မေးသူကမေး ဖြေသူကဖြေ စာစု(၁)
စနေအခါမှာ လာတဲ့ စနေသမီး
ဒီဆောင်းပါးကတော့ လက်တွေ့မေးဖြေလုပ်ပေးတဲ့ Google Talk to Google Talk မေးဖြေကဏ္ဍကနေ မေးဖြေလုပ်တာလေးတွေထဲက စာဖတ်သူတွေ အသိတိုး အကျိုးရှိစေနိုင်မယ်လို့ယူဆရတဲ့ မေးဖြေကဏ္ဍလေးတွေ
ကို ပြန်လည်တင်ပြပေးထားတဲ့စာစုလေးတွေပါ။ နာမည်အမှန်နဲ့ ဂျီတော့လိပ်စာတွေကို တော့ ပြောင်းလည်းခဲ့၊ ချန်ခဲ့ပါတယ်။ စာဖတ်သူများနှစ်သက်ကောင်းနှစ်သက်နိုင်မယ့် ပို့စ်လေးတွေဖြစ်ပါလိမ့်မယ်။
shi; မေးလို့ ရပြီလား
အကို
me: ရပါပြီ
ဘာမေးချင်သလဲမေးပါ။
7:43 PM shi; အကုန်
me: နာမည် (မှတ်ပုံတင်ပါနာမည် ) နဲ့ မွေးနံ ဘာနေ့သားသမီး
ကို အရင်ပေးပါ
7:45 PM shi; သွယ်သွယ်အောင် .. 15 .5.1982 စနေနေ့
me: လောလောဆယ် လုပ်တာမဖြစ် စိတ်ကညစ်
ငွေကလည်းကုန် ...
shi; အင်း
me: အမြင်မှန်တွေ နောင်တတွေရ
ပညာရေးကတော့ အားကောင်း
မယ်
7:46 PM ကြိုးစားမယ်ဆိုရင်ပေါ့
shi; ဟုတ် ကဲ့
မှန် လိုက်တာ အရောင်း အ၀ယ် 1 ခုလုပ်ကြည့်တာ အဆင်မပြေပဲ ငွေကုန် လူပန်းပဲဖြစ်သွားတယ်
me: လောလောဆယ်
ကံအနိမ့်ပိုင်းကိုဖြတ်နေပါတယ်
7:48 PM shi; အော်
ဘာလုပ်လုပ် မပြေဘူးပေါ့
me: ကံကောင်းအောင် အစီအရင်တစ်ခုလုပ်ကြည့်ပါ။
www.waitharlimgphone.blogspot.com မြန်မာ့ရိုးရာဗေဒင်ဆိုက်ဒ်တစ်ခုပါခင်ဗျာ။
အဲဒီ့မှာ နှစ်သစ်ကူးအတွက်လက်ဆောင်အစီအရင်ဆိုတာ
ဖတ်ကြည့်ပြီး
အဲဒီ့ထဲကအတိုင်းလုပ်ပါ။
shi; ဟုတ်
7:49 PM ကျေးဇူးတင်တယ်နော် အကို
me: ချမ်းမြေ့ပါစေဗျာ။
မေးပြီဆိုကတည်းက ငွေကြေးကုန်ကျမှုများပြားစေတဲ့အခါမို့ ငွေကုန်များမယ့်ဟောကိန်းကိုအလွယ်တစ်ကူထုတ်
နိုင်ပါပြီ။ ဒီ့ထက်သေချာတာက ဘာမေးမလဲမေးပါဆိုတော့ ကာယကံရှင်က (အကုန်) တဲ့ ။ တိုတိုတုတ်တုတ်ပါပဲ။
ဟုတ်ကဲ့။ ဒီတော့လည်းဟောပေးလိုက်ပါတယ်။ မွေးနံက အကြံအစည်ပျက်တဲ့ အလယ်အချာမှာရောက်နေပြီး၊
မေးခွန်းက ဆန်းမ၀င်တဲ့အမေးမေးလို့အဆိုးဘက်ကို ပိုပြီးဟောပေးလိုက်တာပါ။ နာမည်ကတော့ စနေအခါတိုင်
မှာအမြစ်အညွန့်ဖြစ်နေတာမို့ နာမည်အားကောင်းပါတယ်။ ဒါကြောင့် ဆိုးဆိုးရွားရွားအနေအထားမရှိတဲ့အပြင်၊
ဘာသာရေးလုပ်ပေးရင် ချက်ချင်းနလံပြန်ထူနိုင်မယ်လို့ယူဆတဲ့အတွက် ဆိုဒ်လိပ်စာကိုပေးပြီး ဆောင်းပါးထဲက
အတိုင်း အစီအရင်လေးလုပ်ခိုင်းလိုက်တာပါ။ တစ်ကယ်တော့ အစီအရင်ဆိုပေမယ့် ...ဘာသာရေးကိုပိုမိုအာရုံ
စူးစိုက်လုပ်ကိုင်လာစေချင်လို့ လမ်းညွှန်ပေးလိုက်တာပါ။ ဆောင်းပါးထဲကအတိုင်းလုပ်မယ်ဆို ...မြတ်စွာဘုရား
ရှင်ရဲ့ဂုဏ်တော်တွေကို ပွားများမှသာ ဖြစ်မှာမို့ပါ။ ဘာပဲဖြစ်ဖြစ် တစ်ယောက်စာတော့ ကုသိုလ်ဖြစ်စေ နှလုံးသွင်း
နိုင်ခဲ့ပါတယ်။
(ps; Google Talk to Google Talk မေးဖြေကဏ္ဍကို အသေးစိတ်သိရှိလိုပါက ကဏ္ဍအလိုက်ခွဲခြားထားသည်များမှ (ဗေဒင်မေးကြမယ်ဆိုရင်ကဏ္ဍ) ကို ဖတ်ရှုလေ့လာနိုင်ပါသည်။)
ချမ်းမြေ့ပါစေ။
သုတေသီဝေသာလီမောင်ဖုန်း။
Post a Comment