အင်္ဂါသားသမီးများအတွက် ကံဇာတာ (၁၃၇၂ခုနှစ်)
အင်္ဂါသားသမီးများအတွက် ကောဇာမြန်မာခုနှစ် ၁၃၇၂ခုနှစ် အတွင်း ..တစ်နှစ်တာကံဇာတာအနေအထားများကို
အောက်ပါအတိုင်း ကဏ္ဍခွဲခြား တင်ပြပေးအပ်ပါသည်။
ကောဇာခုနှစ် နှင့် နေ့နံ
ကောဇာခုနှစ် ၁၃၇၂ခုနှစ် ....အတွင်းမှာ အင်္ဂါသားသမီးများအဖို့ . .အနှိမ်ခံရတာ..၊ ပြစ်တင်ပြောဆိုခံရတာ။ အပြစ်ပေးခံရတာမျိုးတွေ နဲ့ ...ကြုံတွေ့ရတတ်သောအနေအထားများဆိုက်ရောက်လာပါတယ်။ .. အင်္ဂါသားသမီး
များအနေနဲ့ အကျဉ်းအကျပ်တွေ အခက်အခဲတွေကြားကနေ ရုန်းထွက်ဖို့ကြိုးစားကြရမယ့်ကာလတစ်ခုအဖြစ်
အကြမ်းအားဖြင့် မှတ်ယူနိုင်ပါတယ်။ ယခင်နှစ်က အားကြိုးမာန်တက်ဖြစ်နေပြီး ဖြတ်လက်တက်ကြွနေသူတွေ
တောင် သည်နှစ်ထဲမှာတော့ ...မကြာမကြာဆိုသလို ..ထိုင်းမှိုင်း အထီးကျန်သွားတတ်ချိန်ဖြစ်ပါတယ်။ အချို့ သောအင်္ဂါသားသမီးများအဖို့ ...သေဆုံးခြင်း၊ ထောင်တန်းကျခြင်း၊ များကြုံရတတ်သလို..အချို့သောအင်္ဂါသားသ
မီးများအဖို့တော့ ...နိုင်ငံရပ်ခြားဒေသများ၊ ဝေလံခေါင်သီသောအရပ်များသို့ သွားရောက်ရခြင်း၊ သာသနာ့ဘောင်
သို့ ၀င်ရောက်ခွင့်ရခြင်း စသည်ဖြင့် လည်း ကြုံတွေ့ကြရမှာဖြစ်ပါတယ်။ အဓိကပြောရရင်တော့ ဒီခုနှစ်ထဲမှာ ..
အတိတ်ကကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်ကံ သို့တည်းမဟုတ် မကောင်းမှုအကုသိုလ်ကံ အကျိုးပေးတို့ကို
ရှောင်လွှဲမရ ရင်ဆိုင်ရတော့မယ်ကာလတစ်ခုဖြစ်လာပါတော့တယ်။
များအနေနဲ့ အကျဉ်းအကျပ်တွေ အခက်အခဲတွေကြားကနေ ရုန်းထွက်ဖို့ကြိုးစားကြရမယ့်ကာလတစ်ခုအဖြစ်
အကြမ်းအားဖြင့် မှတ်ယူနိုင်ပါတယ်။ ယခင်နှစ်က အားကြိုးမာန်တက်ဖြစ်နေပြီး ဖြတ်လက်တက်ကြွနေသူတွေ
တောင် သည်နှစ်ထဲမှာတော့ ...မကြာမကြာဆိုသလို ..ထိုင်းမှိုင်း အထီးကျန်သွားတတ်ချိန်ဖြစ်ပါတယ်။ အချို့ သောအင်္ဂါသားသမီးများအဖို့ ...သေဆုံးခြင်း၊ ထောင်တန်းကျခြင်း၊ များကြုံရတတ်သလို..အချို့သောအင်္ဂါသားသ
မီးများအဖို့တော့ ...နိုင်ငံရပ်ခြားဒေသများ၊ ဝေလံခေါင်သီသောအရပ်များသို့ သွားရောက်ရခြင်း၊ သာသနာ့ဘောင်
သို့ ၀င်ရောက်ခွင့်ရခြင်း စသည်ဖြင့် လည်း ကြုံတွေ့ကြရမှာဖြစ်ပါတယ်။ အဓိကပြောရရင်တော့ ဒီခုနှစ်ထဲမှာ ..
အတိတ်ကကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်ကံ သို့တည်းမဟုတ် မကောင်းမှုအကုသိုလ်ကံ အကျိုးပေးတို့ကို
ရှောင်လွှဲမရ ရင်ဆိုင်ရတော့မယ်ကာလတစ်ခုဖြစ်လာပါတော့တယ်။
စီးပွားရေးရာ.........
စီးပွားရေးရာမှာ ဒီတစ်နှစ်အဖို့ .....ကိုယ့်ကိုယ်ကို အနာခံပြီး အကျိုးအမြတ်ရှာဖွေရတတ်သောကာလဖြစ်လာပါ
တယ်။ ကိုယ်လိုချင်တာတစ်ခုခုကိုရဖို့အတွက် ...ပထမဆုံးကိုယ့်မှာ အထိခိုက်အနစ်နာခံရတာတွေ ကြုံလာရတတ်ချိန်ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ..ကိုယ်က အနာမခံပဲနဲ့ အသာမစံရတတ်သောအချိန်မျိုး
လို့ဆိုနိုင်ပါတယ်။ အကျိုးစီးပွားရှာဖွေရမှာလည်း အတိုက်အခံနဲ့ အပြိုင်အဆိုင်များပါ ပါဝင်လာတတ်ချိန်ဖြစ်ပါ
တယ်။ ကောင်းကွက်တစ်ခုကတော့ ကိုယ်က ရှေ့ကနေထွက်ပြီး ဦးဆောင်ခွင့်ရရှိတတ်ခြင်းဖြစ်ပါတယ်။ စီးပွားရှာ
ဖွေရမှာ ... အခြားကောင်းကွက်တစ်ခုကတော့ ..တစ်ကယ်အရေးကြီးတဲ့လုပ်ကွက်ကိုင်ကွက်တွေနဲ့ ..အရည်အ
သွေးကွာလတီကောင်းတဲ့ အကျိုးစီးပွားရပေါက်မျိုးလေးတွေ ရရှိတတ်ခြင်းပါပဲ။ အထူးသဖြင့် နာမည်အဖျားစာ
လုံးကို (ယ၊လ၊၀၊ရ) နဲ့မှည့်ခေါ်ထားသော အင်္ဂါသားသမီးများအဖို့ ..ပိုမိုကောင်းကျိုးရရှိနိုင်ပါလိမ့်မယ်။
သည်တစ်နှစ်အဖို့ အကျိုးစီးပွားပိုမိုတိုးတက်လိုသူများအတွက် အင်္ဂါထောင့်မှာ ...၀ါးညွန့် (၁၇ညွန့်) ကို ကပ်လှု
ပေးသင့်ပြီး...နေ့စဉ် ..သုဂတောဂုဏ်တော်ကြီးကို အချိန်ရတိုင်း ပွားများပေးသင့်ပါတယ်။
မေတ္တာရေးရာ
မေတ္တာရေးရာအခြေအနေကတော့ သည်တစ်နှစ်အတွင်းမှာ နှစ်မွှာအသည်း မခွာမခွဲပဲ..တစ်ယောက်မကနဲ့..
နှစ်ခွနှစ်ခု ချစ်မှုပွေရတတ်သောကာလမျိုး ရောက်ရှိလာပါပြီ။ မူလက သစ္စာအလွန်ကြီးသူတွေတောင် အခြေအ
နေက ...မေတ္တာနှစ်ခိုင် နဲ့ သစ္စာပြိုင်ဖို့ ဖန်တီးလာတတ်သော ကာလမျိုးဆိုကြပါစို့။ ရှာဖွေနေဆဲသူများအဖို့လည်း
ဟိုတစ်ယောက်လိုလို သည်တစ်ယောက်လိုလို နဲ့ ဇဝေဇ၀ါမကြာခဏဖြစ်ရတတ်သောကာလပါ။ မေတ္တာရေးမှာ
ရွေးရခက်ကြီး ဖြစ်တတ်တဲ့နှစ်မျိုးမို့ ....ဆုံးဖြတ်ချက်ချဖို့ရာလည်း ခက်ခဲရတတ်ပါတယ်။ အိမ်ထောင်ရှင်များအဖို့
တော့ အများအားဖြင့် အိမ်ထောင်ဖက်ဖြစ်သူမှာ သူတစ်ပါးကိစ္စတွေကြား ပါဝင်ပတ်သက် ကူညီရမှုများပြားနေ
တတ်တာကို တွေ့ကြုံရတတ်ပြီး...၊ အကယ်လို့များ အမျိုးသားအင်္ဂါသားအိမ်ထောင်ရှင်များဖြစ်ခဲ့ရင်တော့....
ပထမ အပြင် ဒုတိယ ဆိုတာပါ ..ရှိလာဖို့လွယ်ကူလာသော ..ကာလမျိုးဖြစ်ပါတယ်။ အထူးသဖြင့် နာမည်အဖျား
စလုံးကို တနင်္ဂနွေနံ (အ၊ ဥ) ဖြင့် မှည့်ခေါ်ထားသော အင်္ဂါသားသမီးများအဖို့ မေတ္တာရေးရာ ဒွိဟများ ...ပိုမိုကြုံ
တွေ့ရတတ်ပါကြောင်း။
ဘာပဲဖြစ်ဖြစ် မေတ္တာရေးရာမှာ ကံအားသာလာစေဖို့အတွက် ...တနင်္လာထောင့်မှာ အုန်းညွန့် ခြောက်ညွန့်ကို
ကပ်လှုသင့်ပါတယ်။ အဖြူရောင် ဟာ မေတ္တာရေးရာကို အထူးအားပေးပြီး ခရမ်းပြာရောင်ကတော့ ...ပြသနာရှာ
တတ်သောကာလဖြစ်ပါတယ်။
ကျန်းမာရေးရာ..........
ကျန်းမာရေးရာအခြေအနေမှာ ဒီတစ်နှစ်ဟာ အင်္ဂါသားသမီးများအဖို့ ဂရုစိုက်သင့်တဲ့ကာလမျိုးဖြစ်ပါလိမ့်မယ်။
ဒီနေရာမှာ အနည်းငယ်အကျယ်သဘောထပ်မံရေးသားတင်ပြပေးသွားပါ့မယ်။ ကျန်းမာရေးရာအနေအထားမှာ
အင်္ဂါသားသမီးတွေအတွက် အဓိကကျတဲ့ ဗုဒ္ဓဟူးဂြိုဟ်ကို ..ဒီတစ်နှစ်မှာ အင်္ဂါဂြိုဟ်က အကောင်းရောအဆိုးပါ
ရောထွေးပြီး အင်အားပြုထားတဲ့ကာလဖြစ်ပါတယ်။ အင်မတန်ခက်ခဲပြီးနားလည်ရခက်တဲ့အနေအထားမျိုးဖြစ်
သော်လည်း ....သေချာခွဲခြားဝေဖန်ကြည့်တဲ့အခါ....အင်္ဂါသားသမီးများအဖို့ ကျန်းမာရေးကောင်းမွန်တိုးတက်
လာအောင်မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်မိသလို ..တဖက်ကလည်း ကျန်းမာရေးထိခိုက်အောင် မိမိတို့ကိုယ်
တိုင်ပဲ လုံ့လပြုဆောင်ရွက်မိတာမျိုး ဖြစ်ပွားလာတတ်သောကာလဖြစ်ပါတယ်။ ပမာအားဖြင့် ဆိုရရင် ....ရောဂါ
ဖြစ်မယ့်အစားအစာလည်းကိုယ်တိုင်စားသလို ..၊ ရောဂါပျောက်မယ့်ဆေးဝါးကိုလည်း ကိုယ်တိုင်စားသောက်နေ
ခြင်းမျိုး ...ရှိလာနိုင်သောကာလဖြစ်ကြောင်းတွေ့ရှိရပါတယ်။ အခြားအားဖြင့်ကတော့ ....ဆေးဝါးအစားအစာများ
စားသုံးရာမှာ ...သတိပြု သင့်ကြောင်းအကြံပြုရပါမယ်။ ..
သည်ကောဇာမြန်မာခုနှစ်မျိုးထဲမှာတော့ အင်္ဂါသားသမီးများအဖို့ ဘယ်လောက်ပဲ ပေပေတေတေ
နေသူမျိုးဖြစ်ပါစေ ...အနဲနဲ့ အများ ..ဆေးစစ်ခြင်း၊ ကျန်းမာရေးရာအတွက် စစ်ဆေးရခြင်းမျိုးတွေ ရှိလာ ကြုံလာ
ရတတ်ချိန်လည်းဖြစ်ပါတယ်။
ကျန်းမာရေးတိုးတက်ကောင်းမွန်စေရန်အတွက် ...ဗုဒ္ဓဟူးနေ့ မှာ ဇီဝိတဒါနများပြုပေးခြင်း၊ အသက်လွှတ်ယတြာ
ပြုပေးခြင်း၊ ဆေးဝါးဒါနများပြုပေးခြင်းများ ကို ဆောင်ရွက်သင့်ချိန်ပါ။
နေရေးထိုင်ရေး.....
ဒီနှစ်အတွက် နေရေးထိုင်ရေးကဏ္ဍမှာ အင်္ဂါသားသမီးများအဖို့ အများစုဟာ ...အကောင်းဘက်ကအခြေအနေ
ကြုံတဲ့အခါ မိမိတို့မွေ့ လျော်သော နေရာဌာနမျိုး ၊ မိမိဝါသနာနှင့် ကိုက်ညီသော နေရာဌာနမျိုးမှာနေထိုင်ရတတ်
ချိန်ကာလမျိုးဖြစ်ပြီး ..၊ အဆိုးဘက်ကအခြေအနေကြုံတဲ့အခါမှာတော့ ...တောင်မရောက် မြောက်မရောက် ဇကောဇကအနေအထားမျိုးမှာနေုထိုင်ရတတ်ခြင်းပဲဖြစ်ပါတယ်။ အချို့ သောအင်္ဂါသားသမီးများအဖို့တော့...
နေရာဌာနနှစ်မျိုးမှာ ....ဟိုနေလိုက်သည်နေလိုက် နေရတတ်ခြင်းမျိုး ကြုံရတတ်သလို..၊ အချို့ သောအင်္ဂါသားသ
မီးများအဖို့လည်း နေရေးထိုင်ရေးအတွက် မရေရာမသေချာသောအခြေနေများကြုံရတတ်ပါတယ်။
ဘာပဲဖြစ်ဖြစ် နေရာထိုင်ခင်း နဲ့ နေရာဌာန ဆိုင်ရာကောင်းကျိုးများရရှိနိုင်ဖို့အတွက် .......တနင်္လာထောင့်မှာ
အုန်းညွန့် (၆)ညွန့် နဲ့ အုတ်ခဲ (၆) လုံးကို ကပ်လှုပူဇော်ပေးသင့်ပါကြောင်း။ အဖြူရောင် ဟာ ဒီတစ်နှစ် အဖို့ နေရာထိုင်ခင်း နဲ့ နေရေးထိုင်ရေးကိစ္စအ၀၀မှာ ကောင်းကျိုးပြုပေးပြီး ....ခရမ်းပြာရောင်ကတော့ ....ဒုက္ခပေး
တတ်တဲ့အရောင်ဖြစ်ပါကြောင်း။
ထီကံစမ်းလိုသူများအတွက် .....
ထီကံကို စမ်းလိုသူများအတွက်ကတော့ .....ဒီတစ်နှစ်မှာ ....မပေါက်ရင်နေကရော။ ပေါက်ရင်ဆုကြီးဝင်တတ်တဲ့ကာလဖြစ်ပြီး...ထီပေါက်ခဲ့ရင်လည်း ကိုယ့်ကိုကိုယ်သတိထားဖို့လိုအပ်ပါလိမ့်မယ်။
ထီပေါက်တဲ့အချိန်မှာပဲ သို့တည်းမဟုတ် ထီပေါက်ပြီးချိန်မှာပဲ....မတော်တဆထိခိုက်ရှနာဖြစ်ရတတ်တာမို့ ...ဂရု
စိုက်ပါလို့ပဲ ဆိုရပါလိမ့်မယ်။ ထီထိုးရန်အတွက်ကတော့ .... ၄၈ ဂဏန်းများကို ၅ဂဏန်းနဲ့တွဲပြီး ထီကံစမ်းသင့်ပါ
တယ်။
အနှစ်ချုပ်သုံးသပ်ချက် .....
ဒီတစ်နှစ်ဟာ အင်္ဂါသားသမီးများအားလုံးအတွက် ...လောကဓံတရားကို အနဲနဲ့အများဆိုသလို ရင်ဆိုင်ရမယ့်ကာ
လများဖြစ်ပြီး ၊ ကိုယ်လိုချင်တာကိုရဖို့အတွက် ကိုယ့်ကိုယ်ကိုတောင် မငဲ့ဘဲ ရှာဖွေကြိုးစားအားထုတ်မိစေဖို့ ...အထူးတွန်းအားပေးတတ်သော အချိန်အခါမျိုးလည်းဖြစ်သည်။ အင်္ဂါသားသမီးများ ထိရောက်သောအကူညီ
ကောင်းအချို့လည်း ရရှိမည့်ကာလဖြစ်သည်။ ယခုနှစ်အတွက် ...ခန္ဓသုတ်တော်ကြီးကို နေ့စဉ်မကြာခဏရွတ်
ဖတ်ပူဇော်ပေးနိုင်ပါက.....အသင့်လျော်ဆုံးအနေအထားဖြစ်ပါလိမ့်မည်။
အားလုံးချမ်းမြေ့ကြပါစေ။
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
Post a Comment