ယောက္ခထီး နှင့် သတို့သားလောင်း
ခက်သည် ။ တူနှစ်ကိုယ် ချစ်လမ်းဖောက်ပြီးခါမှ ..၊ ယောက္ခမလောင်းတွေ က မကြည်ဖြူပြန်လျှင် .. ထိုလမ်းလေးပေါ်တွင် .. ဗွီအိုင်ပီလာသဖြင့် လမ်းပိတ်ထားခြင်း ခံလိုက်ရသည့်နှယ် ကိုးလို့ကန့်လန့် ဖြစ်ရ တတ်ပြန်သည်။ အထူးသဖြင့် အမျိုးသားတွေအဖို့ ယောက္ခမလောင်းတွေက တွေ့ဖို့ ခေါ်သည့်အခါ တော်တော်လေး တင်ကြို လေ့ကျင့် သွားရတတ်စမြဲပင်။ အကြောင်းကတော့ လမ်းပိတ် ထားခြင်း ခံရမည်ကို စိုးရွံ့ရခြင်း အတွက်ပါပေ ။