ပက္ခ ။
ဒီစာလုံးတိုတိုလေးရဲ့ အနှစ်သာရနောက်ကို လိုက်ခဲ့တာ ကျွန်တော့်အတွက် နှစ်ပေါင်း ၂၀ မျှ ကြာမြင့် သွားခဲ့ပါတယ်။ ကြုံလာသမျှတွေကို မှတ်တမ်းတင်ပြီး လေ့လာဖြစ်ခဲ့တာလည်း ဒီစာလုံးလေးကြောင့် ဆိုရင် မမှားပါ။ ပက္ခမိရင် ဘာဖြစ်သလဲ ဆိုတဲ့ မေးခွန်းဟာ ညအိပ်ယာဝင်ချိန်များ ကိုပါ ကိုက်ခဲ ဖဲ့ခြွေ သွားခဲ့ဖူးတဲ့ မေးခွန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ပက္ခမိရင် ကောင်းတာလား ။ ဟင့်အင်း ။ ဒါဖြင့် ဆိုးတာလား ..။ ဒါလဲ ..မဟုတ်သေးဘူး ။ ဒါဖြင့် ဘာလဲ ..ဘာလဲ ..ဘာလဲ ..စသဖြင့် အချိန်ပေါင်း များစွာ ခေါင်းကိုခဲ စေခဲ့ပါတယ်။