ချစ်ချစ်အကြောင်းတစ်စေ့တစ်စောင်း စာစု(၆)
နာမည်အဖျားစလုံး သ၊ဟ ဖြင့် မှည့်ခေါ်ထားသော ချစ်ချစ်တို့အကြောင်း
ဥပမာအားဖြင့် ဒီလိုနာမည်ရှင်လေးတွေကိုများ ချစ်ချစ် တော်မိကြမယ် ဆိုရင်... ၊ လင်းသန့်၊ မိုးမြတ်သော်၊ ဆုဆုဟန်၊အေးမြသွင်၊ နွယ်နီစိုးဟန်၊ တင်မာသော်၊ ကျော်မိုးသူ။ စသည်အားဖြင့်ဆိုပါတော့။
ဒီလို နာမည်ရှင်တွေကတော့ ဥယျာဉ်မှုးနဲ့တူတဲ့ ချစ်သူမျိုးလို့ဆိုနိုင်ပါတယ်။ သူတို့က ကဗျာ၊သဒ္ဒါ ပိုင်း တွေမှာ စိတ်ဝင်စားတတ်ကြပြီး၊ ဘာပဲလုပ်လုပ် သူတို့စီစဉ်ထားတဲ့အတိုင်းတစ်သွေမတိမ်းဖြစ်တာမျိုးကိုမှ ကြိုက် တတ်တဲ့သူမျိုးတွေလည်းဖြစ်တယ်။ ဒီနားက စာအုပ်တွေ ဘယ်နားသွားထားလိုက်တာလဲ။ ဟိုမှာချိတ်လေ အ၀တ် ကို ၊ မျက်နှာသုတ်ပုဝါ ကို ဒီမှာထားရတယ်... စသည်အားဖြင့် စီမံနေရာချထားတတ်ပြီး ၊ အလှဆင်တတ်သူတွေ လည်းဖြစ်တယ်။
သူတို့က သူတို့ချစ်သူကိုလည်း ဒီအတိုင်းပဲဖြစ်စေ့ချင်တယ်။ ပါးစပ်ကထုတ် မပြောရင်သာမပြော ဘဲနေမယ် စိတ်ထဲကတော့ သူတို့စီမံတာကိုလက်မခံရင် ၀မ်းနည်း နေတတ်သူတွေလို့လည်း ဆိုနိုင်ပါတယ်။ နာမည်အဖျားစလုံးကို သောကြာဂြိုဟ်ပိုင် အက္ခရာ (သ၊ဟ) နှင့် မှည့်ခေါ်ထားသူတွေမို့ သူတို့ကိုအပျော်ကြိုက်သူ တွေလို့လည်း ပြောနိုင်ပါတယ်။ သီချင်းတွေ အနုပညာရပ်ပိုင်းတွေကိုလည်း နှစ်လိုတတ်ကြပါတယ်။ ဘ၀မှာဘယ် လိုဇိမ်ယူရမလဲ လို့ အမြဲ တွေးနေတတ်တာလည်း သူတို့ပေါ့။ သက်တောင့်သက်သာဖြစ်မှုကို အစဉ်လိုလားတတ် သူများလည်းဖြစ်လို့ ...သူတို့ကို မနားမနေ ဆောင်ရွက်ခိုင်းမိမယ်ဆိုရင် ချစ်မှုရေးရာမှာ ..အနှုတ်လက္ခဏာ ပြလာ ပါလိမ့်မယ်။
သူတို့က ဘာကိုကြိုက်တတ်သလဲ ဆိုတော့ ..အစစအရာရာမှာ ဆွဲဆောင်ညှိ့ငင်အားကောင်းတဲ့ အကြောင်း အရာတွေကို ကြိုက်နှစ်သက်သဘောကျတတ်ပါတယ်။ ကလေးဆန်တာ ရှေးဆန်တာ ခေတ်ဆန်တာ အဲဒါတွေအပေါ်မှာ သူတို့အချစ်က တည်ဆောက်ထားတာမဟုတ်ပါဘူး။ သူ့ကို ဘယ်လိုဆွဲဆောင်မှု ကိုယ့်မှာရှိမ လဲဆိုတာက အရေးအကြီးဆုံးပါပဲ။ သူတို့ကို လက်ဆောင်ပေးတော့မယ် ဆိုရင် ခပ်ညံ့ညံ့ ပေါချောင်ကောင်းတော့ လုံးဝ စိတ်မကူးပါနဲ့။ ဖြစ်နိုင်သမျှ တန်ဖိုးကြီးဖို့တော့လိုမယ်။ မက်မောစရာတွေကို မက်မောတတ်တဲ့သူတို့ကို ချစ်မိရင် အပြစ်လို့တော့ မမြင်လိုက်ပါနဲ့။ အစကတည်းက မကြိုက်မိအောင်သာ နေချင်နေပါ။ သူတို့က သူတစ်ပါးကို သိမ်းသွင်းတာ၊ ပြုစုပျိုးထောင်ပေးတာမျိုးလည်း လုပ်တတ်ပါတယ်။ ဒါကို သင်က အသာငြိမ်ပြီး နေတတ်ဖို့ကလည်း လိုပါသေးတယ်။ ဟိုလိုလေး နေနော် ဆိုလည်း အင်းအင်းပေါ့ဗျာ၊ (ရှေ့တင်တော့) ။ ကွယ်ရာကတော့ ....မပျိုလော မပြောလိုပါဘူး မောင်တို့သဘော မတို့သဘောပေါ့။ ရှေ့တင်တော့ ကိုယ်က သူစီမံပေးတာကို လက်မခံတာတွေ သိပ်များလာရင် ..ချစ်ခြင်းမြဲဖို့ သိပ်မလွယ်ပါ။
ကဲ ဟုတ်ပါပြီ။ ..အနှစ်ချုပ်နဲနဲ ပြန်စုပေးပါ့မယ်။ သူတို့လို နာမည်ရှင်လေးတွေနဲ့ ချစ်ချစ်တော်ခဲ့မယ်လို့များ စဉ်းစား မိမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုလည်း ပိုပြီး သ ထားဖို့လိုပါလိမ့်မယ်။ အဲဗား စမတ်ဖြစ်လေလေ ကောင်းလေလေပါပဲ။ ဥယျာဉ်မှုးနဲ့တူတဲ့ချစ်သူမျိုးဖြစ်လို့ ကိုယ်ကလည်း သစ်ပင်ပန်းမန်လေးလို ငြိမ်ခံနေတတ်ဖို့လည်းလိုပါတယ်။ ပျော်ပွဲရွှင်ပွဲတွေ ၊ ကစားကွင်းတွေ၊ အပျော်ခရီးစဉ်တွေနဲ့လည်း သူတို့ကို စည်းရုံးဆွဲဆောင်ထားသင့်ပါတယ် ဆိုတာကို တင်ပြရင်း ချစ်ချစ်အကြောင်းတစ်စေ့တစ်စောင်း စာစု(၆) ကို နိဂုံးချုပ်အပ်ပါသည်ခင်ဗျား။

Post a Comment