မရဏက ပေးတဲ့ကောင်းကျိုး

Monday, February 15, 2010














မရဏကပေးတဲ့ကောင်းကျိုး


မရဏလား .....။ လွှတ်ဆိုးတယ်ဆိုပဲ။ ဆိုးမှာပေါ့ ။ဒုက္ခသစ္စာအမှန်က အဲဒီ့မှာရှိတယ်။ မရဏဖွားဆိုရင် ငယ်စဉ်ချုချာမယ်။ သေမြေကြီးရှင်ရွှေထီးတဲ့။ ကျမ်းအဆိုတွေမှာ အဲသလိုပါတယ်။ လေ့လာခဲ့တယ် ။ အချိန်ပေါင်း များစွာမောင်ဖုန်း။ လူတွေ။ အများကြီးပါပဲ။ ကြာတော့.....................တွေ့သလောက်တော့တွေ့လာတယ်။ ဆိုးကျိုးပဲပေးသလား ။ မဟုတ်ဘူး။
သေချာရဲ့လား။
သိပ်သေချာတာပေါ့။
တစ်ကယ်တော့ မဟာဘုတ်ခွင်တွေမှာ အထက်အကောင်း အောက်အဆိုး စနှစ်ကို တရားသေယူတာ လုံးဝမမှန် ပါဘူး။ အိမ်တစ်လုံးကိုကြည့်ပါ။ အိမ်ရှေ့ ခန်း ၊ စာကြည့်ခန်း၊ ဒါတွေကလည်း လိုအပ်သလို ၊ အိမ်သာ ၊ မီးဖိုချောင် ဒါတွေကလည်း လိုအပ်တာပါပဲ။

လိုအပ်လို့လည်း ။
ရှိနေတာပါ။
အမှိုက်ပုံးဆိုတာကို လူတွေက နှာခေါင်းရှုံ့တတ်ကြပေမယ့်...အမှိုက်ပုံးဆိုတာလည်း လိုအပ်တယ်ဆိုတာတော့ လက်ခံထားကြရပါမယ်။ တစ်ကယ်တော့ အားလုံးဟာ သူ့နေရာသူအသုံးဝင်နေကြတာပါပဲ။ ဒါလေးကိုသတိချပ်ပါ။

မရဏဖွားမို့ဆိုးတယ်ဆိုတဲ့အဆိုကို ဒီနေရာမှာ အသေသတ်ချင်ပါတယ်။ မဟုတ်ပါ။ သိုက်ဖွား တွေ အထွန်းဖွား တွေ ညံ့တာတွေကို ဆွဲထုတ်ပြရရင် အများကြီးပါ။ အရေးကြီးတာကတော့ အမှိုက်ကို အမှိုက်ပုံးထဲ ရောက်အောင်သွန်မိဖို့ပါပဲ။ အံဝင် ရင် ခွင်ကျ ပါတယ်။ ဒါလေး သတိချပ်ကြပါ။ မရဏနဲ့ပတ်သက်ပြီး တစ်ခြားပြောစရာတွေရှိပါသေးတယ်။ မရဏဌာနနဲ့ပတ်သက်ပြီး ....အစ်ကိုဥပသကာမေး ခွန်းကို ဖြေစဉ်ကလည်း မောင်ဖုန်း ဖြေတဲ့အထဲမှာတော်တော်များများပါသွားခဲ့ပါပြီ။ မဖတ်ရသေးတဲ့သူတွေအ တွက် ထပ်ပြီး ဖြည့်စွက် တင်ပြပေးပါ့မယ်။

မရဏဌာနဟာ ပရနယ်ပယ်နဲ့သက်ဆိုင်ပါတယ်။ ပရနယ်ပယ်ဆိုရာမှာလည်း အခြားတစ်ပါးသော နယ်ပယ်လို့ ပိုမိုကောက်ယူမှတ်ဆသင့်ပါတယ်။ မမြင်အပ်တဲ့ ပရလောကသားနယ်ပယ်ကိုချည်းပဲဆိုလိုတာမဟုတ်ပါ။ မိမိမဟုတ်သော အခြားသူသည် ပရဖြစ်ပါတယ်။ ကိုယ့်အိမ်မဟုတ်သော အခြားတစ်ပါးသောအိမ်သည် ပရပါပဲ။ ကိုယ့်ရပ်ကိုယ်မြေမဟုတ်သော အခြားတစ်ပါးသော အရပ် အခြားတစ်ပါးသော မြေသည် ပရပါပဲ။ ဒီလိုမှတ်ယူရ ပါမယ်။ မရဏဌာနဟာ ပြင်းထန်ပြီး အဆိုး သို့မဟုတ် အကောင်း ကို အင်အားပြုပေးတဲ့အခါမှာ အင်မတန် အရှိန်အဟုန် ကြီးမားပါတယ်။ မရဏဌာနကို မဟာဘုတ် ပညာအရ ..စနေဂြိုဟ်က ပိုင်ဆိုင်ပါတယ်။ မရဏဌာနဟာ ကောင်း ကျိုးကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဘယ်လိုကောင်းကျိုးမျိုးတွေပေးလို့လည်း။ ဟုတ်ရဲ့လား။ စသည်ဖြင့်...ဗေဒင် ပညာကိုနားလည် သူရော နားမလည်သူတွေပါ မေးမြန်းကောင်းမေးမြန်းကြလိုမယ်ထင်ပါတယ်။

မောင်ဖုန်းက သည်လိုဖြေပါတယ်။ မှန်တယ်။ ကောင်းကျိုးပေးနိုင်စွမ်းလည်းသူ့မှာရှိတယ်။ (အလကားပါကွာ၊ ဟုတ်လည်းမဟုတ်ပဲနဲ့ ၊ သက်သက်ဆရာကြီးလုပ်နေတာပါ..စသည်ဖြင့် ပြောတတ်မယ့်လူတွေလည်း စာဖတ်သူ တွေထဲမှာ ပါကောင်းပါလာမယ်။ ပါလာရင် မှတ်။ ဆက်ဖတ်ပါ ။အောက်မှာ။ )

အညွန့်ဂြိုဟ်အကြောင်း ကြားဖောက်နဲနဲတင်ပြပေးပါ့မယ်။ (အညွန့်ဂြိုဟ်အကြောင်းကို ကျွန်တော်ရေးသားပြုစု ခဲ့ဖူးတဲ့ ..၊ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာအထောက်အကူပြုဗေဒင်ပညာကျမ်း မှာ ဖော်ပြထားပြီးဖြစ်ပါတယ်။ ဆရာတေးဆိုဒ် (www.mmastrology.com) မှာတုန်းကလည်း အညွန့်ဂြိုဟ်နဲ့ပတ်သက်ပြီး တင်ပြထားပြီးဖြစ်ပါ တယ်။) လုံးဝနားစိမ်းနေသေးသူများအတွက် ..မောင်ဖုန်းသည်နေရာမှာ ဆက်ပြီး ဖော်ပြပေးပါ့မယ်။

အညွန့်ဂြိုဟ်

အညွန့်ဂြိုဟ် ဆိုတာ တစ်ခြားမဟုတ်ပါဘူး။ သက်ဆိုင်ရာမွေးနံရှင် ရဲ့ရှေ့တစ်ရက်တိုးထားသော ဂြိုဟ် ကို အညွန့် ဂြိုဟ်လို့သတ်မှတ်ပါတယ်။ ဥပမာအားဖြင့် စနေသားအတွက် အညွန့်ဂြိုဟ်ဟာ စနေနေ့ပြီးရင် အနာဂတ်နေ့ရက် ဟာ တနင်္ဂနွေနေ့အဖြစ် တိုးသွားမှာ၊ ရောက်ရှိသွားမှာဖြစ်လို့ အညွန့်ဂြိုဟ်ဟာ တနင်္ဂနွေဖြစ်တယ်။ ထိုနည်းအား ဖြင့် တနင်္ဂနွေသားအတွက် အညွန့်ဂြိုဟ်က တနင်္လာ၊ တနင်္လာသားအတွက်အညွန့်ဂြိုဟ်က အင်္ဂါ..စသည်ဖြင့်ပေါ့။ လူတွေရဲ့ အနာဂတ်ကံကြမ္မာကို အညွန့်ဂြိုဟ်က အမြောက်အများလွှမ်းမိုးထားပါတယ်။ လူတစ်ယောက် သူဘာကို လိုချင်သလဲ။ ဘာကိုရှာဖွေမလဲ။ ဘယ်လိုရှာဖွေရမလဲ။ အနာဂတ်ကံတရားကဘယ်လိုဖြစ်ပေါ်လာမလည်းဆိုတာ အညွန့်ဂြိုဟ်က ဖော်ပြနိုင်စွမ်းရှိပါတယ်။ လက်ဆန်းဗေဒင်ဆရာတော်တော်များများ ဒီအကြောင်းအရာကို မသိ ကြသေးပါဘူး။ အသေးစိတ်လေ့လာကြည့်ကြဖို့ မောင်ဖုန်းတိုက်တွန်းလိုပါတယ်။ ဆက်လက်ရေးသားပါ့မယ်။

အညွန့်ဂြိုဟ်ဟာလူတစ်ယောက်ရဲ့ ရှာဖွေလို့ ရရှိလာနိုင်တဲ့ အကြောင်းအရာတွေကိုဖော်ပြပေးတယ်။ သူဘာကို လိုလားမလဲ ။ ဘာကိုရယူမလဲ။ ဘာကိုပိုင်ဆိုင်ခွင့်ရှိသလဲ။ စသည်အားဖြင့် ဖော်ပြပါတယ်။ ဒီလောက်ဆိုရင် ... အညွန့်ဂြိုဟ်နဲ့ပတ်သက်ပြီး၊ အတန်အသင့်သိရှိနိုင်ပြီလို့ထင်ပါတယ်။ မရဏဌာနအကြောင်း နဲနဲ ပြန်သွားကြရ အောင်။

မရဏဌာန

မဟာဘုတ်ပညာအရ ..မဟာဘုတ်ဌာနတွေထဲက မရဏ ဆိုတဲ့ဌာန နဲ့ ပတ်သက်ပြီး...အနက်အဓိပ္ပါယ် ဖွင့်ဆိုရ မယ်ဆိုရင် မောင်ဖုန်းဥာဏ်မီသလောက်ပြောပြနိုင်တာက.......
မရဏဌာန ဟာ ...

လောကုတ္ထ္တရာနယ်ပယ်၊ အဆုံးသတ်ခြင်း၊ ပျက်ဆီးခြင်း၊ အစားထိုးရခြင်း၊ လျှို့ ဝှက်နက်နဲခြင်း၊ ၀ဋ်ကြွေးများပေးဆပ်ရခြင်း၊ ကောင်းကျိုး ဖြစ်စေ မကောင်းကျိုးဖြစ်စေ အရှိအတိုင်းအမှန်အတိုင်းအကျိုးပေးထက် သန်လာတတ်ခြင်း၊ လူမျိုးကွဲ၊ ဘာသာကွဲ၊ ဓလေ့ထုံးစံကွဲပြားခြားနားခြင်း၊ ဆိတ်ငြိမ်ရာအရပ်၊ ချုပ်ငြိမ်းခြင်း၊ ပရ လောက ပရနယ်ပယ်၊ အာကာသဆိုင်ရာ စူးစမ်းလေ့လာမှုများ၊ စဉ်းစားတွေးတောရခက်ခဲသော နက်နဲသောအ ချင်းအရာများ၊ သမရိုးကျနှင့် အစဉ်အလာကို သွေဖီနေသော အချင်းအရာများ၊ ထူးဆန်းသောကိစ္စအကြောင်းအ ရာများ၊ စသည်တို့နဲ့ပတ်သက်ပါတယ်။ ပညာရပ်တွေထဲမှာလည်းထူးခြားနက်နဲတဲ့ပညာရပ်တွေ၊ အလွန်နက်နဲပြီး မြင့်မြတ်တဲ့ လောကုတ္တရာနယ်ပယ်ဆိုင်ရာ အသိဥာဏ်ပညာတွေ၊ စိတ်ပိုင်းဆိုင်ရာ ပညာရပ်တွေကိုဖော်ပြပါ တယ်။ မရဏနယ်ပယ်ဟာ ..လူသာမန်တို့နဲ့ မအပ်စပ်တဲ့ နယ်ပယ်တစ်ရပ်ကိုလည်း ဖော်ပြပါတယ်။

ကောင်းပြီ၊ ဒါဆို..မရဏဌာနအကြောင်းအတန်အသင့်တော့ သိရှိနိုင်ပြီဖြစ်ပါလိမ့်မယ်။ ဒီအဆိုတွေက ဘယ်ကျမ်း မှာရှိလို့လည်း အခြေအမြစ်မရှိပါဘူး ဘာညာ ဆိုကောင်းဆိုသူရှိနိုင်ပါတယ်။ ရှိရင် မောင်ဖုန်းကသည်လိုပြောပါ့ မယ်။ ဟုတ်တယ် ။ မရဏဌာနကို မောင်ဖုန်းက ဟောဒီ့လို အဓိပ္ပါယ်ဖွင့်တယ်။ ကြိုက်ရင်ယူ ၊၊ မကြိုက်ရင်မယူနဲ့။ မယုံသေးရင် လက်တွေ့သုံးနိုင်ဖို့ လေ့လာကြည့်၊ ဥာဏ်ရှိသမျှ တစ်ဖြည်းဖြည်းသိမြင်လာပါလိမ့်မယ်။
မရဏဌာနမှာ ရပ်တည်နေတဲ့ဂြိုဟ်တစ်လုံးဟာ မရဏဌာနရဲ့  အာနိသင်ကိုခံရတာချည်းပါပဲ။ ဥပမာအားဖြင့် မရဏဌာနမှာရပ်တည်နေတဲ့ တနင်္ဂနွေဟာ အစဉ်အလာနှင့် ဓလေ့ထုံးစံများ၊ စည်းကမ်းများကို ချိုးဖောက်ဖို့ အင်အားရရှိလာပါတယ်။

မရဏဌာနမှာရပ်လိုက်တဲ့ တနင်္လာဂြိုဟ်ဟာလည်း စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာဖိနှိပ်ဖိစီးခံရမှုကို ခံရဖို့ အင်အား ပြုလာပါတယ်။
မရဏဌာနမှာ ရပ်တည်တဲ့ အင်္ဂါဂြိုဟ်ဟာ လည်းထို့နည်းတူပါပဲ....အလွန်ပြင်းပြတဲ့ ရှည်လျားတဲ့ ရည်ရွယ်ချက်မျိုး ဖြစ်ပွားလာအောင် လှုံ့ဆော်ပေးပါတယ်။ ဒါက ဥပမာ အနဲငယ်ပြောပြတာပါ။ကျန်တာကတော့ ကိုယ့်ကိုယ်ကို ဥာဏ်ရှိသလို ဂြိုဟ်ပရိယာယ်နဲ့ ဌာနကို ပေါင်းစပ်ပြီးယူသွားနိုင်ပါတယ်။
အရေးကြီးတာက အဲဒီ့လိုပေါင်းစပ်ယူတဲ့နေရာမှာ ကောင်းတာကော ဆိုးတာပါ နှစ်မျိုးစလုံး ကိုယူရမယ်ဆိုတာ ပါပဲ။ သက်ဆိုင်ရာဇာတာရှင်တစ်ယောက်အတွက် ကောင်းတာကောဆိုးတာပါ သူ့အနေနဲ့ရှောင်လို့မရပါဘူး။ ဒွန်တွဲပြီးခံစားရပါမယ်။ ဘာလို့လည်း.........။ လူဟာ ကောင်းတဲ့ကုသိုလ်စိတ်ကော ၊မကောင်းတဲ့အကုသိုလ်စိတ် ပါဒွန်တွဲနေလို့ပါပဲ။

ဥပမာအားဖြင့် ..မရဏဌာနမှာရပ်တည်နေတဲ့ တနင်္လာဂြိုဟ်ဟာ ...

ဆိုးကျိုးအားဖြင့် မိခင်နှင့်စပ်လျဉ်းသော စိတ်သောက ၊ အမျိုးသမီးများနှင့် စပ်လျဉ်းသော စိတ်ပင်ပန်းညစ်နွမ်းရမှု များပြားစေမှု၊ ရေတွင်ဥပဒ်ပေးခြင်း၊ သွေးနှင့်စပ်လျဉ်းသော ရောဂါဝေဒနာဆိုးများကပ်ညိတတ်ခြင်း၊ ကူးစက်ရော ဂါများဖြစ်ပွားလွယ်ခြင်း.လွတ်လပ်မှုပျောက်ဆုံးခြင်း၊.စသည်ဖြင့် (အများကြီးပါပဲ) ဆိုနိုင်သလို....... ကောင်းကျိုးအားဖြင့်.လည်း ..၊ ဂမ္ဘီရပညာများ မှော်ဆန်ဆန်ပညာများ၊ စိတ်ပညာများတွင် ထက်မြက် ပေါက်မြောက် စေနိုင်ခြင်း၊ စိတ်နယ်လွန် အမြင်မျိုးရရှိတတ်ခြင်း၊ နိုင်ငံရပ်ခြားအသင်းအဖွဲ့များနှင့်စပ်လျဉ်းပြီး ကောင်းကျိုးရရှိတတ်ခြင်း၊ စသည်ဖြင့်(အများအပြား) ဆိုနိုင်ပါတယ်။

ဒီလောက်ဆို ...မောင်ဖုန်း ရည်ရွယ်ပြောလိုသော အချင်းအရာ ကို သိသူအချို့ကတော့ သိရှိပြီးဖြစ်ပါလိမ့်မယ်။ အဓိကရည်ရွယ်ရင်းကတော့ ဘယ်ဌာနမဆို ကောင်းကွက်ဆိုးကွက် ကိုယ်စီရှိကြပါတယ်။ မရဏဌာနမှာလည်း သူ့သဘာဝကပေးနိုင်တဲ့ကောင်းကျိုးမျိုးတွေအများအပြားရှိနေတယ်ဆိုတာပါပဲ။ ဒီနေရာမှာ အကြောင်းအရာစပ် မိလို့ ..တစ်ခုကိုကြားဖောက်တင်ပြပေးသွားချင်တာကတော့........

........ကွယ်လွန်သွားရှာပြီဖြစ်တဲ့ နိုင်ငံကျော် ဗေဒင်ပညာရှင်ကြီးတစ်ဦးဖြစ်သူ...ဆရာမင်းသိင်္ခ ..ဟာ ...ခြောက်ခု ကြွင်းမဟာဘုတ်ဖွားဖြစ်လို့ ....တနင်္လာဂြိုဟ်ဟာ မရဏမှာတည်ရှိပြီး...နာမည်အဖျားစာလုံးလည်း ဖြစ်လာပါတယ်။ ဆရာမင်းသိင်္ခရဲ့  အမည်ရင်းဟာ တစ်ခြားတစ်ခုဖြစ်ပေမယ့်။ စာပေနယ်ပယ်နဲ့ ဂမ္ဘီရနယ်ပယ် ဘက်မှာတော့ ဆရာမင်းသိင်္ခဆိုတဲ့နာမည်ကသာ တရားဝင်တိုင်းသိပြည်သိလျှမ်းလျှမ်းတောက်ခဲ့ပါတယ်။
တနင်္လာဂြိုဟ်ဟာ ...မရဏမှာတည်ခြင်း
တနင်္လာဂြိုဟ်သည် ..အသင်းအဖွဲ့ဆိုင်ရာ ဂြိုဟ်ဖြစ်ခြင်း
တနင်္လာဂြိုဟ်သည် (ဇာတာရှင်တနင်္ဂနွေသား ဆရာမင်းသိင်္ခအတွက်) အညွန့်ဂြိုဟ်ဖြစ်နေခြင်းများ အရ....
ဆရာမင်းသိင်္ခဟာ ... မရဏဌာန တနင်္လာ ရဲ့ ဆိုးကျိုးတွေဖြစ်တဲ့ လွတ်လပ်မှုပျောက်ဆုံးခြင်း၊ (အကျဉ်းထောင် တွင် နေထိုင်ခဲ့ရခြင်းအပြင်အခြားဆိုးကျိုးအချို့လည်း (လုံးစုံမသိရသေးသဖြင့်မရေးသားလိုသေးပါ) ခံစားခဲ့ရသလို၊
ကောင်းကျိုးအနေနဲ့လည်း .... ဂမ္ဘီရနယ်ပယ်ဘက်မှာ သူမတူအောင်ထင်ရှားကျော်ဇောခဲ့သလို ၊ အသင်းအဖွဲ့တစ် ခုကိုလည်း ထူထောင်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါကြောင်း။ ပညာလေ့လာသူများ အကျိုးများနိုင်ပါစေ။ ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
Post a Comment
 

Posts Comments

©2006-2010 ·TNB