မိတ်ဆွေ သို့တည်းမဟုတ် အဆွေခင်ပွန်း
လောကနီတိမှာ အဆွေခင်ပွန်းမရှိသူမှာ ချမ်းသာခြင်း မရှိနိုင်ဘူးလို့ ဆိုပါတယ်။ တစ်ကယ် လက်တွေ့မှာလည်း လောကမှာ အဆွေခင်ပွန်းကင်းပြီး နေရခြင်းဟာ မလုံခြုံသော သားရဲတွင်းမှာ ကျီးလန့်စာစား အသက်ရှင်ရသည်နှင့် အတူတူပါပဲ။ အဆွေခင်ပွန်း ဆိုရာမှာလည်း မောင်ဖုန်း ကြားဖူးတဲ့ အဆွေခင်ပွန်း ငါးမျိုးအကြောင်း နဲနဲပြန်ပြောပြပါရစေ။
အဆွေခင်ပွန်း ငါးမျိုး ရှိပါသတဲ့။ ပထမဆုံးတစ်မျိုးကတော့ သန္ဒိဋ္ဌမိတ်ဆွေ လို့ဆိုပါတယ်။ သန္ဒိဋ္ဌ မိတ်ဆွေ ဆိုတာကတော့ တစ်ခြားမဟုတ်ပါဘူး ။ တွေ့ဖူးမြင်ဖူးရုံ မိတ်ဆွေမျိုးဖြစ်ပါတယ်။ ပြောရရင်တော့ မျက်မှန်းတန်းမိရုံ ၊ အဝေးကနေတွေ့နေကြ မြင်နေကြ ၊ ရံဖန်ရံခါ တစ်ဦးနဲ့တစ်ဦး ပြုံးပြဖြစ်နေကြ အသိမိတ်ဆွေမျိုး ဆိုပါတော့ ။ ဒီမိတ်ဆွေမျိုးက အရေးမကြီးလှဘူးလို့ ထင်စရာပါ။ သို့ပေမယ့် သေချာတွေးကြည့်ပြန်တော့ …မိတ်ဆွေရယ်လို့ဆိုလိုက်တာနဲ့ တစ်ဦးအကျိုးစီးပွား တစ်ဦးက စောင့်ရှောက် ပေးတတ်တာက ပထမဆုံးအကြောင်းတရား ဖြစ်လာပါတယ်။ ဒီလို သန္ဒိဋ္ဌ မိတ်ဆွေကိုပဲကြည့်ပါ။ ကိုယ့်အိမ်နောက်ဖေးက မီးခိုးတွေအူထွက်လာတယ်ထား။ သူက လာအကြောင်းကြား ပေးတာမျိုး ၊ လှမ်းအော်ပြီး သတိပေးလိုက်တာ မျိုးတော့ အနဲဆုံးအဆင့် သူက စောင့်ရှောက် ကူညီပေးတတ်ပါတယ်။
အဲ သောက်မြင်ကပ်နေတဲ့လူကြတော့ အဲလိုမဟုတ်ဘူးဗျ။ ဟာ ဒီအိမ်က မီးပေါ့ဆလှချေလား ၊ တိုင်ကွာ ၊ ဖုန်းဆက်လိုက် ၊ ဘာလုပ်လိုက် ၊ ညာလုပ်လိုက် ..စသဖြင့် အကျိုးစီးပွားကို မစောင့်ရှောက်တဲ့အပြင် ပျက်ဆီးရာ ပျက်ဆီးကြောင်း ကိုပါ ဆောင်ရွက်တတ်တဲ့ သဘောရှိပါတယ်။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး မရင်းနှီးပေမယ့် အနဲဆုံး ပြုံးပြ အသိမှတ်ပြု၊ ခေါင်းကလေး ငြိမ့်ပြ ၊ မေးလေးငေါ့ပြ နဲ့ သန္ဒိဋ္ဌ မိတ်ဆွေမျိုး ဖွဲ့ထားမိဖို့လိုပါတယ်။
ဒီလိုမှမဟုတ်ပဲ ၊ ရှုပ်ပါတယ် ။ သူ့အကန့်နဲ့သူနေ ၊ ငါ့အကန့်နဲ့ငါနေမယ်။ လာမထိနဲ့ ၊ မီးပွင့်သွားမယ်။ ဘာဖြစ်လဲ ငါ့ရှိလို့ ငါသုံးတာ ၊ ဖွင့်ကွာ ကက်ဆက် အသံကျယ်ကျယ်၊ စသည်ဖြင့် ငါတစ်ကောကောပြီး နေမယ် ဆိုရင်တော့ သန္ဒိဋ္ဌမိတ်ဆွေမျိုး ခေါင်းပါးတတ်ပါတယ်။ အဓိကပြောလိုတာကတော့ သန္ဒိဋ္ဌ မိတ်ဆွေမျိုးကလည်း လိုအပ်တာမို့ သတိချပ်သင့်တယ် ဆိုတာပါပဲ။
မောင်ဖုန်း အညာမှာနေစဉ်က မောင်ဖုန်းနေတဲ့ရပ်ကွက်ထဲကို ပြောင်းလာတဲ့ မိသားစုတစ်စုကို သတိရမိပါတယ်။ အရာရှိဘ၀ကနေ ပင်စင်ပဲယူလာသလား ၊ ရာထူးပဲပြုတ်လာလား သေချာမသိရတဲ့ မိသားစုတစ်စုပါ။ အားလုံးကလည်း လူရည်သန့် တောက်တောက်ပြောင်ပြောင် နဲ့ ခင်မင်ချင်စရာပါ။ သို့ပေမင့် သူတို့က ရောက်လာလာချင်း ခြံစည်းရိုးကို မြင့်မြင့်ကာလိုက်ပါတယ်။ ပတ်ဝန်းကျင်နဲ့လည်း ထိတွေ့ဆက်ဆံမှု နဲပြီး ၊ မျက်နှာချင်းဆိုင်တွေ့လို့ ပြုံးပြမိရင်တောင် ၊ အပြုံးတစ်ခုပြန်ပြုံးပြရမှာ ကို ပါးကြောတွေ တင်းပြီးထုံနေသလား ထင်ရလောက်အောင်ကို လူမှုရေးဥပေက္ခာ ပြုတတ်ကြပါတယ်။ ဒါပေမယ့် ရေရှည်မှာတော့ သူတို့ ဒီလိုရပ်တည်လို့ မရဘူး ဆိုတာကို သိသွားပုံပါပဲ ။ ဘယ်ရပါ့မလဲ ။ သာရေးနာရေး ၊ ရပ်ရေး ရွာရေး ၊ အစစအရာရာမှာ ကိုယ်တစ်ဦးထဲနဲ့ ရပ်တည်လို့မရတာတွေ ၊ လုပ်ဆောင်လို့မရတာတွေ အများသားကိုးခင်ဗျ။ နောက်တော့လည်း သဘောပေါက်သွားပုံရပါတယ်။ သူတို့အားလုံး လူတိုင်းနဲ့ တစ်စတစ်စ ၀င်ဆန့်ပေါင်းသင်း လာပြီး ၊ အရပ်နဲ့ လည်း တစ်သားထဲနီးနီးလောက် ဖြစ်လာတာကို တွေ့ရဖူးပါတယ်။
ကျန်တဲ့အဆွေခင်ပွန်း လေးမျိုးကိုလည်း အကျဉ်းချုံးပြီး ထပ်မံဖော်ပြ ပါရစေ။ အဲဒါတွေကတော့ …
(၂) သမ္ဘတ္တမိတ်ဆွေ ထမင်းတစ်ဝိုင်းစာမျှ အတူစားဖူးသော မိတ်ဆွေ

(၃) သမသိက္ခိတ မိတ်ဆွေ ကစားဖက် ၊ ကျောင်းနေဖက် မိတ်ဆွေ
(၄) ဗံသတ္တမာဂတမိတ်ဆွေ မိဘချင်း မိတ်ဆွေဖြစ်ရခြင်းကြောင့် သားသမီးချင်း အဆွေခင်ပွန်းပြုရသော မိတ်ဆွေမျိုး
(၅) ဗျာသနာရက္ခိတမိတ်ဆွေ ဥစ္စာပျက် ၊ ဒုက္ခရောက်နေသည့်အခါ များတွင် ကူညီ ကာကွယ် စောင့်ရှောက် ပေးသော မိတ်ဆွေမျိုး
စသဖြင့် ဆိုပါတယ်။ အထက်ပါ အဆွေခင်ပွန်းငါးမျိုးထဲမှာမှ နောက်ဆုံး နံပါတ်ငါး မိတ်ဆွေ ဖြစ်တဲ့ ဗျာသနာရက္ခိတ မိတ်ဆွေမျိုး နဲ့စပ်လျဉ်းပြီး အနဲငယ်ထပ်မံ ပြောပြလိုပါတယ်။
ဗျာသနာရက္ခိတ မိတ်ဆွေမျိုးဟာ အဆွေခင်ပွန်းဖြစ်သူ ကို စောင့်ရှောက်တတ်တဲ့ သဘာဝရှိတာမို့ အကျိုးစီးပွားကို ဆောင်သူလို့လည်း မည်ပါတယ်။ ဒီလိုမိတ်ဆွေမျိုး အဆွေခင်ပွန်းမျိုး ရရှိထားမယ်ဆိုရင်တော့ နွေးထွေးလုံခြုံတဲ့ အသိုက်အမြုံထဲမှာ နေထိုင်ရသည် နှင့် အလားသဏ္ဍန်တူပါလိမ့်မယ်။
လူတိုင်းအတွက် ရှိသင့်တဲ့ အဆွေခင်ပွန်းကောင်း ၊ မိတ်ဆွေကောင်းမျိုး နဲ့ ပတ်သက်တဲ့ ကံဇာတာကိုကော ဗေဒင်ပညာရှုထောင့် မှာ ဘယ်လို သိနိုင်ပါသလဲ ။ ဒီိအချက်ဟာ စိတ်ဝင်စားဖွယ်ရာကောင်းလှပြီး ၊ တွက်ချက် သိမြင်နိုင်မယ်ဆို အကျိုးရှိမယ့် အချက်တစ်ခုလည်း ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် မိတ်ဆွေ အဆွေခင်ပွန်းကောင်း နဲ့ ပတ်သက်တဲ့ ကံကို ခန့်မှန်းတွက်ဆပုံနဲ့ ပတ်သက်ပြီး စာရေးသူ လေ့လာဖူး သလောက်လေး ပြောပြပါ့မယ်။
နက္ခတ်ပညာမှာ မိတ်ဆွေ အဆွေခင်ပွန်းနဲ့ ပတ်သက်ပြီး ဆယ့်တစ်တန့်ဘာဝ ဟာ အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။ လူတစ်ယောက်မှာ အဆွေခင်ပွန်းကောင်း ရှိ/မရှိ ၊ ဘယ်လို အဆွေခင်ပွန်းမျိုး ပိုင်ဆိုင်မယ် စသည်ဖြင့် တို့ကို ဆယ့်တစ်တန့်ဘာဝ ၊ ဆယ့်တစ်တန့် ဘာဝသခင်ဂြိုဟ် နဲ့ ဆယ့်တစ်တန့် ဘာဝ သခင်ဂြိုဟ်စီးနင်းရာ န၀င်းရာသီက နေ တစ်ဆင့် ခန့်မှန်းတွက်ဆ နိုင်ပါတယ်။ ဘာဝကို ခန့်မှန်းခြင်း အားဖြင့် အဆွေခင်ပွန်းပေါခြင်း၊ ရှားပါးခြင်း ကို ခန့်မှန်းနိုင်သလို ၊ အဆွေခင်ပွန်းအမျိုးအစား ကိုလည်း စတင် ခွဲခြားလာနိုင်ပါတယ်။ ဘာဝသခင်ဂြိုဟ် ရပ်တည်တဲ့ ရာသီ နဲ့ အတန့်က နေ မိတ်ဆွေနဲ့ မိမိကြား ဆက်ဆံမှုပုံသဏ္ဍန် ၊ မိမိအပေါ် အကျိုး ပေးမပေး ၊ မိတ်ဆွေစစ်လား မိတ်ဆွေတုလား ၊ မိမိအပေါ် သက်ရောက်တဲ့ ပြုမူပုံ စတာတွေကို ထပ်မံ သိရှိနိုင်ပြီး ၊ ဘာဝသခင်ဂြိုဟ် နဲ့ ပူးယှဉ်နေတဲ့ ဂြိုဟ်များကတော့ အဆွေခင်ပွန်း များရဲ့ အခြေအနေ ကိုဖော်ပြပါတယ်။ အဲဒီ့လိုပဲ ဘာဝသခင်ရဲ့ န၀င်းရာသီဟာလည်း အဆွေခင်ပွန်းဖြစ်သူရဲ့ အမျိုးအစားနဲ့ သဘာဝကို ဖော်ပြပေးပါတယ်။ ဆိုတော့ နက္ခတ်ပညာမှာ အဆွေခင်ပွန်း နဲ့ ပတ်သက်လို့ ထောက်ဆကြည့်ရှုနိုင်တဲ့ အချက်တွေ အများအပြားရှိပြီး ၊ အမှန်တစ်ကယ်လည်း တိကျမှု ရှိတာကြောင့် နက္ခတ်ပညာကို လေ့လာလိုက်စားသူများ အနေနဲ့ အဆွေခင်ပွန်းနဲ့ ပတ်သက်တဲ့ကံကို လွယ်ကူစွာ သိမြင်နိုင်ပါတယ်။ ဒီနေရာမှာ လွယ်ကူစွာလို့ သုံးနှုန်း လိုက်ရတာကတော့ လက်ဆန်းဗေဒင် နှင့် နှိုင်းယှဉ် မိလို့ပဲ ဖြစ်ပါတယ်။
လက်ဆန်းဗေဒင်ပိုင်းမှာတော့ မိတ်ဆွေ နဲ့ ပတ်သက်ပြီး ကြာသာပတေးဂြိုဟ်ကို ထောက်ဆကြည့်ရှု ဆုံးဖြတ်တာကို ဗေဒင်ပညာ စလေ့လာသည့် အခါမှာပဲ ဖတ်ရှုမှတ်သားခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ စာရေးသူအနေနဲ့ ဒီအချက်ကို ဘ၀င်မကျ ဖြစ်မိပါတယ်။ ကြာသာပတေးကို ဂုရုဂြိုဟ် ၊ ဆရာသမားဂြိုဟ် အဖြစ်သတ်မှတ်ကြပါတယ်။ ဒါကြောင့် ဆရာသမားကို ကြာသာပတေး ၊ မိတ်ဆွေကြတော့လည်း ကြာသာပတေး ၊ ..အဲလိုသတ်မှတ်ဟောဆိုနေကြတာကို အမြောက်အများတွေ့ရပြီး ၊ တစ်ကယ့်တစ်ကယ် စဉ်းစားကြည့်မယ်ဆိုရင်တော့ ..ဒီအချက်ဟာ သဘာဝမကျလှတာကို တွေ့ရမှာပါ။ သို့သော် ဘ၀င်ကျစရာ အချက်တစ်ရပ်ကဖြင့် ..ကြာသာပတေးဂြိုဟ်ဟာ ကယ်တင်စောင့်ရှောက်မှု ပြုတတ်သော သဘာဝသောမဂြိုဟ်စစ်စစ် ဖြစ်လို့ ၊ မိတ်ဆွေကောင်းတို့နှင့် အလားသဏ္ဍန်တူ တယ်လို့ ဆိုနိုင်တာလေးပါပဲ။ ဘ၀င်မကျစရာကတော့ ကြာသာပတေး အနေအထား ညံ့သူတစ်ချို့ မှာ ဆရာသမားကောင်း မတွေ့ရသော်လည်း မိတ်ဆွေကောင်းတော့ ရှိနေတာမျိုး တွေ့ရတဲ့အတွက် ၊ ဆရာလည်း ကြာသာပတေး ၊ မိတ်ဆွေလည်းကြာသာပတေး ဆိုပြီး ဟောရတာမျိုးသည် ဘ၀င်ကျစရာ မဟုတ်တော့ပါ။ ဒီအချက်ကိုဖြင့် လက်ဆန်းဗေဒင် လိုက်စားသူများ ၊ အသုံးပြုနေသူများ သတိထားပြီး လေ့လာ ခွဲခြားစေလိုပါတယ်။
နောက်တစ်ချက်ကတော့ လက်ဆန်းဗေဒင် မှာ အပြင်မိတ်ဂြိုဟ်ကို ပြင်ပမိတ်ဆွေတွေ နဲ့ ပတ်သက်ပြီး ဟောဆို တတ်ကြတာလေး လည်း တွေ့ရပါတယ်။ ဒါလည်း မဆိုးလှပါ။ သို့သော် အပြင်မိတ်ဂြိုဟ် အားနဲနေချိန်မှာ ဘာလို့ မိတ်ဆွေကောင်းတွေက စောင့်ရှောက်ကူညီပေးနေ ကြသလဲ ဆိုတဲ့မေးခွန်းမျိုး ကိုယ်တိုင်ရင်ဆိုင်လိုက်ရချိန် မှာတော့ ..အထက်ပါအချက်ကိုလည်း အားမရနိုင်အောင် ဖြစ်ရပြန်ပါတယ်။
ဒီလိုနဲ့ လေ့လာခဲ့ပြီးနောက်ပိုင်းမှာ အချက်နှစ်ချက်ကို သတိပြုမိလာပါတယ်။ ပထမတစ်ချက်ကတော့ သမ္ပဒါန ကာရကဂြိုဟ်လေးပဲ ဖြစ်ပါတယ်။ အဆိုပါဂြိုဟ် ရဲ့အနေအထားဟာ အဖော်အပေါင်းတွေ ၊ အပေါင်းအပါတွေနဲ့ ဆိုင်တဲ့ ကောင်းကျိုး ဆိုးပြစ်လေးကို ဖော်ပြတတ်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒုတိယအချက်ကတော့ တနင်္ဂနွေဂြိုဟ် ပဲ ဖြစ်ပါတယ်။ တနင်္ဂနွေဂြိုဟ် အားကောင်းခြင်းဟာ အဆွေခင်ပွန်းကောင်း (၀ါ) အကျိုးကျေးဇူးကို ပြုတတ်သသူ တို့နဲ့ ဆုံဆည်း ရတတ်တာကို တွေ့ရှိရခြင်းပဲ ဖြစ်ပါတယ်။
ဒီအချက်တွေဟာ အဘယ်မျှ ခိုင်လုံမှု ရှိမယ်လို့တော့ စာရေးသူမပြောလိုပါ။ ဘ၀တူ လေ့လာလိုက်စား နေသူများ အဖို့ သတိချပ်ပြီး လေ့လာကြည့်ဖို့ပဲ တိုက်တွန်းလိုက်ရပါတယ်။ စာရေးသူကိုယ်တိုင်လည်း တစ်ထစ်ချမမှတ်ယူသေးပဲ ဆက်လက်ပြီး လေ့လာမှတ်တမ်းတင် နေဆဲသာ ဖြစ်ပါတယ်။
ဆိုတော့ မည်သို့ပင်ဖြစ်စေ ဗျာသနာရက္ခိတမိတ်ဆွေမျိုး ပေါများရခြင်းဟာ မင်္ဂလာရှိခြင်းပင် ဖြစ်ပါတယ်။ လက်တွေ့ ပြောပြရရင်လည်း စာရေးသူမှာ လက်ရှိဖြတ်သန်းနေဆဲ စနေဂြိုဟ်အိပ်ကာလ ဆယ်နှစ်အတွင်း ဒုက္ခအမျိုးမျိုး ၊ အခက်အခဲ အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ရပြီး ၊ ချမ်းသာတာဆိုလို့ အဆွေ ခင်ပွန်းကောင်း ဆိုတဲ့ ဗျာသနာရက္ခိတ မိတ်ဆွေတို့သာလျှင် ချမ်းသာတယ်လို့ ဆိုနိုင်ပါတယ်။ မူလဇာတာ မှာတော့ ဆယ့်တစ်တန့်သခင် ဟာ ကိုးတန့်သခင်နဲ့ အတူ ကိုးတန့်ဘာဝမှာ ရပ်တည်ထားပြီး ၀ဂ္ဂုတ္တမ န၀င်း စီးနင်းထားတဲ့အတွက် အဆွေခင်ပွန်းကောင်း ရရှိစေတဲ့ မူလကံဇာတာ ပါလာသူ မျိုးလို့ ဆိုနိုင် ပါတယ်။
အဆွေခင်ပွန်းကောင်းဆိုရာမှာလည်း ဘ၀ပျက်လုလု ဒုက္ခသုက္ခများ ရောက်တိုင်း ရောက်တိုင်းမှာ ကာကွယ် စောင့်ရှောက် ပေးသွားတဲ့ အဆွေခင်ပွန်းကောင်းများ ရရှိခဲ့ပါတယ်။ တစ်ချိန်က အထက်အညာ အရပ်မှာ နေထိုင်စဉ်မှာ စာရေးသူအတွက် အသားပင် ၀င်ပြီး အနာခံပေးတတ်သော မိတ်ဆွေမျိုးရှိခဲ့သလို ၊ တစ်ဦးနဲ့တစ်ဦး အခွင့်အခါများ သာခဲ့ရင် သေဆုံးချိန်မှာ သတိတရားအတွက် ကူညီစောင့်ရှောက်ပေးဖို့ ကတိက၀တ်ပြုထားတဲ့ အဆွေခင်ပွန်း ကောင်းမျိုးလည်း ရရှိခဲ့ဖူးပါတယ်။
အဲဒီ့လိုပဲ ရန်ကုန်မြို့ကို ပြောင်းရွှေ့ရောက်ရှိပြီးနောက်ပိုင်းမှာလည်း အဆွေခင်ပွန်းကောင်းများ များစွာ ရရှိခဲ့ပါတယ်။ ခုလိုဆိုရခြင်းဟာလည်း စာရေးသူရဲ့ဇာတာကောင်းကြောင်း ရည်ရွယ်ရင်း မဟုတ်ပါ။ စာရေးသူဇာတာမှာ ဆိုးတဲ့ အချက်တွေလည်း အမြောက်အများ ရှိလှပါတယ်။ ယခုလို ဆိုရခြင်း အကြောင်းကတော့ ..တစ်ခါက စာရေးသူဖတ်ဖူးသော စာတစ်ပုဒ်မှာ ကျေးဇူးရှိသူတို့ကို ကျေးဇူးပြန်လည် မဆပ်နိုင်သေးသည့်တိုင် ၊ ကျေးဇူးရှိကြောင်း နှုတ်မှသော်လည်းကောင်း ထုတ်ဖော်ပြောဆိုရာ၏ ။ အသိအမှတ်ပြု ထင်ရှားစေရာ၏ လို့ ဆိုတာလေးကို သတိရမိတဲ့ အတွက်ကြောင့်ပါပဲ။ ဒါကြောင့် ဒီဆောင်းပါးရဲ့ အဆုံးမှာ စာရေးသူအပေါ် မေတ္တာစေတနာအမှန်နဲ့ အကျိုးကျေးဇူးပြုဖူးပြီး ၊ ကျေးဇူး ပြန်လည်ဆပ်သင့် တဲ့ ဗျာသနာရက္ခိတ မိတ်ဆွေအချို့ကို ဖော်ပြ ထင်ရှား စေလိုက်ရပါသည်ခင်ဗျား ။ အကြင်သူတို့မှာ …
ဦးဝင်းမောင် (မြသုံးလုံး လုံချည်)
(၄) ဗံသတ္တမာဂတမိတ်ဆွေ မိဘချင်း မိတ်ဆွေဖြစ်ရခြင်းကြောင့် သားသမီးချင်း အဆွေခင်ပွန်းပြုရသော မိတ်ဆွေမျိုး
(၅) ဗျာသနာရက္ခိတမိတ်ဆွေ ဥစ္စာပျက် ၊ ဒုက္ခရောက်နေသည့်အခါ များတွင် ကူညီ ကာကွယ် စောင့်ရှောက် ပေးသော မိတ်ဆွေမျိုး
စသဖြင့် ဆိုပါတယ်။ အထက်ပါ အဆွေခင်ပွန်းငါးမျိုးထဲမှာမှ နောက်ဆုံး နံပါတ်ငါး မိတ်ဆွေ ဖြစ်တဲ့ ဗျာသနာရက္ခိတ မိတ်ဆွေမျိုး နဲ့စပ်လျဉ်းပြီး အနဲငယ်ထပ်မံ ပြောပြလိုပါတယ်။
ဗျာသနာရက္ခိတ မိတ်ဆွေမျိုးဟာ အဆွေခင်ပွန်းဖြစ်သူ ကို စောင့်ရှောက်တတ်တဲ့ သဘာဝရှိတာမို့ အကျိုးစီးပွားကို ဆောင်သူလို့လည်း မည်ပါတယ်။ ဒီလိုမိတ်ဆွေမျိုး အဆွေခင်ပွန်းမျိုး ရရှိထားမယ်ဆိုရင်တော့ နွေးထွေးလုံခြုံတဲ့ အသိုက်အမြုံထဲမှာ နေထိုင်ရသည် နှင့် အလားသဏ္ဍန်တူပါလိမ့်မယ်။
လူတိုင်းအတွက် ရှိသင့်တဲ့ အဆွေခင်ပွန်းကောင်း ၊ မိတ်ဆွေကောင်းမျိုး နဲ့ ပတ်သက်တဲ့ ကံဇာတာကိုကော ဗေဒင်ပညာရှုထောင့် မှာ ဘယ်လို သိနိုင်ပါသလဲ ။ ဒီိအချက်ဟာ စိတ်ဝင်စားဖွယ်ရာကောင်းလှပြီး ၊ တွက်ချက် သိမြင်နိုင်မယ်ဆို အကျိုးရှိမယ့် အချက်တစ်ခုလည်း ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် မိတ်ဆွေ အဆွေခင်ပွန်းကောင်း နဲ့ ပတ်သက်တဲ့ ကံကို ခန့်မှန်းတွက်ဆပုံနဲ့ ပတ်သက်ပြီး စာရေးသူ လေ့လာဖူး သလောက်လေး ပြောပြပါ့မယ်။
နက္ခတ်ပညာမှာ မိတ်ဆွေ အဆွေခင်ပွန်းနဲ့ ပတ်သက်ပြီး ဆယ့်တစ်တန့်ဘာဝ ဟာ အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။ လူတစ်ယောက်မှာ အဆွေခင်ပွန်းကောင်း ရှိ/မရှိ ၊ ဘယ်လို အဆွေခင်ပွန်းမျိုး ပိုင်ဆိုင်မယ် စသည်ဖြင့် တို့ကို ဆယ့်တစ်တန့်ဘာဝ ၊ ဆယ့်တစ်တန့် ဘာဝသခင်ဂြိုဟ် နဲ့ ဆယ့်တစ်တန့် ဘာဝ သခင်ဂြိုဟ်စီးနင်းရာ န၀င်းရာသီက နေ တစ်ဆင့် ခန့်မှန်းတွက်ဆ နိုင်ပါတယ်။ ဘာဝကို ခန့်မှန်းခြင်း အားဖြင့် အဆွေခင်ပွန်းပေါခြင်း၊ ရှားပါးခြင်း ကို ခန့်မှန်းနိုင်သလို ၊ အဆွေခင်ပွန်းအမျိုးအစား ကိုလည်း စတင် ခွဲခြားလာနိုင်ပါတယ်။ ဘာဝသခင်ဂြိုဟ် ရပ်တည်တဲ့ ရာသီ နဲ့ အတန့်က နေ မိတ်ဆွေနဲ့ မိမိကြား ဆက်ဆံမှုပုံသဏ္ဍန် ၊ မိမိအပေါ် အကျိုး ပေးမပေး ၊ မိတ်ဆွေစစ်လား မိတ်ဆွေတုလား ၊ မိမိအပေါ် သက်ရောက်တဲ့ ပြုမူပုံ စတာတွေကို ထပ်မံ သိရှိနိုင်ပြီး ၊ ဘာဝသခင်ဂြိုဟ် နဲ့ ပူးယှဉ်နေတဲ့ ဂြိုဟ်များကတော့ အဆွေခင်ပွန်း များရဲ့ အခြေအနေ ကိုဖော်ပြပါတယ်။ အဲဒီ့လိုပဲ ဘာဝသခင်ရဲ့ န၀င်းရာသီဟာလည်း အဆွေခင်ပွန်းဖြစ်သူရဲ့ အမျိုးအစားနဲ့ သဘာဝကို ဖော်ပြပေးပါတယ်။ ဆိုတော့ နက္ခတ်ပညာမှာ အဆွေခင်ပွန်း နဲ့ ပတ်သက်လို့ ထောက်ဆကြည့်ရှုနိုင်တဲ့ အချက်တွေ အများအပြားရှိပြီး ၊ အမှန်တစ်ကယ်လည်း တိကျမှု ရှိတာကြောင့် နက္ခတ်ပညာကို လေ့လာလိုက်စားသူများ အနေနဲ့ အဆွေခင်ပွန်းနဲ့ ပတ်သက်တဲ့ကံကို လွယ်ကူစွာ သိမြင်နိုင်ပါတယ်။ ဒီနေရာမှာ လွယ်ကူစွာလို့ သုံးနှုန်း လိုက်ရတာကတော့ လက်ဆန်းဗေဒင် နှင့် နှိုင်းယှဉ် မိလို့ပဲ ဖြစ်ပါတယ်။
လက်ဆန်းဗေဒင်ပိုင်းမှာတော့ မိတ်ဆွေ နဲ့ ပတ်သက်ပြီး ကြာသာပတေးဂြိုဟ်ကို ထောက်ဆကြည့်ရှု ဆုံးဖြတ်တာကို ဗေဒင်ပညာ စလေ့လာသည့် အခါမှာပဲ ဖတ်ရှုမှတ်သားခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ စာရေးသူအနေနဲ့ ဒီအချက်ကို ဘ၀င်မကျ ဖြစ်မိပါတယ်။ ကြာသာပတေးကို ဂုရုဂြိုဟ် ၊ ဆရာသမားဂြိုဟ် အဖြစ်သတ်မှတ်ကြပါတယ်။ ဒါကြောင့် ဆရာသမားကို ကြာသာပတေး ၊ မိတ်ဆွေကြတော့လည်း ကြာသာပတေး ၊ ..အဲလိုသတ်မှတ်ဟောဆိုနေကြတာကို အမြောက်အများတွေ့ရပြီး ၊ တစ်ကယ့်တစ်ကယ် စဉ်းစားကြည့်မယ်ဆိုရင်တော့ ..ဒီအချက်ဟာ သဘာဝမကျလှတာကို တွေ့ရမှာပါ။ သို့သော် ဘ၀င်ကျစရာ အချက်တစ်ရပ်ကဖြင့် ..ကြာသာပတေးဂြိုဟ်ဟာ ကယ်တင်စောင့်ရှောက်မှု ပြုတတ်သော သဘာဝသောမဂြိုဟ်စစ်စစ် ဖြစ်လို့ ၊ မိတ်ဆွေကောင်းတို့နှင့် အလားသဏ္ဍန်တူ တယ်လို့ ဆိုနိုင်တာလေးပါပဲ။ ဘ၀င်မကျစရာကတော့ ကြာသာပတေး အနေအထား ညံ့သူတစ်ချို့ မှာ ဆရာသမားကောင်း မတွေ့ရသော်လည်း မိတ်ဆွေကောင်းတော့ ရှိနေတာမျိုး တွေ့ရတဲ့အတွက် ၊ ဆရာလည်း ကြာသာပတေး ၊ မိတ်ဆွေလည်းကြာသာပတေး ဆိုပြီး ဟောရတာမျိုးသည် ဘ၀င်ကျစရာ မဟုတ်တော့ပါ။ ဒီအချက်ကိုဖြင့် လက်ဆန်းဗေဒင် လိုက်စားသူများ ၊ အသုံးပြုနေသူများ သတိထားပြီး လေ့လာ ခွဲခြားစေလိုပါတယ်။
နောက်တစ်ချက်ကတော့ လက်ဆန်းဗေဒင် မှာ အပြင်မိတ်ဂြိုဟ်ကို ပြင်ပမိတ်ဆွေတွေ နဲ့ ပတ်သက်ပြီး ဟောဆို တတ်ကြတာလေး လည်း တွေ့ရပါတယ်။ ဒါလည်း မဆိုးလှပါ။ သို့သော် အပြင်မိတ်ဂြိုဟ် အားနဲနေချိန်မှာ ဘာလို့ မိတ်ဆွေကောင်းတွေက စောင့်ရှောက်ကူညီပေးနေ ကြသလဲ ဆိုတဲ့မေးခွန်းမျိုး ကိုယ်တိုင်ရင်ဆိုင်လိုက်ရချိန်
ဒီလိုနဲ့ လေ့လာခဲ့ပြီးနောက်ပိုင်းမှာ အချက်နှစ်ချက်ကို သတိပြုမိလာပါတယ်။ ပထမတစ်ချက်ကတော့ သမ္ပဒါန ကာရကဂြိုဟ်လေးပဲ ဖြစ်ပါတယ်။ အဆိုပါဂြိုဟ် ရဲ့အနေအထားဟာ အဖော်အပေါင်းတွေ ၊ အပေါင်းအပါတွေနဲ့ ဆိုင်တဲ့ ကောင်းကျိုး ဆိုးပြစ်လေးကို ဖော်ပြတတ်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒုတိယအချက်ကတော့ တနင်္ဂနွေဂြိုဟ် ပဲ ဖြစ်ပါတယ်။ တနင်္ဂနွေဂြိုဟ် အားကောင်းခြင်းဟာ အဆွေခင်ပွန်းကောင်း (၀ါ) အကျိုးကျေးဇူးကို ပြုတတ်သသူ တို့နဲ့ ဆုံဆည်း ရတတ်တာကို တွေ့ရှိရခြင်းပဲ ဖြစ်ပါတယ်။
ဒီအချက်တွေဟာ အဘယ်မျှ ခိုင်လုံမှု ရှိမယ်လို့တော့ စာရေးသူမပြောလိုပါ။ ဘ၀တူ လေ့လာလိုက်စား နေသူများ အဖို့ သတိချပ်ပြီး လေ့လာကြည့်ဖို့ပဲ တိုက်တွန်းလိုက်ရပါတယ်။ စာရေးသူကိုယ်တိုင်လည်း တစ်ထစ်ချမမှတ်ယူသေးပဲ ဆက်လက်ပြီး လေ့လာမှတ်တမ်းတင် နေဆဲသာ ဖြစ်ပါတယ်။
ဆိုတော့ မည်သို့ပင်ဖြစ်စေ ဗျာသနာရက္ခိတမိတ်ဆွေမျိုး ပေါများရခြင်းဟာ မင်္ဂလာရှိခြင်းပင် ဖြစ်ပါတယ်။ လက်တွေ့ ပြောပြရရင်လည်း စာရေးသူမှာ လက်ရှိဖြတ်သန်းနေဆဲ စနေဂြိုဟ်အိပ်ကာလ ဆယ်နှစ်အတွင်း ဒုက္ခအမျိုးမျိုး ၊ အခက်အခဲ အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ရပြီး ၊ ချမ်းသာတာဆိုလို့ အဆွေ ခင်ပွန်းကောင်း ဆိုတဲ့ ဗျာသနာရက္ခိတ မိတ်ဆွေတို့သာလျှင် ချမ်းသာတယ်လို့ ဆိုနိုင်ပါတယ်။ မူလဇာတာ မှာတော့ ဆယ့်တစ်တန့်သခင် ဟာ ကိုးတန့်သခင်နဲ့ အတူ ကိုးတန့်ဘာဝမှာ ရပ်တည်ထားပြီး ၀ဂ္ဂုတ္တမ န၀င်း စီးနင်းထားတဲ့အတွက် အဆွေခင်ပွန်းကောင်း ရရှိစေတဲ့ မူလကံဇာတာ ပါလာသူ မျိုးလို့ ဆိုနိုင် ပါတယ်။
အဆွေခင်ပွန်းကောင်းဆိုရာမှာလည်း
အဲဒီ့လိုပဲ ရန်ကုန်မြို့ကို ပြောင်းရွှေ့ရောက်ရှိပြီးနောက်ပု
ဦးဝင်းမောင် (မြသုံးလုံး လုံချည်)
ကိုအောင်မိုး (ရွှေဓါး လုံချည်)
ကိုမျိုးလှိုင်
ကိုအောင်ကျော်မိုး
ကိုအောင်မျိုးမြင့်
ကိုတေးအေးရိပ်
ကိုဇေယျာမောင်
ကိုဘုန်းနိုင်ဇော်
ကိုကျော်ဝဏ္ဏ
မပွင့်မြတ်စိုး
မဆွေမွန်နွဲ့
အစ်မကြီး မစန္ဒီတင်မောင်
………………………………
………………………………
………………………………
အစရှိသဖြင့်သော … ခပ်သိမ်းသော ဗျာသနာရက္ခိတ မိတ်ဆွေအပေါင်းတို့အား ဤဆောင်းပါးဖြင့် ထင်ရှားစေအပ်ပါကြောင်း ။
အမှတ်တရ အားဖြင့် … … … … …

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
Post a Comment