(၁)
နံနက်ခင်း လင်းကတည်းက ကိုစိုးနိုင် ကြားနေရသည်။ ဒီအသံက တော်တော်လေးတော့ ဆိုးသည်။ နားထဲတွင် ဒုန်းဒုန်းဒိုင်းဒိုင်းတွေလည်း ပါသည်။ အော်သံ ဟစ်သံ …ရွှေ့သံ၊ ကားသံ လူသံ ကလေးသံ လူကြီးသံ …စုံသည်။ အမေ၀င်း အိမ်နှင့်ခြံကို သူ့သားသမီးများ ရောင်းပစ်လိုက်ပြီဟု ကြားခဲ့ရခြင်းသည် အမှန်ပင်ဖြစ်လိမ့်မည်။
……………………………………………………အင်း ရောက်လာကြပါပကောလား။ ဟိုဘက်ခြံမှာ လူသစ်တွေ။
……………………………………………………အင်း ရောက်လာကြပါပကောလား။ ဟိုဘက်ခြံမှာ လူသစ်တွေ။
(၂)
အမေ၀င်း ဆုံးသွားပြီဟု ကြားလိုက်စဉ်က ၀မ်းနည်းခြင်းဟူ၍ ထူးထူးခြားခြား မခံစားမိ တော့ပေ။တနည်းအားဖြင့် အမေ၀င်း ၀ဋ်ကျွတ်သွားသည့်အတွက် စိတ်တစ်မျိုးလည်း ချမ်းသာမိသည်။ အချိန်တန်ခဲ့တာ ကြာပါပကော ဟု မတွေးကောင်းမတွေးအပ်ရာပင် တွေးမိသေးသည်။ ကိုစိုးနိုင်ရုံးမှ ခွင့်ယူပြီး ပြန်လာခဲ့ပြီး အမေ၀င်းအသုဘ အတွက် စီမံစရာရှိတာကို ဖြေးဖြေးချင်း စတင်စီမံနိုင်ခဲ့သည်။ တစ်ခုတော့ စိတ်မကောင်း ။
ဆုံးသွားသော အမေ၀င်း မျက်နှာပေါ်က သံယောဇဉ် အရိပ်အသက် လက်ကျန်များကို မြင်ခဲ့ရခြင်းပင်။ အမေ၀င်း မဖြတ်နိုင်ခဲ့ဘူး ထင်ရသည်။ ကိုစိုးနိုင်သက်ပြင်း ချမိခဲ့၏။
ဆုံးသွားသော အမေ၀င်း မျက်နှာပေါ်က သံယောဇဉ် အရိပ်အသက် လက်ကျန်များကို မြင်ခဲ့ရခြင်းပင်။ အမေ၀င်း မဖြတ်နိုင်ခဲ့ဘူး ထင်ရသည်။ ကိုစိုးနိုင်သက်ပြင်း ချမိခဲ့၏။
(၃)
အမေ၀င်းသည် ကိုစိုးနိုင်တို့နှင့် သွေးသားလုံးဝ တော်စပ်သူ မဟုတ်။ တစ်ဖက်ခြံမှ အိမ်နီးချင်း အဖွားအို တစ်ဦးသာ ဖြစ်ပြီး သူမသည် ကျယ်ဝန်းလှသော ခြံတစ်ခုလုံးထဲတွင် တစ်ဦးတည်းနေထိုင် ရှင်သန်ရသော လူသား တစ်ဦးလည်း ဖြစ်သည်။ မြက်ရိုင်းများ ကြမ်းရှရိုင်းပြစွာ ထူထပ်ပေါက်ရောက်နေသော ခြံကျယ်ကြီးထဲမှ သွပ်မိုး ပျဉ်ထောင်အိမ်အို ကလေးသည် သူမနေထိုင်ရှင်သန်ရာ ဌာနကလေးဖြစ်သည်။ ထိုပျဉ်ထောင်အိမ်အိုကလေး၏ ရှေ့ဘက် ခပ်လှန်းလှန်းရှိ မာလကာပင် အောက်တွင် ဒန်းစင်ကလေး တစ်ခုရှိသည်။ ထိုဒန်းစင်ကလေးသည်လည်း အမေ၀င်း နှင့် အပြိုင် အိုမင်း ဟောင်းနွမ်းနေပြီး ဇရာအရေးအကြောင်းများ ထင်နေသည်။ မူလက ဘာဆေးရောင် သုတ်ထား ခဲ့သည်ကိုပင် မခန့်မှန်းနိုင် လောက်အောင် ရှိပြီး သံချေးများလည်း ဟိုတစ်ကွက် သည်တစ်ကွက် မြင်နေရပေပြီ။ ဒန်းစင်၏ ညာဘက်ခြမ်း ညာဘက်စွန်းနေရာတွင်မူ လူတစ်ယောက်အမြဲတစ်စေ ထိုင်ခဲ့သည့်အတွက် သံချေးမတက်ပဲ ပြောင်ပြီး ကွက်လပ်ရာသဖွယ် ဖြစ်နေသည်။ ထိုလူတစ်ယောက်သည် အမေ၀င်းပင် ဖြစ်သည်။အမေ၀င်းသည် ထိုဒန်းစင်ပေါ်တွင် ထိုင်သည့်အခါတိုင်း ထိုညာဘက်စွန်းမှာပင် အမြဲထိုင်လေ့ ရှိခဲ့သည်။ ကိုစိုးနိုင်၏ အတွေးတို့တွင် အမေ၀င်းနှင့် ပတ်သက်သည့် မှတ်ဥာဏ်တစ်ချို့က ဤသို့ပင် စွဲထင်နေဆဲ ရှိလေသည်။
(၄)
အမေ၀င်း၏ ခင်ပွန်းသည်မှာ အမေ၀င်းကို စိတ်မချပဲ ရှေ့ခရီးနှင် သွားနှင့်ခဲ့သူဖြစ်သည်။ အမေ၀င်း၏ သားနှင့် သမီးမှာမူ အမေ၀င်းကိုစိတ်ချလက်ချ ပစ်ထားခဲ့သူများဖြစ်ကြသည်။အမေ၀င်း၏ ခင်ပွန်းသည်မှာ ဆုံးပါးသွားခဲ့သည်။ အမေ၀င်း၏ သားနှင့်သမီးမှာမူ နိုင်ငံရပ်ခြားတွင် အခြေချနေထိုင်နေကြသူများ ဖြစ်လေသည်။
(၅)
အမေ၀င်း နှင့် ရင်းနှီးလာသောအခါ အမေ၀င်းအကြောင်းများကို ကိုစိုးနိုင် သတိပိုမိုပြုမိလာခဲ့သည်။ သူမသည် အလွန်သံယောဇဉ်ကြီးတတ်သော တနည်းအားဖြင့် အစွဲအလမ်းကြီးမားသော အမျိုးသမီးကြီး တစ်ဦးဖြစ်လေသည်။ သူမကို ဖောက်ပြီးချိတ်နှောင်ထားသော ထိုသံယောဇဉ် ချိတ်ဆူးများမှာ နက်ရှိုင်း လှသည်ထင်၏။ ထိုချိတ်တို့ဆွဲငင်လှုပ်ရှားသွား တိုင်းသူမ နာကျင်စွာခံစားရသည်ကို ကိုစိုးနိုင်မြင်ခဲ့ရသည်။ ကိုစိုးနိုင်သည် ထိုသို့မြင်လေတိုင်းထိုချိတ်များကို ပိုမိုကြောက်ရွံ့မိခဲ့သည်။ ထိုသို့နာကျင်မှုမျိုးကို ကိုစိုးနိုင် မခံစားဝံ့ မခံစားလိုပေ။ မကြည့်ချင် မြင်နေလျက်သား ဖြစ်ခဲ့သည်။
အမေ၀င်း သည် သားနှင့်သမီးကို လွမ်းသည့်အခါတိုင်းတွင် ဒန်းစင်ကလေး၏ ညာဘက်စွန်းတွင်ထိုင်ပြီး ငြိမ်သက်စွာ အထီးကျန် နေတတ်သည်။ ခင်ပွန်းဖြစ်သူကို တမ်းတမိသော အခါတိုင်းတွင်လည်း ထိုနည်းတူ ဒန်းစင်လေးပေါ်တွင် မြင်နေရပြန်သည်။ ထိုအထီးကျန်မှု သည် သူမကို မည်မျှ နာကျင်စေကြောင်း ကိုစိုးနိုင် ကြာသော် ရိပ်မိလာခဲ့သည်။ တစ်ချိန်ကတော့ ထိုဒန်းစင်ကလေးပေါ်တွင် မိသားစုအားလုံး စုံစုံညီညီ ဖြစ်ကောင်း ဖြစ်ပေမည်။ ဖေဖေ မေမေ သားသား မီးမီး ပျော်ပျော်ပါးပါးလည်းဒန်းစီးရင်း ကြည်နူးစရာ ဖြစ်ကောင်း ဖြစ်ခဲ့ေ ပမည်။ ထိုဒန်းစင်ကလေးသည် အမေ၀င်းအတွက်အမှတ်ရစရာ ဆူးချိတ်များလည်း ဖြစ်နေပေ လိမ့်မည်။
အမေ၀င်း သည် သားနှင့်သမီးကို လွမ်းသည့်အခါတိုင်းတွင် ဒန်းစင်ကလေး၏ ညာဘက်စွန်းတွင်ထိုင်ပြီး ငြိမ်သက်စွာ အထီးကျန် နေတတ်သည်။ ခင်ပွန်းဖြစ်သူကို တမ်းတမိသော အခါတိုင်းတွင်လည်း ထိုနည်းတူ ဒန်းစင်လေးပေါ်တွင် မြင်နေရပြန်သည်။ ထိုအထီးကျန်မှု
(၆)
တစ်ခါတစ်ရံအလည်ရောက်သွားသော သူ့ကို အမေ၀င်းက အမြဲတစ်ခုခုတော့ ကျွေးမွေးတတ်သည်။ မစားဘဲမပြန်ရ။ ကိုစိုးနိုင်က အားနာတတ်သူတစ်ယောက်။ သို့သော် နောင်တွင်မူ အမေ၀င်းအလိုကျ စားပြီးမှပဲ ကိုစိုးနိုင်ပြန်လေသည်။ အမေ၀င်းသည် စိတ်ထဲတွင် သားနှင့်သမီးကို ကျွေးနေသည်မှန်း ကိုစိုးနိုင် သိလေသည်။ ထိုသားနှင့်သမီးကို အမေ၀င်းမည်မျှ ကျွေးမွေးပြုစုချင် နေပါသေးသနည်း ။ အချို့သည် အတောင်အလက်များစုံပြီးနောက် အသိုက်သစ်များဖွဲ့ပြီး အသိုက်ဟောင်းကို လုံးလုံးလျားလျား မေ့ပစ်နိုင်သူများ ဖြစ်လေသည်။ထိုကဲ့သို့သော သားနှင့်သမီးကို အမေ၀င်း ကျွေးမွေး ပြုစုလိုနေသေးဆဲသာ ဖြစ်သည်။ စိတ်မချ တမ်းတနေဆဲသာဖြစ်သည်။ တစ်နည်းအားဖြင့် ထိုချိတ်ဆူး များက သူမကို မြဲမြံစွာ ချိတ်ဆက်နေဆဲသာ ဖြစ်လေသည်။ ချိတ်များ မရှိလျှင် သူမ ငြိမ်းချမ်း ပေလိမ့်မည်။
(၇)
ချိတ်များကို ဖယ်ရှားရန်အတွက် ကိုစိုးနိုင် အမေ၀င်းအတွက် ကြိုးစားပေးခဲ့ဖူး၏။ မိုးကုတ်ဆရာတော် ဘုရားကြီးဦးဝိ မလ ၏ တရားတော်များကို သူမအတွက် ဖတ်ပြပေးသောအခါ ..သူမ ကောင်းကင်ကို မော့ကြည့်လိုက် ခေါင်းငိုက်စိုက်ကြသွားလိုက် အခါ ခါ ဖြစ်နေခဲ့သည်ကိုလည်း ကိုစိုးနိုင်ကောင်းစွာ မှတ်မိနေသည်။ တရားတော်ကြောင့် ချိတ်ဆူးများကို သူမပိုမို မြင်သာသော်လည်း နှုတ်ပယ်ရ ခက်ခဲပင်ပန်း နေကြောင်း ကိုစိုးနိုင်ရိပ်မိသည်။အိမ်နီးနားချင်း အဖွားအိုတစ်ယောက်အတွက် ကိုစိုးနိုင် လိုတာထက် ပိုကောင်းအောင် ကြိုးစားပေးခဲ့ဖူးလေသည်။
(၈)
ခုတော့ ..သူမ ဆုံးသွားခဲ့ပေပြီ။ ဒန်းစင်ပေါ်တွင် မလှုပ်မယှက် နှစ်ရက်တိတိမြင်ရမှ သူမဆုံးသွားမှန်း ပတ်ဝန်းကျင်က ရိပ်မိသွားခဲ့သည်။ ရုံးတွင် သုံးရက်တိတိ နေ့ရောညပါ အလုပ်ဝင်နေရသော သူသည် အမေ၀င်း ဆုံးသွားပုံကို ကြားရုံသာ ကြားခဲ့ရသည်။သူရောက်သွားသောအခါ သူမ ၏ အိမ်အိုကလေး ထဲမှ ခနော်နီခနော်နဲ့ ကုတင်လေးပေါ်တွင် လဲလျောင်းငြိမ်သက်နေသော အမေ၀င်းကိုတွေ့ရသည်။ ရောက်ရောက်ချင်း စိတ်မကောင်း ဖြစ်ရတာကတော့ သူမမျက်နှာပေါ်တွင် သတိရနေဆဲ အရိပ်အယောင်များ မြင်တွေ့နေရခြင်းပင်ဖြစ်သည်။ တနည်းအားဖြင့်တော့ သူမကို ချိတ်ဆူးများ နှောင်ဖွဲ့လျက်သာ သေဆုံးနေသည်ကို တွေ့မြင်ခဲ့ရခြင်းဖြစ်လေသည်။
(၉)
အမေ၀င်း အမြဲထိုင်ခဲ့သော ဒန်းစင်ကလေး …..
အမေ၀င်း အိမ်ရှေ့မှ မာလကာပင် …..
အမေ၀င်း အမြဲထုတ်ပြတတ်သော သူမ၏ မိသားစုဓါတ်ပုံလေးများ …
အရာအားလုံးကို ကိုစိုးနိုင် အမှတ်ရနေဆဲသာဖြစ်ပြီး ….ဘယ်လိုမှ မေ့မရနိုင်သောအခါတွင် သူကိုယ်တိုင် ခြောက်ခြား သွားခဲ့ရသည်။ သူ့တွင် အမေ၀င်း နှင့် သက်ဆိုင်သော ချိတ်ဆူးတစ်ချောင်း ဆူးဝင် တွယ်ငြိနေခြင်းကြောင့် ဖြစ်သည်။ ထိုခြောက်ခြားမှုကြောင့် တရားစခန်းတွင် ကိုစိုးနိုင် ရက် အတော်တန် ကြာခဲ့သည်။ အပန်းဖြေခရီး နှစ်ကြိမ်ထွက်ခဲ့ရသည်။
ရုံးက စာရေးမလေးများက လူပျိုကြီး မစားရသေးဘူးလား။ ၀ါကျွတ်တော့မယ်နော်။ စသည်ဖြင့် ပြောလာကြသည်။ ချိတ်ဆူးများဖြင့် ဖောက်ချိတ်တွယ်ငြိ နေသော ဘ၀မျိုး မနေရသေးဘူးလား ဟု ပြောလာမေးလာသလို ကိုစိုးနိုင် ခံစားရသည်။ ကိုစိုးနိုင် အမြဲသွားနေကြ ကျောင်းမှ ဆရာတော်ကြီး ကတော့ ကိုစိုးနိုင်ကိုကြည့်ပြီး မိန့်သည်။
ဒကာလေး…လောကီဘောင်ကတော့ ချိတ်ဆူးတွေနဲ့ဘောင်ပါပဲ။ အနဲနဲ့အများ…အနက်နဲ့အတိမ်သာ ချိတ်တွေ စွဲဝင်နေပုံ ကွာကြပါတယ်။ တရားအသိ အားနဲလေလေ ..ချိတ်ဆူးတွေ ပိုပြီး များလေလေပါပဲ။ ဒကာလေးက ဥာဏ်သင့်လို့ ဒီချိတ်ဆူးတွေကို မြင်တော့ ..ကြောက်တာပေါ့လေ။ ဘုန်းဘုန်း ပြောလိုတာ ကတော့ ချိတ်ဆူးတွေကို ဖြစ်နိုင်သမျှ နဲပါစေ။ ကိုယ်တိုင် ပင်ပင်ပန်းပန်း ကိုယ့်ကိုယ်ကို ဖောက်ချိတ် ဆူးငြိမိအောင်သာ မနေမိပါစေနဲ့။ လောကီဘောင်မှာ နေဆဲဆိုတော့ …ချိတ်နဲ့တော့ ဘယ်ကင်းပါ့မလဲ ဒကာလေး………။ အရေးပိုကြီးတာကတော့ ..ချိတ်ကို ချိတ်မှန်းသိဖို့ပါပဲ။
ဒကာလေး…လောကီဘောင်ကတော့ ချိတ်ဆူးတွေနဲ့ဘောင်ပါပဲ။ အနဲနဲ့အများ…အနက်နဲ့အတိမ်သာ ချိတ်တွေ စွဲဝင်နေပုံ ကွာကြပါတယ်။ တရားအသိ အားနဲလေလေ ..ချိတ်ဆူးတွေ ပိုပြီး များလေလေပါပဲ။ ဒကာလေးက ဥာဏ်သင့်လို့ ဒီချိတ်ဆူးတွေကို မြင်တော့ ..ကြောက်တာပေါ့လေ။ ဘုန်းဘုန်း ပြောလိုတာ ကတော့ ချိတ်ဆူးတွေကို ဖြစ်နိုင်သမျှ နဲပါစေ။ ကိုယ်တိုင် ပင်ပင်ပန်းပန်း ကိုယ့်ကိုယ်ကို ဖောက်ချိတ် ဆူးငြိမိအောင်သာ မနေမိပါစေနဲ့။ လောကီဘောင်မှာ နေဆဲဆိုတော့ …ချိတ်နဲ့တော့ ဘယ်ကင်းပါ့မလဲ ဒကာလေး………။ အရေးပိုကြီးတာကတော့ ..ချိတ်ကို ချိတ်မှန်းသိဖို့ပါပဲ။
ဆရာတော်ကြီး သြ၀ါဒဆုံးတော့ ကိုစိုးနိုင် ကန်တော့ရင်း စိတ်ထဲတွင် နှစ်နှစ်လိုလို သာဓုခေါ်မိလေသည်။
သာဓု…………..
သာဓု……………………….
သာဓု………………………………….. ။
ကိုစိုး
၁၄ ၊ ၈ ၊ ၂၀၁၀ ၊ စနေနေ့ နံနက်း ၀၄း ၅၈
Post a Comment