ကတ္တုကာရက အမည်ရှင်များ အကြောင်း

Wednesday, August 25, 2010

ကတ္တုကာရက အမည်

တနင်္ဂနွေနံဖြင့် စတင်ပြီး တနင်္ဂနွေနံဖြင့်ပင် အဆုံးသတ်  မှည့်ခေါ်ထားခြင်း  ၊  အလားတူပင်  တနင်္လာ နံဖြင့်  စတင်  မှည့်ခေါ်ထားပြီး  တနင်္လာနံဖြင့်ပင်  အဆုံးသတ်  မှည့်ခေါ်ထားခြင်း  ၊     စသည် အားဖြင့်  မှည့်ခေါ်ထားသော နံတူစဆုံး အမည်များကို ကတ္တုကာရကအမည်များ ဟု  ခေါ်တွင်နိုင်ပေသည်။

ကလေးသူငယ်များနှင့် ကောင်းကင်ဂြိုဟ်များ    ဆက်သွယ်မှု

Friday, August 20, 2010

ကလေးသူငယ်တွေအပေါ် ကောင်းကင်ဂြိုဟ်တွေ လွှမ်းမိုးခြယ်လှယ်မှုကို စိတ်ကူးဆက်စပ်ပြီး ရေးသား တင်ပြ ပေးလိုက်ပါတယ်။ ဒီဆောင်းပါးကတော့ ကျွန်တော့်မိတ်ဆွေကြီး ကိုယ်ဝန်န…..အဲလေ  ကိုဝဏ္ဏ အတွက် နဲ့ သမီးငယ်လေး အတွက် ဖြစ်ပါကြောင်း ။


တစ်ကယ်မသိသေးသော ဗေဒင်ဆရာ စာစု(၁)

Thursday, August 19, 2010

တစ်ကယ်မသိသေးသော ဗေဒင်ဆရာ ….။ ထိုသူမှာ ကျွန်တော်ဖြစ်၏။ လောကသဘာဝကို နားမလည် သေးသမျှ ကျွန်တော်သည် ဗေဒင်တတ်မြောက်ဦးမည်မဟုတ်။ဗေဒင်ပညာကို   သိမြင် နားလည်ဦးမည် မဟုတ်ပါပေ။


ချိတ်ဆူးများအကြောင်း

Monday, August 16, 2010

(၁)

နံနက်ခင်း လင်းကတည်းက ကိုစိုးနိုင် ကြားနေရသည်။ ဒီအသံက တော်တော်လေးတော့ ဆိုးသည်။ နားထဲတွင် ဒုန်းဒုန်းဒိုင်းဒိုင်းတွေလည်း ပါသည်။ အော်သံ ဟစ်သံ  …ရွှေ့သံ၊ ကားသံ လူသံ ကလေးသံ လူကြီးသံ …စုံသည်။ အမေ၀င်း အိမ်နှင့်ခြံကို သူ့သားသမီးများ ရောင်းပစ်လိုက်ပြီဟု ကြားခဲ့ရခြင်းသည် အမှန်ပင်ဖြစ်လိမ့်မည်။

……………………………………………………အင်း ရောက်လာကြပါပကောလား။ ဟိုဘက်ခြံမှာ လူသစ်တွေ။

တံဆိပ်ကပ်ခြင်း

ကမန်းကတမ်း ဆိုတဲ့ စကားလုံးတွေနဲ့
ဘ၀ကို ဆွဲခေါ်လာခဲ့ရတယ်
သူငယ်ချင်းတွေက  ပြောကြတယ်
မောင်ဖုန်းရယ် ဖြစ်ရလေတဲ့    ။ 

ချစ်ချစ်အကြောင်း စာစု(၈)

Saturday, August 14, 2010

ကပ်သီးကပ်သပ် ကျန်နေတဲ့ .. နာမည်အဖျားစာလုံး ရာဟုနံဖြင့် မှည့်ခေါ်ထားသော ချစ်ချစ်အကြောင်း ကဏ္ဍ ကို ဆက်လက် ဖော်ပြ ရေးသားပေးလိုက် ရပါတယ်။


လူတိုင်း ကြောက်တဲ့ ကိုစနေ စာစု (၂)

စနေ…….
စနေကို
လူတွေဘာကြောင့် ကြောက်ရွံ့ကြပါသလဲ။ စနေဟာ လူတွေအဖို့ အမှန်တစ်ကယ် ထိတ်လန့်စရာ ဟုတ်ပါသလား။
စနေဂြိုဟ်နဲ့ ပတ်သက်ပြီး လူတွေက …စနေစီးတယ်။ စနေအထွက်ခတ်တာပေါ့။ သားဦးစနေ မီးလိုမွှေ …တဲ့။ စနေတစ်ချက် ဆောင့်တော့ …တစ်သက်လုံးရှာလာသမျှတက်တက်ပြောင်။

အလုပ်အကိုင်ကံ ထောက်လှန်းတွက်ဆနည်း (၄)

Thursday, August 5, 2010

နာမည်အဖျားစာလုံး နဲ့ ပတ်သက်ပြီး  ...မှတ်သားစေ လိုတာကတော့ ၊ ဘယ်သူမဆို နာမည်အဖျားစာလုံး  (၀ါ)  နာမည်အဆုံးစာလုံး အနေအထားအရ သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ အနေအထားတွေ၊ ကံလမ်းကြောင်းတွေ...ကွဲပြားခြားနားမှု ရှိနေကြောင်း ပဲ ဖြစ်ပါတယ်။
အလုပ်အကိုင်ကံ ထောက်လှန်းတွက်ဆနည်း (၄)

နာမည်အဖျားစာလုံး  နှင့်  ..အလုပ်အကိုင်

နာမည်အဖျားစာလုံး နဲ့ ပတ်သက်ပြီး  ...မှတ်သားစေ လိုတာကတော့ ၊ ဘယ်သူမဆို နာမည်အဖျားစာလုံး  (၀ါ)  နာမည်အဆုံးစာလုံး အနေအထားအရ သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ အနေအထားတွေ၊ ကံလမ်းကြောင်းတွေ...ကွဲပြားခြားနားမှု ရှိနေကြောင်း ပဲ ဖြစ်ပါတယ်။ နာမည်အဖျားစာလုံးဟာ ...လူတစ်ယောက် မှာ အလွန် အရေးပါ ပါတယ်။ ဒီလူ ဘယ်လိုလုပ်မယ်။ ဘယ်ကို ဦးတည်မယ်။ ဘယ်ပုံစံ ဘယ်အချိုးချိုး နိုင်တယ်ဆိုတာက အစ နာမည် အဖျား စာလုံးလေးမှာလည်း အင်မတန် ဖော်ပြထားပါတယ်။ ဒါကြောင့် အလုပ်အကိုင် အသက်မွေးမှုပုံစံတွေကို တွက်စစ်တဲ့ အခါမှာလည်း နာမည်အဖျား စာလုံးဟာ မေ့ထားလို့ မရပါဘူး။  သူ့ကိုလည်း အဆုံးသတ်အဆင့်မှာ တွက်ချက် ချင့်ချိန် ပေးရပါတယ်။

နာမည်တစ်ခုလုံး    နှင့် အလုပ်အကိုင်

အဲဒီ့လိုပဲ နာမည်တစ်ခုလုံးကိုလည်း သက်ဆိုင်ရာ ကာရက၊ မိတ်ရန်၊ဂြိုဟ်သဘာဝများအရ... ထောက်လှန်း တွက်ဆလို့လည်း ရနိုင်ပါတယ်။ ဥပမာအားဖြင့် .. ကျော်သောင်း ဆိုတဲ့နာမည်ရှင်မျိုးကို အဝေးပြေးကား ထောင်တာ၊ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းမျိုးလုပ်ခိုင်း တာဟာ သဘာဝမကျလှသလို၊  အောင်မင်း ဆိုတဲ့ နာမည်ရှင်မျိုး ကိုလည်း အလွယ်တစ်ကူ နဲ့ ..အခိုင်အမာအခြေချလုပ်ကိုင်ရတဲ့..အထိုင်လုပ်ငန်းမျိုးတွေ လုပ်ဖို့ အကြံဥာဏ်ပေးတာမျိုးမသင့်ကြောင်း ..နာမည်တွေရဲ့ကာရကများမှတစ်ဆင့် သိရှိနားလည် နိုင်ပါတယ်။ ထိုနည်းတူပါပဲ...နာမည်ရဲ့ ပညတ်သဘောအနက်အရ ...ဘယ်လိုခွဲခြား အကြံပေး သင့်တယ် ဆိုတာကို နားလည်ထားရပါမယ်။

ဥပမာအားဖြင့် မောင်ကြည်လင်ဆိုတဲ့နာမည်မျိုးဟာ ...သန့်ရှင်းမှု နဲ့ ..တနင်္လာကာရကကို အထူးပြု ထားတာမို့...စနေကာရကဆိုင်ရာ လုပ်ငန်းမျိုးကို ရှောင်ကျဉ်သင့်ပြီး၊  ကြည်လင်ရဲ့ အနက်သဘော အရ...ပွဲရုံလုပ်ငန်းလို အမှိုက်သရိုက်ထူပြောတဲ့ (ဥပမာနော်)လုပ်ငန်းမျိုး၊ ငါးပိငါးခြောက် ရောင်းဝယ်ခြင်းမျိုး ကို အကြံဥာဏ် မပြုသင့်ကြောင်းသိရှိနားလည်ထားရပါမယ်။

ဂြိုဟ်အမျိုးအစားခွဲပြီး အသက်မွေးမှုအလုပ်အကိုင်များကို ခန့်မှန်းထောက်ဆခြင်း

အသက်မွေးမှုများကို ခွဲခြားနိုင်ဖို့အတွက် ပထမဦးစွာ ဂြိုဟ်တစ်ခုချင်းဆီအလိုက် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အမျိုးအစားနဲ့ပရိယာယ် သဘောသွားအချို့ကို နားလည်ထားဖို့ရန်လိုပါမယ်။

ဒီ့အတွက် အောက်မှာဖော်ပြထားတဲ့အတိုင်း ...ဂြိုဟ်တစ်ခုချင်းဆီရဲ့ ပင်ကိုယ်မူလသဘောတရားအချို့ကို ဖတ်ရှုလေ့လာ ထားရပါမယ်။

တနင်္ဂနွေဂြိုဟ်   ။                    ။         အပူစွမ်းအင် ..အလင်းစွမ်းအင် နှင့် ပတ်သက်သောလုပ်ငန်းများ၊ အစိုးရ လုပ်ငန်းများနှင့် အုပ်ချုပ်ရေး နယ်ပယ်။ တီထွင်ဖန်တီးရသော လုပ်ငန်းများ၊ အသက်ရှင်သန်မှုကို အားပေး လှုံ့ဆော် ပေးသော အလုပ်များ၊ လျှပ်စစ်စွမ်းအင် နယ်ပယ်နှင့် ပတ်သက်သောလုပ်ငန်းများ၊ ဥပဒေဆိုင်ရာ လုပ်ငန်းများ။ စာပေနှင့် အသိဥာဏ်ဆိုင်ရာ လုပ်ငန်းများ။

တနင်္လာဂြိုဟ်   ။                     ။   ရေ ၊ အရည်ဓါတ် နှင့် ပတ်သက်သောလုပ်ငန်းများ၊ မွေးမြူရေး လုပ်ငန်းများ၊ သင်ကြားရေးလုပ်ငန်းများ။ တဆင့်ကြားခံလုပ်ငန်းများ၊ ဖလင်လောက ရုပ်ရှင်၊ ဓါတ်ပုံ စသော လုပ်ငန်းများ၊ ကွန်ပြူတာ ပညာရပ်ဖြင့် နှီးနွယ်နေသော လုပ်ငန်းများ။  ယာဉ်ကားနှင့် ပတ်သက်သော လုပ်ငန်းများ ။

အင်္ဂါဂြိုဟ်        ။                    ။   စွန့်စားလုပ်ကိုင်ရသောလုပ်ငန်းများ ၊  မီး နှင့် အသက်မွေးရသော အလုပ်များ၊ လက်နက်ကိရိယာ ဆူးဆောက်တန်ဆာတို့ဖြင့် အသက်မွေးရသောအလုပ်များ၊ စူးစမ်းရှာဖွေ ရသော လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ။ အပြိုင်အဆိုင် အလုအယက် သဘာဝဖြင့် အသက်မွေး ရသော လုပ်ငန်းစဉ်များ။

ဗုဒ္ဓဟူးဂြိုဟ်      ။                   ။   ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ၊ ကုန်သည်လုပ်ငန်း နှင့် ကုန်ရောင်း ကုန်ဝယ် လောက။ ဈေးရောင်းဈေးဝယ်၊ စာပေရေးသားခြင်းနှင့် နှုတ်မှုဖြင့် အသက်မွေးပြုရသော အလုပ်များ၊ ပြုပြင်ရေးလုပ်ငန်းများ။


ကြာသာပတေးဂြိုဟ် ။             ။    ဖြန့်ဖြူးရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးရှေးရှု လုပ်ဆောင် ရသောလုပ်ငန်းများ၊ ပညာဖြင့် အသက်မွေးရသောအလုပ်များ၊ ၀တ်စားတန်ဆာ နှင့် ကျောက်မျက်ရတနာ လုပ်ငန်းများ။ အကြီးအကဲအဖြစ် ဆောင်ရွက်ရသော လုပ်ငန်းများ။

သောကြာ             ။               ။  သစ်သီးဝလံ နှင့် ဥယျာဉ်ခြံလုပ်ငန်းများ။ ဇီမ်ခံပစ္စည်း ထုတ်လုပ်ခြင်း ၊ရောင်းချခြင်း လုပ်ငန်းများ၊ ပို့ဆောင်ရေးလုပ်ငန်းများ၊ မန်နေဂျာ အဖြစ် အသက်မွေးရခြင်း၊  ဘဏ်လုပ်ငန်း နှင့် ယင်းကဲ့သို့ ထိမ်းသိမ်း စောင့်ရှောက်ပေးရသော လုပ်ငန်းများ၊ ပျော်ပွဲရွှင်ပွဲ နှင့် ပွဲလမ်းသဘင်တို့ နှင့် စပ်လျဉ်းပြီး ..အသက်မွေးရခြင်းများ။ ကာမဂုဏ်ကို အမှီပြုအသက်မွေးရခြင်းများ။

စနေ                   ။                ။  အလုပ်ကြမ်း ၊ အစောင့်၊ ဒရ၀မ် ကဲ့သို့....တာဝန်များဖြင့် အသက်မွေး ရခြင်း၊ လုပ်သား သဘာဝဖြင့် အသက်မွေးရခြင်း၊ ထောင်၊ ဆေးရုံ ၊ တို့တွင် အလုပ်လုပ်ကိုင်ရခြင်း၊ ကံကို ပုံထား ရသော အလုပ်များ၊ ထီလုပ်ငန်း၊ လောင်းကစားနယ်ပယ် နှင့် ကံစွန့်ကံစား အလုပ်များ။  အဟောင်း အနွမ်း နှင့် အသုံးပြုပြီး ပစ္စည်းများကိုအမှီပြုအသက်မွေးရခြင်း။

ရာဟု                  ၊                 ။  အတည်တကျမရှိလုပ်ကိုင် အသက်မွေးခြင်း၊ အရပ်တကာ လှည့်လည် သွားလာပြီး အသက်မွေး လုပ်ကိုင်ခြင်း၊ အရက်သေစာ နှင့် စပ်လျဉ်းသော အလုပ်များ၊ အဆိပ်နှင့် နှီးနွယ် နေသော အလုပ်များ။ မြွေဖြင့် အသက်မွေးသူများ၊ ဖျက်သိမ်းခြင်း၊ ရွှေ့ပြောင်းခြင်း တို့ကို အမှီပြုခြင်းအားဖြင့် အသက်မွေး ရခြင်းများ။ 

လတ်တစ်လော ခေါင်းထဲပေါ်သလို ...ရေးသားတင်ပြပေးလိုက်ပါတယ်။ အမှန်ကတော့ ရေးလေလေ မကုန်လေလေဆိုသလို ..၊ အလုပ်အကိုင်အမျိုးအစားပေါင်းများစွာ၊ ကျန်ရှိပါသေးတယ်။ အဖြစ်နိုင်ဆုံး အဓိကကျမယ် ထင်တဲ့ သဘောတရား လေးတွေပါအောင်တော့ကြိုးစားပေးထားပါတယ်။

ကဲ...ဘယ်လိုကြည့်မလဲ ။

ဥပမာ ။   မောင်သိန်းမြင့်  သောကြာသားဆိုပါစို့။    သောကြာသားမို့ အညွန့်ဂြိုဟ် က  .........  စနေ .........ဖြစ်ပါမယ်။ ဒါကြောင့်  စနေနဲ့ ပတ်သက်တဲ့ အသက်မွေးမှု ကံမျိုးက ဇာတာရှင်အတွက် အခြေခံကျောရိုး ကံ အဖြစ် တည်ရှိထားပါမယ်

ဒီနေရာမှာ နာမည်အဖျားစာလုံးကို အနဲငယ်သုံးကြည့်မယ်ဆိုရင် ဒီနာမည်ရှင်ရဲ့နာမည်အဖျားစာလုံးဟာ ကြာသာပတေး ဖြစ်လို့...ဖြန့်ဖြူးရေးလုပ်ငန်းမျိုး၊ပညာနဲ့အသက်မွေးတာမျိုးကို ပိုမိုအားသန်လာမယ် ဆိုတာ ကိုလည်း ထပ်ဆင့် တွေးမြင်နိုင်ပါတယ်

အထက်ပါအချက်နှစ်ချက်ကို ဆက်စပ်လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် ...ပမာအားဖြင့်  ပစ္စည်းဟောင်းတွေ ပြန်လည် ဖြန့်ဖြူးရောင်းချသူမျိုး၊ ထီလက်မှတ် ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းသဘာဝမျိုး နဲ့ ကိုက်ညီနေတာကို တွေ့ရပါမယ်။ တစ်ခြားအားဖြင့်လည်း အများအပြား ဆက်စပ်ကြည့်နိုင်ပါတယ်။

တစ်ကယ်ဟုတ်ရဲ့လား။              ...............

ဒီမေးခွန်းကို  ရင်ထဲမှာ မေးပါ။  ပြီးရင် လက်တွေ့လေ့လာကြည့်ပါ။ များများလေ့လာမှတ်တမ်းတင်လေလေ ....ကျွမ်းကျင် နားလည်လာလေလေပါပဲ။နောက်တစ်ခုက...ဆက်စပ်တွေးခေါ်ကြည့်ဖို့ မမေ့ပါနဲ့။ ဖြစ်နိုင်သမျှ အတွေးကို ဆန့်ထုတ်ပြီး ဖြန့်တွေးကြည့်ပါ။ ဆက်စပ်ကြည့်ပါ။ မိမိကိုယ်တိုင်လည်းမိမိဘ၀တစ်လျှောက်လုံးမှာ ဘယ်လိုတွေ လုပ်ကိုင် ခဲ့ရသလဲ ။ ဘာကြောင့်လည်း ဆိုတာတွေကို မေးခွန်းထုတ်ကြည့် ဖြေကြည့်ပါ။

နောက်ဆောင်းပါးတွေမှာ ။  ကာရက သဘော နဲ့ မဟာဘုတ်တိုင်မှာ အလုပ်အကိုင်နဲ့ပတ်သက်လို့ ဆက်စပ် တွေးခေါ်နိုင်ပုံတွေ အကြောင်း ထပ်မံတင်ပြပေးသွားပါ့မယ်။ 

အားလုံးပဲ ချမ်းမြေ့သော နေ့တစ်နေ့ ဖြစ်ကြပါစေ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ) kosoe@gmail.com

Read More...

 

Posts Comments

©2006-2010 ·TNB