ထီကံစမ်းလိုသူများ အတွက်

Monday, December 20, 2010

ထီပေါက်ကံ

ထီပေါက်ကံကို ဦးပုညတေးထပ်ဖြင့် ဟောခဲ့သည်ကို မှတ်သားဖူးပါသည်။ ယင်းနည်းတူ လက်ဆန်း ဗေဒင်ပိုင်းတွင် ထီပေါက်ကံ တွက်နည်းအတိုအစများ အလွန်များပြားစွာ ရှိသည်။ လက်တွေ့တွင်မူ ခါးပြတ်နေသော ပညာမြှပ်ကွက်များ ကြောင့် ထိုတွက်နည်းတို့မျှနှင့် ကြောင်းကျိုးတိုက်ဆိုင် မှန်ကန်ခြင်း မရှိဘဲ ၊ လွဲလွဲနေတတ်ပါသည်။
လက်ရိုးစနစ်တွင်မူ ထီပေါက်ရန်အတွက် မူလဇာတာတွင် အချက် (၇) ချက် ၊ ကောဇာဇာတာတွင် အချက် (၇) ချက် .. စုစုပေါင်း အချက် (၁၄) ချက် .. ညီညွတ်သော်ဧကန်ပေါက်၏ ဟု ကျမ်းတစ်စောင်တွင် ဖတ်ရှု ခဲ့ရဖူးပေသည်။ ထီပေါက်ကိန်းနှင့် ပတ်သက်ပြီး ယင်းကဲ့သို့ပင် ဆရာအဆူဆူ နည်းအသွယ်သွယ် ထုတ်ခဲ့ကြသည်သာ ဖြစ်သည်။ ဘယ်နည်းက ပိုမှန်သည် ဟု အမျိုးမျိုးလည်း ငြင်းခုန်နေကြဆဲသာ ဖြစ်ပေသည်။

ထီပေါက်နည်းလမ်းညွှန်ကြသူများ

အလားတူပင် ထီပေါက်အောင် ယတြာလုပ်ပေးသော ဗေဒင်ဆရာအချို့လည်းရှိကြသည်။ ဘာအက္ခရာ ညာအက္ခရာ ၊ ဘာဂဏန်း ညာဂဏန်း စသည်ဖြင့်လည်း ရွေးခြယ်ပေးတတ်ကြသည်။ ယင်းသို့ပမာပင် လူအချို့ကလည်း ထီပေါက်ရန်အတွက် ဗေဒင်ဆရာ ၊ နတ်ကတော် ၊ ဘိုးတော် ၊ ဘုန်းကြီး စသည်ဖြင့် ဘာမှအလွတ်မပေး ၊ ဂဏန်းပေးမှန်လျှင် အလှမ်ဝေးပြန်လျှင်သော်မှ …မရောက်ရောက်အောင် သွားပြီး အပြေးကလေး ပူဇော် မေးမြန်းလိုကြပေသည်။ အထူးသဖြင့် ချဲထီ နှစ်လုံးထီ တရားမ၀င် လောင်းကစား ထီလုပ်ငန်းများ အတွက် …သဲသဲလှုပ်သမားတွေ များလှသည်။ မဆီမဆိုင် အကုသိုလ် အဆစ်ထမ်းလို့ .. ဂဏန်းပေး ပူဇော်ခံနေသော ရဟန်းသံဃာများ ကိုလည်း ၀မ်းနည်းဖွယ်ရာ တွေ့ရသည်။

မောင်ဖုန်းကတော့ ရှင်းသည် ။ မကိုးကွယ်ရေးချာ့ မကိုးကွယ် ။ မတောင်းရေးချ မတောင်း ။ ကျောင်းကြီးဖျက်/ ကျောင်းကြီးဖျက်မ မဖြစ်လို ။ ကြည်လည်းမကြည်ညို ။ ဘယ်သူတော်စင် ရဟန်းကမှ ချဲဂဏန်း မပေး၊ လောင်းကစား အားမပေးကြောင်း သိသင့်ကြပေသည်။ စာရေးသူ၏ အဖေ့ဘက်က အဘ အမြဲပြောလေ့ ရှိသော စကားတစ်ခွန်းကို သတိရမိသည်။ ပညာနဲ တော့ ထင်ရာလွဲ တော့တာပဲဟေ့ ဟူသတည်း ။

ထီပေါက်ရန်အတွက် ကန်တော့ပွဲ အမျိုးမျိုး ထိုးကြသည်။ အင်းကွက်တွေ ဆိုလည်းဆောင်လိုက်ကြသည်။ ဘာဖယောင်းတိုင် ညာဖယောင်းတိုင်ဆိုလည်း ဘယ်လောက်ပေးရပေးရ ထွန်းလိုက်ကြပြန်သည်။ ထိုထိုသော အတုအယောင် ဗေဒင်ဆရာများ ၊ ဘိုးတော်များ ၊ နတ်ကတော်များကတော့ အမြဲတမ်း ထီပေါက်နေကြသည့်နှယ် ။ သြော် .. ထီဆရာများ ပေတကား ။

မောင်ဖုန်းလည်း တစ်ခါတစ်ခါတော့ စိတ်ကူးပေါက်သည်။ ခက်ခက်ခဲခဲ ဗေဒင်ဟောနေမယ့်အစား ၊ ပုဝါစိမ်းလေး ရင်ဘတ်မှာစီးပြီး ၊ ( ဒီဘက်က အင်္ဂါသားကြီးလားဟေ့ …ဟင်းဟင်းဟင်းးးးးး ၊ ဟိုဘက်က ဟ၀ှာ သမီးကြီး…ဟင်းဟင်းဟင်း…၊ နင်တို့ ငါ့ကို မေ့ထားတယ်လားဟေ့ ….၊ ဟင်းဟင်းဟင်း … ဂတ်ဂတ်ဂတ်…) စသဖြင့် လုပ်စားရလျှင် ခုလောက်ဆို ကားတောင် ထည်လဲ စီးနိုင်လောက်ပြီထင်ပါ့ ။ တိန် ။

တစ်ကယ်လုပ်ဖြစ်လျှင်တော့ ဆရာဘုန်းသိင်္ဂါ လို မီဒီယားအားကောင်းသူကိုလည်း အဖော်ခေါ်ရမည်။ ဆရာရန်းဂန်းကိုလည်း အဖော်စပ်ရမည်။ သူက စိတ်တန်ခိုးအားကောင်းသည် ၊ ခပ်တည်တည်နှင့်ဖိန့်ရမည့် နေရမျိုး ၊ ဟောက်ရမည့်နေရာမျိုးတွင် သူပါမှ ဖြစ်မည်။ အဲ..နဲနဲလေးပဲ ထိပ်က မဆိုစလောက် ပြောင်ချင်နေတာလေး ကြောင့် ၊ ၃၇မင်း နတ်တွေထဲက ထိပ်ပြောင်သော နတ်ကို နတ်သမိုင်း တူးဆွ ပြီး ပြန်ရှာထားရပေမည်။

ဗေဒသုခုမက ဆရာတင်ဗိုလ်ဗိုလ်ကတော့ အဖော်စပ်လို့ရပါ့မလား မသိ ။ ပြောလို့တော့မရ ..။ ငယ်ကတည်းက ကချင်ခုန်ချင်သည့် အုံ့ပုံးစိတ်ကလေးမျိုး တိတ်တခိုးရှိနေလျှင် ..အဆင်ပြေနိုင်သည်။ နတ်ဒိုးကလေးနှင့် မြူးမြူးကြွကြွ ကနေလျှင် ..ဟိ… ဆရာဗိုလ်ကို အတော်ကြည့်ကောင်းမည်ထင်၏ ။ ဟိုကောင် ပခန်းသား ဗေဒင်ဆရာကိုတော့ အဖော်စပ်လို့ မဖြစ်။ ခဏခဏ ကိုကြီးကျော်ပဲ ၀င်နေပြီး ..ရှိသမျှ ၀ီစကီနှင့် ကြက်ကြော်ကို မ နေမှ ဂွကျမည်။ မြန်မာ့ရိုးရာ ဗေဒင်နှင့် နက္ခတ် ဆိုဒ်က ဆရာ ကိုတေးအေးရိပ်ကို တော့ .. နှုတ်ကြမ်းသည့် အမေဂျမ်း ၀င်သည့်အခါ ခေါ်ခေါ်သုံးရမည်။ ဆရာကိုအုပ်စိုး ကိုလည်း ခေါ်မှဖြစ်မည်။ သူက ယင်နှင့်ယန် ကို ကျွမ်းကျင်နေသူမို့ .ဖုံးကညာဘ၀ လုံးရာက ပြားရမည့် အရေးအတွက် အထူးတလည် အားထုတ်နေစရာမလိုတော့ ။ ပလို့ဂျိ ..ဟော ယင် မဟုတ် ရင် ယန် ၊ ယန် မဟုတ်ရင် ယင် .. အဆင်ကိုပြေလို့ ။

စိတ်ကူးပြောပါတယ်။ လက်တွေ့လုပ်ရဲပါဘူးဗျာ။ နှော့ ။ ကားမစီးရရင်နေပါစေ။ ကျားကြီးကနေ မဓါတ် တစ်ကယ်ဝင်လာလျှင် ခက်ချေရဲ့ ။ (ဆောင်းပါးရေးရင်း စိတ်ကူးပေါက်လို့ အစအနောက် ကျီစားတာပါဗျား ၊ ဘ၀တူ ရောင်းရင်း ဗေဒင်ဆရာများလည်း အမျက်မရှုလိုက်ကြပါနဲ့ ၊ မောင်ဖုန်း တစ်ခါတစ်ရံ အပျော် ဓါတ်ခံ နိုးထလာလို့ ပါ ) ။ စတီယာတိုင် အကွေ့လွန်လို့ လိုရင်းနဲ့လည်း ဝေးသွားပါပြီ။ နတ်အကြောင်းရပ်လို့ ထီအကြောင်း ပြန်ဆက်ပါ့မယ်။

ဆိုတော့ ထီပေါက်ဖို့ နည်းလမ်းအသွယ်သွယ် ခေတ်စားနေတဲ့ သည်ခေတ်ကြီးထဲမှာ မောင်ဖုန်းမှာလည်း နည်းလမ်း ရလာပါတယ်။ အဲဒီ့နည်းလမ်းလေးကို ဒီဆောင်ပါးကနေ ဖောက်သည်ချပါရစေ ။ အောက်ပါ နည်းလမ်းဟာ မောင်ဖုန်းရဲ့ထီပေါက်နည်းလေးပါပဲ ။

မောင်ဖုန်း၏ ထီပေါက်နည်း

(၁) ထီထိုးပါ
(၂) ထီထိုးပါ
(၃) ထီထိုးပါ

ဒီလိုပြောတော့ နောက်တယ်ပဲ အောက်မေ့ပါမယ်။ မဟုတ်ပါ။ ထီမထိုးပဲနဲ့ ထီမပေါက်ပါ။ ထိုးမှသာ ပေါက်ပါမယ်။ ထီထိုးလိုက်တာနဲ့ ငါးဆယ်ရာနှုန်းထီပေါက်ကံ ရှိလာပါတယ်။ အတိတ်က ပြုခဲ့တဲ့ ဒါနကံအမျိုးအစား တစ်ရပ် ရှိခဲ့ပြီး ၊ ထိုထိုသောကံ အကျိုးပေးချိန်နဲ့ ဆုံလိုက်တာနဲ့ ထီပေါက်ကရော ဗျာတို့ ။

အတိတ်ကပြုခဲ့သော ဒါနကံအမျိုးအစားတစ်ရပ် ဆိုတာ ..ဘာလဲ လို့မေးစရာရှိပါတယ်။ ဒါနအမျိုးမျိုးမှာ ပံသကူပစ်ခြင်း ၊ မဲဖောက် မျှဝေ စွန့်ကြဲပေးခြင်း၊ သူတစ်ထူးတို့ကို ဆုမဲ စနစ်ဖြင့် ဒါနပြုခြင်း ( ရလိုသည့်သူ ရစေ စွန့်ကြဲဒါနမျိုး ) ပြုခဲ့သော ..ဘ၀ဟောင်းမှ ကံ ရှိသူတို့မှာ မျက်မှောက်ကာလမှာ ထီပေါက်ခြင်းမျိုး ပြန်လည် ခံစားစံစား ရတတ်ပါတယ်။

ဒါကြောင့် ချဲထီ နှစ်လုံးထီကဲ့သို့ တရားမ၀င်လောင်းကစား လုပ်ငန်းများကို အားမပေးသော်လည်း ၊ နိုင်ငံတော် မင်းအစိုးရများမှ တရားဝင်ချီးမြှင့်တဲ့ ထီဆုမဲမျိုးတွေကို တော့ ကံစမ်းသင့်ကြောင်း မောင်ဖုန်း တိုက်တွန်း လိုက်ရပါတယ်။

ထီ နှင့် ဗေဒင်

ဗေဒင်အကြောင်းအရာဘက်ကနေ ထီပေါက်ကံကို တွက်ဆတဲ့နည်းဟာ လူတွေအတွက် အသဲကို ဆွတ်ချူ နေသော နည်း တစ်ရပ်လို့ ဆိုနိင်ပါတယ်။ ဗေဒင်ဆိုကတည်းက ထူးဆန်းတဲ့နာမ်ပိုင်းဆိုင်ရာ ပညာရပ်တစ်ခု ဖြစ်နေတာမို့ စိတ်ဝင်စားဖွယ်ရာ ဖြစ်နေသလို ..ထီ ဆိုတာကလည်း အတိတ်ကံအကျိုးအရ ရင်ခုန်ရတဲ့ ကံကောင်းမှုဆုလာဘ် တစ်ပါး ဖြစ်တာမို့ .. ၊ စိတ်ဝင်စားဖွယ်ရာ အချင်းအရာတူ ဖြစ်နေပြန်ပါတယ်။ ဒီတော့လည်း လူတိုင်းလိုလို ထီပေါက်ကံ တွက်နည်းကို စိတ်ဝင်စားကြမယ် ထင်ပါရဲ့။

ဒီတော့ မောင်ဖုန်း သိမှတ်ဖတ်ဖူး ၊ စိတ်ကူးတွေးဆ မြင်မိသမျှသော ထီပေါက်ကိန်းနဲ့ စပ်လျဉ်းသမျှ ဗေဒင်ပညာရပ်ဆိုင်ရာ အချို့ကို ဆက်လက်တင်ပြပေးပါ့မယ်။

လက်ဆန်းဗေဒင်ပိုင်းမှာ .. စပြောပါ့မယ်။ မဟာဘုတ်သမား ဆိုတော့လည်း မဟာဘုတ်နဲ့ပဲ ချိန်တွက်ပြီး အရင်ဆုံး ပြောပါရစေ။ မူလမဟာဘုတ်အမျိုးအစားတွေမှာ ဓါတ်မိတ်ဂြိုဟ် ရာဇမှာရပ်တည်တဲ့ အကြွင်းဖွား တွေဟာ ထီပေါက်ခြင်း ၊ မိမိအထူးတစ်လယ် ကြိုးစားအားထုတ်စရာမလိုပဲ အကျိုးအမြတ်ရရှိခြင်း ကံမျိုး ရှိကြသူများ ဖြစ်ကြပါတယ်။ ဥပမာအားဖြင့် တစ်ခုကြွင်းဖွား ဗုဒ္ဓဟူးသားသမီးတွေ ဟာ ဓါတ်မိတ်ဂြိုဟ် သောကြာ ရာဇမှာရပ်တည်နေလို့ အဆိုပါ သောကြာ ဂြိုဟ်အိပ်/သက်ရောက် နဲ့ အန္တရဒသာ ကာလများ အတွင်း ထီပေါက်ခြင်း ၊ ထီပေါက်သကဲ့သို့ အကျိုးထူးခံစားရခြင်းမျိုး ကြုံတွေ့ရခြင်းကို များစွာ တွေ့ရှိ ရပါတယ်။

အလားတူပဲ မည်သည့်အကြွင်းဖွားမျိုးမဆို ရာဇမှာရပ်တည်နေတဲ့ ဂြိုဟ်ဟာ လာဘ်လာဘကို ဖြစ်စေနိုင်ပြီး ၊ အဆိုပါဂြိုဟ်ဟာ ထီကံစမ်းရာမှာလည်း အရေးပါတဲ့ဂြိုဟ်မို့ သတိပြုသင့်တယ်လို့ ယူဆနိုင်ပါတယ်။ ပမာ အားဖြင့် လေးခုကြွင်း မဟာဘုတ်ဖွား ဇာတာမှာ ရာဇမှာရပ်တည်နေတဲ့ တနင်္လာဂြိုဟ်ဟာ လာဘ်လာဘကို ဆောင်ကျဉ်း ပေးတတ်ခြင်းကြောင့် ၂ဂဏန်း ၉ဂဏန်း များကို အသုံးပြုပြီး ထီကံစမ်းတာမျိုး ဘ၀မှာ မှတ်မှတ်ထင်ထင် ပြုပေးသင့်ပါတယ်။ တနင်္လာနေ့မှာ ထိုးတာ၊ တနင်္လာနံ အက္ခရာများ ဖြစ်တဲ့ (က၊ခ၊ဂ၊ဃ၊င) ဂဏန်းများနဲ့ ကံစမ်းသပ်တာမျိုး ပိုမို လုံ့လပြုသင့်ပါတယ်။

အလားတူပါပဲ ..တနင်္ဂနွေဂြိုဟ်အိပ်စနေသက်ရောက်ချိန် (သို့) ၁နွေ ထူလ + ၀နေ အန္တရ ဒသာမျိုးမှာ ရောက်ရှိချိန်မျိုးဟာ ..ထီပေါက်ခြင်း ၊ ရာထူးတိုးခြင်း ၊ ပူဇော်မှုအထူးကို ခံရခြင်း ၊ စသည်ဖြင့် ကောင်းကျိုး ဖြစ်ထွန်းစေနိုင်ပြီး ၊ မဟာဘုတ်အနေအထားအရပါ ကောင်းမွန်ခဲ့မယ် ဆိုရင်တော့ အမှန်ပင် ကောင်းကျိုး ရရှိစေနိုင်သော ကာလများ လို့ ဆိုနိုင်ပါတယ်။

ကောဇာမှာတော့ နာမည်အဖျားစာလုံး ရာဇမှာ ရပ်တည်ချိန်၊ မွေးနံရောက်ရှိချိန်များဟာ လာဘ်လာဘ ရွှင်လန်းနိုင်သော ကာလများလို့ သတ်မှတ်နိုင်တာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ယခုကောဇာ မြန်မာခုနှစ် ၁၃၇၂ ခုနှစ်မှာ ၀ကြွင်းမဟာဘုတ်ခွင်ကျရောက်တာမို့ ၊ ကြာသာပတေးသားသမီးများ နဲ့ ကြာသာပတေးနံ နာမည် အဖျားစလုံး ရှိနေသူများ ဟာ လာဘ်လာဘရွှင်လန်းနိုင်သူများ ဖြစ်ကြပြီး၊ အကယ်လို့များ မူလမဟာဘုတ်အရဖြစ်စေ အားကောင်းသော အချင်းအရာများ ရှိနေပြီး ၊ ဖြတ်သန်းဆဲ ဂြိုဟ်အိပ် သက်ခတ်များ ဒသာများ အရလည်း ကောင်းမွန်နေခဲ့မယ် ဆိုရင်ဖြင့် လာဘ်ဝင်ကိန်းကို မလွှဲမသေ ကြုံကြိုက်လာရတတ်ချိန်ပါ။

လက်ရိုးစနစ်ပိုင်းမှာတော့ နှစ်တန့်ဘာဝကို ကြာသာပတေးဝင်ရောက်ချိန် ၊ ငါးတန့်ဘာဝကို ကောဇာဂြိုဟ်ကောင်းများ ဖြတ်သန်းချိန် ၊ ဆယ့်တစ်တန့်ဘာဝ မှာ မိတ်ဂြိုဟ် ရပ်တည်ချိန် စသဖြင့် ..များစွာ များစွာသော အချင်းအရာများနဲ့ ထီပေါက်ခြင်း ၊လာဘ်ရခြင်းကို တင်ကြိုထောက်ဆ သိရှိနိုင်ပြီး ၊ အထူးသဖြင့် ကြာသာပတေး နှစ်တန့်ဘာဝကို ၀င်ရောက် နေချိန်မှာ ဒသာအရလည်း မူလဇာတာပါ ယုဂ်ကောင်းများ အတိုင်း အချိတ်အဆက်မိစွာ ဖြတ်သန်းနေသည့် ဒသာအချိန် ကာလများမှာ .. ထီပေါက်ခြင်း၊ ထီပေါက်သကဲ့သို့ ကောင်းကျိုးလာဘ်လာဘ ရရှိခြင်းများ ကို ကြုံတွေ့ရတတ်ပါတယ်။

ဆန်းကျမ်းဗေဒင်မှာတော့ လက်တွေ့ပိုင်းအရ တန်းစီး တိုင်ထိပ်မှာ ကြာသာပတေးဂြိုဟ် ရပ်တည်ပြီး လာဘဂြိုဟ်ကပ်ခဲ့ရင် လာဘ်ကြီးဝင်တာမျိုး မကြာမကြာတွေ့ရှိခဲ့ရပါတယ်။ ဒီအယူအဆဟာ ကောဇာ တိုင်စဉ်မှာတင် အသုံးပြုတွက်ချက်ရန် မဟုတ်ဘဲ ၊ ဂြိုဟ်အိပ်အရဖြစ်ပေါ်လာတဲ့ မူလအတ္တ/ပရ တိုင်စဉ် များမှာ အထက်ပါအချင်းအရာအတိုင်းရှိနေပြီး ၊ အဆိုပါ ကပ်ဂြိုဟ် လာဘဂြိုဟ်ရဲ့ ဒသာအစစ်အပိုင်း အချိန်ကာလ ရောက်ချိန်မှာ လာဘ်ဝင်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

မျက်မှောက်ကာလ ထီကံ

လက်ရှိရောက်ဆဲကာလ အချိန်ခါမှာ ကြာသာပတေးဂြိုဟ် ဟာ ၊ မိန်ရာသီကို ဖြတ်သန်းရောက်ရှိနေပါပြီ။ ကြာသာပတေးဂြိုဟ် မိန်ရာသီကို ဖြတ်သန်းနေခြင်း ဟာ ကုမ်လဂ်ဖွားများ ၊ ကုမ်ရာသီဖွားများ အတွက် ကိုယ်တိုင် ကြိုးစား အားထုတ်မှုတို့ဖြင့် အကျိုးခံစားရခြင်း၊ ဓနတိုးပွားခြင်း ၊ ၀င်ငွေကျယ်ပြန့်စွာ တိုးတက်ခြင်း များကို ဖြစ်ပွားစေဖို့ လှုံ့ဆော်မှု ပြုပေးပါမယ်။

အခြားတစ်ပါးအားဖြင့် မိန် ရာသီကို ကြာသာပတေးဂြိုဟ်ဖြစ်သန်းခြင်း ဟာ ၊ လူသားတွေအဖို့ နိုင်ငံရပ်ခြား ဆိုင်ရာ ဓနကြေးငွေ နှင့် ဆက်စပ်သော ကောင်းကျိုးများ သီးပွင့်လာတတ်ချိန်မျိုး လို့ စာရေးသူ ယူဆမိ ပါတယ်။ အကြောင်းမဲ့ကား မဟုတ်ပါ။ ရာသီစက်ဝန်းမှာ မိန်ရာသီဟာ ဆယ့်နှစ်ခုမြောက် အဆုံးသတ်ရာသီ ဖြစ်ပြီး ယင်းမှာ ဝေးလံသော အရပ်ဒေသများ ၊ ပရနယ်ပယ်များ ၊ နိုင်ငံရပ်ခြားတို့နဲ့ ပတ်သက်နေသော အချင်းအရာများကို ဖော်ပြပါတယ်။ ကြာသာပတေးဂြိုဟ်ဟာ အဆိုပါ ရာသီရဲ့ သခင်ဂြိုဟ်လည်း ဖြစ်လို့ ..မိန်ရာသီ အားကောင်းချိန်မှာ နိုင်ငံရပ်ခြားဆိုင်ရာ ဓနကြေးငွေ နှင့် စပ်လျဉ်းသော ကောင်းကျိုးများ သီးပွင့် လာတတ်ချိန်လို့ ယူဆမိခြင်းသာ ဖြစ်ပါတယ်။

ဒီတော့ ဆရာဖုန်းရေ ဘာလုပ်ရမှာတုန်း မေးလာနိုင်ပါတယ်။ .. အနှစ်ချုပ်ဖြေရရင်တော့ …နိုင်ငံတော် မင်းအစိုးရမှ ချီးမြှင့်သော ထီဆုမဲများကို ကံစမ်းသလိုပဲ လက်ရှိကာလမှာ ၊ နိုင်ငံရပ်ခြား ထီများကိုလည်း ကံစမ်းသင့်သော ကာလ မို့ ..ထိုးကြည့်သင့်ကြောင်း ..ဖြေရုံသာ ။ ဒီတော့ ဘယ်လိုထိုးကြမလဲ ။ ယခင်တုန်း ကတော့ ဒါက အခက်အခဲဖြစ်နိုင်ပါတယ်။ ခုခေတ်မှာတော့ အဆက်အသွယ်တွေကလည်း အားကောင်း လာလို့ ..နိုင်ငံရပ်ခြားထီများလည်း မြန်မာပြည်မှာ ထိုးလို့ ရနိုင်ပြီလို့ ဆိုပါတယ်။ အောက်ပါ လိပ်စာကို ၀င်ဖတ် ကြည့်ရင် နိုင်ငံရပ်ခြားထီနဲ့ ပတ်သက်တာတွေ သိနိုင်ပါမယ်။ မောင်ဖုန်း ကတော့ ..ပေါက်တတ်သည့် အချိန်ဖြစ်သည် ထိုးကြည့်ကြ .. ကံစမ်းကြည့်ကြဖို့ သာ တိုက်တွန်းလိုက်ရပါသည်။ ပေါက်သည် မပေါက်သည် ကတော့ …မိမိတို့၏ ကံဇာတာ အကျိုးပေးအရ သာလျှင်တည်း။

အခု ရန်ကုန်မှာ စင်ကာပူထီလို့ နာမည်ကြီးနဲ့တဲ့ ထီကို ကံစမ်းလိုပါက၊ ကျွန်တော် မိတ်ဆွေ တစ်ချို့ ၀န်ဆောင်မှု ပေးနေတယ်လို့ သိရလို့ သူတို့ကို ပြောပြပြီး ဆက်သွယ်ရမယ့် လိပ်စာ၊ ဖုန်းနံပါတ်လေးတွေ ထည့်ပေးဖို့ ပြောကြည့်တော့ အဆင်ပြေတာနဲ့ (ဆရာဖုန်းတို့ကတော နိုင်ငံခြား ထီ ထိုးလို့ပြောတော့ ပြောတယ်၊ ဘယ်လို ထိုးရမယ်တော့ မပြောဘူးလို့ အပြောအဆို မခံရလေအောင်) ထီမှာ တစ်ခါတည်း ထည့်ပေးလိုက်ပါတယ်။

အီးမေးနဲ့ ဆက်သွယ်လိုရင်တောsingaporesweep@gmail.com ကို ဆက်သွယ်နိုင်ပြီး၊ တယ်လီဖုန်း နဲ့ ဆက်သွယ်လိုပါက ၀၉ ၅၀ ၂၁၂၇၈ ကို ဆက်သွယ်ပြီး ကံစမ်းနိုင်ပါတယ်ဆိုတဲ့အကြောင်းလေး ထပ်လောင်း
ပြောကြားလိုက်ပါတယ်။

ချမ်းသာ .. ထီပေါက် .. ကျမ်းမာရေးလည်း ဂေါက်ဂေါက်မြည်အောင် ကောင်းကြစေ။

သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)



Post a Comment
 

Posts Comments

©2006-2010 ·TNB