နေ့စဉ်သုံး ဗေဒင် စာစု (၁)

Monday, January 4, 2010

နေ့စဉ်သုံးဗေဒင် စာစု (၁)

ဖြေးဖြေးလုပ်ကြပါကွယ်ရို့ 

ဒီဆောင်းပါးလေးကို ဖြစ်နိုင်သမျှ အားလုံးကိုဖတ်စေချင်ပါတယ်။ သတိပြုလိုက်ရုံနဲ့ အကျိုးများနိုင်မယ်လို့ ယူဆတဲ့အတွက်ကြောင့်ပါ။ ဘယ်နိုင်ငံဘယ်ဒေသမှာ ပဲ နေထိုင်နေသူဖြစ်ဖြစ် ...နာရီကြည့်ပြီး သတိချပ် လို့ရပါတယ်။ လက်တွေ့ အသုံးပြုနိုင်ပါတယ်။

ကျွန်တော်အခုတင်ပြမှာက ...

မြန်မာ့ရိုးရာဗေဒင်ပညာမှာ အလွန် အင်မတန်မှ အားကိုးရတဲ့ ၊ ဘယ်နိုင်ငံက ဘယ် ပညာမျိုးနဲ့မဆို ယှဉ်ပြိုင်နိုင်တဲ့ အင်္ဂ၀ိဇ္ဇာ ပညာရပ်ကို အသုံးပြုပြီး ၊ သင်ဟာ ဘယ်ဗေဒင်တတ်သည် ဖြစ်စေ၊ မတတ်သည် ဖြစ်စေ၊ စိတ်ဝင်စားသည်ဖြစ်စေ ၊မ၀င်စားသည်ဖြစ်စေ၊ ယုံသည်ဖြစ်စေ ..မယုံသည်ဖြစ်စေ..လက်တွေ့ လေ့လာ အသုံးပြု ကြည့်နိုင်တဲ့ ဒေါင်ဒေါင်မြည်အောင်မှန်ကန်ညီညွတ်တဲ့...အခါတိုင်အသုံးပြုနည်းတစ်ခုကို တင်ပြသွားမှာ ဖြစ်ပါတယ်။ အခါတိုင်အသုံးပြုနည်းဆိုရာမှာလည်း ...အခါတိုင်အားလုံးကို တင်ပြသွားမှာ မဟုတ်ပါဘူး။ အခါတိုင် တစ်ခုတည်း ကိုသာ ပထမဦးဆုံး တင်ပြရေးသားသွားမှာ ဖြစ်ပါတယ်။

အဲဒီ့အခါကတော့ အင်္ဂါအခါလို့ခေါ်ဆိုပါတယ်။ ဗေဒင်အခေါ်အဝေါ်မှာတော့....ဘောမအခါလို့ဆိုပါတယ်။ ကောင်းပြီ ဒီအခါက ဘယ်လို အသုံးချလို့ရသလဲ။ ဘာတွေလက်တွေ့ အကျိုးရှိစေမှာမို့လို့လည်း။ ကျွန်တော် ဆက် လက်ပြီးတင်ပြ ရေးသားသွားပါ့မယ်။

၁ ။ ဒီအချိန်ကိုရောက်ပြီဆိုရင် သင့်အလုပ်ကို လက်စသတ်လိုက်ပါ။

ဒါမှမဟုတ် အနားယူလိုက်ပါ။ နားချိန်ကို ရောက်ပြီ။ ရပ်သင့်ချိန်ရောက်ပြီဆိုတာ သိထားရပါမယ်။

ဒီနေရာမှာ တစ်ကယ်လို့ ကိုယ်က အရေးကြီးနေတဲ့အချိန် အလုပ်က များနေတဲ့အချိန်မျိုးလည်း ဖြစ်ကောင်း ဖြစ်နေတတ်ပါတယ်။ ဒါဆိုရင် ဘယ်လိုလုပ်သင့်သလဲ။

ဖြေးဖြေးမှန်မှန် နဲ့ သတိထားပြီး ရပ်လိုက်နားလိုက်လုပ်ပါ။

မြန်မြန်လုပ်မယ်ဆိုရင် ဘာဖြစ်မလဲ ။ လုပ်ကြည့်ပါ။ မြန်နိုင်သမျှ မြန်မြန်ပေါ့။သင့်ဆီကို အကြောင်း အားလျော်စွာ အဖျက်အနှောက်အယှက် သို့မဟုတ် အလွဲအမှား တစ်ခုခု ၀င်ရောက် လာပါလိမ့်မယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီအချိန်ကိုရောက်ရင် လုပ်လက်စတွေကို လက်စသတ်ပြီး ခဏဖြစ်ဖြစ်နားလိုက်တာ
အကောင်းဆုံးပါပဲ။

(၂) သင်ဟာ ယဉ်မောင်းနေသူတစ်ဦးဦး သို့တည်းမဟုတ် ခရီးသွားနေသူတစ်ဦးဦးဖြစ်မယ်ဆိုရင်လည်း ..ဒီအချိန်မှာ ခဏနားပေးဖို့ ၊ ခေတ္တရပ်နားပေးဖို့ လိုလာပါတယ်။

အကယ်လို့ ခရီးစဉ်မှာမရပ်နားချင်ရင်တောင် ဖြေးဖြေးမှန်မှန်နဲ့ သတိချပ်ပြီးမောင်းပါ။ သွားပါ။
ဒီအချိန်တွေဟာ ယဉ်တိုက်မှုအများဆုံးဖြစ်ပွားတတ်တဲ့အခါတွေ ဖြစ်လို့ပါ။

(၃) သင်ဟာ ဒီအချိန်မှာ စာမေးပွဲတစ်ခုခု သို့မဟုတ် အင်တာဗျူးတစ်ခုခု ဖြေတော့မယ်ဆိုရင်တော့....
အရမ်း အရေးကြီးပါတယ်။ အများအားဖြင့်က...သည်အခါ မှာ ရက်စ် အော် နိုး အဖြေထွက်မယ်ဆိုရင် နိုး ထွက်
တတ်တာများလို့ပါ။ ဒါဖြင့် ဘယ်လိုလုပ်သင့်သလဲ။

စာမေးပွဲ ဖြေမယ့်သူဆိုရင် အနုစိတ် အသေးစိတ် အနှစ်ချုပ် ဖြေဆိုရတာတွေ ရှိလာနိုင်တာကို သတိပြုပါ။
အင်တာဗျုး ဖြေမယ်ဆိုရင်လည်း ကိုယ့်ကို မေးသူက အသေးစိတ် မေးတာမျိုးကိုတွေ့ ရပါလိမ့်မယ်။

ဒါဆိုဘာလုပ်သင့်သလဲ ။

ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်မှာ အားကောင်းတဲ့အနေအထားတစ်ခုခု ရနိုင်သမျှ ရအောင် သင့်အနေနဲ့ အစိမ်းရောင် သို့မဟုတ် အနက်ရောင်ကို ၀တ်ဆင်ထားခြင်း သို့တည်းမဟုတ် ဆောင်သွားခြင်း ပြုလုပ်ဖို့ အကြံပေးလိုပါတယ်။

(၄) တစ်ကယ်လို့သင်ဟာ ဒီအချိန်မှာ လုပ်ငန်းတစ်ခုခုကို စတင်မယ် သို့တည်းမဟုတ် ဆိုင်တစ်ခုခုကိုဖွင့်မယ်
သို့တည်းမဟုတ် အခြေအနေတစ်ရပ်ရပ်ကိုစတင်လုပ်ဆောင်တော့မယ်ဆိုတာနဲ့ .........ဒီလုပ်ငန်း ဟာ နှေးနှေး ကွေးကွေးနဲ့ ဖြေးဖြေးမှန်မှန်သာ လုပ်ဆောင်နိုင်မယ်ဆိုတာ သိထားရပါမယ်။ အမြန် တိုးတက်ဖို့ အမြန်ဖြစ်အောင်လုပ်ဖို့ဆိုရင်တော့ ဒီအချိန်မှာ စတင်ပြီးလုပ်ကိုင်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ လုပ်ငန်းစခြင်း မပြုပါနဲ့။ ရမှာမဟုတ်ပါ။

(၅) တစ်ကယ်လို့ သင်ဟာ တစ်ခုခုကို ဇာတ်သိမ်းဖို့။ သို့မဟုတ် လမ်းခွဲဖို့ ။ သို့မဟုတ် အဆုံးသတ်ဖို့ ကြံစည် လုပ်ကိုင်တော့မယ်ဆိုရင်တော့ ဒါဟာ အကောင်းဆုံးအချိန်ဖြစ်ပါလိမ့်မယ်။ နိဂုံးချုပ်တော့ မိလုံးလုပ်တာ အကုန်မှန် ဆိုသလိုပါပဲ။ အဆုံးသတ်ဖို့ အကောင်းဆုံးအချိန်တွေလို့ ဆိုနိုင်ပါတယ်။ ပြီးဆုံးခြင်း ဆိုတဲ့ ပန်းတိုင်ကို ရောက်အောင်သွားမယ့်သူတွေ အတွက်တော့ သည်အခါဟာ အကျိုးကောင်းစွာ ပြုပါလိမ့်မယ်။

(၆) တစ်ကယ်လို့သင်ဟာ ဒီအချိန်မှာ ခွင့်ရက်ရှည်ယူဖို့ကြိုးစားမယ်၊ နားခွင့်တောင်းမယ်၊ ရပ်ခွင့်တောင်းမယ်
ဆိုရင်တော့ အချိန်နဲ့အခါက သင့်ဘက်မှာ ရှိပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ သည်အချိန်မျိုးကိုရောက်
ပြီဆိုတာနဲ့ လူတွေအားလုံး ငြီးငွေ့ စိတ်အနဲနဲ့အများ ဖြစ်လာတတ်ကြလို့ပါ။

(၇) သြော ...မေ့လို့ ...၊ သင်ဟာ သည်အချိန်မှာ မိန်းကလေးတစ်ယောက်ဆီက အဖြေကို ဖြစ်စေ၊ တုန့်ပြန်မှုကို ဖြစ်စေ လိုချင်နေရင်တော့ မလောမိဖို့ သတိထားပါ။ အများအားဖြင့် သူတို့က စောင့်ပါဦး နေပါဦး ပြန်ပြောမှာ75% ရှိပါတယ်။ အငြင်းခံရတဲ့အဆင့်ထိရောက်မသွားဖို့ အတွက် မလောမိပါစေနဲ့။ ဖြေးဖြေး အေးအေးစဉ်းစားနိုင်ကြောင်း အချိန်ယူနိုင်ကြောင်း သင့်ဘက်ကကို စပြောပေးဖို့လိုပါလိမ့်မယ်။

ထပ်ရေးရရင်တော့ ကဏ္ဍတွေအများကြီးကျန်နေသေးတယ်ဆိုပါတော့။ ဘာပဲဖြစ်ဖြစ် သည်အချိန်အခါတွေကို
ကလေးချင်း သရေပင်ပစ်တမ်း ကစားရာကနေ ...နာဆာကလွှတ်တင်မယ့် ဂြိုဟ်တုလွှတ်တင်ရေးကဏ္ဍ အထိ
သုံးတတ်ရင် အကျိုးရှိစေနိုင်မှာပါပဲ။ ဟင့်အင်း။ ကျွန်တော်ထွင်တာမဟုတ်ရပါဘူး။ ဒါဟာ မြန်မာ့ရိုးရာအင်္ဂ၀ိဇ္ဇာ
ဗေဒင်ပညာစစ်စစ်ပါ။ ကျွန်တော်ကနဲနဲလေးသိလို့ ဖောက်သည်ချပေးလိုက်ရတာပါ။ အဲသည် အချိန်သည်အချိန်နဲ့ ဒီလောက်ပြောနေတာ ဘယ်အချိန်တွေကိုပြောတာလဲ .........ဆိုတဲ့သူတွေ.........
အောက်မှာ ရေးပေးထားပါတယ်။ ဘယ်ရက် ဘယ်အချိန်တွေ ဟာ ခုပြောပြနေတဲ့ အင်္ဂါအခါ တွေဆိုတာ။ ဖတ်
ကြည့်မှတ်သား လေ့လာအသုံးပြုနိုင်ပါကြောင်း။


နေ့စဉ် ..ဖြစ်ပေါ်လာနေသော အင်္ဂါအခါများ

တနင်္ဂနွေနေ့ ...ညနေ 3း00 မှ 43း0 အတွင်း

တနင်္လာနေ့ ... နံနက် 3း00 မှ 43း0 အတွင်း

....နံနက် 103း0 မှ 12း00 အတွင်း

....ည 103း0 မှ 12း00 အတွင်း


အင်္ဂါနေ့ ... နံနက် 6း00 မှ 73း0 အတွင်း

ည နေ 43း0 မှ 73း0အတွင်း


ဗုဒ္ဓဟူးနေ့ ....နံနက် 43း0 မှ 6း00အတွင်း

...နေ့ခင်း 12း00 မှ 13း0 အတွင်း


ကြာသာပတေးနေ့ နံနက် 00း00 မှ 13း0 အတွင်း

နံနက် 73း0 မှ 9း00 အတွင်း

ည 73း0 မှ 9း00 အတွင်း


သောကြာနေ့ နေ့ခင်း 13း0 မှ 3း00 အတွင်း



စနေနေ့ နံနက် 13း0 မှ 3း00 အတွင်း

နံနက် 9း00 မှ 103း0 အတွင်း

ည 9း00 မှ 10း 30 အတွင်း

အထက်ပါအချိန်တွေအားလုံးဟာ အင်္ဂါအခါတွေဖြစ်ကြပါတယ်။

ကောင်းပါပြီ။ ဒီအခါတိုင်နဲ့ပတ်သက်လို့ ထပ်မံပြီးရေးစရာတွေလည်း ရှိပါသေးတယ်။ ဥပမာအားဖြင့် နေ့နံသားသမီးကွဲပြားမှုအလိုက် အကျိုးအပြစ်ရရှိပုံတွေလည်းကွဲပြားမှာဖြစ်တဲ့အတွက် .....ထပ်မံ
ရေးသားပေးဖို့ လိုပါတယ်။ ဒါပေသိ....ဆောင်းပါးတစ်ပုဒ်ကို ဒီ့ထက်ပိုပြီးလည်း ရှည်အောင်မရေးချင်တော့လို့ ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါတယ်။

နေ့စဉ်သုံးဗေဒင် စာစု (၂) မှာ .... တနင်္ဂနွေအခါတိုင်နဲ့ ပတ်သက်ပြီးလက်တွေ့အသုံးချနိုင်တဲ့ကဏ္ဍတွေကို ထပ်မံ ရေးသား ဖော်ပြပေးသွားပါဦးမည် ခင်ဗျား။

စာရှုသူများ ချမ်းမြေ့ကြပါစေ။

ကိုစိုးမိုးထွန်း ဗေဒင်ပညာသုတေသီ
T-group မြန်မာ့ရိုးရာဗေဒင်ပညာအဖွဲ့အစည်း
kosoemoetun13@gmail.com






Post a Comment
 

Posts Comments

©2006-2010 ·TNB