ဒီလောက် ချစ်တဲ့ ဒီလိုလူ

Friday, December 30, 2011


(၁)
မယားချစ်စိုးနိုင်
ကြားရသည့် သတင်းက  ဘယ်လိုမှ ယုံနိုင်စရာမရှိ။ ကားတစ်စီးကို ငွေတစ်သောင်း ဖြင့် ၀ယ်လို့ရပြီ ဟူသည့် သတင်းထွက်လာလျှင် ယုံကောင်းယုံချင်စရာ ရှိသေးသည်။ ခုဟာက  မယားချစ်စိုးနိုင် တစ်ယောက် နောက်မိန်းမ ယူသွားပြီ ဟူသည့် သတင်း ဖြစ်နေသည်။ နောက်မိန်းမ ဘယ်သူဘယ်ဝါ ဟူသည့် သတင်း ကလည်း  ထူးဆန်းသည်။ အနောက်ပိုင်း ရွှေမျှင် ရပ်ကွက်ထဲက စကားမပြောတတ်သည့် မကြေးမုံနှင့် ညားသွားပြီ ဟူသတတ်။|

မရွှေကကြီး ၏ ဘ၀ခရီး

Thursday, December 22, 2011


(၁)
ကျွန်မရဲ့ ဘ၀တစ်လျှောက်လုံးကို  ခြုံကြည့်မယ် ဆိုရင် …ကျေနပ်ဖို့ကောင်းတယ် လို့ ယူဆပါသလား …တဲ့။
မေးမှ မေးတတ်ပလေ ဒေါ်ရွှေကကြီး ရယ်။ ပူဇော်ကန်တော့ထားတဲ့ ဒေါ်လာလေးတွေနဲ့ အမျှ ခရေစေ့ တွင်းကျ မေးတတ်လွန်းပါပေ့။ ဒေါ်ရွှေကကြီး ဆိုသူကတော့ တစ်ခြားမဟုတ် … စာရေးသူ၏ ညီမလတ် ၏ သူငယ်ချင်းမိတ်ဆွေမ ဖြစ်သူ အိမ်ကိုအလည်ရောက်လာသည့် ကိုးရီးယား အမျိုးသမီး တစ်ဦးပဲ ဖြစ်သည်။

ဒီနှစ်မွေးသည့် ရင်သွေးငယ်တွေ (၁၃၇၃ခုနှစ်)

Monday, December 19, 2011




သုတထူး ဟု ခေါ်လေသည်
အင်မတန် နာမည်ကြီးတဲ့ လက္ခဏာဆရာကြီး တစ်ဦး ရဲ့ သား၊ နာမည်ကျော် လက္ခဏာပညာရှင်ကြီး တစ်ဦးက  …နာမည်ပေးလိုက်တာလို့ ဆိုပါတယ်။ သူပေးလိုက်တာ မဟာဘုတ် နာမက္ခရ နည်းစနစ် စတာတွေနဲ့ ကိုက်ညီပြီး ၊ ရာဇ နဲ့ အထွန်းကို ပေးလိုက်တာဖြစ်ပါမယ်။ သောကြာနံ အစ + စနေနံ အဆုံး မောင်သုတထူးလို့ အမည်ပေးလိုက်တာကို တွေ့ရပါတယ်။

သမ္ပဒါန ကာရက အမည်ရှင်များ အကြောင်း

Tuesday, December 13, 2011

သမ္ပဒါန ကာရက အမည်ရှင်များကို ခွဲခြားပြဆိုခြင်း




သမ္ပဒါန ကာရက အမည်ရှင်တွေရဲ့  ထူးခြားချက်ကတော့ … အဖော်အပေါင်း လိုလားခြင်း ဆိုတဲ့ အချက်လို့ အဓိက ဆိုရပါမယ်။ လာကြဟေ့ ၊ သွားကြစို့ ၊ အတူတူဆောင်ရွက်စို့ …စသည်ဖြင့် အများစုနဲ့ အတူတစ်ကွ လုပ်ကိုင် ဆောင်ရွက်လိုသော အခြေခံသဘာဝ ရှိကြသူများဟာ သမ္ပဒါနကာရက အမည်ရှင်တွေပါပဲ။

ဗေဒင်ဆရာရဲ့ ထမင်းတစ်နပ်

Thursday, December 8, 2011



ထမင်းတစ်နပ် ၏ ကနဦး

ငယ်ငယ်က အလွန်ချမ်းသာခဲ့ပါတယ်။ ချမ်းသာလွန်းလို့လည်း အမေ့ကို ဗေဒင်ဆရာလူလည်တွေ လူလိမ် တွေက လာလာ နှိပ်စက်ခဲ့ကြတယ်။ ဒါတွေကို ငယ်ငယ်ထဲက ကျွန်တော့်စိတ်က မကြိုက်ဘူး ဖြစ်လာတယ်။ ဒီလူတွေ ခုတစ်မျိုးဟောလိုက် ၊ တော်ကြာတစ်မျိုး ဟောလိုက်၊ ယတြာ၊ အင်း၊ အဆောင် စတာတွေနဲ့ အမေ့ ဆီက ငွေကို အမျိုးမျိုးတောင်းယူလိုက် …လုပ်နေပါလား တွေးမိလာတယ်။ အမေ့ကို တားခဲ့ပေမယ့် ကလေး ဖြစ်နေတဲ့ ကျွန်တော့်ကို အမေက နင်နားမလည်ပါဘူး စိုးမိုးရယ် ဆိုပြီး ပြောလေ့ရှိပါတယ်။

နိုင်ငံရေးဗေဒင် စာစု (၂)

Sunday, November 27, 2011


သံလျက်ပိုင်ရှင်တို့၏ အမည်များ 
အခန်း(၁)   ရှေးဘုန်းရှေးကံ


နိုင်ငံအုပ်ချုပ် မင်းလုပ်ခွင့်ရတဲ့ …ကံ ဆိုတာ အင်မတန် ဘုန်းသမ္ဘာနဲ့ ပြည့်စုံညီညွတ်မှ  ရနိုင်အပ်သော ကံတစ်မျိုးပါ။ လူတိုင်း ဖြစ်ခွင့်ရချင်သလောက် …လူတိုင်းဖြစ်ခွင့်မရှိတဲ့ ကံလို့လည်း ဆိုနိုင်ပါတယ်။ မင်းကောင်းမင်းမြတ်ပဲ ဖြစ်ဖြစ် ၊ မင်းဆိုးမင်းညစ်ပဲ ဖြစ်ဖြစ် ၊ အသောက မင်းတရားကြီးပဲ ဖြစ်ဖြစ် ၊ ဆက်ဒန်ဟူစိန်ပဲ ဖြစ်ဖြစ် …..မင်းအဖြစ်ကို ရရှိစေဖို့အတွက် ..ရှေးကပြုဖူးသော ထူးမြတ်ထက်မြက်သော အတိတ် ကုသိုလ်ကံမျိုး ၊ ဘုန်းသမ္ဘာမျိုး ပါလာပြီး ဖြစ်ပါတယ်။ လူတိုင်း လိုချင်လို့ ၊ ဖြစ်ချင်လို့ လွယ်လွယ် ရအပ်သော အရာမျိုးလည်း မဟုတ်ပါ။

အထွန်းမှာ ရပ်တဲ့ နေသူရိန်

Saturday, November 19, 2011


စာရေးသူ နယ်မှာနေစဉ်အခါက  တပည့်ဖြစ်သူ အချို့ ရှိပါသည်။ ထိုသူတို့အထဲတွင် မောင်သက်ဦး ဆိုသော ကလေးသည် ပညာကို အလွန် ရိုရိုသေသေဖြင့် လေ့လာလိုက်စားသည့်သူ ဖြစ်သည်။ ကျွန်တော်က ခေါ်ခွင့်မပြုသဖြင့် ဆရာဟု သူမခေါ်သည့်တိုင်အောင် ..သူသည်ကျွန်တော့်ထံတွင် တပည့် ကောင်း တစ်ဦးပမာ သင်ယူသွားခဲ့သူဖြစ်သည်။

နိုင်ငံရေးဗေဒင်

Tuesday, November 15, 2011


စာစု(၁)

နိုင်ငံရေးဗေဒင် ဆိုလို့ ဆရာဖုန်းတော့ နိုင်ငံရေးဘက် ခြေဦးလှည့်သွားပြီ မထင်လိုက်ကြပါနဲ့။  တစ်ကယ်ကို နိုင်ငံရေး အသိအမြင် အားနည်းသူမို့ …. အတွေးနဲ့တောင် နိုင်ငံရေးမှာ မလိမ္မာ ပါ။ ဒီဆောင်းပါးမှာ ကျွန်တော် အဓိက ပြောချင်တာက  နိုင်ငံရေးဗေဒင်ပညာ နဲ့ စပ်လျဉ်းပြီး ပြောချင်တာလေးတစ်ခုပါ။ နိုင်ငံရေး ဗေဒင်ကို လက်ရိုး နက္ခတ်ပညာမှာ တွက်စစ်ယူသော နည်းတွေ ရှိကြပါတယ်။ နိုင်ငံရဲ့ ဇာတာ၊ နိုင်ငံခေါင်းဆောင်တွေရဲ့ဇာတာ၊ ကောဇာဇာတာ နဲ့ ကောင်းကင်ဂြိုဟ်သွား အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး  …နိုင်ငံရေး ဟောကိန်းတွေ ထုတ်လေ့ရှိကြတာကို တွေ့ရပါတယ်။

ကြယ်ပွင့်များရဲ့ ကံဇာတာ

Friday, November 4, 2011




ကြယ်ပွင့်များ ဟူသည်ကတော့ … အနုပညာလောက ၊ ဖလင်လောကမှ …အနုပညာသည်တို့ကို သည်နေရာမှာ ရည်ညွှန်းပါ၏။ တစ်နေ့သော အခါက .. နယ်မှ အသိဟောင်း ဗေဒင်ပညာရှင် တစ်ဦးနှင့် ဖုန်းတော်တော်ကြာ ပြောဖြစ်ခဲ့သည် ။ သူသည် အမေးသန်သူဖြစ်သလို … ခရေစေ့ တွင်းကျ လည်း ရှာရှာဖွေဖွေ တွေးတတ်မေးတတ်သူလည်း ဖြစ်သည်။ အဲသည်ကနေပြီး …ရုပ်ရှင် ဖလင် လောက အကြောင်း ဆက်မိလာသည်။ သူမေးသော မေးခွန်းတစ်ခု ကို ပြန်ပြောပြပါမည်။

ကျွန်တော့်ဘ၀အတိတ်ကြေးမုံ စာစု(၂)

Wednesday, October 19, 2011


စာပေ နှင့် ကျွန်တော်




စာအုပ်စာပေ လူ့မိတ်ဆွေ ဟု ဆို၏။ ကျွန်တော်၏ ငယ်ဘ၀ကား ..စာအုပ်တစ်အုပ် ဖတ်ရဖို့အတွက်  ခက်ခက်ခဲခဲ  ကြိုးပမ်းခဲ့ရသော ဘ၀မျိုးဖြစ်ခဲ့သည်။ အကြောင်းကား ..ကျွန်တော်၏ မိဘလူကြီးများတွင် စွဲဝင် နေသော အမြင်ဆိုးတစ်မျိုးကြောင့် ၊ အယူအဆအမှားတစ်မျိုးကြောင့် ဟု ဆိုရပေမည်။

ကျွန်တော့်ဘ၀ အတိတ်ကြေးမုံ စာစု(၃)

Saturday, October 8, 2011


မဟူရာ သို့မဟုတ် ကျွန်တော့်ဘ၀ ၏ အမှတ်တရတစ်ခု




(၁)

အမှန် ၀န်ခံရရင်တော့  .. ၀တ္ထုတိုတစ်ပုဒ် ရေးရန်ဟူသည့် အချင်းအရာမှာ ကျွန်တော့်အတွက်တော့ လွယ်ကူခြင်း မရှိခဲ့ပါပေ။ စပြီး ဦးတည်စဉ်က မောင်မြ အကြောင်းဖြစ်သည့်တိုင်အောင် ရေးရင်း ရေးရင်း မောင်ဘ အကြောင်းသို့ ရောက်ရောက်သွားခြင်းမျိုး မကြာခဏ ဖြစ်ခဲ့ရပါသည်။ ရေးလိုက် ..မကြိုက် သဖြင့် လုံးခြေပစ်လိုက် ၊ ဗြိဗြိ ..ဗြိဗြိ တွေသာ အဖတ်တင် ကျန်ရစ်ခဲ့စမြဲ။ ခက်တာက ..ကိုယ်ကလည်း  ဆရာ နေ၀င်းမြင့်တို့ ၊ ဆရာနေနော် တို့ ၊ ဆရာသစ္စာနီတို့ ၊ ဆရာအောင်လင်း တို့ ၀တ္ထုတိုတွေ ဖတ်မိလျှင် ကိုယ်ပါ မရေးရ မနေနိုင်အောင် စာပိုးကိုက်လာပြန်သည်။ ဒီတော့ ရေးလိုက် မဆုံးခင် ဗြိဗြိ လိုက် …နှင့် သံသရာက လည်နေပါတော့သည်။

လှုပ်ခါမှု ခံရသော ဂြိုဟ်များ

Tuesday, September 27, 2011

မဟာဘုတ် ဗေဒင်ပညာ စာစု(၂)




စာစု(၁)  မှာ … ကသစ်ဂြိုဟ်များ နဲ့ ပက္ခအကြောင်း နိဒါန်းပျိုး ခဲ့ပြီးဖြစ်ပါတယ်။ ကသစ်ဂြိုဟ်များ ဟာ မဟာဘုတ် ဗေဒင်ပညာမှာ အင်မတန် အရေးပါ အရာရောက်ပါတယ်။ ခက်တာတစ်ခုက အရေး ဘယ်လောက် ပါတယ်ဆိုတာကို ဆိုင်ရာဌာနရဲ့ သဘာဝအမှန်ကို နားလည် သဘောပေါက် ထားမှ သာလျှင် ပိုမိုသိမြင်နိုင်ခြင်းပဲဖြစ်ပါတယ်။ ဥပမာ အားဖြင့် ဘင်္ဂဌာန ဆိုပါစို့ ဘင်္ဂဌာနရဲ့ သဘာဝကို ထဲထဲဝင်ဝင် သိမြင်ထားပါမှ ဆိုင်ရာဌာနရဲ့ အာနိသင်နဲ့ ကသစ်ဂြိုဟ်တွေရဲ့ ဆက်နွယ်မှု ၊ အာနိသင် ပြုတတ်မှု တို့ကို ပိုမိုသိမြင်နားလည် နိုင်မှာဖြစ်ပါတယ်။


အချစ်များစွာဖြင့် … သင်၏ ဘမောင်

Thursday, September 15, 2011



(၁)

နံနက်ခင်း အတွက် နှိုးစက်မလိုဘဲ ..ဘမောင် နိုးလာပါသည်။ သည်အချိန်ဆို သူ့ အလိုလို နိုးထနေကြ။ အိပ်ယာဘေးနားတွင် ထောင်ထားသော ၀ါးတံ ကို လှမ်းယူလိုက်ပြီး၊ ပြတင်းတံခါးများကို ချက်ဖြုတ်ကာ ကဲလား ထောက်လိုက်သည်။ ပြတင်းတံခါးကို တွန်းမ လှပ်လိုက်စဉ်မှာပင် နှင်းဆီရနံ့တို့က နှာဖျားမှသည် ရင်ဝဆီထိတိုင် လှိုက်၍ စိမ့်ဝင်စီးဆင်းလာ၏။

မြစ်ဝါမြစ်ထဲက နဂါး ၊ ဧရာဝတီမြစ်ကမ်းပေါ်က ကျား

Monday, September 12, 2011


ဒီအကြောင်းစရေးတော့  ကျွန်တော် ကိုယ့်ကိုယ်ကို  ပြုံးမိပါသေးတယ်။ တစ်ကယ်တော့ ကျွန်တော် နက္ခတ်ဗေဒင်သမားတစ်ယောက်မဟုတ်သလို … တတ်ကျွမ်းကျင်လည်သူတစ်ဦးလည်း မဟုတ်။ သို့သော် နက္ခတ်ဗေဒင် စာအုပ်ပေါင်းများစွာကိုတော့ အလွန်ဖတ်လေ့ရှိပြီး ပျော်မွေ့နေတတ်သူ ဖြစ်သည်။ နယ်မှာ နေစဉ်ကလည်း  ..ပေါင်းသင်းခဲ့ရသမျှက နက္ခတ်ဗေဒင်သမားတွေသာ များခဲ့သည်။ အလွန် ငြင်းကြ ခုန်ကြသည့် သူတွေ ပဲ ဖြစ်သည်။ အချင်းချင်း စိတ်ဆိုးကုန်ကြသည်အထိ အယူအဆများ ငြင်းခုန်ကြ ၊ တစ်ဦးနှင့် တစ်ဦး ..တိုက်ခိုက်ကြ မကြာမကြာ ဖြစ်ကြသည့် သူများပင်။

လာမပြောနဲ့ဟေ့ … ငါ့သဘောနဲ့ ငါ … အပျိုကြီး

Tuesday, September 6, 2011



ကျားသစ္စာ

တစ်ကယ်တော့  .. အပျိုကြီး တစ်ပိုင်းဖြစ်လို့ …ဟိုင်းစစ အရွယ် မှာ မိန်းကလေးတို့ရဲ့ ပူပန်မှုက ငယ်ထိပ် ရောက်အောင် တစ်ချက်တစ်ချက် ဆောင့်ဆောင့် တက်လာတတ်ပါတယ်။ အထူးသဖြင့် ကိုယ့်အနီး ပတ်ဝန်းကျင်မှာ ကိုယ့်ထက်အသက်ငယ်သူအချို့ အခါတော်ပေး နတ်ရေးငယ်ရွှေစာ လုပ်သွားကြတာမျိုး မြင်လိုက်ရ ကြုံလိုက်ရတိုင်းမှာ …လက်ရှိရည်းစားကိုပဲ ထုထောင်းချင် လာသလိုလို ၊ ခါတိုင်းထက် ပိုပြီးပဲ  ရှိုးထုတ်ချင်လာသလိုလို ဖြစ်လာတတ်ပါတယ်။ အဲဒါမျိုးကြုံရတဲ့ ရက်ပိုင်းတွေမှာ မသိမသာ စိတ်က တိုချင် နေတတ်ပါတယ်။

နွေ လာ င်္ဂါ ရဲ့ ကံဇာတာ

Tuesday, August 30, 2011



နှစ်တစ်ဝက်ကျိုးခါနီးပါမှ …. ကျန်ရှိနေသေးသော နေ့နံသုံးမျိုးရဲ့ ကံဇာတာအနေအထားကို တင်ပြ ပေးလိုက်ရပါတယ်။ အမှန်ပြောရရင်တော့ …. ရေးလိုစိတ် ..ခမ်းခြောက်လာလို့ပါ။ တစ်ခြားဆောင်းပါး တွေထက် လူအများစုကလည်း ဟောကိန်းတွေဆို ပိုစိတ်ဝင်စားကြပါတယ်။ ဟောကိန်းတွေ တင်လိုက်တဲ့ နေ့ဆို … ဆိုဒ်မှာ စာဝင်ဖတ်တဲ့လူဝင်နှုန်းက နှစ်ဆလောက် မြင့်တက်သွားတာကို မြင်ရတိုင်း ဖီလင် ငုပ်မိ တာလည်း အမှန်ပါ။

မောင်နှင့်မယ် ရွှေလည်တွဲနိုင်ဖို့ စာစု(၄)

Tuesday, August 16, 2011


အရွယ်ကွာ .. တစ်ကယ်သာ မြတ်နိုးခဲ့သည့်တိုင်


ဒွေးချိုး  လေးတိုး ဆိုသော အဆိုသည် အမျိုးသားများအတွက် အဆင်ပြေသော အဆိုဖြစ်၏။ အမျိုးသမီး တွေအတွက်တော့  ..သည်အဆိုနှင့် ညီမျှနေသည့်အခါ အခက်အခဲ ရှိလာရတတ်သည်။  မောင်လေးနဲ့ မမ အခြေအနေသည် အသက်အားဖြင့် များများကွာနေလျှင် သိပ်အဆင်မပြေနိုင်တော့။

ဒုတိယအကြိမ်မြောက် အမည် စစ်ဆေးပေးအပ်ခြင်း

Monday, August 8, 2011


http://www.myanmar.ca/language/

သည်တစ်ခါတော့  …လူဦးရေ ကန့်သတ်ထားပါတယ်။ ပထမအကြိမ်တုန်းက မဆင်မခြင် နဲ့ လူဦးရေ မသတ်မှတ်ခဲ့မိတာကြောင့် အချို့သော သူများကို မစစ်ဆေးပေးနိုင်ခဲ့တော့ပါ။ အဲဒီ့လူတွေကို ဒီဆောင်းပါး ကနေတစ်ဆင့် တောင်းပန်ပါရစေ။

အမြင့်မှာ မပျော်ပိုက်ပေဘု

Wednesday, August 3, 2011

ကြံဖူးသမျှ အမည်မျိုးစုံ လူမျိုးစုံ စာစု (၂)

ဖုန်းလာနေတယ် … ဆိုလို့  ကျွန်တော် စာရိုက်နေရာက ထလိုက်ပါတယ်။ သမီးကြီးဖြစ်သူက ဖုန်းခွက်ကို ကိုင်ထားပြီး၊ ကျွန်တော်အနားရောက်လာမှ .. နယ်ကထင်တယ် ဖေဖေ လို့ ဆီးပြောပါတယ်။ ကျွန်တော် ဖုန်းကောက် ကိုင်လိုက်တော့ …. နယ်က ( မွေးရပ်မြေ) က အသိမိတ်ဆွေတစ်ဦး ပဲ ဖြစ်နေပါတယ်။ 



ဆေးရောင်လှလှ ခြယ်ရအောင်

Friday, July 29, 2011

သမီးထွေး ၉လပြည့် အမှတ်တရ …..


ဘာအရောင်ခြယ်ပေးမလဲ။ ဘယ်လိုလှလှပပ ခြယ်ပေးမလဲ။ ဘယ်အရောင်နဲ့ ဘယ်အရောင် စပ်ဟပ်ပြီး တွဲလို့ ခြယ်ရမလဲ။ စဉ်းစားစရာပင် ဖြစ်လေသည်။

မဟာဘုတ်ဗေဒင်သင်တန်း တက်ရောက်လိုသူများသို့

Sunday, July 24, 2011

ဗေဒင်သင်တန်း နှင့် ပတ်သက်သော အချက်အလက်များ

သင်တန်းသားများအတွက် အခြားအသင်းသားမေးလ်ဖြင့် အမြဲ ဝင်ရောက်ဖတ်ရှုနိုင်သော Learning Mahabote ကို တည်ထောင်လိုက်ပြီ ဖြစ်ရာ သင်တန်းမူများ၊ သင်ခန်းစာများ၊ မရှင်းလင်းသည့် အချက်များ ပြန်လည် ဖြေကြားမှု အစရှိသော ကဏ္ဍများ ပါဝင်မည် ဖြစ်သည်။

လက်တွေ့အသုံးချ မဟာဘုတ်ပညာ

Thursday, July 21, 2011

ကြော်ငြာခြင်း      

 

ကျွန်တော်သင်တန်းတစ်ခု စပြီး ပို့ချတော့မယ် လို့  သိသိချင်း  … မွေးရပ်မြေက ဗေဒင်မိတ်ဆွေတွေဆီက ဖုန်းတွေဝင် လာပါတယ်။ ရတနာဒီပံလို့ ကျွန်တော် နောက်ပြောင်ပြီး ခေါ်တဲ့ အစ်ကိုကြီးတစ်ယောက်က … မင်းလောက် ပညာကပ်စေးနည်းတဲ့ကောင် က တစ်ကယ် သင်တန်းဖွင့်ပြီး သင်ပေးတော့မလို့လား  လို့ လည်း ဖုန်းဆက်ပြီး ခနဲ့ပါတော့တယ်။ စီးပွားရေးအရ သိပ်အောင်မြင်နေတဲ့ မိတ်ဆွေတစ်ဦးကတော့ …ကြော်ငြာ ထည့်ဖို့ ပြောပါတယ်။ သူရောင်းတဲ့ ကုန်တွေလို မှတ်နေလား မသိပါ။ ဒါပေသိ သူပြောတဲ့ စကား တစ်ခွန်းကတော့ … ကျွန်တော့်အတွက် ..မှတ်သားစရာဖြစ်ခဲ့ပါတယ်။

ဗုဒ္ဓဟူး သားသမီးများ အတွက် ၁၃၇၃ခုနှစ်

Tuesday, July 19, 2011



ဗုဒ္ဓဟူးသားသမီးများ  နဲ့ ၁၃၇၃ခုနှစ် ကာလ ။ သည်ကာလအချိန်တွေဟာ ဗုဒ္ဓဟူးသားသမီးတွေကို  ထူးခြားတဲ့ အတွေ့အကြုံ / ပတ်ဝန်းကျင် အသစ်အဆန်းတွေနဲ့ ထိတွေ့မိစေနိုင်သော ကာလဖြစ်ပါတယ်။ လုပ်ငန်းနယ်ပယ် …လူမှုရေးနယ်ပယ် စသဖြင့် နယ်ပယ်ရပ်ဝန်းအသီးသီးမှာလည်း …ရှေးကနဲ့မတူ တစ်မူ ထူးခြားသော အနေအထား ကဏ္ဍများ ရရှိလာတတ်ပါတယ်။|

မဟာဘုတ်ကို ဘယ်လိုတွေးမယ်

Sunday, July 17, 2011

မဟာဘုတ် ဘယ်လိုတွက်မလဲ ဆိုတော့ …လွယ်ပါတယ်ဗျာ ခုနှစ်နဲ့စားပြီး တွက်မှာပေါ့ လို့ မဖြေလိုက်ကြပါနဲ့။ ကျွန်တော်ဆိုလိုတာက  မဟာဘုတ်ခွင်တစ်ခု ကို ဘယ်လိုဝေဖန် ကောက်ချက်ချမလဲ ၊ အဖြေရှာ ဟောကိန်းထုတ်ကြမလဲ လို့ ဆိုလိုတာပါ။ တစ်ခြား ဆရာ့ဆရာတွေ ကတော့ ဘာနည်းတွေနဲ့ ဟောကိန်းထုတ်ကြတယ် ကျွန်တော်မသိပါ။ ကျွန်တော်ကတော့ ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့  ရှုမြင် သုံးသပ်မိပါတယ်။

ဗေဒင်သင်တန်းများ ဖွင့်လှစ်ခြင်း

Thursday, July 7, 2011


ဤသင်တန်းသည် မည်သည့် သင်တန်းသားမျိုးကိုမဆို ..မဟာဘုတ်ဗေဒင်နှင့် ပတ်သက်သော အတွေး အမြင်သစ်များ ရရှိစေနိုင်မည် ဟု ယုံကြည်မိပေသည်။ သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ် အချက် အလက်များကို ဆိုဒ်တွင် ထပ်မံ ဖော်ပြပေးမည် ဖြစ်သည်။

ဗေဒင်ဆရာ နတ်ဒေ၀ါ

Friday, June 24, 2011

ဘာဖြစ်ချင်သလဲ ပြော


ရှေ့ဖြစ်မှာတွေ ၊ နောက်ဖြစ်မှာတွေ လာမပြောနဲ့ ။ ဘာဖြစ်ချင်သလဲ သာ ပြော ဆိုပဲ ။ ဆရာရန်းက နှစ်ကြိမ် လောက်မက ဖုန်းဆက်ဖြစ်တိုင်း ပြောပြလို့  သိလိုက်ရပါတယ်။ ယတြာလေဒီ ဆိုတဲ့ ဗေဒင်ဆရာမကြီး တစ်ဦး ရဲ့ ခတ်ဟော့ဟော့ ကြော်ငြာ ဆိုပဲ ။ ကြော်ငြာက တယ်ကောင်းပါလား ဆိုပြီး …ကိုယ်တောင် … စိတ်ပါပါ ဖြစ်လာတယ်။ မောင်ဖုန်းလည်း သွားကြည့်ဦးမှ ထင်တယ်။ ဘာဖြစ်ချင်သလဲ သာ ပြော ဆိုတဲ့အတိုင်း ဖြစ်ချင်တာ အကုန် ပြောပစ်ဦးမယ်။ ဟုတ်တယ်ဗျ …. သူ့ကြော်ငြာက လုံးဝသာ သဘာဝ မကျတာ …လူပေါင်းများစွာရဲ့ စိတ်နှလုံးကိုတော့ ဆွဲဆောင်နိုင်မှာ သေချာတယ်။ 


အတွေးစုဗူး (၂)

Sunday, June 19, 2011


ကောဇာ နှင့်  ဒသာ  ဘယ်ဟာက  … ပိုကောင်း

တစ်လောက ဆရာနျူမာန် (မိုးတား) က  ကောဇာ နဲ့ ဒသာ အားပြိုင်မှုများနှင့် စပ်လျဉ်းပြီး လက်ရိုးဗေဒင်လောကရှိ ဆရာကြီးများ၏ ၀ိဝါဒကွဲပြား ယူဆမှုအချို့ကို တင်ပြသွားခဲ့သည်။ ထိုအကြောင်း ဖတ်မိသောအခါ … ကျွန်တော့်မွေးဇာတိ မြို့လေးပေါ်မှ ကိုကိုလက်ရိုး တို့အကြောင်း သတိရမိသည်။ ကိုပြေတိုးဟန် ၊ ကိုသာဂိ ၊ ကိုဝင်းနိုင် စသော သူတို့က  ကောဇာ သမားတွေ။ ကိုရင်လှစိန်၊ ဦးလေး ဦးကျော်သောင်း၊ ကိုဖြိုးသူ  စသော သူတို့ အုပ်စုက  ဒသာ မှ ဒသာ သမားများ ။

ကြာသာပတေးသားသမီး များ အတွက် ၁၃၇၃ ခုနှစ် ကံဇာတာ

Wednesday, June 15, 2011


ကောဇာခုနှစ်ပြောင်းပြီးသည့်နောက်မှာတော့ … ကြာသာပတေးသားသမီးများ မှာလည်း အခြားနေ့နံ သားသမီးများ နည်းတူ ကံဇာတာအပြောင်းအလဲ လေးတွေ ဖြစ်ပေါ်လာပါတယ်။ ယခင်နှစ်တုန်းက ဆိုးနေတဲ့ ကဏ္ဍတွေ ခုတစ်နှစ်မှာ အားပျော့သွားတတ်သလို  ၊ ယခင်နှစ်တုန်းက ကောင်းနေတဲ့ ကဏ္ဍအချို့လည်း ယခုနှစ်မှာတော့ အရှိန်အဟုန် လျော့ပါး သွားတတ်ပါတယ်။ ကောဇာအနေအထားအရ  ကံတရား ရိုက်ခတ်တတ်မှု တွေဟာ လူအများစုနဲ့ ဆိုင်ပေမယ့် ..တစ်ဦးတစ်ယောက်ချင်းဆီမှာလည်း တူညီသော ကျောရိုးပေါ်မှာ မတူညီသော အတိုင်းအဆ ပမာဏ အသီးသီး နဲ့ သက်ရောက်လာစေနိုင် ပါတယ်။ ဖြစ်ပွား လာတတ်သော ကောဇာအနေအထား နဲ့ ကံတရား ရိုက်ခတ်မှုတွေကို မြန်မာ့ရိုးရာ မဟာဘုတ် ဗေဒင်ပညာ နဲ့ တွက်စစ်ပြီး ရေးသားဖော်ပြပေးအပ် ပါကြောင်း။

လူဝင် တော်၏ မတော်၏

Wednesday, June 8, 2011



 

ဆရာ  ..ကျွန်မတို့အိမ်ပေါ်ကို အမျိုးသားရဲ့ မိတ်ဆွေတစ်ယောက် လာပြီး သောင်တင်နေပါတယ် ၊ အဲဒါ သူရောက်ပြီး သိပ်မကြာဘူး ၊ လုပ်ငန်းတွေလည်း ကမောက်ကမတွေ ဖြစ်ဖြစ်လာလို့ပါ ဆရာ ၊ အဲဒါ အ၀င် တော်၏  မတော်၏  သိချင်လို့ပါ


အထက်ပါကဲ့သို့သော မေးခွန်းပေါင်းများစွာ များစွာ အတွက် ကျွန်တော်ဖြေပေးခဲ့ရဖူးပါသည်။ ဖြောင်းဖြ ခဲ့ရဖူးပါသည်။ တရားချခဲ့ရဖူးပါသည်။ သို့သော် မကြာမကြာဆိုသလိုပင် မေးသူများကား ပေါ်လာ နေကြစမြဲ ။  ကြာတော့လည်း ဖြေရတာ မဖြေချင်တော့ပါ။ ယခုကဲ့သို့ ဆောင်းပါးရေး တင်လိုက်ခြင်း အားဖြင့်  … ဒီကိစ္စကို ဖြတ်ရပါတော့သည်။

ရာဟုသားသမီးများအတွက် ၁၃၇၃ခုနှစ် ကံဇာတာ

Friday, June 3, 2011

မြန်မာခုနှစ် ၁၃၇၃ခုနှစ် အတွင်း  ရာဟုသားသမီးများသည်     ……..


ဒီခုနှစ်အတွင်း မှာ ရာဟုသားသမီးများအဖို့  မိမိတို့လိုလားသော အကျိုးစီးပွားကိုရှာဖွေရာမှာ …အပြိုင်အဆိုင် အတိုက်အခံများစွာကြားမှ ရှာဖွေရပါလိမ့်မယ်။ တနည်းအားဖြင့်တော့ ..အလုအယက် အပြိုင်အဆိုင် ၊ အနိုင်ကြဲစနစ် မျိုးနဲ့ အသက်မွေးရတတ်သော ကာလ တစ်ခု ဖြစ်လာပါတယ်။ ပခုံးချင်း ယှဉ်လာမယ့် သူတွေ ၊ ပြိုင်ဘက်တွေ နဲ့ ဆုံဆည်းရတတ်သော အချိန်ပါပဲ။ တစ်ခုပိုခက်တတ်တာကတော့ .. နောက်ကြောဘက်ကနေ (၀ါ) နောက်ကွယ်ကနေ ပြိုင်ဆိုင်ရ ၊ တိုက်ခိုက်ရ တတ်တဲ့ အခြေအနေမျိုး တွေပါ ကြုံလာရတတ်တာပဲ ဖြစ်ပါတယ်။ အလားတူပဲ ယခု ၁၃၇၃ခုနှစ် ဆိုတာဟာ ရာဟုသားသမီးများ အဖို့တော့  ..မိမိတို့အကျိုးစီးပွားကို ပြန်လည်ရယူနိုင်စွမ်း ပြကြရမယ့် နှစ်မျိုး ဖြစ်လာပါလိမ့်မယ်။

သောကြာသားသမီးများ အတွက် မြန်မာခုနှစ် ၁၃၇၃ခုနှစ် ကံဇာတာ

Friday, May 27, 2011

၁၃၇၃ခုနှစ် ဟူသည်မှာ သောကြားသားသမီး ဇာတာရှင်များအတွက်တော့ …

အကျိုးစီးပွား အ၀၀ ကို ရှေးယခင်ကာလများထက် ပိုမို ..ပိုမိုပြီးရှာဖွေနိုင်ခွင့် ရရှိလာမယ့် ကောင်းမြတ်သော နှစ်တစ်နှစ် ဖြစ်ပါမယ်။ သည်လိုအချိန်အခါ သမယမျိုးမှာ သောကြာသားသမီး  ဇာတာရှင်များဟာ မိမိတို့ရှေးရှုဦးတည်ထားရာ အကျိုးစီးပွားတို့ကို သင့်တင့်လျော်ကန်သော နည်းလမ်းများ အသုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေကြိုးကုတ် သင့်လှပါတယ်။ 

ရွှေပြည်တော် မျှော် … မျှော်လို့ ဆွေး

Tuesday, May 24, 2011

ဒီတစ်ခေါက်တော့ ကျွန်တော်တို့ အတိတ်သမိုင်းကို အလည်တစ်ခေါက် ပြန်လျှောက်ကြည့်ကြပါစို့။ ကုန်ဘောင်မင်းဆက်ရဲ့ နောက်ဆုံးမင်းဆက် ဖြစ်တဲ့ သီပေါမင်းတရားရဲ့ မဟာဘုတ်ဇာတာနဲ့ အမည်သညာကို လက်တွေ့ဆန်းစစ် ရေးသားဖော်ပြပေးလိုက်တယ်။

ကျွန်တော့်ဘ၀အတိတ်ကြေးမုံ စာစု(၁)

Saturday, May 21, 2011

အချစ်နှင့် ကနဦးအစ ကဗျာပိုး

ကျွန်တော် ငယ်ငယ်တုန်းက ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ကဗျာလေးတွေကို စွဲလမ်းခဲ့ဖူးပါတယ် ။ 

အရိပ်ကလေးလို အစဉ်ချောက်သူရဲ့
စိတ်အတွေးကို တမင်နှောက်တာလား
သခင်ရောက်ပါလို့ တစ်ဝဲလယ်လယ်
ငွေလသာ အရိပ်ထိုးပြန်ရင်လည်း
နွေညမှာ အအိပ်ခိုးပြန်ပြီပေါ့
စိတ်ဆိုးဟန် တမင်မျက်နှာလွှဲပေမယ့်
ရင်ထဲက အရိပ်ငယ် …ဆိတ်ကွယ်လို့ပျောက်မသွား …။

စနေသားသမီးများ အတွက် ၁၃၇၃ခုနှစ် ကံဇာတာ

Saturday, May 14, 2011


bakaung.blogspot.com

ဒီတစ်နှစ်တော့ .. နေ့နံရှစ်မျိုးကို တနင်္ဂနွေကနေ စမရေးတော့ပဲ ၊ စနေကနေ စတင်ရေးသားတင်ပြ ပေးလိုက်ရပါတယ်။ မနှစ်ကတုန်းက ကြာသာပတေး ၊ သောကြာ ၊ စနေ သုံးခုကို အတော်ကြီးကြာမှ တင်ဖြစ်ခဲ့ပါတယ်။ စောင့်ဖတ်ရတဲ့သူတွေလည်း စိတ်ကိုမရှည်နိုင်အောင် ဖြစ်ကြမှန်း ရိပ်မိခဲ့တာကြောင့်၊ ဒီတစ်နှစ်တော့ နောက်ဆုံးနေ့နံဖြစ်တဲ့ စနေတို့ ရာဟုတို့ကနေ စပြီး တင်ပြပေးသွားတာပါ။

အင်္ဂါဂြိုဟ် သို့မဟုတ် ညီတော်မောင် မောင်ပခန်းဆီသို့

Sunday, May 8, 2011




သည်ဆောင်
ပါးကတော့ ကွန်မန့်ကနေ ဆောင်းပါးဖြစ်လာတယ်လို့ ပြောရပါမယ်။ တစ်လောက တင်လိုက်တဲ့ ခေတ်စနစ်နှင့် ယတြာများ ဆောင်းပါးမှာ ကွန်မန့် ပေးပြီး မေးသွားတဲ့ အမောင်ပခန်း ရဲ့ မေးခွန်းကို ဖြေပေးဖို့ ကြိုးစားရင်း  ..ကြိုးစားရင်း များသွားတဲ့အတွက် ဆောင်းပါးတစ်ပုဒ်အဖြစ် နဲ့သာ တင်ပြ ဖြေကြားပေးလိုက်ရပါကြောင်း။

ကျွန်တော်မတတ်သေးသော ဆန်းကျမ်းဗေဒင်

Monday, May 2, 2011


ဆန်းကျမ်းဗေဒင် စာစု(၁)


စာရေးသူ၏ ဘ၀တွင် မွေးနေ့လက်ဆောင်အဖြစ် ရခဲ့ဖူးသော ပထဆုံးသော ကျမ်းစာအုပ် လက်ဆောင်မှာ  ဆန်းကျမ်းဗေဒင် စာအုပ်ဖြစ်လေသည်။ အဆိုပါ စာအုပ်ကို ဆရာဒဂုန်မှ ပြုစုခဲ့ပြီး ၊ ဆန်းကျမ်းဗေဒင် ဆိုင်ရာ ဆရာသမားတော်တော်များများ၏ အယူအဆ အတွေးအခေါ်များ နည်းနိသယများကို ထည့်သွင်း ဖော်ပြထားလေသည်။

ကျွန်တော်၊ ကျွန်မနှင့် ဗေဒင်ဆရာ

Tuesday, April 26, 2011

(၁)

မပေါင်းဘူး ၊ ရှင်နဲ့ ကျွန်မ ဒီတစ်ခါ အပြတ်ပဲ   ..
ဒီတစ်ခါတွေ များနေပြီ  မိသူ  ၊ ဒီတော့ ခုတစ်ခါ နင်နဲ့ငါ အပြတ်ရှင်းကြတာပေါ့ …
ရှင်းမယ် ..ရှင်းမယ် ..၊ ရှင့်ကို မပေါင်းနိုင်တော့ဘူးလုံးဝ ..။

ခေါင်း သို့မဟုတ် ပန်း

Friday, April 22, 2011


စာရိုက်ပြီး လို့ ခဏနားနေတုန်း သမီးကြီးဖြစ်သူ နှင့် သူ့အမေတို့ စကားသံက နားထဲကိုရောက်လာသည်။ လာမည့်နှစ် ဆယ်တန်းတက်ရမည့် သမီးဖြစ်သူကို … သူ့အမေက ဘယ်ဆရာကောင်းသည် ဘယ်ကျုရှင် ၊ ဘယ်ဝိုင်း ကောင်းသည် ..ပြောဆို ဆွေးနွေးနေသံ ကြားရသဖြင့် ကျွန်တော် နားစွင့်ကြည့်မိသည်။

အမည်များ နှင့် ကောဇာနှစ်သစ် ၁၃၇၃ ခုနှစ်

Sunday, April 10, 2011


ကဲ ..ထုံးစံအတိုင်း နာမည်အကြောင်းဆိုတော့ ..အရေးကြီးတဲ့ ပက္ခမိထားတဲ့နာမည်တွေကနေ စပြီး သွားရအောင် …။ သည်တစ်နှစ်ထဲမှာ သည်နာမည်တွဲပိုင်ရှင်တွေ ပက္ခမိပါတယ်။ အောက်မှာ သေချာ ဖတ်ရှု လေ့လာနိုင်ပါတယ်။

မြန်မာနှစ်သစ် ၁၃၇၃ ခုနှစ် အကြောင်း

Saturday, April 9, 2011

Src: www.allthingsburmese.com

ရောက်လာတော့မယ့် နှစ်သစ်တစ်ခု ဖြစ်တဲ့ ကောဇာမြန်မာခုနှစ် ၁၃၇၃ခုနှစ် ဟာ  တစ်ခုကြွင်း မဟာဘုတ်ခွင် နှစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီနှစ်သစ်ကို ကူးပြောင်းပြီးသွားတာနဲ့ လူတွေအားလုံးဟာလည်း  ကံဇာတာ အနေအထားတွေ ..အပြောင်းအလဲများ ရှိလာပါလိမ့်မယ်။ လက်ရှိရောက်ဆဲနှစ်ထဲမှာ ကံဆိုး နေကြသော အချို့သော သူတွေလည်း ကံကောင်းလာကြပါမယ်။ အဲသလိုပဲ လက်ရှိရောက်ဆဲ နှစ်ထဲမှာ လုပ်သမျှ ဟုတ်လှဖြစ်နေတဲ့ အချို့သောသူတွေလည်း  နောင်အနာဂတ်နှစ်ထဲမှာ … ကံဇာတာ ညှိးမှိန် သွားခြင်းမျိုး ကြုံတွေ့လာရတတ်ပါတယ်။

ခုနှစ်ခုစား ရှစ်ခုစား သို့မဟုတ် မြန်မာပြည်မှ ရတနာများ

Wednesday, April 6, 2011

ခုနှစ်ခုစား  ရတနာများ စာစု(၁)

သည်ဆောင်းပါးတွေရဲ့ ကနဦးအစမှာ ကျွန်တော်ပြောချင်တာလေး နဲနဲရှိပါတယ်။ ပထမအချက် ကတော့ ..သည်ဆောင်းပါးတွေမှာ ပညာရပ်ဆိုင်ရာ ရှင်းလင်းချက်တွေ မထည့်ထားပါ။ ဥာဏ်တော်တော် သွက်ပြီး ..လက်ဆန်းဗေဒင် ပိုင်းဆိုင်ရာ ပညာရပ်တွေကို နှံ့စပ်ကျွမ်းဝင်နေသူ အချို့သာ ကျွန်တော် ဘယ်အချက် ဘယ်အချက်တွေသုံးပြီး တွက်ယူထားတယ် ဆိုတာကို အရိပ်အကဲ ဖမ်းနိုင်ပါမယ်။ ဘာကြောင့် ရှင်းလင်းချက်တွေ မထည့်ထားတာလဲ ဆိုတော့ ..၊ …

ပက္ခ ဆိုတာ ဘာလဲ

Wednesday, March 30, 2011

ပက္ခ  ။
ဒီစာလုံးတိုတိုလေးရဲ့ အနှစ်သာရနောက်ကို လိုက်ခဲ့တာ ကျွန်တော့်အတွက် နှစ်ပေါင်း ၂၀ မျှ ကြာမြင့် သွားခဲ့ပါတယ်။ ကြုံလာသမျှတွေကို မှတ်တမ်းတင်ပြီး လေ့လာဖြစ်ခဲ့တာလည်း ဒီစာလုံးလေးကြောင့် ဆိုရင် မမှားပါ။ ပက္ခမိရင် ဘာဖြစ်သလဲ ဆိုတဲ့ မေးခွန်းဟာ ညအိပ်ယာဝင်ချိန်များ ကိုပါ ကိုက်ခဲ ဖဲ့ခြွေ သွားခဲ့ဖူးတဲ့ မေးခွန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ပက္ခမိရင် ကောင်းတာလား ။ ဟင့်အင်း ။ ဒါဖြင့် ဆိုးတာလား ..။ ဒါလဲ ..မဟုတ်သေးဘူး ။ ဒါဖြင့် ဘာလဲ ..ဘာလဲ ..ဘာလဲ ..စသဖြင့်  အချိန်ပေါင်း များစွာ ခေါင်းကိုခဲ စေခဲ့ပါတယ်။

ဂြိုဟ်အိပ်များကို ဖြတ်သန်းခြင်း

Thursday, March 24, 2011



စာဖတ်သူအချို့ဆီက  .. ၊ အထူးသဖြင့်တော့ ဂြိုဟ်အိပ်တစ်ခုကို စ၀င်ခါနီး သူတွေ  နဲ့  ဂြိုဟ်အိပ် တစ်ခုကနေ  ထွက်ခါနီး ကာလရောက်ရှိနေသူတွေ  ဆီကနေ .. ဂြိုဟ်အိပ်များနဲ့ပတ်သက်ပြီး စာရေးသူ  ထံကို အမေးများ မကြာခဏ ရောက်လာပါတယ်။ မေးလ်နဲ့ ပေးပို့ပြီး မေးမြန်းထားသူအချို့ပါ ရှိလာ တာကြောင့် … ဒီအချင်းအရာနဲ့ ပတ်သက်ပြီး ကျွန်တော်နဲနဲ စတင် ရေးသားပေးလိုက်ပါတယ်။ 

အကြီး နှင့် အငယ်

Saturday, March 19, 2011


 

(၁)
ဒါဖြင့်  ဆရာက  ဓါတ်ရိုက် မပေးနိုင်ဘူးပြောပါ  ။

မှန်ပါတယ် ။  ဓါတ်လည်း မရိုက်ပေးနိုင်ပါဘူး။  ဒီအမှုကိစ္စ အချင်းအရာနဲ့ ပတ်သက်ပြီး အစ်မကြီး အဆင်ပြေ လိုတယ်ဆိုရင် …မေတ္တာတရားနဲ့သာ ဖြေရှင်းပါ။ ဘာယတြာ ဘာဓါတ်ရိုက်ဓါတ်ဆင်မှ မလုပ်ပါနဲ့ ။ အစ်မအတွက် အကျိုးသာ ယုတ်ပါလိမ့်မယ်။



ခေတ် စနစ် နှင့် ယတြာများ

Monday, March 14, 2011

သည်ရက်ပိုင်း မောင်ဖုန်း ခြေဆစ်များ ယောင်နေသဖြင့် အင်တာနက်ဆိုင်သို့ မရောက်နိုင်သည်မှာ  ဆယ်ရက်မက ကြာမြင့်သွားပါသည်။ နှစ်ပတ်မြောက်လောက်မှ အွန်လိုင်းတက်ဖြစ်သည်။ အဲသည့်နေ့မှာ  ..ယူအက်စ်က အစ်မကြီးတစ်ယောက်က  ယတြာများနှင့် ပတ်သက်ပြီး  ၊ ရေးသားဖို့ တိုက်တွန်း နှိုးဆော် လာခြင်း ရှိလာပါသည်။ 
ဆရာရယ်  (……) ဆိုဒ်မှာ ရေးထားတဲ့အတိုင်း ယတြာတွေက လုပ်လို့မဖြစ်ဘူး ၊ ကျွန်မတို့မှာ တော်တော် အခက်တွေ့ရတယ်။ လမ်းပေါ်မှာ ဘာစွန့်ပါ ဆိုတဲ့ ယတြာမျိုးက  ဒီမှာသွားလုပ်ရင် ရဲအဖမ်းခံရမှာ ။ စသည်ဖြင့်  ….သူပြောခဲ့သည်ကို မှတ်မိနေပါသည်။ ဒီတော့  … ဆရာတို့ အနေနဲ့လည်း  ယတြာလေး တွေကို ခေတ်နဲ့အညီ အထူးသဖြင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ မြန်မာတွေ  ..လုပ်လို့လွယ်အောင် ပေါ့နော် ..ရေးသားစေ့ချင်ပါတယ် ဆရာ …တဲ့ ။

အတွေးစုဗူး (၁)

Saturday, March 12, 2011


တစ်ခါတစ်လေကျတော့လည်း ဆောင်းပါးတစ်ပုဒ်လုံးစာ မရေးလိုတော့ပဲ ၊ အပိုင်းအစအတိုလေးဖြင့်သာ ပြောလိုတာလေးတွေကို ရေးလိုပါတော့တယ်။ ဒါနဲ့  ..ဘယ်လိုခေါင်းစဉ်တပ်ရမလဲ ဆိုပြီး  အမျိုးမျိုး စဉ်းစားရပါတယ်။ အတိုအထွာ မှတ်စရာ ၊ သိစရာ ဖတ်စရာ ၊ စသည်ဖြင့် ဘာတစ်ခုမှ သဘော မကျမိပါဘူး။ နောက်ဆုံးတော့ တိုတိုနဲ့ လိုရင်းဖြစ်တဲ့ အတွေးစုဗူးဆိုတဲ့ ခေါင်းစဉ်လေးကိုသာ တပ်လိုက် မိပါတော့တယ်။ ဒီအတွေးစုဗူး ထဲမှာ စာဖတ်သူတွေအတွက်  အကျိုးဖြစ်နိုင်မယ်လို့ ယူဆတဲ့ အချင်း အရာလေးတွေကို ထည့်သွင်းပေးနိုင်အောင်လည်း ကြိုးစားပေးထားပါကြောင်း ။
 


စိတ်တန်ခိုး ကို လက်တွေ့ အသုံးပြုနိုင်ရန် ကြိုးပမ်းခြင်း

Thursday, March 3, 2011

စိတ်တန်ခိုး နဲ့ ပတ်သက်ပြီး  ၊ ပြီးခဲ့သော လပိုင်းများက  စိတ်တန်ခိုး ဖြင့် အောင်နိုင်ခြင်း ဆောင်းပါးမှာ အတန်အသင့် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခုဆောင်းပါးကတော့  …စိတ်တန်ခိုးကို လက်တွေ့ အသုံးပြုရာမှာ  …အထောက်အကူဖြစ်စေဖို့ ဆက်လက်ရေးသား  ပေးလိုက်ခြင်းပဲဖြစ်ပါကြောင်း ။




မောင်နှင့်မယ် ရွှေလည်တွဲနိုင်ဖို့ စာစု(၃)

Monday, February 21, 2011


ယောက္ခထီး နှင့်  သတို့သားလောင်း


ခက်သည် ။ တူနှစ်ကိုယ် ချစ်လမ်းဖောက်ပြီးခါမှ ..၊ ယောက္ခမလောင်းတွေ က မကြည်ဖြူပြန်လျှင် .. ထိုလမ်းလေးပေါ်တွင် .. ဗွီအိုင်ပီလာသဖြင့် လမ်းပိတ်ထားခြင်း ခံလိုက်ရသည့်နှယ်  ကိုးလို့ကန့်လန့် ဖြစ်ရ တတ်ပြန်သည်။ အထူးသဖြင့်   အမျိုးသားတွေအဖို့ ယောက္ခမလောင်းတွေက တွေ့ဖို့ ခေါ်သည့်အခါ တော်တော်လေး တင်ကြို လေ့ကျင့် သွားရတတ်စမြဲပင်။ အကြောင်းကတော့ လမ်းပိတ် ထားခြင်း ခံရမည်ကို စိုးရွံ့ရခြင်း  အတွက်ပါပေ ။

ခြေရာကောက်လို့ လိုက်ခဲ့သည်

Monday, February 14, 2011

(၁)
အမှတ်ရမိနေသေးသော  စကားစုလေးကတော့  ( နောက် … ပဲ ) ဟူသတည်း ။  ၂၀၀၀  ခုနှစ် အချိန်တွင်  ကျွန်တော် တာချီလိတ်မြို့တွင်  .. ရှိနေရဆဲဖြစ်သည်။ တာချီလိတ်မြို့သည် ထိုင်းနှင့် နယ်စပ်မြို့ကလေး ဖြစ်ပြီး ၊ လောင်းကစားမှု လည်း အလွန်များပြားသော မြို့တစ်မြို့ဖြစ်သည်။ အဲသည့် အချိန်တွင် .. ကျွန်တော့်တွင် ဗေဒင်သင်ပေးနေရသော တပည့်မိတ်ဆွေ တစ်ဦးရှိသည်။  ကိုအောင်မင်းသိန်း (ခ) အကွမ် ဟူသော တရုတ်လူမျိုး ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ကျောင်းဆရာလေး တစ်ဦးကို  ဗေဒင်ပညာ သင်ကြားပေးနေချိန်ဖြစ်သည်။

ချမ်းသာဖို့ အရေး ကျန်းမာဖို့ အရင်တွေး

Monday, February 7, 2011

ကျန်းမာရေးချို့တဲ့သွားပြီဆိုတာနဲ့  ရှာဖွေနေသမျှ ဓနတွေ ၊ ပိုင်ဆိုင်ထားသမျှ ရာထူးတွေ ၊ ချစ်ရသမျှ သံယောဇဉ်တွေ ဘာတစ်ခုမှ မချိုမြိန်နိုင်တော့ပါဘူး။  ဒါကြောင့် လူတစ်ယောက်မှာ ပထမဆုံးအနေနဲ့ အရေးကြီးတာကတော့ ကျန်းမာနေဖို့ပါပဲ။ ဒါကြောင့်လည်း ကျန်းမာမှ ချမ်းသာမယ်လို့ ဆိုရိုးရှိခဲ့တာပါ။

အိမ်ပြေးဘာကြောင့်ဖြစ်ရတယ်

Tuesday, February 1, 2011

ကြုံဖူးသမျှ အမည်မျိုးစုံ လူမျိုးစုံ
လက်တွေ့ဇာတာများ  စာစု(၁)
သူကတော့ ကျွန်တော့်ညီဝမ်းကွဲပဲဖြစ်ပါတယ်။ ညီအရင်းထက် ပိုမိုတွဲဖြစ်ခဲ့သလို ၊ သံယောဇဉ်လည်း သူနဲ့ ကျွန်တော်ကြား ကြီးမားခဲ့ကြတာအမှန်ပါပဲ။ သူ့နာမည်ရင်းက ရဲမင်းဟိန်း လို့မည်ပါတယ်။ မွေးခုနှစ်အရ .. ကြာသာပတေးသား မရဏဖွား ဇာတာရှင် ဆိုပါတော့။

ကျွန်တော်တို့ခေတ် ဗေဒင်ပညာ

Friday, January 7, 2011

အတိတ်သမိုင်းတွင်  အားကြဖွယ်ရာ ကောင်းလှသည့် ဗေဒင်ပညာရှင် အမြောက်အများ ကို စာသိဖတ်ရှု လေးစားခဲ့ရပေသည်။ အနီးဆုံး သက်ဦးဆံပိုင်စနစ်ခေတ်တွင်ပင် အယူတော်မင်္ဂလာဦးနိုး နှင့် စလေဦးပုည .. စသောသူတို့မှာ ဗေဒင်ပညာရပ်များတွင် နှံ့စပ်လိမ္မာကြသော ပညာရှိ အကျော်ဒေးယျများ ဖြစ်ကြသည်။ သူတို့ခေတ် သူတို့အခါဝယ် .. နေလိုလလို ထွန်းပခဲ့ကြသူများ လည်း ဖြစ်သည်။

လူမှုနယ်ပယ်မှာ ဗေဒင်ပညာ သုံးရအောင်

Monday, January 3, 2011

စာစု(၁)

ကုန်ရောင်းကုန်ဝယ် သုံးကြမယ်

ဈေးလောက ၊ အရောင်းအ၀ယ် လောက ဆိုတာက မာယာများသလို ၊ ဈေးကစားတာ ၊ စွန့်စားတာ ၊ တစ်ပတ်ရိုက်တာတွေ နဲ့လည်း ပြည့်နှက်နေတတ်သော လောကတစ်ခုဖြစ် ပါတယ်။ ဒီလောကမှာ နေထိုင်ကျင်လည်ရပြီး အသက်မွေး နေရသူများ အဖို့ ..ဗေဒင်ပညာလေးကို လည်း အနဲငယ်တီးမိ ခေါက်မိ မယ်ဆိုရင် အကျိုးရှိနိုင်ဖို့  …အောက်က စာလေးတွေကို ဆက်ဖတ်ပြီး လေ့လာကြည့်ပါ။
 

Posts Comments

©2006-2010 ·TNB