥပမာအားဖြင့်  ..မြင့်အောင်၊ သူဇာအေး၊ ၀င်းဦး၊ ကေခိုင်ဦး   အစရှိသော     နာမည်ရှင်များအတွက် .........

ဒီတစ်နှစ်ကတော့ ဒီနာမည်ရှင်မျိုးတွေကို ရွေးရခက်စရာတွေ၊ စိတ်ဒွိဟဖြစ်စရာတွေ များပြားစေမယ့်နှစ်ပါပဲ။ ဘာရွေးရမလဲ ဆိုတာတွေပဲ များပြားနေတတ်ပြီး..စိတ်ကလည်း မပြတ်မသား မကြာခဏ ဖြစ်ရတတ်ပါတယ်။ အားကစား ၀ါသနာပါသူများအတွက်တော့ နှစ်ကောင်းတစ်နှစ်ဖြစ်ပြီး၊ ဇဝေဇ၀ါ ဖြစ်ရ တာကိုတော့ လက်မခံ ချင်လို့မရတဲ့ကာလပါ။ အနေအထားများစွာမှာ ဇကောဇကအနေအထား ၊ လမ်းခုလတ် အနေအထားမျိုးတွေ  ကြုံတွေ့ရတတ်ပြီး၊ ကိစ္စအကြောင်းအရာတော်တော်များများမှာလည်း ကြားကနေ ပါဝင်ပတ်သက်နေရတတ် တဲ့ နှစ်မျိုးဆိုပါတော့။ အထက်ပါကဲ့သို့သော အမည်ရှင်မျိုး ဖြစ်နေပြီး  သင်ဟာ....

တနင်္ဂနွေသားသမီး  ဖြစ်နေမယ်ဆိုရင်............

ကိုယ်တိုင်ကိုယ်ကျ ဆိုသလို  ကြားနေ၀ါဒနဲ့ နေထိုင်ရမယ့်ကာလ ဖြစ်ပါတယ်။ ပွဲစား၊ကြားခံလုပ်ငန်း၊ မီဒီယာ လုပ်ငန်း လုပ်ကိုင်နေသူ ဆိုရင်တော့ သင့်လျော်ကောင်းမွန်တဲ့အချိန်ဖြစ်ပြီး၊ လုပ်ကိုင်ဆောင်ရွက်မှု တော်တော် များများ ကတော့ အလယ်မှာတင်ရပ်တန့်နေတတ်တဲ့အချိန်ဆိုပါစို့။

တနင်္လာသားသမီး ဖြစ်နေမယ်ဆိုရင်တော့.........

တစ်စုံတစ်ရာကို ပြန်အလာ၊ သို့မဟုတ် ပြန်ရရှိလိုမှုနဲ့ ပတ်သက်ပြီး စိတ်ဒွိဟမကြာခဏဖြစ်ရတတ်ချိန်မျိုးပါ။ ထို့နည်းတူပါပဲ နောက်ပြန်လှည့်ရ ကောင်းမလား ဒီအတိုင်းနေရ ကောင်းမလားဆိုတဲ့ မပြတ်မသား ဖြစ်ရမှု မျိုးလေးတွေလည်း ကြုံရတတ်ချိန် ဆိုပါစို့။ အချို့သော တနင်္လာသားသမီးများအတွက်ကတော့ မင်္ဂလာဆောင်ဖို့ အရေးအတွက် စိတ်ဒွိဟ ဖြစ်ရတတ်သော ကာလပါ။

အင်္ဂါသားသမီးဖြစ်နေမယ်ဆိုရင်.......

ဘယ်မှာနေရမလဲ ။ ဘယ်လိုနေရမလဲ စသည်ဖြင့် မတင်မကျ ...စိတ်နှစ်ခွ ဖြစ်ရတတ်ချိန်ပါ။ လုပ်ငန်းခွင် မှာလည်း နေရာအတွက် စိတ်ဗျာများရတတ်ပါတယ်။ ထို့နည်းတူပင်...တစ်ပိုင်းတစ်စဖြစ်နေသော ကိစ္စ အကြောင်းအရာ တော်တော်များများအတွက်လည်း စိတ်ဒွိဟ များပြားရတတ်ချိန်လို့ ဆိုနိုင်ပါတယ်။

ဗုဒ္ဓဟူးသားသမီးဖြစ်နေမယ်ဆိုရင်  .  ..

ခရီးတစ်ခုကို သွားရကောင်းနိုး မကောင်းနိုး ဗျာများရတတ်ပါတယ်။ ထို့နည်းတူပဲ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်နေသူများမှာ ထုတ်ကုန်နဲ့ပတ်သက်ပြီး မတင်မကျ ဖြစ်ရတတ်ချိန်ပါ။

ကြာသာပတေးသားသမီးဖြစ်နေမယ်ဆိုရင်....

အလုပ်သစ် တစ်ခုခုကို စတင်ဖို့နဲ့ပတ်သက်ပြီး  ဖြစ်စေ၊ သူတစ်ပါးနဲ့ဆိုင်တဲ့ ကိစ္စတစ်ခုခုကို အာမ၀င်ခံပေးဖို့  အတွက် ဖြစ်စေ..စိတ်ဇဝေဇ၀ါဖြစ်ရတတ်ချိန်ပါ။ 

သောကြာသားသမီးဖြစ်နေမယ်ဆိုရင်...

သူတစ်ပါး လုပ်လက်စ အလုပ်တစ်ခုခုကို ဆက်လုပ်ရကောင်းနိုး မကောင်းနိုး..၊ သူတစ်ပါးအိမ်ကို ၀ယ်ရ ၊ဌားရကောင်းနိုး မကောင်းနိုး စသည်ဖြင့် ဇဝေဇ၀ါ ဖြစ်ရတတ်ချိန်ပါ။

စနေသားသမီးဖြစ်နေမယ်ဆိုရင်...

အကျိုးစီးပွား ရှာဖွေမှုနဲ့ပတ်သက်လို့  အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်လို့ လမ်းနှစ်ခွ နှစ်မျိုး  ကြုံရ တတ်ချိန်ပါ။ ဘာကိုရွေးရမလဲ စဉ်းစားရချိန်ပါ။ ထို့နည်းတူစွာပဲ ။ အကူညီနဲ့ပတ်သက်လို့ ယူရ သို့မဟုတ် ပေးရ ကောင်းနိုး မကောင်းနိုး  ဗျာများရတတ်ချိန်ပါ။

ရာဟုသားသမီးဖြစ်နေမယ်ဆိုရင်..

စပ်တူ အစုရှယ်ယာကိစ္စနဲ့ ပတ်သက်ပြီး ၊ ကိုယ်နေထိုင်ရမယ့် မြို့ပြအရပ်ဒေသနဲ့ပတ်သက်ပြီး စိတ်ဒွိဟ ဖြစ်ရတတ်ချိန်လို့ ဆိုနိုင်ပါကြောင်း။

ချမ်းမြေ့ပါစေ။
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)

မဟာဘုတ်ဗေဒင်ပညာ စာစု(၁)

မဟာဘုတ်ဗေဒင်ပညာ စာစု(၁)


ကန်တော့ခြင်း

ပညာ၏ ကနဦးအစ ဖြစ်သော အကြင်ဆရာမြတ်တို့အား ယခုဆောင်းပါးတို့ဖြင့် ပူဇော်ကန်တော့ပါ၏။

ဆုတောင်း

မဟာဘုတ်ဗေဒင်ပညာရပ်နှင့် စပ်လျဉ်းပြီး ကျွန်တော်၏ ရေးသားဖော်ပြချက်များသည် နောက်နောင်လူတို့ အတွက် အကျိုးမဲ့သည် ဖြစ်စေနိုင်ပါမူ ..ယခုစာမူတို့သည် အချည်းနှီးဖြစ်ပါစေသတည်း။ နောက်နောင်လူတို့
အတွက် အကျိုးအစဉ်အဆက် ရှိစေနိုင်ပါမူ....ယခုစာမူတို့သည် ..ကာလအရှည်ကြာ အဓွန့်ရှည် တည်တံ့ ပါစေသတည်း။  

ဗေဒင်မတတ်ခင်ကတည်းက ကြားဖူးခဲ့တာကတော့ မဟာဘုတ်ဗေဒင်ဆိုတဲ့ စကားစုလေးပါ။ တွက်ရချက်ရ အလွန်လွယ်သလောက် ..အတွေးရခက်ပြီးနက်နဲလှတဲ့ပညာလို့လည်း ဆိုရပါမယ်။ ဒီပညာရပ်မှာ တွက်တတ်ဖို့က အလွန်လွယ်ပါတယ်။ မိမိတို့မွေးဖွားတဲ့ မြန်မာခုနှစ်သက္ကရာဇ်ကိုတည် ၊ ခုနှစ်နဲ့စား၊ အကြွင်းအရ ဘင်္ဂကနေ အောက်ပါ ဂဏန်းစဉ်အတိုင်း  (၁၊၄၊၀၊၃၊၆၊၂၊၅) ..ဘင်္ဂ ..မရဏ..အထွန်း..သိုက်..ရာဇ..ပုတိ..အဓိပတိ ဆိုပြီး ချသွားရုံပါပဲ။

ဥပမာအားဖြင့် မြန်မာသက္ကရာဇ် ၁၃၃၉ ခုနှစ် ဖွားသူ တစ်ဦးကိုတွက်မယ်ဆိုပါစို့။  ၁၃၃၉ ခုနှစ်ကို ၇ ဖြင့်စား သော် အကြွင်းအားဖြင့် ၂ ရရှိပါမယ်။ ယင်း အကြွင်း ၂  ကို ... အထက်ပါဂဏန်းစဉ်အရ ၂  ကစပြီး (၂၊၅၊၁၊၄၊၀၊၃၊၆) လို့ စဉ်လိုက်ပြီး၊ ဘင်္ဂကနေ စပြီး ဘင်္ဂ..ပြီး မရဏ..၊ မရဏ..ပြီး  အထွန်း စသည်ဖြင့် ချသွားရုံပါပဲ။ အဓိကကျွန်တော့်အနေနဲ့ ဖော်ပြရေးသားပေးချင်တာက တွက်နည်းမဟုတ်ပါဘူး။ မဟာဘုတ် ပညာရပ်ဆိုင်ရာ အယူအဆများဖြစ်တဲ့အတွက် တွက်နည်းကို ဒီမျှလောက်ပဲရှင်းပြပါရစေ။

(၁)မဟာဘုတ်ကသစ်ဂြိုဟ်များ      

မဟာဘုတ်ပညာမှာ ကသစ်ဂြိုဟ်ဟာ အလွန်အရေးပါပါတယ်။ ကသစ်ဂြိုဟ်ဟာ မဟာဘုတ်ပညာရဲ့..ရေသောက်မြစ်တွေလို့လည်း ခေါ်နိုင်ပါတယ်။ ကသစ်ဂြိုဟ်ကိုမလေ့လာရင် အသုံးမပြုနိုင်ရင် မဟာဘုတ်ပညာမှာ တစ်ကယ်နားမလည်သေးဘူးလို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လည်း  မေးစရာ ရှိပါတယ်။ ဌာနတစ်ခုရဲ့သဘာဝဟာ ကသစ်ဂြိုဟ်ကိုသိနေမှ...ဖော်ဆောင်လို့ ရနိုင်တာမို့ ဖြစ်ပါတယ်။ အဲဒီ့လိုပဲ...ဌာနတစ်ခုမှာ ရပ်တဲ့ဂြိုဟ်တစ်ခုဟာ  ကသစ်ဂြိုဟ်ကိုသိတာနဲ့ ..အင်အား ကွာတာ ကိုလည်း သိလာနိုင်ပါတယ်။

ပမာအားဖြင့်ဆိုရရင် ...မရဏမှာရပ်တဲ့ စနေဂြိုဟ်  နဲ့  ..မရဏမှာရပ်တဲ့ တနင်္ဂနွေဂြိုဟ် တို့ဟာ မရဏမှာ ရပ်တည်တာခြင်း တူသည့်တိုင်အောင် ...အကျိုးအပြစ်ပေးရာမှာ  မတူတော့ပါဘူး။ အကောင်းအဆိုး တွက်မယ် ဆိုရင်တောင် စနေက ကောင်းကျိုးပေးနိုင်ပြီး  တနင်္ဂနွေက အထူးဆိုးကျိုး ပေးနိုင်တာမျိုး ကွာခြားသွားပါတယ်။ ဒါဟာ ကသစ်ဂြိုဟ်လို့ခေါ်တဲ့ အောက်ခံရေသောက်မြစ်တွေရဲ့ သဘာဝကြောင့်ပါ။

ကသစ်ဂြိုဟ်ကို သိရှိနိုင် အောင်  ရေးသားဖော်ပြပေးသွားပါ့မယ်။ တိုက်ရိုက်ပဲဆိုကြပါစို့။

  • ဘင်္ဂဌာန                                ကသစ်ဂြိုဟ် (၀ါ) အိမ်ရှင်ဂြိုဟ်              ဗုဒ္ဓဟူး
  • မရဏဌာန                             ကသစ်ဂြိုဟ် (၀ါ) အိမ်ရှင်ဂြိုဟ်              စနေ
  • အထွန်းဌာန                           ကသစ်ဂြိုဟ် (၀ါ) အိမ်ရှင်ဂြိုဟ်              ကြာသာပတေး
  • သိုက်ဌာန                              ကသစ်ဂြိုဟ် (၀ါ) အိမ်ရှင်ဂြိုဟ်              သောကြာ
  • ရာဇဌာန                                ကသစ်ဂြိုဟ် (၀ါ) အိမ်ရှင်ဂြိုဟ်              တနင်္ဂနွေ
  • ပုတိဌာန                                ကသစ်ဂြိုဟ် (၀ါ)  အိမ်ရှင်ဂြိုဟ်             တနင်္လာ
  • အဓိပတိဌာန                          ကသစ်ဂြိုဟ် (၀ါ) အိမ်ရှင်ဂြိုဟ်              အင်္ဂါ

အထက်မှာ ဖော်ပြထားတာတွေကတော့ မဟာဘုတ်ကသစ်(၀ါ) အိမ်ရှင်ဂြိုဟ်များဆိုပါတော့။ ပမာအားဖြင့် ဘင်္ဂဌာနကို ဗုဒ္ဓဟူးဂြိုဟ်က ပိုင်ဆိုင်ပြီး  ...အဓိပတိဌာနကိုတော့ အင်္ဂါဂြိုဟ် က ပိုင်ဆိုင်ထားတယ်ဆိုတာကို
အခြေခံအားဖြင့် သိရှိထားဖို့ လိုပါမယ်။

(၂) မဟာဘုတ် ပက္ခများ


မဟာဘုတ် ပက္ခများကို သိဖို့အတွက် ဦးစွာပထမအားဖြင့်  ..ပက္ခမိစေသော ဌာနများကို သိရှိထားဖို့ လိုပါလိမ့်မယ်။

ဘင်္ဂ + ဘင်္ဂ                 =  ပက္ခ
အထွန်း + ပုတိ             =   ပက္ခ
သိုက် + ရာဇ               =  ပက္ခ
အဓိပတိ + မရဏ         =   ပက္ခ

အထက်ပါအတိုင်း  ဘင်္ဂ ဌာန ဟာ ဘင်္ဂဌာန နဲ့ပဲ ပက္ခမိပြီး၊ အထွန်းဌာနက ပုတိဌာနနဲ့ပက္ခမိထားပါတယ်။
တနည်းအားဖြင့် သက်ဆိုင်ရာမဟာဘုတ်ခွင်တစ်ခုမှာ ..ဘင်္ဂ မှာရပ်တည်တဲ့ဂြိုဟ်တစ်လုံးဟာ ၊ အဲဒီ့နံတူ ဂြိုဟ်နဲ့ပဲ ပက္ခ ပြန်မိပါတယ်။

ဥပမာအားဖြင့် တစ်ခုကြွင်းဖွားဆိုပါစို့။ ဘင်္ဂဌာမှာ တစ် ..တနည်းအားဖြင့် တနင်္ဂနွေဂြိုဟ် ရပ်တည်နေတာဖြစ်တဲ့ အတွက်....နံတူ တနင်္ဂနွေနဲ့ပဲ ပက္ခမိထားတယ်ဆိုတာသိနိုင်ပါတယ်။ ရှင်းအောင် ဆက်ပြောပါ့မယ်။

တနင်္ဂနွေဟာ နံတူ တနင်္ဂနွေနဲ့ပဲ ပက္ခ မိပါမယ် အဲလိုပဲ အထွန်းဌာနမှာ  ..ဂြိုဟ်တစ်လုံးရပ်တည်ခဲ့ရင်လည်း အထွန်းနဲ့ ပက္ခဟာ ပုတိဌာနဖြစ်လို့ ...အဆိုပါဂြိုဟ်ဟာ ..ပုတိဌာနမှာရပ်တဲ့ဂြိုဟ်နဲ့ ပက္ခမိပါမယ်။ ဒီလောက် ဆိုရင် ပက္ခမိတတ်ပုံကို လေ့လာလို့ ရလောက်ပါပြီ။

ပက္ခ ဆိုတာဘာလည်း လို့မေးခဲ့ရင် ၊  အလွယ်ဆုံးဖြေရရင်။ ဆန့်ကျင်ဘက်လို့မှတ်ထားရပါမယ်။ ဘယ်လိုဆန့်ကျင်ဘက်လည်း မေးရင်..၊ အဖြူနဲ့ အမည်း၊ အလင်းနဲ့အမှောင်၊ အရှေ့ နဲ့ အနောက်လို လုံးလုံးလျားလျား ဆန့်ကျင်မှုပြုနေခြင်းမျိုးလို့ ယျေဘုယျမှတ်သားထားနိုင်ပါတယ်။ ပက္ခမိရင် ဘာဖြစ်လည်း လို့လည်း မေးစရာရှိပါတယ်။ ဆန့်ကျင်ဘက် မိနေတဲ့ အနေအထား နှစ်ရပ်ဟာ...သဘောထားခြင်း တူညီရင် အကျိုးဖြစ်ပြီး၊ သဘောထားခြင်း ကွဲလွဲနေရင် ..အကျိုး ယုတ်လျော့ စေပါတယ်။

တနည်းအားဖြင့် ဖိုနဲ့မလိုပဲ ...ဆန့်ကျင်ဘက်ဖြစ်နေပြီး..သဘောထားခြင်း တူညီရင် အေးချမ်းသာယာ အကျိုး ဖြစ်စေပြီး၊ သဘောထားခြင်းကွဲလွဲနေရင်တော့ဆူပူလောင်ကျွမ်းပြီး အကျိုးပျက်ပြား စေတတ်သော သဘော ရှိပါမယ်။ ပက္ခကို ကောင်းတာလားလို့ မေးရင်....မဟုတ်ဘူးလို့ ဖြေရမှာဖြစ်သလို ၊ မကောင်း ဘူးလားလို့ မေးရင်လည်း မဟုတ်တာ လို့ပဲဖြေရပါမယ်။ ပက္ခဆိုတာဘာလဲလို့မေးရင် ...ဆန့်ကျင်ဘက် ဖြစ်ခြင်းလို့ပဲ ယျေဘုယျ မှတ်ယူထားသင့်ပါတယ်။ စာရေးသူကိုယ်တိုင်လည်း ပက္ခတွေ နောက်ကို တစ်ကောက်ကောက်လိုက် လေ့လာနေဆဲပါပဲ။ နောက်ပိုင်းမှာ ပက္ခတစ်ခုချင်းဆီရဲ့ ...ထူးခြားချက်တွေကို အချိန်ရသလောက် ထပ်မံ ရှင်းလင်းရေးသား တင်ပြသွားပါ့မယ်။

အထက်ပါ ကသစ်နဲ့ ပက္ခနှစ်ခုကိုတော့ မဟာဘုတ်ပညာကိုလေ့လာမယ်ဆိုရင် မဖြစ်မနေဖတ်ပါ။ အရေးကြီးတဲ့ အချက်တွေပါ။ မဟာဘုတ်မှာ ပိုမိုနားလည်အသုံးပြုနိုင်ဖို့အတွက် ပက္ခတွေ ကသစ်တွေကို မသိလို့မဖြစ်ပါဘူး။

စာစု(၂) မှာ မဟာဘုတ်ဌာနများ နဲ့ပတ်သက်ပြီး ဘင်္ဂဌာနအကြောင်း စတင် တင်ပြရေးသားပေးပါ့မယ်။ ယခု စာစု(၁) ကိုတော့ ကသစ်နဲ့ ပက္ခ ကို နားမယဉ်သေးသူများ အတွက် စတင်ရေးသားဖော်ပြပေးထားပါတယ်။
ဒီနှစ်ခုကို နောက်ပိုင်းအခန်းများမှာ အထပ်ထပ် သုံးစွဲသွားမှာဖြစ်လို့ ..သေချာနားလည်အောင်ဖတ်ရှုကြပါလို့
တောင်းဆိုရင်း.......။

ကိုစိုးမိုးထွန်း
 (ဗေဒင်ပညာသုတေသီ)
 

အလုပ်အကိုင်ကံ .... ထောက်လှမ်း တွက်ဆနည်း အပိုင်း (၁)

Monday, June 28, 2010

အလုပ်အကိုင်ကံ....ထောက်လှမ်းတွက်ဆနည်း  အပိုင်း (၁)


ဒီနည်းစနစ်ကို..ရေးသားရာမှာ ...ဗေဒင်ပညာကို နားမလည်သူတွေအတွက်ကော အနဲငယ်နားလည် နေသူတွေအတွက်ကော ..ဖတ်လို့ရ အကျိုးရှိမယ့်အနေအထားဖြစ်အောင် ကြိုးစားပေးလိုက်ပါတယ်။ ဗေဒင်ပညာနဲ့ စိမ်းသူများအဖို့ ဘယ်အသက်ပိုင်းမှာဘယ်လိုဆိုတာကို အလွယ်တစ်ကူ ဖတ်ရှုနိုင်ပြီး၊ ဗေဒင်ပညာနဲ့ ရင်းနှီးထိတွေ့ဖူးသူတို့ အတွက်တော့ အယူအဆပိုင်းဆိုင်ရာအချို့ကို သီးသန့်ထည့်သွင်း ရေးသားဖော်ပြ ပေးထားပါတယ်။

(၁)အလုပ်အကိုင်ရရှိရန် တွန်းအားပေးသော အသက်ပိုင်းများ

ဘာနေ့သားသမီးမဆို ..၊ အောက်ပါအသက်ပိုင်းများမှာ အလုပ်အကိုင် ရရှိခြင်း၊ အလုပ်အကိုင် ကံကောင်းခြင်း အလုပ်အကိုင် တိုးတက်ခြင်း ရာထူးတိုးတက်ခြင်း စသည်ဖြင့် ဖြစ်ပွားကြုံတွေ့ရ တတ်ကြောင်း  မှတ်ယူထားနိုင်ပါတယ်။

၁၁နှစ်  ၊  ၁၈နှစ်   ၊  ၂၅နှစ်  ၊ ၃၂နှစ်  ၊ ၃၉နှစ်  ၊ ၄၆နှစ် ၊ ၅၃နှစ် ၊ ၆၀နှစ် ၊ ၆၇နှစ်၊ ၇၄နှစ်   ။

အယူအဆပိုင်း ..(၁)  အဆိုပါအသက်ပိုင်းများမှာ သေသ၀ိဇ္ဇာအခါပိုင်း နည်းစနစ်အရ    တနင်္ဂနွေ အားကောင်းသော အချိန်များဖြစ်ပါတယ်။ တနင်္ဂနွေဂြိုဟ်ဟာ  အသက်ဓါတ်ကိုပေးပြီး၊ အသက်ကို  ရှင်သန်အောင်မွေးမြူရသောကံ တနည်းအားဖြင့် အသက်မွေးမှုကံကို အဓိကဖော်ပြတဲ့အတွက် ..အလုပ်အကိုင်နဲ့ ပတ်သက်ရင်လည်း အဓိကကည့်ရှု စစ်ဆေးရတဲ့ဂြိုဟ်တစ်လုံး ဖြစ်ပါတယ်။ ဒီဂြိုဟ်အားမကောင်းချိန်မှာ အလုပ်အကိုင် နဲ့ပတ်သက်ပြီးလူတွေမှာ ..မကောင်းတဲ့အခြေအနေ အမျိုးမျိုး ဖြစ်ပေါ် လာတတ်သလို၊ ဒီဂြိုဟ်အားကောင်းချိန်မှာ    အလုပ်အကိုင်အသက်မွေးမှုနဲ့ ပတ်သက်လို့ ကောင်းတဲ့ အခြေအနေအမျိုးမျိုး       ဖြစ်ပွားကြုံတွေ့ရတတ်ပါတယ်

ကဲ..ဟုတ်ပြီ။ ဒါဆိုဂြိုဟ်အားကောင်း မကောင်းကို    ဘာနဲ့ကြည့်ကြမလဲ ဆိုပြီး မေးခဲ့ရင်၊  ဘာနဲ့ကြည့်ကြည့် သိနိုင်ပါတယ်။ လက္ခဏာ၊ နက္ခတ်၊ လက်ရိုးလက်ဆန်း၊ ကေပီ၊ စသည်ဖြင့်  မည်သည့်နည်းစနစ်နဲ့ဖြစ်ဖြစ် ခွဲခြား ဆန်းစစ်နိုင်ပါတယ်။ အခုဆောင်းပါးမှာတော့ ကျွန်တော် ရိုးရိုးနဲ့တွက်လို့ လွယ်တဲ့     သေသ၀ိဇ္ဇာ အခါပိုင်းစနစ်အရ..အားကောင်းမကောင်းကို ခွဲခြားသုံးသပ်သွားတာပါ။  တွက်လို့လွယ်တယ်ဆို့လို့ မှန်ပါ့မလား မေးစရာရှိပါတယ်။ တွက်လို့လွယ်သလောက်တွေးရခက်ပြီး တိတိကျကျမှန်တဲ့ ပညာရပ်များစွာ ရှိတယ်လို့ပဲ ဆိုပါရစေ။ အသုံးပြုသူဆက်စပ်တွေးခေါ်သူရဲ့ အနေအထားပေါ်မှာသာ မှန်တယ်မမှန်ဘူး ဆိုတာကို       အဓိကဆုံးဖြတ်ရပါလိမ့်မယ်။

(၂) အလုပ်ကိုင်ဆုံးရှုံးရန်လွယ်ကူသော အသက်ပိုင်းများ


အလုပ်အကိုင် ဆုံးရှုံးဖို့လွယ်ကူတဲ့ အသက်ပိုင်းများကတော့  အောက်ပါအသက်ပိုင်းများ ဖြစ်ပါတယ်။

၁၃နှစ်၊  ၂၀နှစ်၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၈နှစ်၊ ၅၅နှစ်၊ ၆၂နှစ်၊ ၆၉နှစ်၊ ၇၆နှစ်       ..စတဲ့ အသက်ပိုင်းများမှာ ..ဘယ်နေ့နံသားသမီးမဆို အသက်မွေးမှု အလုပ်အကိုင် ပျက်ဆီးလွယ်ပါတယ်။ ကျိန်းသေ ပျက်မယ်လို့   မယူဆလိုက်ပါနဲ့

သို့ပေမယ့် ပျက်ဆီးရန်လွယ်ကူတယ် ဆိုတာကိုတော့ အမှန်ပဲသတိပြုထားရပါမယ်။   ဒီကိန်းစနစ် ကလေးတွေကို သတိမမူမိလို့  အလုပ်အကိုင်ပျက်ဆီးပြီး  ထိခိုက်ဆုံးရှုံးနေသူ အမြောက်အများ ရှိပါတယ်။ သတိချပ်နိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

ဒီနေရာမှာ အထက်ပါ တင်ပြရေးသားချက် အချက်နှစ်ချက်နဲ့ ပတ်သက်လို့ အယူမမှားဖို့ တင်ကြို သတိပေးရပါမယ်။ ကိန်းအရ ပျက်ကိန်း ဖြစ်ကိန်း ကြုံသည့်တိုင်အောင်    ကာယကံရှင်ရဲ့ပစ္စုခ္ခ ၀ီရိယ၊ ကံ၊ ဥာဏ် ၊လုံလ၊ သတိ ၊ အခြားအားဖြင့်သော ရောက်ဆြဲဂိုဟ်အိပ် ၊ သတ်ခတ်၊ ဒသာ၊   စသည်တို့အရ ကျော်လွှားသွားနိုင်တယ်ဆိုတာကို အထူးသတိချပ်စေလိုပါတယ်။ ဒီလိုပါပဲ. တစ်ဖက်က မှာချင်တာကလည်း မိမိတို့ အတွေ့အကြုံအရ ..ကိုယ့်ဘ၀လမ်းကြောင်းမှာ ထိုထိုအသက်ပိုင်းများမှာ  ကောင်း၊ဆိုး ကြုံခဲ့တာလေး တွေကို စစ်ဆေးမှတ်သားထားပြီး ..သတိချပ်စေလိုပါတယ်။ စာရေးသူအတွေ့အကြုံအရ  အားကိုးလို့ရတဲ့
ပညာကောင်းလေးမို့ တင်ပြပေးလိုက်တာပါ

ဆက်လက်ပြီးလည်း  အပိုင်း(၂)မှာ .. အလုပ်အကိုင်အသက်မွေးမှု ထောက်ဆလို့ ရတဲ့ အချက်ကလေး တွေကို တင်ပြရေးသားသွားပါ့မယ်။ တစ်ဆင့်ပြီးတစ်ဆင့်     နာမည်အရ..အသက်မွေးမှုကံ ဖြစ်တည်လာပုံ အထိ ဆိုပါတော့။

အားလုံးချမ်းမြေ့ကြပါစေ။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

အွန်လိုင်းပေါ်မှ ဗေဒင်ပညာ

Saturday, June 26, 2010


အွန်လိုင်းပေါ်မှ  ဗေဒင်ပညာ


အွန်လိုင်းပေါ်မှာတိုက်ခိုက်မှုမျိုးစုံခံရပြီး ပြင်ပမှာ လုပ်ကိုင်စားနေတဲ့ ဗေဒင်ဆရာတွေလို စီးပွားဖြစ် အနေအထား ဘာတစ်ခုမှမလုပ်နိုင်ကြတဲ့ ဘ၀တူဗေဒင်ပညာသည် အားလုံးကိုယ်စား ဒီဆောင်းပါးကို ကျွန်တော်ရေးပါတယ်။ အစွပ်အစွဲပေါင်းမျိုးစုံခံရ၊ သွားပုတ်လေလွင့်အပြောခံရ၊ အနှိမ်ခံရ၊ အဆဲခံရတဲ့ ကြားကနေ ဆိုဒ်တစ်ခုလေးအဖြစ် ရပ်တည်နိုင်အောင် ကျွန်တော်တို့ အားလုံး ကြိုးစားကြရပါတယ်။ ဗေဒင်ဆိုဒ်ကလေးတွေ  လုပ်ပြီး အသိပညာဖြန့်ဝေနေကြသည့်တိုင်အောင် ကျွန်တော်တို့အားလုံးမှာ ဘ၀အရေးကို အပြေးအလွှားလုပ်နေကြရသူတွေအများအပြားပါဝင်ပါတယ်။

ဗေဒင်လောကဟာ ဒီလောက်ရှုပ်ထွေးပြီး အတိုက်အခံများမယ်၊ မနာလိုမရှုစိမ့်သူပေါများလိမ့်မယ်လို့ ..လုံးဝ မထင်ခဲ့မိတာလည်း အမှန်ပါ။ သို့ပေမယ့် ..ဆရာဦးမောင်မောင်သန်းကို ဆရာကဲ့သို့ သဘောထား ကြည်ညိုကြောင်း ဆောင်းပါးတစ်ခုမှာထည့်ရေးမိပြီးချိန်ကစလို့ ပိုမိုပြီး အတိုက်အခိုက် ခံခဲ့ရပါတယ်။ ..တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ပြောရပါမယ်။ ပထမတစ်ကြိမ်သာ ဆုံခဲ့ဖူးပြီး  သုံးနှစ်လောက် အဆက်အသွယ် ပြတ်နေခဲ့တဲ့..ကျေးဇူးရှင်ဆရာ ဦးမောင်မောင်သန်းကို ဒီရက်ပိုင်းတွေမှာ ဆရာတေးအေးရိပ် ဆရာရန်းဂန်း တို့နဲ့အတူ ဒုတိယအကြိမ်မြောက်အဖြစ် ထပ်မံရောက်ရှိခဲ့ပါတယ်။ ဆရာရဲ့အားပေးသံနဲ့ ..လက်တွေ့ သုတေသန များများလုပ်ပြီး စာပေးရေးသားပြုစုဖို့ ၊ အထူးသဖြင့် ကျမ်းပြုစုဖို့ တိုက်တွန်းလိုက်တဲ့ အသံကို ကြားရတဲ့ အခါမှာတော့..အတိုက်အခိုက်ခံရ အဆဲဆိုခံရ၊ အစွပ်အစွဲခံရသမျှဟာ ...ပိန်းကြာဖက် ရေမတင်သလို ဖြစ်သွားပါတော့တယ်။ ဘာသာတရားကြည်ညို ကိုင်းရှိုင်းပြီး၊ အကျင့်စရဏပိုင်းမှာလည်း ထက်သန်တဲ့ ဆရာ့လိုသူကိုတောင်....အိမ်ရှေ့ကနေ လာရောက် ဆဲရေးပုတ်ခတ်တဲ့ ..သူအချို့ ရှိကြောင်းလည်း ဆရာကပြောပြလို့သိရချိန်မှာ ..အတော်လေး အံ့သြမိ ပါတော့တယ်။ ဘာလို့လည်း ..၊ ကျွန်တော်အမျိုးမျိုး စဉ်းစားသော်လည်း ထိုထိုကဲ့သို့ပြုမူသူများရဲ့ စိတ်ခံစားမှုကို နားမလည် နိုင်အောင်ရှိမိပါတယ်။

အယူအဆချင်းမတူရင် .......
ပညာချင်းမတူရင်..........
ဆရာချင်းမတူရင်........
မူချင်းမတူရင်..........
မူဟောင်းအစား မူသစ်ပြောင်းပြီး တစ်ခေတ်ဆန်းလာရင်........... (စသည်ဖြင့်ပေါ့.)...တိုက်ခိုက် ထိုးနှက်ကြတော့တာပါပဲ။

နာမည်ထုတ်ဖော် မပြောပြချင်ပေမယ့် ..တိုက်ခိုက်ကြသူတွေထဲမှာ..၊ သိကျွမ်းနေတဲ့ ဗေဒင်လောကသား အချို့က ပိုဆိုးနေကြောင်းတွေ့ရပါတယ်။ အမိယုတ်နှုတ်ကြမ်းဆိုတာကို သိပါလျက် ကယ်နဲ့ကို...ငါ့ကိုဘယ်သူမှမသိဆိုတဲ့ ထုံးစံအတိုင်း..အမှောင်ကွယ်ကနေ ..မြိန်ရည်ယှက်ရည် ယုတ်ညံ့ ၀ံ့ကြတာကိုလည်း တွေ့ရပါတယ်။ ဘာမဆိုင်ညာမဆိုင်နဲ့ ...ခိုးချသလေးဘာလေးစွပ်စွဲတာမျိုး၊ ဂုဏ်သိက္ခါ ကျဆင်းအောင် ထိပါး နှောက်ယှက်တာမျိုးအထိ ..အကျင့်စာရိတ္တ ယုတ်ညံ့လာသူတွေလည်း ရှိပါတယ်။ တစ်ကယ့်တစ်ကယ်ဆို ကျွန်တော်တို့တစ်တွေဟာစီဘောက်မှာ ပြောသွားသလို ဆရာနဲ့အနီးကပ် ကံ့ကူလက်လှည့် သင်ကြားခွင့်ရဖူးကြသူတွေမဟုတ်သလို....ကျွန်တော်တို့လေ့လာခဲ့ရတဲ့ခရီးဟာ ခက်ခဲကြာမြင့်လှပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မဟာဘုတ်ဗေဒင်ပညာနဲ့ နာမည်ဟောနည်းပညာကို နှစ်ပေါင်းနှစ်ဆယ်ကျော် ကိုယ်တိုင်သုတေသနပြုလေ့လာခဲ့ရတာပါ။ ဒီစကားဟာ ကြီးကျယ်ရာ ရောက်နိုင်ပေမယ့် အမှန်ဖြစ်လို့ မပြောလို့လည်းမရပါဘူး။

ဒီနေ့ မဟာဘုတ်ပညာနဲ့ပတ်သက်လို့ ကျွန်တော် ဆရာကြီး ဦးကြာမြင့်မူကို အမှန်ပြောရရင် ..အာရုံမရလှပေမယ့် ၊ ဆရာကြီးရဲ့အသိပညာကိုလည်း မပုတ်ခတ်ပါဘူး။ ဆရာက တစ်ဖက်ကမြင်သလို ..ကျွန်တော်ကတစ်ဖက်က ကြည့်တယ်လို့ပဲ အောက်မေ့ ထားပါတယ်။ အများစုကတော့ ဖတ်ဖူးသလောက်မဟာဘုတ်ကျမ်းတော်တော်များများမှာ ..ဆရာကြီးဦးကြာမြင့်ရဲ့ မူဆန်ဆန်တွေ ဟန်တွေပဲများတဲ့အတွက်...မဟာဘုတ်မှာ ကိုယ်တိုင်ခူး ကိုယ်တိုင်ခပ်ပဲ ..ကျွန်တော်လုပ်ခဲ့ရပါတယ်။ လမ်းလည်းထွင်လျှောက်လို့ ဖောက်ခဲ့ရပါတယ်။ မဟာဘုတ်နဲ့ပတ်သက်လို့ ထွင်ခဲ့တဲ့ ဆရာသမားတွေကိုသာ စိတ်က ကြည်ညိုပြီး လမ်းပြပေးဖို့ ဆုတောင်းခဲ့ရပါတယ်။ ထို့နည်းတူစွာပဲ ..မဟာဘုတ်နဲ့ပတ်သက်လို့ တင်ပြပေး၊ တစ်ဆင့်မှ တစ်ဆင့် လက်ဆင့် ကမ်းပေးနေတဲ့ဆရာတွေကိုလည်း ကျေးဇူးတင်လျှက်ပါပဲ။ ဒါပေမယ့်လည်း ဒီနေ့ထိ တိုင်အောင် ကျွန်တော့်ပညာဟာ လိုအပ်နေဆဲပါပဲ။  ခုနောက်ပိုင်းမှာတော့  ...ဗေဒင်ပညာနဲ့ပတ်သက်လို့...အထူးသဖြင့် မဟာဘုတ်ဗေဒင်နဲ့ နာမည်ကိုတွဲစပ် အသုံးပြုတဲ့ပညာရပ်ပိုင်းနဲ့ ပတ်သက်လို့ ..ကျွန်တော့်ရဲ့ကိုယ်ပိုင် အယူအဆအချို့ကို ..ကျွန်တော်တို့နည်းတူ လေ့လာနေဆဲ ဘ၀တူပညာလိုလားသူများအတွက် ချရေး တော့မယ်လို့ ဆုံးဖြတ်မိပါတယ်။

ဒါဖြင့်အရင်ကကောဘာလို့ အဲလိုမရေးသလည်းလို့မေးစရာရှိပါတယ်။ ဖြစ်ပုံက...........လွန်ခဲ့တဲ့ နှစ်နှစ်ဝန်းကျင်က ကျွန်တော်ရေးသားပြုစုခဲ့တဲ့ (အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အထောက်အကူပြု ဗေဒင်ပညာကျမ်း) မှာ ပါတဲ့ အခန်းအချို့ကို ၊ ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းမှာ အမည်မဖော်ပြလိုသော ဆရာတစ်ယောက်က ..ကူးယူဖော်ပြခဲ့ပါတယ်။ ခွင့်ပြုချက်လည်းမတောင်းတဲ့အပြင် မဂ္ဂဇင်းမှာလည်း အခန်းဆက် ဆောင်းပါးအနေနဲ့ဖော်ပြနေတဲ့အတွက်ကြောင့် အဲဒီ့ဆရာဆီကို ကျွန်တော် ဖုန်းဆက်ပြီး ၊ ကျမ်းကိုး စာရင်းထည့်ပေးဖို့တောင်းဆိုခဲ့ရပါတယ်။ ကံအားလျော်စွာနဲ့ပဲ သူကလည်း ပထမတစ်ပုဒ်မှာ မထည့်ပေမယ့်၊ ဒုတိယအပုဒ်မှာတော့ ကျမ်းကိုးစာရင်းထည့်ပေးတဲ့အတွက် ..ဒီကိစ္စလေးဟာ ပြီးပြတ် သွားပါတယ်။ အဲဒီ့ကစလို့ ..နောက်ပိုင်းမှာတော့ ကျွန်တော် ဆိုဒ်ပေါ်မှာတောင် စာရေးရလက်တွန့်သွားခဲ့မိပါတယ်။ ...ဒါကြောင့်လည်း ဆောင်းပါးရေးဖြစ်တဲ့အခါ နည်းစနစ်ကို အဓိက မဖော်ပြထားတော့ပဲ လူအများစုနားလည်လွယ်၊ ဖတ်လို့လွယ်မယ့် ရယ်ဒီမိတ်ဆောင်းပါးမျိုးလောက်ကိုသာ အဓိက ဖော်ပြရေးသား ဖြစ်ပါတော့တယ်။ ဘာပဲဖြစ်ဖြစ်....အားလုံးအတွက် ဖတ်လို့လွယ် အကျိုး ဖြစ်မယ်ဆို ဒါဟာ ရေးသင့်တယ်လို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် ခုချိန်ကစပြီး ဒီဆောင်းပါးနောက်ပိုင်းမှာ....ပညာရပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့ကိုယ်ပိုင်အယူအဆအချို့နဲ့ ..ပညာရပ်အချို့ကိုတွဲစပ်အသုံးပြုပုံတွေကို အခါအားလျော်စွာ မချွင်းမချန် တင်ပြသွားပါမယ်။ မလိုလားသူတွေအဖို့ ကျွန်တော့်ဆိုဒ်ဟာ အပျင်းပြေစရာတောင် ဖြစ်မှာ မဟုတ်သလို ..လိုလားသူတွေအနေနဲ့လည်း အကြိမ်ကြိမ်ဝင်ဖတ်စရာနေရာတစ်ခု ဖြစ်စေဖို့ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားအားထုတ်ပါတော့မယ်။

အားလုံးပဲချမ်းမြေ့ကြပါစေ။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

စနေသားသမီးများအတွက် ကံဇာတာ ....(၁၃၇၂ခုနှစ်)

စနေသားသမီးများအတွက် ကံဇာတာ ....(၁၃၇၂ခုနှစ်)


ကောဇာခုနှစ်နှင့်  နေ့နံ

လက်ရှိမြန်မာခုနှစ် ၁၃၇၂ခုနှစ်အတွင်း မှာ စနေသားသမီးများအဖို့  ကောင်းသောခရီးစဉ်အချို့ သွားလာမှုပြုရတတ်ချိန် ဖြစ်ပါတယ်။ မေတ္တာရေးရာနဲ့ပတ်သက်ပြီး ရည်ရွယ်ချက် ရည်စူးချက်များ ပိုမိုအားကောင်း လာတတ်သော နှစ်မျိုးဖြစ်ပြီး..ဒီနှစ်ထဲမှာ ဖူးစာရှင်ရှာလိုသူများအဖို့တော့ ...ကိုယ့်ထက် အသိဥာဏ်..အသက် ..ဂုဏ်.စသည်အားဖြင့် ကြီးမြင့်သော ဖူးစာဖက်မျိုးနဲ့ ဆုံဆည်းရတတ်ချိန် လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် အဆိုပါကံကိုနာမည်အဖျားစာလုံး  ကြာသာပတေးနံ (ပ၊ဖ၊ဗ၊ဘ၊မ) ဖြင့် မှည့်ခေါ်ထားသော စနေသားသမီးများအဖို့ . ပိုမိုကြုံတွေ့ရဖို့မြင်ပါကြောင်း။


စီးပွားရေးရာ ........


ဒီတစ်နှစ်မှာ စနေသားသမီးများ အနေနဲ့ အကျိုးစီးပွားရှာဖွေရာမှာ ..ဇဝေဇ၀ါ မကြာခဏဖြစ်ရပါလိမ့်မယ်။ ရွေးခြယ်စရာ အနဲဆုံး နှစ်မျိုးနှစ်ခွပေါ်တတ်ပြီး  ..ဘာကိုရွေးရမလဲဆိုတာ ဗျာများရတတ်ချိန်ပါပဲ။ မီဒီယာလုပ်ငန်းနဲ့အသက်မွေးသူများအဖို့တော့ ဒီတစ်နှစ်ဟာ  ..အကျိုးကျေးဇူးအထူးပေးမယ့် အချိန်မျိုးပါ။
ဒါအပြင့် တစ်ဆင့်ကြားခံဆောင်ရွက်ပေးရသောလုပ်ငန်းများ၊ ရေနဲ့ ရေထွက်ကုန်လုပ်ငန်းများ၊ အနုပညာလုပ်ငန်းများ .အထူးသဖြင့်တော့ ရုပ်ရှင်ဖလင်လောက၊ ဓါတ်ပုံလောကနဲ့ ပတ်သက်နေတဲ့အလုပ်များလုပ်ကိုင်နေသူများအတွက် အခွင့်အရေးအထူးပေးမယ့် ကာလပါ။ ဒီ့ထက်ပိုပြီးပြောရရင်တော့ အနုပညာပိုးပါလာပြီး..သရုပ်ဆောင် မင်းသားမင်းသမီး ဖြစ်ချင်နေတဲ့ စနေသားသမီးကလေးတွေ အတွက်တော့ ဒီတစ်နှစ်ဟာ... အခွင့်အရေးအထူးပေးမယ့် ကာလဖြစ်ပြီး...မိမိတို့ နာမည်(နာမည်ရင်းထက်...သရုပ်ဆောင်ပိုင်းဆိုင်ရာ နာမည်မှာ .).တနင်္ဂနွေနံနာမည် အဖျားစာလုံး တစ်ခုခုနဲ့   မှည့်ခေါ်သုံးစွဲထားမယ်ဆိုရင် ..ကြိုးစားသလောက်
အရာထင်မယ့် အချိန်ပါပဲ။  အခြားသော စနေသားသမီးများ အနေနဲ့လည်း မိမိတို့ကြိုးစား အားထုတ်မှုများကို...အတန်အသင့် ရရှိနိုင်မယ့်ကာလ ဖြစ်ပါတယ်။ ဒါပေသိ တစ်ခုရှိတာက မိမိတို့ကြိုးစား အားထုတ်နေသောအကြောင်းအရာများဟာ လမ်းခုလတ်မှာ တစ်သွားတာ၊ သောင်တင် နေတာမျိုး ကြုံရတတ်ပြီး...အဆိုပါအခြေအနေမျိုးကြုံကြိုက်ခဲ့မယ် ဆိုရင်တော့...လမ်းသွားရင်း ခရီးသွားရင်း ကုသိုလ် ကောင်းမှုများများ ပြုလုပ်ပေးပါ။ အခြားတစ်ချက် အနေနဲ့ ကတော့..အောက်ပါယတြာလေးကို ပြုနိုင်မယ် ဆိုရင် အားလုံးအတွက် အကျိုးဖြစ်စေပါလိမ့်မယ်။

ရေဖလားကြီးကြီးတစ်ခုထဲမှာ အုန်းသီးတစ်လုံးထည့်ပြီး ရေဖြည့်ပါ။ အဲဒီ့ရေဖြည့်ထားတဲ့အုန်းသီးပွဲကို ဘုရားမှာ ကပ်လှုထားရမှာဖြစ်ပြီး ...၊ အခြားအားဖြင့် အုန်းသီးပါတဲ့ ခဲဖွယ်ဘောဇဉ်များကိုလည်း လှုဒါန်းပေးပါ။ အသက်မွေးမှု စီးပွားရေးအ၀၀မှာ ဒီတစ်နှစ်အဖို့ ..   ခရမ်းပြာရောင်ဟာ အနှောက်အယှက် ပေးတတ်ပြီး အဖြူရောင်ကတော့အကျိုးပေးအရောင်အဖြစ်ရပ်တည်ထားပါတယ်။

မေတ္တာရေးရာ..........

ဒီတစ်နှစ်မေတ္တာရေးရာကတော့ ..အကောင်းဖက်မှာရပ်တည်တဲ့ကာလပါ။ အများစုသောစနေသားသမီးများ
အဖို့  မေတ္တာရေးကံ အကောင်းဖက်က ရှိနေပါမယ်။ ဖူးစာဖက်ရှာနေဆဲသူများအတွက်တော့ အထက်မှာ ဖော်ပြ ခဲ့တဲ့အတိုင်း ကိုယ့်ထက်အသက် အားဖြင့်ဖြစ်စေ၊ ဂုဏ် ၊ အသိဥာဏ် စသည်အားဖြင့် ဖြစ်စေ ပိုမိုကြီးမြင့်သော  ဖူးစာဖက်မျိုးရရှိတတ်ချိန်ပါ။ နာမည်အဖျားစာလုံးကို က၊ခ၊ဂ၊ဃ၊င နဲ့ အဆုံးသတ် မှတ်မှည့် ခေါ်ထားသော  ဥပမာအားဖြင့် မြင့်ကျော်၊ မျိုးမျိုးခိုင်၊ တင်နီလာခင်၊ ထွန်းလင်းကို၊ စသည် ကဲ့သို့သော အမည်ရှင်များအဖို့ကတော့ ..မေတ္တာရေးမှာ ကသိကအောက်ကလေးတွေလည်း အနဲနဲ့ အများ ဆိုသလို ကြုံရပါလိမ့်မယ်။

မေတ္တာရေးကံ ကောင်းစေ လိုပါက ...တနင်္ဂနွေထောင့်မှာ ..ကြာသာပတေးနံသင့် ပန်းအညွန့်အခက်တစ်မျိုးမျိုးကို ကပ်လှုပူဇော်ပြီး ....(အရေအတွက်အားဖြင့် ..၁၉)  မေတ္တာသုတ်ရွတ်ဖတ် ပူဇော်ပေးသင့်ပါကြောင်း။

ကျန်းမာရေးရာ...

ကျန်းမာရေးရာ တိုးတက်မှုကြုံနိုင်သော ကာလဖြစ်ပါတယ်။ အားကစားဘက်ကို အာရုံညွတ်မိသော စနေသားသမီးများအဖို့တော့ ဒီနှစ်ထဲမှာ ကျန်းမာရေးအပြင် ကျန့်ခိုင်မှု၊ ဖွံဖြိုးမှု ပိုမိုအားကောင်းလာပါမယ်။ အနဲဆုံး အဆင့်အားဖြင့် ..အားကစားတစ်မျိုးမျိုးကိုတော့  ဒီတစ်နှစ်မှာ ...လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။ နာမည်အဖျားစာလုံး က၊ခ၊ဂ၊ဃ၊င ဖြင့်မှည့်ခေါ်ထားသူများ အနေနဲ့ ကျန်းမာရေးမှာလည်း အနဲငယ် ညံ့နိုင်တာမို့ ဂရုစိုက်ရပါမယ်။

ကျန်းမာရေးတိုးတက်ကောင်းမွန်စေရန်အတွက် တနင်္ဂနွေနေ့မှာ ပဲဟင်းနဲ့ ဆွမ်းကပ်ပေးပါ။ အဖြူရောင်ကို
ကျန်းမာရေးညံ့နေသူများ  ဖြစ်နိုင်သမျှ ရှောင်ပါ။

နေရေးထိုင်ရေး..

မကောင်းလှတဲ့ကာလပါပဲ။ စနေသားသမီးအများစုဟာ ဒီတစ်နှစ်ထဲမှာ နေရေးထိုင်ရေးနဲ့ နေရာ ဌာနပိုင်းဆိုင်ရာတွေမှာ အညံ့များလှပါတယ်။ အချို့တွေ ...မိမိတို့နေရာကို လုယက်ယူငင်ခံရတာ၊ ဆုံးရှုံးရတာမျိုး ကြုံတွေ့ ရမှာဖြစ်ပြီး၊ အချို့လည်း အကြောင်းကြောင်းကြောင့် ....နေရာထိုင်ခင်း ပျောက်ဆုံးတာ၊ အဝေးကိုပြောင်းရွှေ့နေထိုင်ရတာမျိုး ဖြစ်ပွားတတ်ချိန်ပါ။ အချို့ကတော့ ကြံကြံဖန်ဖန် ကံကောင်းပြီး နိုင်ငံရပ်ခြားမှာ အခြေချနိုင်..နေထိုင်နိုင်ပါမယ်။ နေထိုင်ခွင့်ရရှိကြပါမယ်။ အများစုကတော့ ညံ့ချိန်ပါပဲ။ 

နေရေးထိုင်ရေး အဆင်မပြေသူများ ...အနေနဲ့ အကျင့်သီလနဲ့ပြည့်စုံတဲ့ရဟန်းသံဃာများ၊ မိဘ အကြီးအကဲ များကို  ...ထိုင်ခုံ၊ ဆိုဖာ၊ မွေ့ယာ စသည်ဖြင့် ပူဇော်ထိုက်ပြီး၊ သိမ်ကျောင်း ဇရပ်ဘုရား ကျောင်းကန် တည်ဆောက်ရာများမှာ ကုသိုလ်ပါဝင်သင့်ပါတယ်။  အခြား အားဖြင့်တော့.......စနေထောင့်မှာ ....အမှိုက်သရိုက် လှည်းကျဉ်းကုသိုလ်ယူပြီး..၊ အချိန်ရ သလောက်..တရားမှတ်၊ ပုတီးစိတ် လုပ်ပေးသင့်ပါကြောင်း။

ထီကံစမ်းလိုသူများ အတွက် .........

ထီကံ သင့်ရုံသာရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ထီထိုးမည့်သူများအနေနဲ့ အနဲဆုံးနှစ်စောင် နှစ်ကဒ် စသည်ဖြင့် ထိုးပါ။ နှစ်ဆိုင်ခွဲပြီးထိုးပါ။ တစ်ဂဏန်းနဲ့နှစ်ဂဏန်းများပါအောင် ကံစမ်းကြည့်ပါ။ 

အနှစ်ချုပ်သုံးသပ်ချက်...။           ။    ဒီတစ်နှစ်ဟာ စနေသားသမီးများကို ...ကိုယ့်ကိုယ်ကို ပြုပြင် ပြောင်းလည်းမှု တစ်စုံတစ်ရာ လုပ်မိစေသောနှစ်ပါပဲ။ မလုပ်လို့မဖြစ်အောင် အခြေအနေ တွေကလည်း တောင်းဆိုလာတတ်ချိန်ပါ။ ဖြစ်နိုင်သမျှ ..စိတ်ကောင်းစေတနာကောင်းထားပြီး ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလည်းနိုင်မယ်ဆိုရင်တော့ ဒီတစ်နှစ်ကံဇာတာဟာ အကောင်းဘက်မှာ ပိုမိုဖြစ်ထွန်း ပွားစည်းပါလိမ့်မယ်။ အမည်သိပ်ပြီးဆိုးလွန်းနေသူများမှအပ ဒီတစ်နှစ်ဟာ  ..စနေသားသမီး များအဖို့  .ကျေနပ်ဖွယ်ရာဖြစ်နိုင်ပါလိမ့်မယ်။ 


အားလုံးပဲ ချမ်းမြေ့ကြပါစေ။

မနဲပဲ ပြီးအောင်ရေးလိုက်ရပါတယ်။ မရေးလို့ဆိုပြီး ခဏခဏ လာဟောက်တတ်တဲ့ စနေသားသမီးများ အားလုံးကျေနပ်နိုင်ပြီလို့ယူဆမိပါကြောင်း။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)


                   

သောကြာသားသမီးများအတွက် ...ကံဇာတာ (၁၃၇၂ခုနှစ်)

Monday, June 14, 2010



သောကြာသားသမီးအတွက် ... ကံဇာတာ(၁၃၇၂ခုနှစ်)



ကောဇာမြန်မာခုနှစ် ၁၃၇၂ခုနှစ်အတွင်း မှာ ..သောကြာသားသမီးများအတွက်ကံဇာတာအကျိုးပေးအချို့ ကို
တွက်စစ်ရေးသားဖော်ပြပေးအပ်ပါသည်။

ကောဇာခုနှစ်နှင့် နေ့နံ

ဒီကောဇာခုနှစ်မှာ သောကြာသားသမီးများ အတွက် အပြောင်းအလည်း များ ရှိလာနိုင်သော ကာလဖြစ်ပါတယ်။
အပြောင်းအလည်းဆိုရာမှာလည်း .....အဓိကအားဖြင့် သောကြာသားသမီးများအဖို့ မိမိတို့အနေနဲ့ ယခင်ကအတိုင်း အကျိုးစီးပွားရှာဖွေလို့မရတော့တာ၊ အခြေအနေက အပြောင်းအလည်း လုပ်ဖို့တောင်းဆို လာတာ မျိုးတွေ ကြုံကြိုက်ရတာမျိုးတွေ .....ပိုမိုကြုံတွေ့ရတတ်ချိန်ပါ။


စီးပွားရေးရာ........

စီးပွားရေးရာ အပိုင်းမှာလည်း ဒီကောဇာနှစ်ဟာ ပြသနာနဲ့ အခက်အခဲအချို့ ကို ဖြစ်ပေါ်လာစေတတ်သော ကာလဖြစ်ပါတယ်။ မည်သည့်အကျိုးစီးပွားမျိုးကိုရှာဖွေနေသူမျိုးမဆို အခက်အခဲ အနဲအကျဉ်းမှ အမြောက်အများ ..မည်သူမဆို ...ကြုံကြိုက်ရတတ်သောကာလဖြစ်တာမို့ ယခင်ကထက် ဇွဲလုံလ ၀ီရိယကို တိုးမြင့်ထားနိုင်မှ တော်ရုံကာကျမယ့်ကာလမျိုးပါ။ ဆန့်ကျင်ဘက်လုပ်လာမယ့်အနေအထားတွေ ..အတားအဆီး
တွေများပြားတတ်ချိန်မို့ ....ပါးပါးနပ်နပ် နဲ့ ဆင်ဆင်ခြင်ခြင် လုပ်ကိုင်နိုင်ဖို့လည်းလိုပါမယ်။ အဓိကအားဖြင့်တော့
ဒီတစ်နှစ်စီးပွားရေးရာမှာ .....သတိ ..... ကိုလက်မလွှတ်ကြဖို့ပါပဲ။
စီးပွားရေးရာတွေမှာ ....ခုသာခံသာ အရာရာအဆိုးညံ့သက်သာစေဖို့အတွက် ....ဗုဒ္ဓဟူးထောင့်နဲ့ရာဟုထောင့်..
တွေမှာ အမှိုက်သရိုက်ရှင်းလင်း တံမြက်လှည်းစသည်ဖြင့် ဝေရာဝစ္စကုသိုလ်မျိုး ပြုပေးပါ။ လမ်းသွားရင်းလာရင်း
တွေ့သမျှသော ခလုတ်ကန်သင်း ဆူးညောင့် စသည်တို့ကို တတ်နိုင်သမျှ ဖယ်ရှားသော ကုသိုလ်မျိုးယူပါ။


မေတ္တာရေးရာ ....

မေတ္တာရေးရာ....ကဏ္ဍမှာတော့ သည်တစ်နှစ်မှာ .....ထက်မြက်ပြီးအရည်အသွေးရှိတဲ့ ချစ်သူမျိုး
ရနိုင်သောကာလဖြစ်ပါတယ်။ မိမိတို့သတ်မှတ်ထားတဲ့စံအရည်အသွေးမျိုးနဲ့ ကိုက်ညီနေတဲ့ ချစ်သူမျိုးနဲ့ ဆုံဆည်း
ရတတ်ချိန်လို့ဆိုကြပါစို့။ အများအားဖြင့်တော့ စစ်ဘက် ဆေးဘက် စက်မှုနယ်ပယ်ဘက်က ချစ်သူမျိုး ၊ ထက်မြက်သလို ...ဦးဆောင်ဦးရွက်ပြုနိုင်စွမ်းရှိတဲ့ချစ်သူမျိုး ..၊ စိတ်ဆတ်ပြီးရန်လိုတဲ့ချစ်သူမျိုးနဲ့ ဆုံရတတ်သော
ကာလဖြစ်ပါတယ်။ အိမ်ထောင်သည်များအဖို့ မိမိတို့အိမ်ထောင်ဖက် က ပိုမိုစိတ်ဆတ်ပြီး စိတ်တိုလွယ်လာတတ်
တာမို့ အရိပ်အချည်နဲနဲအကဲခတ်ပြီး အဆင်ပြေအောင် ညှိနှိုင်းဖို့လိုကောင်းလိုပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မေတ္တာ
ရေးရာအခြေအနေမဆိုးလှတဲ့နှစ်ပါ။

မေတ္တာရေးရာ ပိုမိုအားကောင်းစေလိုပါက .......အင်္ဂါထောင့်မှာ အစိမ်းရောင် ၀တ်ပြီး မေတ္တာသုတ်ရွတ်ဖတ်ခြင်း၊
မေတ္တာပို့ခြင်းတို့ကို ပြုလုပ်အပ်သောကာလဖြစ်ပါကြောင်း။

ကျန်းမာရေးရာ

ရောက်ဆဲကောဇာခုနှစ်ကတော့ .......ကျန်းမာရေးရာတွေမှာ အနှုတ်လက္ခဏာပြတဲ့ နှစ်မျိုးဖြစ်ပါလိမ့်မယ်။ နဂိုက
ကျန်းမာကြံ့ခိုင်သူတွေတောင် ဒီနှစ်မျိုးမှာ ကိုယ်ခံအား အနဲငယ်လျော့ပါးနေတတ်ပါတယ်။ ဖျားလွယ်နာလွယ်ပြီး၊
ရောဂါဘယ ထူပြောလွယ်တဲ့ကာလမို့ ကျန်းမာရေးဂရုစိုက်ကြပါလို့ပဲ တိုက်တွန်းလိုက်ရပါတယ်။ အထူးသဖြင့်
နာမည်အဖျားစာလုံးကို သောကြာနံ သ၊ဟ နဲ့ ပဲ ပိတ်ပြီးမှည့်ထားသော သန်းသန်း၊ သိန်းမြင့်ဟန်၊ ထွန်းသိန်း၊
နှင်းနှင်းသော် ၊ စသည်ဖြင့်သော သောကြာသားသမီးများအဖို့ ကျန်းမာရေးကို ပိုမိုဂရုစိုက်ကြဖို့လိုပါမယ်။

ကျန်းမာရေးရာ တိုးတက်ကောင်းမွန်စေရန်အတွက် .....ရေသတ္တ၀ါလေးတွေကို အစာကျွေးတာ။ ဘေးမဲ့လွှတ်ပေး
တာမျိုးလေးတွေ လုပ်ပေးသင့်သောကာလဖြစ်ပါတယ်။

နေရေးထိုင်ရေး..............

နေရေးထိုင်ရေး မှာတော့ ဒီယခုရောက်ဆဲခုနှစ်မှာ အခြေအနေတိုးတက်ကောင်းမွန်မှုတွေ ရရှိလာနိုင်သော
အနေအထားများရှိလာပါတယ်။ ကာယကံရှင်တွေကိုယ်တိုင်လည်း ဒီနှစ်မျိုးမှာ နေရာထိုင်ခင်း၊ နေရေးထိုင်ရေး၊
နေရာဌာနဆိုင်ရာ ရည်မှန်းချက်မျိုး ..တောင့်တလိုလားချက်မျိုးလေးတွေပိုမိုဖြစ်တည်လာတတ်ပြီး ....အများစု
အဖို့ ကြိုးစားအားထုတ်သလောက်အဆင်ပြေမှုလေးတွေလည်း ကြုံတွေ့ကြရပါလိမ့်မယ်။ တစ်ခုတော့ရှိပါတယ်။
နာမည်အဖျားစာလုံးကို တနင်္လာနံ ဖြစ်သော....က၊ခ၊ဂ၊ဃ၊င နဲ့မှည့်ခေါ်ထားသူများအဖို့တော့ ...နေရေးထိုင်ရေးနဲ့
နေရာထိုင်ခင်း ဆိုင်ရာကိစ္စတွေမှာ အခက်အခဲ အနဲနဲ့အများပေါ်ပေါက်လာတတ်ပါတယ်။

နေရေးထိုင်ရေး အဆင်ပြေချောမွေ့စေရန်အတွက် တနင်္ဂနွေထောင့်မှာ ကြာသာပတေးနံ အပွင့်အခက် တစ်မျိုးမျိုးကို အရေအတွက်ဖြင့် ၁၉ညွန့် တိတိ ကပ်လှုပူဇော်ပေးသင့်ပြီး..ဖြစ်နိုင်ရင်တော့ တနင်္ဂနွေနေ့မှာ ..
သံဃာငါးပါးကိုး ဆွမ်းပင့်ဖိတ်ပြီးဆွမ်းကပ်လှုပြီးတဲ့နောက်...အခင်းအကာတစ်မျိုးမျိုးကိုပါတွဲပြီးလှုဒါန်းသင့်ချိန်ပါ။

ထီကံစမ်းလိုသူများအတွက် ...

ထီကံမဆိုးလှတဲ့ကာလပါ။ အထူးသဖြင့် နာမည်အဖျားစာလုံးကို ပ၊ဖ၊ဗ၊ဘ၊မ နဲ့မှည့်ခေါ်ထားသူများပိုမိုထီကံပွင့်
ချိန်လို့ဆိုနိုင်ပြီး၊ ၄၅၇၀ ဂဏန်းများနဲ့ထီကံစမ်းပါ။ လမ်းသွားရင်းလာရင်းထိုးတာ။ လမ်းမှာလှည့်ပတ်ပြီးသွားလာ
လှုပ်ရှားပြီးရောင်းချတဲ့ထီဆိုင်လေးတွေကနေကံစမ်းတာမျိုးပြုလုပ်ပါ။


အနှစ်ချုပ်သုံးသပ်ချက် ။ ။ အကြီးအကဲအဖြစ် အသိမှတ်ပြုခံရတာ၊ လူသိများပြီး ပိုမိုအပေါင်းအသင်းဆန့်
လာတာမျိုး ကြုံရမယ့်ကာလဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ စီးပွားရေးရာမှာ အားနည်းချက်များရှိလာတတ်သောကာ
လမို့ ဂရုစိုက်ဖြတ်သန်းဖို့တော့လိုပါမယ်။


အားလုံးချမ်းမြေ့ကြပါစေ။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

ကျွန်တော် နှင့် ဗေဒင်လောက

Sunday, June 13, 2010




ကျွန်တော်နှင့်ဗေဒင်လောက




ဒီလောကထဲကို တစ်နေ့ရောက်လာမယ်လို့ ကိုယ်ကိုယ်ကိုတော့ လုံးဝကို မမျှော်လင့်ခဲ့မိတာအမှန်ပါ။ အကြောင်း
ရှိတော့လည်း အကျိုးဖြစ်လာတာလို့ဆိုရပါမယ်။ ငယ်ငယ်က အမေ့ကို ခဏခဏ ဗေဒင်ဟော ယတြာ အဆောင်
တွေပေး......ငွေနင်းကန်တောင်းတတ်တဲ့ ဗေဒင်ဆရာတစ်ယောက်ကို အမြင်ကပ်မိရာက ဒီဇာတ်လမ်းက စတယ်
လို့ပြောလို့ရမယ်ထင်ပါရဲ့ ။ ငါတတ်ရင်တော့ အမေ ပိုက်ဆံမကုန်လောက်တော့ဘူး ဆိုတဲ့ကလေးအတွေးလေး
စ၀င်ရာက ဘုရားပွဲ ဈေးတန်းတွေမှာ ဗေဒင်စာအုပ်ကလေးတွေ စ၀ယ်ဖတ်ဖြစ်၊ လေ့လာဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့
ပိုးဝင်ရာက ...ကျွန်တော်ဗေဒင် အကြောင်းအရာတွေနဲ့ အသက် ဆယ့်နှစ်နှစ်သားလောက်ကစပြီး လုံးထွေးလာ
ခဲ့ပါတယ်။ သူငယ်ချင်းတွေကို အိမ်ခေါ် ..မုန့်ကျွေး ...ဗေဒင်ဟောပေးတတ်တာ ကျွန်တော်ပါ။ လွဲလိုက်ရင် ချွေး
တွေပြန် ရှက်ပြီးမွှန်တတ်ခဲ့တာ ကျွန်တော်ပါ။ မှန်တဲ့အခါ ငါသိပ်တတ်လို့မဟုတ်ပါဘူးကွာ ပညာတွေက တစ်ကယ်ကောင်းတယ်ကွ ဆိုပြီး ....အားရပြုံးပြတတ်ခဲ့တာ ကျွန်တော်ပါ။

ဗေဒင်ပိုးနဲ့အတူ တစ်ပြိုင်တည်း တွဲစပ်ပါဝင်လာတဲ့ပိုးကတော့ ကဗျာရေး စာရေးချင်တဲ့ပိုးတစ်မျိုးပါပဲ။ ကဗျာစာ
အုပ်တွေထုတ်၊ အတင်းလိုက်ရောင်း ၊ ရောင်းမရရင် လက်ဆောင်အတင်းလိုက်ပေးတတ်တာ ကျွန်တော်ပါ။
အသည်းကလေးတစ်ခါလောက်ကွဲဖူးလိုက်တော့ ကဗျာက အရောင်တွေ ပါပြောင်းလာပါတယ်။ အသည်းကွဲ
ရောင်ကဗျာတွေနဲ့ ...အရွယ်မတိုင်မီ ဆိုးမိုက်ခဲ့ဖူးတာလည်း ကျွန်တော်ပါပဲ။ ဗေဒင်နဲ့စပ်လျဉ်းပြီးပြောရရင်တော့
မှတ်မှတ်ရရ ဗုဒ္ဓဟူးထူလ ရာဟုအန္တရတွေမှာဆိုပါတော့။ ရာဟုက လူငယ်တွေကို တေတေပေပေ လေလေလွင့်
လွင့်နေတတ်သွားအောင် သင်ပေးတဲ့နေရာမှာတော့ တစ်ကယ့်ကို ဆရာကြီးပါပဲ။ တစ်ကယ်တော့ ကလေးတွေ
မပြောနဲ့ လူကြီးတွေကိုတောင် ရာဟုက စိတ်လေလွင့်မှု အတိုင်းအတာတစ်ခုထိ ပေးနိုင်တာအမှန်ပါ။

ဒီနောက်ပိုင်းမှာတော့ ဗေဒင်နဲ့ပတ်သက်ပြီး တစ်နှစ်နှစ်နှစ်လောက်ငုပ်လျှိုးသွားပါတယ်။ စာသမားပေသမား
ယောင်ယောင်ပိုပြီးဖြစ်လာသလို ပထမဆုံးရေးဖူးတဲ့ဝတ္ထုတိုတစ်ပုဒ်ဆုရဖူးရာကနေ ..လုံးလုံးလျားလျားနီးပါးကို
စာပေသမားဂိုက်ဖမ်းလာပြန်ပါတယ်။ အဲဒီ့ကာလတွေမှာ ဗေဒင်ပိုးဟာ ငုပ်လျိုးနေခဲ့တာပါပဲ။

နက္ခတ်ဗေဒင်အရ တူလဂ် မကာရစန်းဖြစ်ပြီး ဆယ်တန့်မှာ စနေသောကြာပူးနေတဲ့ကျွန်တော့်ဘ၀ဟာ...တည်
ငြိမ်မှုအားနည်းပြီး အပြောင်းအလည်းများပြားကြမ်းတမ်းတာနဲ့အညီ ...စာပေသမားအဖြစ်မရပ်တည်ရတော့ဘဲ
အသက်နှစ်ဆယ် ကျော်မှာ ဗေဒင်လိုင်းဘက်ကို ပိုမို အာရုံစိုက်လေ့လာဖြစ်ခဲ့ပြန်ပါတယ်။ ဗေဒင်ပညာဟာ ...
တစ်ကယ်တော့ အမှန်ကို နက်ရှိုင်းပြီးရှုပ်ထွေးလှပါတယ်။ ဆရာတစ်ဆူအယူတစ်မျိုး ကျမ်းတစ်ဖုံ နည်းတစ်သွယ်
မို့ လိုက်စားရသူများအဖို့လည်း အခက်အခဲတော်တော်များများကြုံကြရပါတယ်။ အထူးသဖြင့် မြန်မာလက်ဆန်း
ဗေဒင်လောကဟာ ...မူဝါဒအမျိုးမျိုးကွဲပြားနေတာကိုတွေ့ရပါတယ်။ အဲဒီ့လိုပဲ မဟာဘုတ် ပညာကို လေ့လာမယ်
ဆိုရင်လည်း ထဲထဲဝင်ဝင်ရှင်းပြထားတဲ့ ကျမ်းမျိုးကိုတွေ့ရခဲလှပါတယ်။ တွေ့တဲ့ကျမ်းအချို့ ကျတော့လည်း ဘ၀င်မကျဖြစ်ရပြန်ပါတယ်။ ဒီလိုနဲ့

.......

အသက်အစိတ်ဝန်းကျင်မှာ ဆရာဦးမောင်မောင်သန်း(ရင်ကိုအေးမြစေသား) ရဲ့ ဆောင်းပါးတွေနဲ့ စတင်ရင်းနှီး
ထိတွေ့ခဲ့မိပါတယ်။ ဆရာရဲ့ တွေးပုံတွေးနည်း နဲ့ အယူအဆအချို့ ဟာ မှော်ရုံတောမှာ မောပြီးချာချာလည်နေတဲ့
ကျွန်တော့်အတွက် အထောက်အကူကြီးစွာဖြစ်စေခဲ့ပါတယ်။ ဆရာက အင်္ဂ၀ိဇ္ဇာပညာကို အဓိကထားပြီးဖော်ပြ
ရေးသားသွားပေမယ့် ကျွန်တော်လေ့လာလိုက်စားနေတဲ့မဟာဘုတ်ပညာဘက်မှာပါ အတွေးအမြင်တွေပိုမို
ပြတ်သားကြည်လင်စေခဲ့တာလည်းအမှန်ပါ။ စကားမစပ်ဒီနေရာမှာ အခြားပညာတွေနဲ့ပတ်သက်ပြီးလည်းပြောပြ
ချင်တာတစ်ခုရှိပါတယ်။ ဘယ်ပညာမဆို သူ့နေရာနဲ့သူအသုံးဝင်တယ်ဆိုတာပါ။ ဘယ်ပညာကပိုကောင်းတယ်
လို့ ပြောလို့မရပါဘူး။ သုံးစွဲတဲ့နေရာပေါ်မှာအဓိကမူတည်ပြီး အတွက် နဲ့ အတွေး အားသန်ရာကိုလေ့လာသင့်ပါ
တယ်။ ဥပမာအားဖြင့် ကျွန်တော်ဆို အတွက်ပိုင်းအားနည်းပါတယ်။ ဒါကြောင့် နက္ခတ်ဗေဒင်လိုင်းလို အတွက်ပိုင်း
ဂဏိတပိုင်းဆိုင်ရာမှာ အနဲငယ်များပြားရှုပ်ထွေးတဲ့ပညာရပ်တွေကို မလိုက်စားနိုင်ပါ။ သို့သော် နက္ခတ်နဲ့ပတ်သက်ပြီး ဖတ်ပါတယ်။ မှတ်ပါတယ်။ တွေးပါတယ်။ ယူဆချက် တွေ ကောက်ချက်ချတာတွေ၊ လက်
တွေ့ဇာတာတွေကိုလည်း လေ့လာပါတယ်။ ဖဲဗေဒင် ၊ တဲရော့ ၊ ဖုန်းရွှေ လက္ခဏာ စသည်တို့ကိုလည်း ထိုနည်း
လည်းကောင်းပါပဲ ။ အနဲငယ်စီမျှ လေ့လာမှတ်သားခဲ့ပါတယ်။ သို့ပေမင့် ကျွန်တော်အကြိုက်ဆုံးကတော့
မြန်မာ့ရိုးရာမဟာဘုတ်ဗေဒင်ပညာ နဲ့ နာမည်ကို လေ့လာအကဲခတ်ရတဲ့ပညာပါပဲ။ အထူးသဖြင့် နာမည်တွေ
နဲ့ပတ်သက်ပြီး အချိန်ပေးအားစိုက်လေ့လာနေခဲ့မိပါတယ်။ အားရဖို့ကောင်းတာတစ်ချက်ကတော့ ကျွန်တော်တို့
နိုင်ငံမှာ ရှင်သန်နေဆဲ ဖွံ့ဖြိုးအားကောင်းနေဆဲဖြစ်တဲ့ နာမက္ခရပညာဟာ နာမည်ဟောနည်းမှန်သမျှထဲမှာ ...
အားရစရာအကောင်းဆုံးအနေအထားရှိနေတာပါပဲ။

ဗေဒင်လောကဆိုပေမယ့် အွန်လိုင်းဗေဒင်လောကဆိုရင်ပိုမှန်မယ်ထင်ပါတယ်။ ဒီလောကမှာတော့ မိတ်ဆွေ
တွေအများအပြားကျွန်တော်ရရှိခဲ့ပါတယ်။ မိတ်ဆွေစုံသလို လိုင်းစုံ ပညာစုံကြပါတယ်။ တစ်ယောက်တစ်မျိုး ..၊
နှစ်ယောက်နှစ်မျိုး ဆိုပါစို့။ တဲရော့သမားတွေပါသလို နက္ခတ်သမားတွေလည်း ပါကြပါတယ်။ ဆန်းဗေဒင်သမား
ပါသလို ...အင်္ဂ၀ိဇ္ဇာထူးချွန်သူဆရာများလည်း ပါဝင်ပါတယ်။ အားလုံးကတော့ ညီအစ်ကို မောင်နှမတွေလိုပါပဲ။
အများစုကတော့ ကျွန်တော့်ဒုက္ခကိုတော်တော်ခံကြပြီး ... မဟာဘုတ်ကလွဲပြီး ဘာမှ နားမလည်တဲ့ကျွန်တော့်ကို
အကူညီများစွာလည်းပေးကြသူတွေပါ။ ဒီလိုခင်မင်ရတဲ့ ချစ်ခင်ပေါင်းသင်းရတဲ့အွန်လိုင်းဗေဒင်လောကညီအစ်ကို
မောင်နှမများကို ခုတစ်လောမှာ အချင်းချင်းတွေ မသင့်မတင့်ဖြစ်တာမြင်ရတဲ့အတွက်တော့ အင်မတန်စိတ်မ
ကောင်းဖြစ်မိပါတယ်။ ဒီဆောင်းပါးလေးကနေပဲ အားလုံးကို မေတ္တာရပ်ခံချင်တာကတော့ ....ပုဂ္ဂိုလ်စွဲ ၊ ပညာစွဲ
တွေနဲ့ ...အချင်းချင်း မာနမပြိုင်ကြပဲ ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးနဲ့ အွန်လိုင်းဗေဒင်လောက စာပေခရီးကို
ရှေ့ဆက်သွားကြပါလို့ပဲ................................................။

ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)

ရာဟုသားသမီးများအတွက်ကံဇာတာ ...(၁၃၇၂ခုနှစ်)

Tuesday, May 18, 2010



ရာဟုသားသမီးများအတွက်ကံဇာတာ ...(၁၃၇၂ခုနှစ်)




ကောဇာမြန်မာခုနှစ် ၁၃၆၂ခုနှစ်မှာ ရာဟုသားသမီးများ အတွက်....ကံဇာတာအကျိုးပေးအချို့ ကိုတင်ပြရေးသား
ပေးလိုက်ပါကြောင်း။


ကောဇာခုနှစ်နှင့် နေ့နံ

ဒီကောဇာခုနှစ်မျိုးမှာ ရာဟုသားသမီးများအဖို့ ခေါင်းဆောင်၊ ဦးဆောင်ဦးရွက်ပြုခွင့်တွေရရှိချိန်မျိုးဖြစ်ပါတယ်။အ
ချို့ သော ရာဟုသားသမီးများအဖို့ မိမိတို့ဆန္ဒအလျောက် နှစ်များစွာ ရည်ရွယ်ကြိုးစားနေသော အကြီးအကဲဖြစ်
ခွင့် ၊ ဦးဆောင် ခေါင်းဆောင်ဖြစ်ခွင့်မျိုးတွေကို ဒီလိုနှစ်မျိုးကြုံချိန်မှာ ပိုမိုလွယ်ကူစွာကြိုးစားရရှိနိုင်ကြောင်း သတိ
ပြုအပ်ပါတယ်။ လေသင့်ချိန်မှာ ရွက်လွှင့်မိရင် ခရီးပိုတွင် တတ်သလိုမှတ်ရပါမယ်။


စီးပွားရေးရာ

စီးပွားရေးရာအခြေအနေမှာ ဒီနှစ်အဖို့ ရာဟုသားသမီးများအနေနဲ့ ...အနာဂတ်ရည်မှန်းချက်များကို ပိုမိုအကောင်အထည်ဖော်နိုင်ကြမယ့်နှစ်ပါ။ ယခင်က မအောင်မြင်ခဲ့သော အချို့သော အလုပ်များကိုပင် ပြန်လည်လုပ်ဆောင်ခွင့် အကောင်အထည်ဖော်ခွင့်ရရှိလာတတ်သော ကောဇာခုနှစ်မျိုးလည်းဖြစ်ပါတယ်။
မိမိတို့ကိုယ်တိုင်ကလည်း ယခင်အကြောင်းအရာများကို ပြန်လည်စိတ်ညွတ်လာမိစေတတ်သော ခုနှစ်မျိုးဖြစ်နေ
ပါတယ်။ အသက်မွေးမှုစီးပွားရေးရာများနဲ့ တွဲယှဉ်ပြီး တစ်ဖက်ကကြုံလာရတတ်တဲ့အခက်အခဲတစ်မျိုးကတော့
မလိုလားအပ်တဲ့ အမျိုးသမီးများနဲ့ ဆိုင်သော ပြသနာအနဲငယ်ပါပဲ။ စီးပွားရေးရာကိစ္စအ၀၀မှာ အမျိုးသမီးတွေကို
အနဲငယ်ဂရုပြုဆက်ဆံရမယ့်ခုနှစ်မျိုးလို့ဆိုနိုင်ပါတယ်။

စီးပွားရေးရာ ပိုမိုအားကောင်းစေလိုသူများအဖို့ ....ဆီမီး၊ အလင်းတိုင်၊ လျှပ်စစ်မီး ပူဇော်ခြင်းများ မကြာမကြာပြု
လုပ်ပေးသင့်သောကာလဖြစ်ပြီး.....လုပ်ငန်းခွင် ၊ အလုပ်ခန်း၊ အလုပ်စားပွဲ စသည်တို့တွင် နေတံဆိပ်တစ်ခုခုကို
ကပ်ထားသင့်သောကာလလည်းဖြစ်ပါကြောင်း။

မေတ္တာရေးရာ

မေတ္တာရေးရာ အနေအထားမှာ ထူးခြားမှုရှိတတ်သောကာလဖြစ်ပါတယ်။ ရည်ရွယ်တာက မိဖုရား ညားတာက
ဘုရင်မဆိုသလို....ခုတ်ရာတစ်ခြား ရှရာတစ်လွဲ ဖြစ်တတ်တဲ့ကာလမျိုးပါ။ အကျိုးပေးတော့သန်ပါရဲ့ ကိုယ်မထင်
တဲ့အနေအထား ရှုထောင့်မှာ ဖြစ်နေတတ်ပါတယ်။ ချစ်သူရှိရဲ့ သားနဲ့ကို ချစ်သူသစ်ပိုမိုရလွယ်သောကာလမျိုး
လည်းဖြစ်ပါတယ်။ အိမ်ထောင်ရှိသူ ကိုကိုများအဖို့တော့ ဂရိုက်စု...ဂရိုက်စု...ဂရုစိုက် ..ဂရုစိုက် ဆိုတဲ့ကာလပါပဲ။
ယုန်ကမလှုပ်တောင် ခြုံ ကလှုပ်ပြီး ငြိမိတတ်သောကာလဆိုပါတော့။

မေတ္တာရေးရာ ပိုမိုအားကောင်းစေချင်တယ်ဆိုရင်တော့....သောကြာထောင့်မှာ ရေကုသိုလ်ပြုပြီး ဆုတောင်းနိုင်
ပါကြောင်း။

ကျန်းမာရေးရာ

ကျန်းမာရေး အနေအထားမှာ ရာဟုသားသမီးများရဲ့ အာယုဂြိုဟ်အနေအထား ကောင်းမွန်သောနှစ်မို့ အများစု
သောရာဟုသားသမီးများအဖို့ ကျန်းမာရေးတိုးတက်ကောင်းမွန်လာပါလိမ့်မယ်။ ရောဂါဝေဒနာရှင် ရာဟုသား
သမီးများအဖို့လည်း သမားကောင်းနဲ့ တွေ့ဆုံရတတ်သောကာလဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့ တနင်္ဂနွေနံ နာ
မည်အဖျားစာလုံးမှည့်ခေါ်ထားသော ရာဟုသားသမီးများအဖို့တော့ ကျန်းမာရေး အနဲငယ် ဖောက်ပြန်တတ်သော
ကာလဖြစ်ပါလိမ့်မယ်။

ကျန်းမာရေးတိုးတက်ကောင်းမွန်စေလိုပါက......... ကြာသာပတေးထောင့်မှာ သောကြာနံ ဖြစ်သော သီး၊ သရက်
စသည်တို့ကို အရေအတွက်အားဖြင့် ၂၁ညွန့် တိတိ ကပ်လှုပူဇော်ပေးခြင်း၊ ကြာသာပတေးနေ့နံနက်စောစောမှာ
သစ်သီးဆွမ်းကပ်လှုခြင်းများပြုလုပ်အပ်သောကာလဖြစ်ပါကြောင်း။


နေရေးထိုင်ရေး

တော်တော်ကို ဂဏှာမငြိမ်ဖြစ်ရပြီး ၊ နေရေးထိုင်ရေး ဆိုင်ရာများမှာ ..အပြောင်းအလည်းအပြောင်းအရွှေ့များပြား
တတ်သော ခုနှစ်မျိုးဖြစ်ပါတယ်။ အိမ်နေရာ၊ လုပ်ငန်းနေရာ၊ ဘယ်နေရာမျိုးမဆို မတည်ငြိမ်တတ်သောကာလ
လည်းဖြစ်ပါတယ်။ ယုတ်စွအဆုံး ...လူတောင် ဂဏှာငြိမ်ငြိမ် ဖင်ပူပူမထိုင်ရ မနေရတတ်တဲ့ ခုနှစ်မျိုးပါ။ အရေး
ကြီးတာက.......ဒီလိုအချိန်မျိုးမှာ လုပ်ငန်း၊ အိုးအိမ် စသည်တို့ကို စတင်အခြေချခြင်းမပြုအပ်ပါ။ မူလနေရာမှ
ပြောင်းရွှေ့ခြင်း၊ ပြောင်းလည်းခြင်း၊ မူလနေရာကိုပြုပြင်မွန်းမံခြင်း စသည်ဖြင့်တို့သာ ပြုလုပ်အပ်ပါတယ်။ ရွေ့လျောနေတတ်သောကာလမှာ အခြေစတင်ချမိရင် မတည်မြဲဘဲရွေ့လျော သွားတတ်ပါတယ်။ အချို့သော
ရာဟုသားသမီးများအဖို့လည်း ...တစ်ပိုင်းတစ်စဖြစ်နေသောကိစ္စ၀ိစ္စအချို့ကို ဆက်လက်လုပ်ဆောင်ရင်း အခက်
အခဲဖြစ်ခြင်း၊ တို့လို့တန်းလန်းကြုံနေရခြင်းများ ကြုံကြိုက်ရဖို့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် နေရေးထိုင်ရေးနဲ့ ဌာနပိုင်း
ဆိုင်ရာကိစ္စတွေ အညံ့ အမှန်တစ်ကယ်ရှိနေတဲ့ကာလဖြစ်ပါတယ်။

နေရေးထိုင်ရေးကံ ...တိုးတက်ကောင်းမွန်စေရန်အတွက် ...လမ်းသွားရင်း ခလုတ်ကန်သင်း ဆူးညောင့် စသည်
တို့ကို မကြာခဏဖယ်ရှားပေးပါ။ အမြင်မတော်တာတွေ့ရင် ....တွေ့တိုင်းတွေ့တိုင်း လမ်းကိုရှင်းလင်းကုသိုလ်ပြုပါ။ နေရာထိုင်ခင်းမပြောင်းရွှေ့လိုသူများ ....စတိသဘော...မိမိတို့အိုးအိမ်၊ သို့မဟုတ်
အိပ်ခန်း သို့မဟုတ် အလုပ်ခန်း ရဲ့ အနေအထား အထားအသိုလေးတွေကို တတ်နိုင်သလောက်ပြောင်းလည်း
ပြုပြင်မွန်းမံလိုက်ပါ။
သတိပြုရမှာက အနက်ရောင်ဟာ နေရာထိုင်ခင်းကိစ္စအ၀၀ကို ဖီလာဆန့်ကျင်မှုပြုတတ်တာမို့ သတိပြုပါ။


ထီကံစမ်းလိုသူများအတွက်

ထီကံကတော့ ....သင့်အဆင့်မျှသာရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ထီဝါသနာရှင်များအဖို့ အိမ်ကအထွက်ကို ပြန်ဝင်..
ပြန်ထွက်လုပ်ပြီးမှ ထီကံသွားရောက်စမ်းသပ်ပါ။ ၅ဂဏန်း ၆ဂဏန်း များများပါအောင်ကံစမ်းပါ။ လိုအပ်ရင် ၁
ဂဏန်းနဲ့တွဲစပ်ပြီးလည်း ထိုးနိုင်ပါတယ်။ သောကြာနေ့ကတော့ အားအကောင်းဆုံးနေ့ပါပဲခင်ဗျာ။

အနှစ်ချုပ်သုံးသပ်ချက်။ အထူးမှာလိုတာကတော့ .......ဒီနှစ်မှာရာဟုသားသမီးများ ဆေးသောက်တာဆေးထိုးတာ ..အလွန်အကျွံမလုပ်မိကြဖို့မှာရပါမယ်။ ဆေးအစာ စားသုံးတာကို အနဲငယ်သတိ
ထားကြပါ။ အရှေ့တောင်အရပ်ကို ညဉ့်အိပ်ညဉ့်နေ နေ၀င်ရောရီ သွားလာနေထိုင်ခြင်းပြုရာမှာလည်း အထူး
သတိပြုကြဖို့လိုပါတယ်။ ဗုဒ္ဓဘာသာဝင်များအဖို့တော့ ဖြစ်နိုင်သမျှ ...နေ့စဉ် ခန္ဓသုတ်တော်ကြီးကို ရွတ်ဖတ်ပူဇော် ပေးသင့်သောကာလ ဖြစ်ပါကြောင်း။

ကျွန်တော်ပြောချင်သောဗေဒင်အကြောင်း .....စာစု(၁)

Sunday, May 16, 2010




ကျွန်တော်ပြောချင်သော ဗေဒင်အကြောင်း....စာစု(၁)




(၁) ဗေဒင်မေးခြင်း နှင့် ဖြေခြင်း


ဗေဒင်မေးခြင်း ဆိုတာလူတစ်ယောက်အတွက်လိုအပ်ပါသလား။ လိုအပ်ပါတယ်။ ဒီလိုပါပဲ.....မလိုပါ။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတစ်လေ လိုအပ်ပြီး တစ်ခါတစ်လေ မလိုအပ်လို့ခံစားမိပါတယ်။ ရိုးသားစွာဝန်ခံရရင်တော့ ..သံသရာမှလွတ်မြောက်ရာအကြောင်းအရင်းမှန်မဟုတ်တဲ့ အပရိကပညာရပ် တွေ သာဖြစ်ပါတယ်။ သို့စဉ်တိုင်အောင် ဒီအပရိကပညာရပ်ကိုပဲ ကျွန်တော်ချစ်မြတ်နိုးနေမိပါတယ်။ ဒီအပရိကပညာရပ်ဟာ သံသရာမှ မလွတ်မြောက်သေးမီစပ်ကြားမှာတော့ ၊ တနည်းအားဖြင့် ကျင်လည်နေသေး
သမျှကာလမှာတော့ လိုအပ်နေဦးမှာပါပဲ။ ဟောလို့လည်းရနေဦးမှာပါပဲ။

ဖြစ်ကြောင်းတိုလို့ မရှိတော့ဘူးဆိုတဲ့အချိန်မြတ်ကိုရောက်ရှိရင်ဖြင့် ..ကံပြတ်ပြီမို့ ကံဖတ်စရာလည်းမလိုတော့ပါ။ ဖတ်လို့လည်းမရတော့ပါ။ အားလုံးကုန်ဆုံးချုပ်ငြိမ်း..ဇာတ်သိမ်းလိုက်ပြီကိုး။ ခုတော့ဖြင့်. ဒုက္ခနဲ့ပျော်နေသေး တော့ ဒုက္ခအကြောင်းကိုလည်းသိဖို့လိုလာသလို ...ကျောဘက်ကနာတော့ ရင်ဘက်ကလှည့်ခံ၊ ရင်ဘက်ကနာတော့ ကျောဘက်ကစောင်းခံနဲ့....ဒုက္ခကို တစ်ရစပ်ခံဖို့ နည်းအမျိုးမျိုးကြံနေရသေးတာပါပဲ။ သက်သာရာသက်သာကြောင်းရယ်လို့ ...ဆိုပါစို့ရဲ့ဗျာ။

ဗေဒင်မေးခြင်းကို ဖြေတဲ့အခါမှာ အကုသိုလ်မဖြစ်အောင် အတော့အတော်လေးကိုမှ ဂရုစိုက်ရပါတယ်။
ဆရာ..သူနဲ့ကျွန်မ အဆင်ပြေနိုင်ပါ့မလား။ သူက သစ္စာရှိပါ့မလား။ ကဲ.......မေးလာပါပြီတဲ့။ ဖြေချလိုက်တယ်။
ဟာကောင်းတယ် သင့်တယ်။ လက်တွေ့မှာ ရလည်းရရော မယားငယ်ပွစိတက်အောင်ယူပါလေရော။ ငိုချင်းချရ
ပြီ မေးတဲ့သူမှာ။ လာခဲ့အကုသိုလ်။

ဟာမကောင်းဘူး မသင့်ဘူး ။ ဝေးဝေးရှောင်။ ဖြေလိုက်ပါပြီထား။ ကောင်လေးခမြာ... ကောင်မလေးဖြတ်တာခံရ
လို့ ဖြတ်ဖြတ်လူး။ အရက်မူး။ စာမေးပွဲကျ။ ရန်ဖြစ်။ အိမ်နဲ့အဆင်မပြေ ဒုက္ခပွေ။ လာခဲ့အကုသိုလ်။

ကျွန်တော်တို့တစ်တွေ ဗေဒင်ဆရာတွေပြောပါတယ်။ နေတတ်မှနောာာာာာာာာာာာာ။ မနေတတ်ရင် အကုသိုလ်
တယ်များးးးးးးးးဗျာ။ ဆိုတော့ ....မှန်အောင်တွက်တတ်ရသလို ဟောတတ်ပြောတတ်အောင်လည်းကြိုးစားကြရပါ
တယ်။

တစ်ကယ်တော့ စောစောသေမယ့်ကောင်လေးနဲ့ စောစောမုဆိုးမဖြစ်မယ့်ကောင်မလေး ဆုံဆည်းကြ..
မိတာပါ။ သူကြွယ်ဇာတာပါတဲ့ကောင်လေး နဲ့ မင်းကတော်စိုးကတော်ယုဂ်လက္ခဏာ ပါတဲ့ကောင်မလေးဆုံဆည်း
မိကြတာပါ။ ဘာမှရယ်တော့မဟုတ်လှပါဘူး။ ဒီအတိတ်ကံအကြောင်းအကျိုးတွေကို ထောက်ဆပြီး ....၊ ပစ္စုပ္ပန်ကံ
တရားဖြစ်တဲ့ ကောင်းမှုကုသိုလ်ကံတို့နဲ့ ...ခုသင့်တာကိုခု၊ ကာသင့်တာကိုကာ၊ သွယ်သင့်သည်ကိုသွယ်၊ စီးသင့်
သည်ကိုစီးဆင်းခိုင်းရတာကတော့ ယတြာပိုင်းဆိုပါတော့။ ဒါတွေကလည်း ဗေဒင်ဆရာတစ်ယောက်ဖြစ်လာရင်
မသိလို့မရ မတတ်လို့မဖြစ်တော့ပြန်ပါဘူး။ တစ်ခုတော့ရှိတယ်။ ကျွန်တော်ကတော့ အမြဲတမ်းလိုလို ....အုန်းပွဲ
ငှက်ပျောပွဲယတြာမျိုးထက်၊ ဖယောင်းတိုင် နံ့သာတိုင်ယတြာမျိုးထက် ......ကာယကံရှင်ကိုယ်တိုင်ပြုလုပ်အား
ထုတ်ရတဲ့ဝေရာဝစ္စကုသိုလ်ယတြာမျိုး၊ ကာယကံရှင်ကိုယ်တိုင်ကျင့်ကြံအားထုတ်ရတဲ့ ယတြာမျိုးကိုသာ နှစ်
ခြိုက်ပြီး မြတ်နိုးမိပါတယ်။

ထားပါတော့ ။ စကားကတိမ်းစောင်းသွားပါပြီ။ ..ဗေဒင်မေးခြင်းအကြောင်းနဲ့ ပတ်သက်လို့ နဲနဲပြောချင်ပါတယ်။
တစ်ချို့က ဗေဒင်မေးကြပါတယ်။ မေးပုံက ဗေဒင်ဆရာကို အတတ်သိသူလို သဘောထားပြီးကိုမေးတာပါ။ ဆရာ
ကျွန်တော်စာမေးပွဲအောင်ပါ့မလားဆရာ ။ အဲဒါမျိုးမေးလာတိုင်း အတော်ကိုမှ ကသိကအောက်ဖြစ်ရပါတယ်။
ကိုယ်ဖြေလာတဲ့စာမေးပွဲ အောင်မအောင်ကိုယ်မှမသိ ဘယ်သူသိမလဲဗျာ။ တစ်ကတည်းမှပဲ.......။ ဗေဒင်မေးစရာလား။ အမယ် တစ်ချို့ က ဆရာမဖြေနိုင်ဘူးလား လို့ ..ကလိပြီးအစ်ထုတ်တတ်သေးသဗျ။ တစ်ခါ
က ရာဟုသားတစ်ယောက် အင်္ဂါအခါမှာ မေးလာဖူးပါတယ်။ မဖြေပါလို့ပြောလိုက်တော့ ....အဲသလိုကလိတယ်
ဗျာ။ ကလိတော့လည်း ညိတော့တာပေါ့ ။ အောင်မြင်ရေးဂြိုဟ်က ချောက်ကမ်းပါးမှာတင်ပြီးနေတဲ့အခါမှာမေး
လာတာမို့ ....အောင်မယ် ပွတ်ကာသီကာလေးအောင်လာတာလို့ဖြေလိုက်ပါတယ်။ အဲဒီ့တော့မှ မှန်ပါတယ်ဆရာ
တဲ့။ တစ်ကယ်တော့ မေးစရာကိုမလိုတဲ့မေးခွန်းမျိုးတွေပါ။ ဖြေလည်းမဖြေချင်ပါ။ အကျိုးလည်းမရှိပါ။ ဘာလုပ်မှာ
လဲ။ ဖြေခဲ့ပြီးပြီပဲ။ ကျချင်ကျမယ်။အောင်ချင်အောင်မယ်။ မဖြေခင်ကတည်းက ဘာလုပ်သင့်တယ်ဆိုတာမျိုးကို
တင်ကြိုအကြံပေးရတာကသာလျှင် အကျိုးရှိပါတယ်။ အကျိုးမရှိမဲ့အလုပ်ကိုတော့ ကျွန်တော်ရော ...မေးသူရော
အချိန်ပုပ်ခံပြီး ဘာကြောင့်လုပ်ရမလဲ ။ ကဲ ......မဟုတ်ဘူးလားဗျာ။


(၂) ဘာလုပ်လို့ရသလဲ ကြိုသိရင်

တစ်ချို့ ကပြောကြပါတယ်။ ဗေဒင်မှန်တယ်ထား။ ကြိုသိထားတော့ဘာလုပ်ရမှာလဲ။ အလကား စိတ်ဆင်းရဲ
ဆရာဟောလိုက်ရင် ကြိုပြီးစိတ်ဆင်းရဲနေရအောင်။ ဘာဘာညာညာ....စသည်ဖြင့်ပေါ့ ပြောကြပါတယ်။ ဒီအ
တိုင်းမှန်သလား။ မမှန်ပါ။ လောကမှာ အသိဆိုတာ အင်မတန်အရေးကြီးပါတယ်။

အသိ....... တနည်းအားဖြင့် သိမှုကလေးတစ်ခုဟာ အင်မတန် တန်ကြေးကြီးပါတယ်။ ဒီသံသရာထဲကိုပဲ မသိမှုနဲ့
စွဲလမ်းမှုနှစ်ခုကြောင့် မိုက်မိုက်မှားမှား ၀င်လာမိကြပြီး၊ သိမှုဥာဏ်စဉ်နဲ့သာ ပြန်ထွက်နိုင်ကြတာပါ။ သိမှု ၊ သိခြင်း
ဥာဏ်ဟာ အင်မတန် တန်ဖိုးကြီးမားလှပါတယ်။ သိမှုနဲလေ ဆင်းရဲလေဖြစ်ပြီး၊ သိမှုများလေ ချမ်းသာလာလေပါ
ပဲ။

အစွဲကြီးအယူမှားအသိမှားတွေကတော့ လူကို အ့ကျိုးမပြုနိုင်ပါဘူး။ နစ်မွန်းစေရုံသာပါ။ ဆိုတော့...ဗေဒင်ဆရာ
တစ်ယောက်ကဟောလိုက်တယ်ထား။ ကဲ.....ခင်ဗျား နောက်သုံးလနေရင် သေမယ် ..ထားပါတော့။ ဒီဟောကိန်း
က ဟောသူကလည်း ထက်မြက်လို့ မှန်ဖို့များတယ်ဆိုပါတော့။ ဘယ်လိုစိတ်ထားသင့်သလဲ။ ကျွန်တော်သာဆိုရင်
တော့ ကြိုပြီး ပြင်ဆင်သင့်တယ်ထင်တာမှန်သမျှ ပြင်ဆင်ထားမှာပါ။ အဟောမှားလို့ပဲ မသေသေ၊ မှန်လို့ပဲ သေ
သေ....ဟောသည့်အတိုင်း သေခဲ့သည်ရှိသော် လုပ်သင့်လုပ်ထိုက်တာတွေကို တင်ကြိုပြီးဥာဏ်ရှိသလောက် ...
လုပ်ကိုင်ထားနှင့်မှာပါ။ အဲဒီ့လိုပဲ တစ်ဖက်ကလည်း ဒီသေကိန်းကို လွှဲရှောင်လို့ရနိုင်သလောက်...ကာကွယ်လို့
ရနိုင်သလောက် ကာကွယ်ဖို့ကြိုးစားသွားမှာပါပဲ။

မသိထားရင် သိထားရင် နှစ်ချက်မှာ ...သိထားပြီးအကျိုးရှိအောင်လုပ်နိုင်ရင် အကျိုးရှိပါမယ်ခင်ဗျား။


(၃) မေတ္တာရေးကံကို ခန့်မှန်းတွက်ချင့်ကြရာဝယ်

တော်တော်များများမေးတတ်တဲ့ အမေးဆုံးမေးခွန်းတွေကတော့ မေတ္တာရေးနဲ့ပတ်သက်တဲ့မေးခွန်းတွေပါပဲ။
ကျွန်တော်တို့မြန်မာလူမျိုးတွေများ တစ်ခြားလူမျိုးတွေထက်တောင်ချစ်တတ်ကြတယ်ထင်ပါရဲ့ ဗျာ။ တစ်ယောက်
လာလည်း ချစ်ချစ်အကြောင်း ၊ နောက်တစ်ယောက်လာလည်း ချစ်ချစ်အကြောင်း။ ဒီနေရာမှာ မေးသူများအနေနဲ့
သူတို့ချစ်တဲ့သူက သူတို့အပေါ်သစ္စာရှိမရှိဆိုတဲ့ အချက်ကိုလည်း တော်တော်များများ အသားပေးမေးကြတာကို
တွေ့ရပါတယ်။ စကားစပ်လို့ပြောပြရရင် သစ္စာရှိမရှိကို ဗေဒင်ဆရာတွေက ဘယ်ဂြိုဟ်တွေ ဘယ်ဌာနတွေကို
ကြည့်ပြီး ဆုံးဖြတ်သုံးသပ်ရပါသလဲ ဆိုတာကို ဗေဒင်ဆရာတွေအချင်းချင်းမေးရင်တောင်....တော်တော်များများ
က....ဘုကြည့်ကြည့်တတ်ကြပါတယ်။ အများစုက ဝေလေလေပါပဲ။ နာမည်ကြီးဗေဒင်ဆရာအချို့တောင်...
တစ်ကယ်တေ့တေ့ဆိုင်ဆိုင်မေးလိုက်ရင် ...ဟိုလိုလိုသည်လိုလိုပြန်ဖြေတတ်ကြပါတယ်။ နက္ခတ်ဗေဒင်ပညာရှင်
တွေကတော့ ကောင်းကောင်းသိကြပါလိမ့်မယ်။ တစ်ကယ်တတ်ရင်ပေါ့လေ။ လက္ခဏာပညာရှင်တွေမှာလည်း
သစ္စာရှိမရှိကိုတိုင်းထွာလို့ရတဲ့ အချက်အလက်တွေရှိပါတယ်။ ဂွကျတာက ကျွန်တော်တို့လက်ဆန်းဗေဒင်ပညာ
ရှင်ဗေဒင်ဆရာတွေမှာ ဒီမေးခွန်းကိုမေးလိုက်ရင် တော်တော်များများဂွကျကုန်တတ်ကြပါတယ်။ ဆိုတော့........
လက်တွေ့ ကျကျလေ့လာအားထုတ်ထားဖို့လိုပါမယ်။ နက္ခတ်ပညာပဲဖြစ်ဖြစ် ၊ လက္ခဏာပညာပဲဖြစ်ဖြစ်၊လက်ဆန်းဗေဒင်ပညာမှာပဲဖြစ်ဖြစ်....လူရည်လူသွေးလူကဲခတ်နိုင်တဲ့နည်းလမ်းတွေရှိ
ပါတယ်။ ကိုယ့်ဘက်က များများလေ့လာ၊ များများလက်တွေ့ဆန်းစစ်မှတ်ကျောက်တင်ထားဖို့တော့လိုပါတယ်။
ကျွန်တော့်အယူအဆအရ......တနင်္ဂနွေဂြိုဟ်ဟာ သစ္စာရှိမှုမရှိမှုမှာ ထိပ်ဆုံးအဆင့်ကဆန်းစစ်ရတဲ့ ဂြိုဟ်တစ်ခု
ဖြစ်ပါတယ်။ တနင်္ဂနွေဂြိုဟ်အားကောင်းရင် ကတိတည်ပြီး၊ သစ္စာစောင့်သိကြသလို...အားနည်းရင် အားနည်းသ
လောက်ကောက်ကျစ်စဉ်းလဲလာပြီး သစ္စာမဲ့တတ်ကြပါတယ်။ ဒီအချက်တွေကို နက္ခတ်ပညာမှာဖြစ်စေ၊ လက္ခဏာပညာမှာဖြစ်စေ၊လက်ဆန်းပညာမှာဖြစ်စေ...ကြည့်ရှုစစ်ဆေးလို့ရပါတယ်။ အနဲငယ်ခက်ခဲတာကတော့
နက္ခတ်ပညာမှာ .တနင်္ဂနွေ အနေအထားကိုအလွယ်တစ်ကူတွက်ချက်ကြည့်ရှုနိုင်သလို၊ လက္ခဏာပညာမှာလည်း
တနင်္ဂနွေဂြိုဟ်ခုံပေါ်က အချက်အလက်တွေကိုတွက်ချက်ဆုံးဖြတ်နိုင်ပြီး၊ လက်ဆန်းပညာမှာတော့....................
မူလမဟာဘုတ်ကိုကြည့်ရမလိုလို ..ဟိုလိုလိုသည်လိုလိုဖြစ်ရပါတယ်။ လက်ရှိလေ့လာနေသလောက်ပြောရမယ်
ဆိုရင်တော့ မူလမဟာဘုတ်နဲ့ နာမည်ကို တွဲပြီး တွက်ချက်အဖြေထုတ်ယူရင် ..အတိုင်းအတာတစ်ခုထိတော့
အဖြေရပေမယ့် ...နက္ခတ်တို့လက္ခဏာပညာတို့လောက်တော့ လွယ်ကူရိုးရှင်းမှုမရှိတာအမှန်ပါ။ တော်တော်ကို
နက်နက်နဲနဲ ထဲထဲဝင်ဝင်ချင့်ချိန်ယူရပါတယ်။

မေးတဲ့သူကတော့ လွယ်ပါတယ်။ ဖြေသူကတော့ (ကိုယ့်သိက္ခာကိုကိုယ်စောင့်ထိမ်းရင်) ခက်လှပါတယ်။


ဆက်လက်ရေးသားတင်ပြပါဦးမည်။
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)

ကြာသာပတေးသားသမီးများအတွက် ...ကံဇာတာ(၁၃၇၂ခုနှစ်)

Sunday, May 9, 2010




ကြာသာပတေးသားသမီးများအတွက် ...ကံဇာတာ(၁၃၇၂ခုနှစ်)



ဒီယခုကာလ ကောဇာမြန်မာခုနှစ် ၁၃၇၂ခုနှစ်ဟာ ဆိုရင်ဖြင့်.......ကြာသာပတေးသားသမီးများအတွက် ...ထင်ရှားတောက်ပခွင့်တွေ ...အနာဂတ်ရည်မှန်းချက်များအတိုင်းအကောင်အထည်ပေါ်ပေါက်လာခွင့်တွေ ပေးအပ်နိုင်သောနှစ်ကောင်းတစ်နှစ်ပါ။ဒီနှစ်မှာ...ကြာသာပတေးသားသမီးများအဖို့...လာဘ်လာဘရွှင်လန်းနိုင် သောအနေအထားများလည်းပေါ်ပေါက်လာနိုင်တဲ့ကာလပါ။ ဖြစ်နိုင်ရင် နေမင်းပုံတံဆိပ်ကလေးတစ်ခုခုကို ဆောင်ထားခြင်းဖြင့် ပိုမိုလာဘ်လာဘရွှင်လန်းပါလိမ့်မယ်။

ကောဇာခုနှစ်နှင့်ကံဇာတာ

ဒီကောဇာခုနှစ်မျိုးကို ကြာသာပတေးသားသမီးများအတွက် လာဘ်လာဘရွှင်လန်းပြီး၊ မေတ္တာရေးရာ ညံ့တတ်
သောနှစ်မျိုးလို့ဆိုနိုင်ပါလိမ့်မယ်။ အင်္ဂါဂြိုဟ်အနေအထားအရ..ချစ်မှုရေးရာပိုင်းဆိုင်ရာတွေ အားနည်းမှုတွေများ
ပြားတတ်တဲ့ခုနှစ်မျိုးလည်းဖြစ်ပြီး၊ ရောက်ဆဲအသက်ပိုင်း သက်ခတ်ဒသာများအရ ပိုမိုညီညွတ်နေတဲ့ ..ကြာသာ
ပတေးသားသမီးများအဖို့ ...ချစ်သောသူနဲ့ကွေကွင်းရမှုများ အမှန်တစ်ကယ်ကြုံတွေ့ရတတ်ချိန်လည်းဖြစ်ပါတယ်။
သို့သော် တစ်ဖက်မှာလည်း အသက်မွေးမှုနဲ့ အကျိုးစီးပွားပိုမိုကျယ်ကျယ်ပြန့်ပြန့်ရှာဖွေနိုင်မှုတွေရရှိလာနိုင်တဲ့
ကာလဖြစ်နေတာကိုတွေ့ရပါကြောင်း



စီးပွားရေးရာ...........

ဒီကောဇာခုနှစ်မှာတော့........................
လုပ်ငန်းခွင်ပိုင်းဆိုင်ရာတွေမှာ ပိုမိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာနိုင်တဲ့ကာလပါ။ လုပ်ငန်းခွင်တိုးချဲ့ ခြင်း၊
လုပ်ပိုင်ခွင့်ပိုမိုကျယ်ပြန့်လာခြင်းများ ရှိလာနိုင်သော ကာလတစ်ခုဆိုပါစို့။ အထူးသဖြင့် နာမည်အဖျားစာလုံးကို
သ၊ဟ ဖြင့် မှည့်ခေါ်ထားသော ..ဥပမာအားဖြင့် ...မင်းမင်းသန်း၊ မျိုးဟန်၊ တိုးလွင်သူ၊ စသည်ဖြင့်သော အမည်ရှင်
ကြာသာပတေးသားသမီးများအဖို့ အခွင့်အလမ်းများပိုမိုရရှိလာပါလိမ့်မယ်။ လုပ်ငန်းခွင် တိုးချဲ့ နိုင်ဖို့ အတွက်...
အခြေအနေများစွာပေါ်ပေါက်လာနိုင်သော နှစ်မျိုးလည်းဖြစ်လာပါမယ်။
ဘာပဲဖြစ်ဖြစ် ..အသက်မွေးမှုအနေအထားများ ပိုမိုကောင်းမွန်တိုးတက်စေရန်အတွက် ကြာသာပတေးထောင့်မှာ
သီးညွှန့် ၊ သရက်ညွှန့် စသည်တို့ကို အရေအတွက်အားဖြင့် (၂၁) ခု/ညွန့် ...ကပ်လှုပူဇော်ပေးသင့်ပြီး... အလုပ်ခန်း ....မှာ၊ အနောက်ဘက်ကျရောက်သောနေရာမှာ သစ်သီးဝလံ သစ်ပင်ပန်းမန်ပုံများ၊ သစ်သီးဝလံများ
ထားရှိပေးထားသင့်ပါတယ်။


မေတ္တာရေးရာ.................

မေတ္တာရေးရာအခြေအနေမှာ.......အထက်မှာတင်ပြခဲ့ပြီးသည့်အတိုင်း အများစုသော ကြာသာပတေးသားသမီး
များအဖို့ အခက်အခဲအလွန်များပြားရတတ်သောကာလဖြစ်ပါမယ်။ ချစ်သူနဲ့ခွဲခွာရမှု အများဆုံးဖြစ်ပွားတတ်သော
နှစ်မျိုးကိုရောက်ရှိနေပါတယ်။ အချို့သော ကြာသာပတေးသားသမီးများအဖို့ ....အိမ်ထောင်ဖက် ..သို့မဟုတ်...
ချစ်သူအဝေးကိုထွက်သွားရတာမျိုး၊ အဝေးမှာချန်ထားခဲ့ရတာမျိုးတွေ ကြုံတွေ့ရတတ်သော အချိန်အခါမျိုးလည်း
ဖြစ်ပါတယ်။ ထူးထူးခြားခြားဆိုစရာရှိတာကတော့ အချို့ သောကြာသာပတေးသားသမီးများအဖို့ ....နိုင်ငံရပ်ခြား
လူမျိုးကွဲများ၊ ဘာသာကွဲများ နဲ့ ချစ်ကြိုးသွယ်မိစေတတ်တာပါပဲ။ ထို့နည်းတူ မိမိနဲ့ အသက်အရွယ်အလွန်ကွာ...
ခြားသူ၊ အနေအထားအရမ်းကွာဟသူမျိုးတွေနဲ့လည်း ထူးထူးဆန်းဆန်းကိုပဲ ..ချစ်မှုရေးရာကိစ္စလေးတွေကြုံတွေ့
ရတတ်ချိန်လည်းဖြစ်ပါတယ်။ ...ဖြစ်နိုင်သမျှပေါ့ မေတ္တာရေးရာ အဆင်ပြေစေဖို့အတွက်....စနေထောင့်မှာ ....
မေတ္တာသုတ်တော်ကို ၈ခေါက်တိတိ ...ရွတ်ဖတ်ပူဇော်မှုပြုသင့်ပါကြောင်း။ သြောာာာာာာာာာာာာာာ သတိရလို့
အစိမ်းရောင်ကတော့ မေတ္တာရေးရာကို ဆိုးစေကြောင်းးးးးးးးးးးး။



ကျန်းမာရေးရာ ။ ကျန်းမာရေးရာအခြေအနေမှာတော့ ....ဒီတစ်နှစ်မှာ ...ဆေးစစ်ခြင်း၊ ဂရုပြုရခြင်းများ ရှိလာမယ့်ကာလပါ။ ပေပေတေတေသမားတွေတောင်..ကျန်းမာရေးအတွက် စစ်ဆေးချက်များ ပြုလာရတတ်ပါတယ်။အများစုအဖို့ကျန်းမာရေးတိုးတက်ကောင်းမွန်မှုရှိပါမယ်။ နာမည်အဖျားစာလုံးကို ..(စ၊ဆ၊ဇ၊ဈ၊ည) နှင့် .မှည့်ခေါ်ထားသော ၊ မြင့်မြင့်စန်း၊ မျိုးဆွေ၊ လွင်လွင်ဇော်၊ စသည်ကဲ့သို့သော အမည်ရှင်များ အဖို့တော့ ကျန်းမာရေးဆိုင်ရာပြသနာအနဲငယ်ဖြစ်ပေါ်လာနိုင်ပါတယ်။ အထူးသဖြင့် တော့ အရေပြားဆိုင်ရာ ရောဂါဘယမျိုးအနဲငယ် သတိပြုပေးဖို့လိုအပ်လာပါတယ်။ လေရောဂါနှိပ်စက်တတ်ပြီး ၀မ်းရင်ဥပဒ်ပေးမှု များလည်း ရှိလာတတ်ပါတယ်။

ကျန်းမာရေးတိုးတက်ကောင်းမွန်လာစေရန်အတွက် .. အဂ်ါထောင့်မှာ ..ရွက်လှညွန့်၁၂ညွန့်ကပ်လှုပါ။ နေ့စဉ်
ခန္ဓသုတ်တော်ကြီးကို (၈) ခေါက်တိတိရွတ်ဖတ်ပူဇော်ပေးအပ်ပါကြောင်း။


နေရေးထိုင်ရေး..................

နေရေးထိုင်ရေးမှာ ကြာသာပတေးသားသမီးများ အမြင့်မှာနေရပါလိမ့်မယ်ဆိုတဲ့ခုနှစ်မျိုးပါပဲ။ အများစုသော
ကြာသာပတေးသားသမီးများအဖို့ ..... နေရာထိုင်ခင်း၊ နေရေးထိုင်ရေး နဲ့ နေရာဌာနပိုင်းဆိုင်ရာ များမှာ တိုး
တက်ကောင်းမွန်လာမှုရှိပါမယ်။ နေရေးထိုင်ရေးအတွက်ကြံစည်လုပ်ဆောင်နေသူများအနေနဲ့ ...အင်္ဂါနေ့မှာ
ဘုရားတည်ကျောင်းဆောက်အလှုခံတစ်ခုခုမှာ ...ဖြစ်နိုင်သမျှ ကုသိုလ်ပြုကြပါလို့တိုက်တွန်းလိုက်ရပါတယ်။


ထီကံစမ်းလိုသူများအတွက်... ၆၅၄၈ ဂဏန်းတွဲများနဲ့ကံစမ်းနိုင်ပြီး ....မွေးနေ့မှာ ထီထိုးခြင်းက အကောင်းဆုံး
ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် ၆၅ဂဏန်းများကို ထိုးပေးသင့်ပါကြောင်း။

အနှစ်ချုပ်သုံးသပ်ချက်။ ကံဇာတာတိုးတက်ကောင်းမွန်မှုရှိလာနိုင်သော အချိန်အခါသမယဖြစ်ပါတယ်။
ချစ်မှုရေးရာ အညံ့ပိုင်းများရှိပေမယ့် ..အခြားကဏ္ဍတော်တော်များများမှာ အားသာချက်ရှိလာနိုင်တာမို့ ..မဆိုးလှ
ပါကြောင်း။

ချမ်းမြေ့ကြပါစေ။
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)

0nline ဗေဒင်

Saturday, May 8, 2010








မြန်မာ့ရိုးရာဗေဒင်ပညာဖြင့် အောက်ပါကဏ္ဍများကို ဆောင်ရွက်ပေးပါသည်။

(၁)  ရင်သွေးနာမည်ပေးခြင်း   …..       နှစ်သောင်းကျပ်   
(၂)  ရင်သွေးမွေးဖွားခြင်း အတွက် မွေးဖွားမည့်ရက်ကို မိဘများကိုယ်တိုင် ရွေးခြယ်နိုင်စေရန် အကျိုးအပြစ် ခွဲခြားပေးခြင်း   ………  နှစ်သောင်းကျပ်
(၃)  နာမည်ပြောင်းလဲလိုသူများအတွက်  တွက်ချက်စစ်ဆေးပေးခြင်း ….နှစ်သောင်းကျပ်

(၄)  နာမည်စစ်ဆေးပေးခြင်း နှင့် နာမည်အရ ပြုအပ်သော သဘာဝယတြာပေးခြင်း … နှစ်သောင်းကျပ်

(၅)  ဟောစာတမ်းရေးသားပေးခြင်း   …. သုံးသောင်းကျပ်

(၆) လုပ်ငန်းနာမည် ရွေးခြယ်ပေးခြင်း     သုံးသောင်းကျပ် 


အသေးစိတ်ကို အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

(၁) ရင်သွေးနာမည်ပေးခြင်း ……. နှစ်သောင်းကျပ

ရင်သွေးနာမည် ကို မိဘများကိုယ်တိုင်ရွေးခြယ်နိုင်စေရန် အသေးစိတ် တွက်စစ်အကြံပြုပေးပါသည်။  ရင်သွေး ကျား/မ အလိုက် … မှည့်ခေါ်သင့်သော အက္ခရာ ၊ ရှောင်သင့်သော သရများ ၊ ပညတ်သဘာဝ စသည်အားဖြင့် ပြည့်စုံစွာ တွက်စစ်အကြံပြုပေးအပ် ခြင်း ဖြစ်သည်။

မေးမြန်းလိုသူများသည် …..
ရင်သွေး၏  မိဘနှစ်ပါး နာမည်
မိဘနှစ်ပါး ၏ မွေးနံ
လူမျိုး
ကလေးငယ်၏ အသားအရောင်
ကလေးငယ် ဆက်ခံရမည့် ဘာသာတရား
စသည်တို့ကို ပြည့်စုံစွာ ပေးပို့ပြီး မေးမြန်းနိုင်သည်။

(၂)  ရင်သွေးမွေးဖွားခြင်း အတွက် မွေးဖွားမည့်ရက်ကို မိဘများကိုယ်တိုင် ရွေးခြယ်နိုင်စေရန် အကျိုးအပြစ် ခွဲခြားပေးခြင်း   ………  နှစ်သောင်းကျပ်

မဟာဘုတ်ဗေဒင်ပညာဖြင့် မွေးဖွားမည့် အချိန် မြန်မာကောဇာခုနှစ်အပေါ်မူတည်ပြီး မည့်သည့်နေ့ရက် နေ့နံ ကို ရွေးခြယ်လျှင် မည်သည့်အကျိုးအပြစ် ရှိနိုင်သည် ဟူသည်ကို မိဘများ သိရှိရွေးခြယ် နိုင်စေရန် အကြံပြုပေးခြင်းဖြစ်သည်။ ရင်သွေး ကျား/မ ခွဲခြား သိပြီး ဖြစ်သူများအတွက် ပိုမို အကျိုးရှိစေပြီး .. ရက်ကို ရွေးခြယ်ယူနိုင်ရန် အသေးစိတ် အကြံပြုပေးပါသည်။

မေးမြန်းလိုသူများ အနေဖြင့် …

မိဘ နှစ်ပါး ၏  နာမည် နှင့် မွေးနံ (ဘာနေ့သားသမီး)
ကလေးငယ် ကျား/မ ခွဲခြားသိပြီးဖြစ်ပါက …..ဖော်ပြပေးပြီး မေးမြန်းနိုင်သည်။

(၃)  နာမည်ပြောင်းလဲလိုသူများအတွက်  တွက်ချက်စစ်ဆေးပေးခြင်း ….
နှစ်သောင်းကျပ်

နာမည်ပြောင်းလဲ လိုသူများ အတွက် မိမိတို့မွေးဖွားသည့် မူလမဟာဘုတ်ဇာတာခွင် အရ …တွက်ချက် စစ်ဆေးပေးပြီး ၊ မိမိတို့ရရှိလိုသော အနာဂတ်အကျိုးစီးပွား အတွက် အထောက်အကူ ဖြစ်စေသော အမည်မျိုး ရနိုင်/မရနိုင် ။ ရနိုင်ပါက မည်သည့်အမည်အမျိုးအစား ရွေးခြယ်သင့်သည် …စသည်တို့ကို အကြံပြုတွက်စစ်ပေးပါသည်။ (ပြောင်းလဲရန် မသင့်သည့်နာမည်ရှင်များ  …ကို ပြောင်းလဲနိုင်ရန် မည်သည့်အကြံပြုချက်မျိုးမှ ပေးမည်မဟုတ်ပါ။ )

မေးမြန်းလိုသူများသည် …

မိမိတို့၏ မွေးနေ့ မွေးရက် အပြည့်အစုံ ၊ လူမျိုး ၊ ဘာသာ၊ အသားအရောင် ၊ အရပ် ၊ (ဖြစ်နိုင်ပါက တစ်ကိုယ်လုံးအပြည့် ဓါတ်ပုံတစ်ပုံ) ၊ လက်ရှိသုံးစွဲနေသော မှတ်ပုံတင် တွင် ပါရှိသည့် အမည်အပြည့်အစုံ …၊ စသည်တို့ကို ပေးပို့ပြီး မေးမြန်းနိုင်သည်။


(၄)  နာမည်စစ်ဆေးပေးခြင်း နှင့် နာမည်အရ ပြုအပ်သော သဘာဝယတြာပေးခြင်း … ……    နှစ်သောင်းကျပ်

မိမိတို့မှည့်ခေါ်ထားသည့် နာမည်သည် မဟာဘုတ်ဗေဒင်ပညာအရ သင့်/မသင့် ၊ ဆိုးရွားသော အနေအထားများမှ ကင်းလွတ်ခြင်း ရှိ/မရှိ ၊ လက်ရှိသုံးစွဲနေသော အမည်မှ ပေးသည့် အကျိုးအပြစ် အာနိသင် နှင့် အားနဲချက် အားသာချက်များ ၊ နာမည်အရ ပြုထိုက်သော သဘာဝယတြာများ ..စသည်တို့ကို တွက်စစ်လမ်းညွှန်ပေးအပ်ပါသည်။

မေးမြန်းလိုသူများအနေဖြင့် …..

မိမိတို့၏ မွေးနေ့ မွေးရက် အပြည့်အစုံ ၊ လူမျိုး ၊ ဘာသာ၊ အသားအရောင် ၊ အရပ် ၊ (ဖြစ်နိုင်ပါက တစ်ကိုယ်လုံးအပြည့် ဓါတ်ပုံတစ်ပုံ) ၊ လက်ရှိသုံးစွဲနေသော မှတ်ပုံတင် တွင် ပါရှိသည့် အမည်အပြည့်အစုံ …၊ စသည်တို့ကို ပေးပို့ပြီး မေးမြန်းနိုင်သည်။


(၅)  ဟောစာတမ်းရေးသားပေးခြင်း   …. သုံးသောင်းကျပ်

မူလမဟာဘုတ်ဇာတာအရ တစ်သက်တာလုံး ခံစားရမည့် ကံဇာတာ …..
အမည်စစ်ဆေးပေးခြင်း နှင့် သဘာဝယတြာပေးခြင်း
တစ်သက်တာအတွက် ဂြိုဟ်အိပ်ကာလဇယား
လက်ရှိအသက်ပိုင်းအရ ဂြိုဟ်အိပ်ကာလ ဖြတ်သန်းမှု အကျိုးအပြစ်
လက်ရှိအသက်ပိုင်းအရ ကံဇာတာအခြေအနေ နှင့် ဆောင်အပ်ရှောင်အပ်သည်များ ….

အစရှိသော အချက်အလက်များကို ရေးသားဖော်ပြပေးအပ်ပါသည်။

မေးမြန်းလိုသူများအနေဖြင့် ……..

မိမိတို့၏ မွေးနေ့ မွေးရက် အပြည့်အစုံ ၊ လူမျိုး ၊ ဘာသာ၊ အသားအရောင် ၊ အရပ် ၊ (ဖြစ်နိုင်ပါက တစ်ကိုယ်လုံးအပြည့် ဓါတ်ပုံတစ်ပုံ) ၊ လက်ရှိသုံးစွဲနေသော မှတ်ပုံတင် တွင် ပါရှိသည့် အမည်အပြည့်အစုံ …၊ စသည်တို့ကို ပေးပို့ပြီး မေးမြန်းနိုင်သည်။


(၆) လုပ်ငန်းနာမည် ရွေးခြယ်ပေးခြင်း     သုံးသောင်းကျပ် 

လုပ်ငန်းလုပ်ကိုင်မည့် သူ၏ မူလဇာတာ ၊ လုပ်ကိုင်မည့် လုပ်ငန်းအမျိုးအစား သဘာဝ ၊ လုပ်ငန်းစတင်မည့် ကောဇာခုနှစ် အချိန် ..စသည်တို့ကို ကိုက်ညှိ စစ်ဆေးပြီး မှ သင့်လျော်သော အမည်အမျိုးအစား တို့ကို ရွေးထုတ်အကြံပြုပေးပါသည်။ မိမိတို့လုပ်ငန်းနာမည်ကို မိမိတို့ကိုယ်တိုင်ရွေးခြယ် နိုင်စေရန် ..မှည့်ခေါ်နိုင်သော လမ်းကြောင်းများကို ဖော်ပြပေးမည်ဖြစ်ပြီး ……လုပ်ငန်းစတင်သင့်ချိန် ၊ နေ့ရက် ၊ နာရီ ၊ လုပ်ငန်းတွင် အသုံးပြုသင့်သော လိုဂိုအမှတ်အသားတစ်စုံတစ်ရာ ၊ လုပ်ငန်းဆိုင်းဘုတ် ၊ လိပ်စာကဒ်စသည်တို့တွင် အသုံးပြုသင့်သော အရောင်များ …စသည်တို့ကို တွက်စစ်ပေးမည်ဖြစ်သည်။

မေးမြန်းလိုသူများအနေနှင့် ……..

မိမိတို့၏ မွေးနေ့ မွေးရက် အပြည့်အစုံ ၊ လူမျိုး ၊ ဘာသာ၊ အသားအရောင် ၊ အရပ် ၊ (ဖြစ်နိုင်ပါက တစ်ကိုယ်လုံးအပြည့် ဓါတ်ပုံတစ်ပုံ) ၊ လက်ရှိသုံးစွဲနေသော မှတ်ပုံတင် တွင် ပါရှိသည့် အမည်အပြည့်အစုံ …၊ စသည်တို့ကို ပေးပို့ပြီး မေးမြန်းနိုင်သည်။

မေးမြန်းလိုသူများ အသုံးပြုနိုင်သော ဥာဏ်ပူဇော်ခလွှဲပို့နိုင်သည့် လမ်းကြောင်းများ

ပြည်တွင်းမှ ဖြစ်ပါက ….. ကိုစိုးမိုးထွန်း 
                                  နိုင်ငံသားအမှတ်     ၉/၀တန (နိုင်) ၁၀၄၈၆၅    
                                  phone / 01 – 618 469 
                                  ဖြင့် ….  

အင်းစိန်ရိုးမဘဏ် ၊ မြေနီကုန်း ကမ္ဘောဇ ဘဏ် များသို့ လွှဲပို့ မေးမြန်းနိုင်သည်။

ပြည်ပမှဖြစ်ပါက …….  POSB saving 171-53132-2 
                             (or)
                           Paypal account     ;          channyeintun.htoo13@gmail.com

စသည့် အကောင့်များကို အသုံးပြုပြီး ဥာဏ်ပူဇော်ခပေးပို့ မေးမြန်းနိုင်ပါသည်။


အပ္ပမာဒေါစ ဓမ္မေသု ဧတံ မင်္ဂလ မုတ္တမံ ..။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
 

Posts Comments

©2006-2010 ·TNB