မြန်မာနှစ်သစ် ကောဇာခုနှစ် ၁၃၇၂ခုနှစ်
တူးပို့တူးပို့နဲ့အတူ ရောက်ရှိလာမည့်..............................................................................................................
ကောဇာမြန်မာခုနှစ် ၁၃၇၂ခုနှစ် ဟာ မဟာဘုတ်ဖွဲ့ကိန်းအရ သုညကြွင်း မဟာဘုတ်ခွင်နှစ်တစ်ခုဖြစ်ပါတယ်။
ဒီကောဇာခုနှစ်မှာ .....
တနင်္ဂနွေဂြိုဟ် ဟာ အားအသင့်အတင့် ....ရှိပြီး၊ တနင်္လာဂြိုဟ်အားကောင်းစွာရပ်တည်ပါလိမ့်မယ်။ ဒီနှစ်တစ်နှစ် လုံးမှာ အားအကောင်းဆုံးဖြစ်ပြီး သဘောကျနှစ်လိုဖို့အကောင်းဆုံးဂြိုဟ်နှစ်လုံးကတော့ သောကြာဂြိုဟ်နဲ့ တနင်္လာဂြိုဟ်တို့ပဲဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း အင်္ဂါဂြိုဟ်နဲ့ရာဟုဂြိုဟ်တို့ဟာ အားအင်ပြင်းပြင်းထန်
ထန်နဲ့ ပက္ခမိပြီးအားပြိုင်ကြပါမယ်။ ဒီဂြိုဟ်နှစ်လုံးရဲ့ ပက္ခအားပြိုင်မှုထဲမှာ လူပေါင်းများစွာရဲ့ သွေးချွေးတွေ..ဘဝ
တွေလည်း စီးဝင်မျောပါသွားကြပါမယ်။ အဲဒီ့လိုပဲ ဒီပက္ခကနေပဲ ...လူတစ်ချို့  ဘ၀အချို့ ကို အမြင့်ကို မြှင့်တင်ပေး သွားဦးမှာဖြစ်ပါတယ်။ (၇)နှစ်တစ်ခါ...... ရောက်ရှိလာတတ်တဲ့ဒီပက္ခဟာ ရက်ရက်စက်စက် ဖြစ်စဉ်များကို တွန်းအားပေးလှုံ့ဆော်တတ်တာအမှန်ပါပဲ။ ဂျုးလူမျိုးသန်းပေါင်းများစွာကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူတစ်ဦးဖြစ်တဲ့ နာဇီအရာရှိတစ်ဦးဖြစ်သူ အိုက်ခမန်းဟာ ဒီပက္ခကာလ အတွင်းမှာ မွေးဖွားလာခဲ့သူ တစ်ဦးဖြစ်ပါတယ်။
အဲဒီ့လိုပါပဲ။ .......အားအကောင်းဆုံးအဖြစ် ကျေနပ်ဖွယ်ရာတွေ့ရှိရတဲ့ တနင်္လာဂြိုဟ် နဲ့သောကြာဂြိုဟ်ဟာလည်း
လူပေါင်းများစွာကို ကောင်းကျိုးပေးသွားမှာဖြစ်ပြီး၊ အနဲငယ်အသေးစိတ်ထပ်မံတင်ပြပေးရမယ်ဆိုရင် .........
တနင်္လာသားသမီးများအတွက် ကောဇာနှစ်သစ်ရဲ့ သောကြာဂြိုဟ်ဟာ ကောင်းမွန်သော အထောက်အပံ့
ကောင်းများ ၊ ဘဂရောင်းကောင်းများရရှိခြင်း၊ နေရာကောင်းရခြင်းများကို ဖြစ်ပွားစေမှာဖြစ်ပါတယ်။
တနင်္ဂနွေသားသမီးများအတွက်တော့ ကောဇာနှစ်သစ် ရဲ့ သောကြာဂြိုဟ်ဟာ မေတ္တာရေးနယ်ပယ်မှာ ထူးခြား
မှုကြုံစေပြီး.....................
အင်္ဂါသားသမီးများအတွက် ကောင်းသော ခရီးစဉ်များ ၊ ဘာသာရေး ပညာရေး ဆိုင်ရာခရီးစဉ်များ ကို ပေးစွမ်း
နိုင်ပါတယ်။ ဗုဒ္ဓဟူးသားသမီးများအတွက် တော့ အကူညီကောင်းများကို ပေးမယ့် သောကြာဂြိုဟ်ကောင်းဖြစ်ပါ
တယ်။ ရာဟုသားသမီးများအတွက်တော့ ..အမွေဆက်ခံရမှုနဲ့ ...ကျန်းမာရေးတိုးတက်ကောင်းမွန်စေမှုကို ဖြစ်
ပွားစေနိုင်ပါတယ်။ ကြာသာပတေးသားသမီးများအတွက် ... မိမိတို့ရည်မှန်းကြိုးစားနေသည်များကို အထူးအထောက်အကူဖြစ်စေနိုင်တဲ့ ဂြိုဟ်လည်းဖြစ်ပါတယ်။ သောကြာသားသမီးများအနေနဲ့ကတော့ ပတ်ဝန်းကျင်အသိုက်အ၀န်းက ကိုယ့်ကို အထူးသတိပြုမိကြ စိတ်ဝင်စားကြတာကို ခံရမယ့်အနေအထားမျိုး ပေး
စွမ်းမယ့် ဂြိုဟ်နေတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ စနေသားသမီးများအတွက် လောကီသုခအသစ်အဆန်းများကို ....
အမှတ်မထင်ခံစားရရှိစေတတ်ပါတယ်။ ထို့နည်းတူပဲ ..တနင်္လာဂြိုဟ်ဟာလည်း လူပေါင်းများစွာကို အကျိုးပြုပေးမယ့် နှစ်သစ်တစ်ခုဖြစ်ပါတယ်။
ခုလိုသုည ကြွင်း မဟာဘုတ်ခွင် နှစ်မျိုးမှာ ...... တနင်္ဂနွေဂြိုဟ်ဟာ ပုတိမှာ ရပ်တည်နေခြင်းကြောင့်.........ကမ္ဘာ့
စီးပွားရေးအခြေအနေဟာ ...ရေလုပ်ငန်း နဲ့ မီဒီယာလောက မီဒီယာလုပ်ငန်းတွေအပေါ်မှာ အများအပြားမှီတည်
နေမယ့်ကာလလို့ ဆိုနိုင်ပါတယ်။ ဖျော်ရည်၊ ရေသန့် လုပ်ငန်းများ၊ ကူးသန်းသွားလာရေးဆိုင်ရာလုပ်ငန်းများ၊
ယာဉ်ကားလုပ်ငန်းများ အပေါ်မှာလည်း အသက်မွေးမှုအနေအထားတွေ အများအပြား ပိုမို ဖြစ်တည်လာမယ့်
ကာလလို့ ယေဘုယျသုံးသပ်ထားပါတယ်။ ကွန်ပြူတာ နဲ့ ရုပ်သံပစ္စည်းများ၊ ဓါတ်ပုံ၊ ကင်မရာ၊ ဖလင်လောက ဆိုင်ရာလုပ်ငန်းများ လည်း ယခင်ထက်ပိုမို ကျယ်ပြန့်လာမယ့်နှစ်မျိုးဖြစ်နိုင်ပါတယ်။ ကြားခံလုပ်ငန်းများ၊ ပွဲစားလုပ်ငန်းများ၊ လည်း ပိုမိုအားကောင်းလာနိုင်ပါတယ်။ ဒါက လက်တွေ့သုတေသနပြုချက်လုံးဝမရှိသေးပဲခန့်
မှန်းတွေးတောမိသမျှ တင်ပြရေးသားထားတာမို့ အသင့်အတင့်သာ မှတ်ယူသင့်ကြောင်း ၀န်ခံပါရစေ။
နောက်တစ်ချက်ကတော့ .....ကောဇာမြန်မာနှစ်သစ်ရဲ့ ထူးခြားချက်တစ်ခုပါ။ အဲဒါကတော့ ဘင်္ဂဌာနမှာရပ်တည်နေတဲ့ စနေဂြိုဟ်နဲ့ တနင်္ဂနွေ + အင်္ဂါ တွဲနေတဲ့နာမည်ရှင်တွေအကြောင်းပါ။
အ၊ဥ + စ၊ဆ၊ဇ၊ ဈ၊ ည တွဲပြီးမှည့်ထားသော မည်သည့်အမည်ရှင်မျိုး မည်သည့်နေ့နံဖွားမျိုးတွေပဲဖြစ်ပါစေ
လာမယ့်နှစ်သစ်မှာ စနေဂြိုဟ်က ဒုက္ခပေးပါတော့မယ်။ အဲဒီ့လိုပဲ ကြာသာပတေး သောကြာ ပူးတွဲမှည့်ခေါ်ထား
သောမည်သည့်အမည်ရှင်မျိုး မွေးနံရှင်မျိုးဖြစ်စေ တနင်္လာဂြိုဟ်က ကောင်းကျိုးပြုပါတော့မယ်။ ကြာသာပတေး
နံ ပ၊ဖ၊ဗ၊ဘ၊မ နဲ့ သောကြာနံ သ၊ဟ တွဲယှဉ်မှည့်ခေါ်ထားသော အမည်ရှင်များဆိုပါတော့ ။
အသေးစိတ်ကိုတော့ နောက်လာမယ့် ..ခုနှစ်ရက်သားသမီးများအတွက် တစ်နှစ်တာဟောကိန်းများ ထဲမှာ ရေး
သားဖော်ပြပေးသွားပါမယ်။ လောလောဆယ် စက်ရှေ့မှာ သိပ်မထိုင်နိုင်တဲ့အတွက် ...ဆောင်းပါးတစ်ပုဒ်ကိုပဲ
ကွန်နက်ရှင်မကောင်းတဲ့ကြားမှာ အသဲအသန်ရေးသားတင်ပြလိုက်ရပါတယ်။
ချမ်းမြေ့ကြပါစေ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
Post a Comment