ကဲ ..ထုံးစံအတိုင်း နာမည်အကြောင်းဆိုတော့ ..အရေးကြီးတဲ့ ပက္ခမိထားတဲ့နာမည်တွေကနေ စပြီး သွားရအောင် …။ သည်တစ်နှစ်ထဲမှာ သည်နာမည်တွဲပိုင်ရှင်တွေ ပက္ခမိပါတယ်။ အောက်မှာ သေချာ ဖတ်ရှု လေ့လာနိုင်ပါတယ်။
(၁) တနင်္ဂနွေနံ (အ၊ဥ) ဖြင့် နာမည် အစ အဆုံး နှစ်ပါးစလုံးကို မှည့်ခေါ်ထားသော နာမည်ပိုင်ရှင်များ
ဥပမာ ။ ။ ..အောင်အောင် အေးအေး .. ၊ အောင်နိုင်ဦး ၊ အေးသူဇာဦး ..စသည်။
ပက္ခအမျိုးအစား .. (ဘင်္ဂ + ဘင်္ဂ) ပက္ခ ။
(၂) ဗုဒ္ဓဟူး/ရာဟု နံ (ယ၊ရ၊ လ၊ ၀) နှင့် ကြာသာပတေးနံ (ပ၊ဖ၊ဗ၊ဘ၊မ) တို့ကို နာမည် အစ အဆုံး တွင် အသုံးပြု မှည့်ခေါ်ထားကြသူများ
ဥပမာ ။ ။ ယမင်းပပ ၊ လွင်မိုး ၊ မိုးမမဝေ ၊ ရွှေမြင့် ၊ မြင့်မြင့်ဝင်း ၊ ဘုန်းနိုင်ရဲဝံ့ ၊ ..စသည်။ ပက္ခအမျိုးအစား .. (မရဏ + အဓိပတိ) ပက္ခ ။
(၃) အင်္ဂါ နံ (စ၊ဆ၊ဇ၊ဈ၊ည) နှင့် သောကြာနံ (သ၊ဟ) တို့ ကို နာမည်အစအဆုံး တွင် အသုံးပြု မှည့်ခေါ်ထားကြသူများ
ဥပမာ ။ ။ ဆွေဆွေသန်း ၊ ဇင်မာသွယ် ၊ သီသီဆွေ၊ ဟိန်းစိုး၊ သန်းမြတ်ညွန့် ၊ သင်းပပဇင် ၊ ဇော်မျိုးဟိန်း ..စသည်။ ပက္ခအမျိုးအစား .. ( သိုက် + ရာဇ ) ပက္ခ ။
(၄) တနင်္လာနံ ( က၊ ခ၊ ဂ ၊ ဃ၊ င) နှင့် စနေနံ (တ၊ထ၊ဓ၊ဒ၊န၊ဌ) တို့ကိုနာမည် အစအဆုံးတွင် အသုံးပြုမှည့်ခေါ်ထားကြသူများ
ဥပမာ ။ ။ ကိုကိုနိုင် ၊ တင်မောင်ခိုင် ၊ ဌေးဌေးကြည်၊ ငြိမ်းချမ်းထွန်း ၊ ထက်ထက်မင်းခန့် ၊ နီလာခင် ..စသည်။ ပက္ခ အမျိုးအစား .. ( အထွန်း + ပုတိ) ပက္ခ ။
ကဲ ..ဒီလောက်ဆိုရင် ..သည်တစ်နှစ်အတွက် ပက္ခမိတဲ့ နာမည်တွေကို သိရှိနိုင်ကြပြီထင်ပါတယ်။ ပက္ခမိခြင်းဟာ ဆိုးတာလား ကောင်းတာလား တော့ မမေးပါနဲ့။ သေချာသိချင်တယ်ဆိုတဲ့သူများ ..ပက္ခဆိုတာ .ဘာလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် တင်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ့မှာဖတ်ပါ။
ကျွန်တော်အဓိက ပြောလိုတာကတော့ ပက္ခမိထားသော နာမည်ပိုင်ရှင်များ ဟာ သည်တစ်နှစ်မှာ ..ဘ၀စိန်ခေါ်မှု ကြီးကြီးမားမား ထင်ထင်ရှားရှား ကဏ္ဍတွေနဲ့ ရင်ဆိုင်ကြရတော့မယ် ဆိုတာပါပဲ။ တနည်းအားဖြင့်တော့ …ပမာပေးရရင် ..ကြိုးဝိုင်းထဲမှာ စိန်ခေါ်ထိုးသတ်ရတော့မယ့် သူတွေကို ပြပါ ဆိုရင် ပက္ခမိထားသော နာမည်ရှင်တွေကို ဆွဲထုတ်ပြရမှာဖြစ်ပါတယ်။
သည်ကြိုးဝိုင်းထဲကို ၀င်သွားရတော့မယ့် ပက္ခမိထားသော နာမည်ပိုင်ရှင်တွေ အဖို့ ..တင်ကြိုပြင်ဆင်ခြင်း ၊ မိမိတို့အရည်အသွေးကို တိုးမြှင့်ထားနိုင်ရန် ကြိုးစားအားထုတ်ခြင်း စသည်ဖြင့် ပြုလုပ်ထားဖို့လိုပါတယ်။ ဥပမာ အားဖြင့် ..ကြိုးဝိုင်းထဲမ၀င်မီ ..သွေးပူလေ့ကျင့်ခန်းလေး လုပ်သွားသလိုပေါ့ ။ ကြိုးဝိုင်းထဲ ရောက်ပြီးမှတော့ အကြောလျော့နေဖို့ အချိန်မရပါ။ ဒေါင်ကနဲမြည်တာနဲ့ ..အသေအကြေ အကြိတ်အနယ် ထိုးသတ်ကြရတာပါပဲ။
ပက္ခအမျိုးအစား ၊ မူလနေ့နံအမျိုးအစား ၊ မူလနာမည်အမျိုးအစားပေါ်မူတည်ပြီး ကိုယ်နဲ့ယှဉ်ပြိုင် ထိုးသတ်ရမယ့် ပြိုင်ဘက်ကိုတွေ့ကြရပါမယ်။ ဥပမာအားဖြင့် ..အောင်အောင် ဆိုတဲ့အမည် ဆိုပါစို့ ။ ပက္ခအမျိုးအစား .. (ဘင်္ဂ + ဘင်္ဂ) ပက္ခ ပက္ခ အမျိုးအစား ဖြစ်နေပါတယ်။ ဒီအမည်ရှင်ဟာ အကယ်၍ တနင်္ဂနွေသားပဲ ဖြစ်နေမယ် ဆိုရင် ..သူဟာ သူကိုယ့်သူအပြောင်းအလဲကြီးစွာ ပြောင်းလဲရမယ့် အနေအထား ကြုံလာပါမယ်။ အကြီးအကဲအချို့နဲ့ ဆန့်ကျင်ဘက်ဖြစ်ရတတ်သော ကံတရားနဲ့ ကြိုးဝိုင်းထဲမှာ ထိုးသတ်ရတတ်သလို ၊ အခြားကံတွေပါ ချွတ်ချော်လာခဲ့ရင် ..အသက်အန္တရယ် (၀ါ) အသက် ရှင်သန်နေထိုင်ရန် ကြိုးစားရုန်းကန်ရမှုကို ဖြစ်ပွားစေတတ်သော ကံတရားမျိုးနဲ့ပါ ထိုးသတ် ရပါလိမ့်မယ်။
တစ်ကယ်လို့ ..ဒီနာမည်ရှင်မျိုးဟာ စနေသားဖြစ်နေခဲ့မယ်ဆိုရင်တော့ ၁၃၇၃ခုနှစ် ဆိုတာဟာ ..အလုပ်အကိုင်နဲ့ အသက်မွေးမှု ဆိုင်ရာ အဓိက စိန်ခေါ်မှုမျိုးတွေ ဖြစ်လာပါမယ်။ ဒီနာမည်မျိုးကို ..ကြာသာပတေးသား တစ်ယောက်ယောက်က မှည့်ခေါ်ထားမယ်ဆိုရင်တော့ ..သူတစ်ပါးအတွက် ၀င်ပြီး အာမခံပေး ၊ ဆောင်ရွက်ပေးရာကနေ ဖြစ်ပွားလာမယ့် ..အရှုပ်အထွေးမျိုးတွေ ကို ရင်ဆိုင် ထိုးသတ် ရတော့မှာပါ။
အနှစ်ချုပ်ပြောလိုတာက …ပက္ခမိထားတဲ့နာမည်ရှင်တွေ အားလုံး သည်နှစ်ထဲမှာ သတိ ကို ဆောင်ထား ရမယ်။ ငါဟာ ကြိုးဝိုင်းထဲမှာပါလား ဆိုတဲ့ အသိမျိုးကို ခိုင်မာစွာရှိနေဖို့ လိုအပ်ချိန် ဆိုတာပါပဲ။
ကောင်းပြီ …ထားတော့ ။ နောက်တစ်မျိုးဆက်ရအောင် ။ နာမည်အဖျားစာလုံးတွေကို အသုံးပြုပြီး ကံဇာတာ ထောက်လှန်းတွက်ဆ ကြည့်နိုင်ဖို့ ကျွန်တော်ကြိုးစားပေးလိုက်ပါတယ်။ အောက်မှာ သေချာ ဖတ်ပါ။
ခဏလေး ..တစ်ခုဖြတ်ပြောခဲ့ပါဦးမယ်။ ကျွန်တော့်ဆိုဒ်မှာ စာလာဖတ်တဲ့ ပရိတ်သတ်အချို့က (အများအားဖြင့် ခုမှဖတ်ဖူးတဲ့သူအချို့က) နာမည်အဖျားစာလုံးဆိုတာ ကို သေချာရေရာ မခွဲတတ်ကြတော့ လာလာမေးတတ်ကြပါတယ်။ မမေးရအောင် သည်နေရာကနေပဲ ထပ်မံဖော်ပြ ရေးသား ပေးလိုက်ပါတယ်။
နာမည်အဖျားစာလုံးဆိုတာ … နာမည်တစ်ခုရဲ့ အဆုံးစာလုံးကို ဆိုလိုတာပါ။ အောင်အောင်စိုး ဆိုပါစို့ ။ စိုး …ဟာ နာမည်အဖျားစာလုံးပါ။ ဒါဆို ကိုယ့်နာမည်ရဲ့ အဖျားစာလုံးကို ကြည့်ပြီး ..ကံအခြေအနေကို အနဲငယ် တွက်ကြည့်နိုင်အောင် ..ကျွန်တော် အောက်မှာ ဆက်တိုက် တင်ပြပေးထားပါတယ်။ ဖတ်ရှု အသုံးပြုနိုင်ကြပါကြောင်း ။
(၁) နာမည်အဖျားစာလုံး ..တနင်္ဂနွေနံ အ၊ဥ ဖြင့် မှည့်ခေါ်ထားသူများအတွက်
ခဏလေး ..တစ်ခုဖြတ်ပြောခဲ့ပါဦးမယ်။ ကျွန်တော့်ဆိုဒ်မှာ စာလာဖတ်တဲ့ ပရိတ်သတ်အချို့က (အများအားဖြင့် ခုမှဖတ်ဖူးတဲ့သူအချို့က) နာမည်အဖျားစာလုံးဆိုတာ ကို သေချာရေရာ မခွဲတတ်ကြတော့ လာလာမေးတတ်ကြပါတယ်။ မမေးရအောင် သည်နေရာကနေပဲ ထပ်မံဖော်ပြ ရေးသား ပေးလိုက်ပါတယ်။
နာမည်အဖျားစာလုံးဆိုတာ … နာမည်တစ်ခုရဲ့ အဆုံးစာလုံးကို ဆိုလိုတာပါ။ အောင်အောင်စိုး ဆိုပါစို့ ။ စိုး …ဟာ နာမည်အဖျားစာလုံးပါ။ ဒါဆို ကိုယ့်နာမည်ရဲ့ အဖျားစာလုံးကို ကြည့်ပြီး ..ကံအခြေအနေကို အနဲငယ် တွက်ကြည့်နိုင်အောင် ..ကျွန်တော် အောက်မှာ ဆက်တိုက် တင်ပြပေးထားပါတယ်။ ဖတ်ရှု အသုံးပြုနိုင်ကြပါကြောင်း ။
(၁) နာမည်အဖျားစာလုံး ..တနင်္ဂနွေနံ အ၊ဥ ဖြင့် မှည့်ခေါ်ထားသူများအတွက်
ဥပမာ ။ ။ ကိုကိုအောင် ၊ ကျော်အေး ၊ မင်းထက်ဦး ၊ သင်းသင်းအေး ၊ ယမင်းအိမ် …စသည်။
ဒီနာမည် အဖျားစာလုံးပိုင်ရှင်တွေအဖို့ လက်ရှိ ၁၃၇၃ ခုနှစ်ထဲမှာ .. ပက္ခမိတဲ့နာမည်ရှင်တွေနည်းတူ ..ဘ၀စိန်ခေါ်မှု များပြားပါမယ်။ ကိုယ့်အထက်အရာရှိ၊ အကြီးအကဲ တွေနဲ့လည်း ထိပ်တိုက်တွေ့ရတဲ့ ပြသနာတွေ အလွန် ဖြစ်ပွားလွယ်သလို ၊ အလုပ်အကိုင် အိုးအိမ် အပြောင်းအရွှေ့ အပြောင်းအလဲ တွေလည်း ..ဖြစ်ပွားရန် အလွန်လွယ်ကူသော ကာလကို ရောက်နေပြီဖြစ်ကြောင်း သိထားဖို့လိုပါတယ်။ တစ်နှစ်တာ ကာလပတ်လုံး …နာမည်၊ အသက်၊ မှတ်ပုံတင်၊ သက်တမ်းတိုးခြင်း၊ ကျန်းမာရေး ၊ အားကစား၊ အသက်မွေးမှု ၊ အလုပ် ၊ အောင်မြင်ရေး စတာတွေအတွက် လှုပ်ရှားရုန်းကန်နေရမှာ ဖြစ်သလို … မင်းအစိုးရတွေနဲ့လည်း အဆင်မသင့်ရင် ..အစာမကြေရင်ခံလေးတွေ ဖြစ်လာရတတ်တာမို့ သည်တစ်နှစ်မှာ သည်နာမည်အဖျားစာလုံး ပိုင်ရှင်တွေ အတွက်တော့ … ဂရုစိုက်ရန်လိုအပ်လှပါတယ်။ အဓိက မှာလိုတာကတော့ အပြောင်းအလဲများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကြိုးစားထားပါ လို့ပဲ။
(မှတ်ချက် ၊ ။ ။ ယတြာပိုင်းကိုတော့ မရေးသားပေးလိုက်တော့ပါ။ နာမည်အရ အပြင် မွေးနံ အသီးသီးအရ လည်း ယတြာပိုင်းမှာ ကွဲပြားမှာမို့ ..မရေးပေးလိုက်တော့တာပါ။ )
(မှတ်ချက် ၊ ။ ။ ယတြာပိုင်းကိုတော့ မရေးသားပေးလိုက်တော့ပါ။ နာမည်အရ အပြင် မွေးနံ အသီးသီးအရ လည်း ယတြာပိုင်းမှာ ကွဲပြားမှာမို့ ..မရေးပေးလိုက်တော့တာပါ။ )
(၂) နာမည်အဖျားစာလုံး တနင်္လာနံ (က၊ခ၊ဂ၊ဃ၊င) ဖြင့် မှည့်ခေါ်ထားသူများအတွက်
ဥပမာအားဖြင့် ။ ယမင်းကိုကို၊ မာလာခိုင်၊ သူရတင်ကျော်၊ မိုးမခ ၊ လင်းခန့် …စသည်။
တနင်္လာနံ နာမည်အဖျားစာလုံးပိုင်ရှင်များ အတွက်ကတော့ ..သည်တစ်နှစ်မှာ ..အသင်းအဖွဲ့တွေ၊ သင်တန်း ကိစ္စတွေ၊ သင်ကြားရေးဆိုင်ရာ ကိစ္စအ၀၀တွေ နဲ့ ပတ်သက်ပြီး အထူးအကျိုးရရှိတတ်သော နှစ်တစ်နှစ် ဖြစ်ပါတယ်။ အနုပညာနဲ့လည်း အကျိုးကျေးဇူး ဖြစ်ထွန်းလွယ်ကူသော ကာလဖြစ်ပြီး ၊ လူတွေကို ဆွဲဆောင်နိုင်စွမ်း အားကောင်းသော ကာလဖြစ်ကြောင်း ..သိရှိထားရန်လိုအပ်ပါတယ်။ အဲ…စိတ်ကတော့ မပြတ်မသား ပိုမိုဖြစ်လာပါမယ်။ ကြုံလာသမျှတွေကလည်း ရွေးရခက်ကြီး ဖြစ်လောက်အောင် နှစ်ခုနှစ်ခွ ဟိုလိုလို သည်လိုလိုတွေ ကြုံလာရတတ်ချိန်ပါ။ ခေါင်းလားပန်းလား မပြတ်သား နိုင်တဲ့ ကာလတစ်ခုလို့ပဲ ဆိုကြပါစို့။ ရည်ရွယ်ချက်သိပ်ပြီး ပြင်းပြင်းထန်ထန် ထားလို့တော့ ရနိုင်သော နှစ်မျိုးမဟုတ်ပါဘူး။ အကြောင်းကတော့ လမ်းခုလတ်မှာပဲ ဟိုမရောက် သည်မရောက် ဇကောဇကနဲ့ ..ဖြစ်သွားနိုင်တဲ့ ကာလမျိုး ကြုံကြိုက်နေလို့ပါပဲ။ ..
အထူးပြုမှာလိုတာကတော့ .. ရွေးရခက်နေရင် ပြတ်ပြတ်သားသား တစ်ဖက်ဖက်ကို ရွေးဖို့ အားမထုတ် နေပါနဲ့။ ရွေးရခက်တဲ့အနေအထားမှာပဲ ..ဇကောဇက နဲ့ သဘောမကျတောင် သည်တစ်နှစ်တော့ သီးခံကြဖို့ လိုပါကြောင်း။
(၃) နာမည်အဖျားစာလုံး အင်္ဂါနံ ( စ၊ ဆ၊ ဇ၊ ဈ ၊ ည ) ဖြင့်မှည့်ခေါ်ထားသော သူများအတွက်
ဥပမာအားဖြင့် .. သူသူဇင် ၊ မိမိဆွေ၊ မျိုးဆန်း ၊ ဟိန်းမင်းဇော် ၊ လူမင်းဆက် ..စသည်။
အထက်ပါအမည်ရှင်တွေအဖို့တော့ သည်တစ်နှစ်မှာ …ရုပ်ပိုင်းဆိုင်ရာ တိုးတက်မြင့်မားမှု အခြေအနေ အချို့နဲ့ ကြုံတွေ့ကြရပါမယ်။ အဲဒီ့လိုပဲ ..မိမိတို့ ရဲ့ဘ၀ရည်မှန်းချက်တွေကို အသေးစိတ် စနစ်တစ်ကျနဲ့ ယခင်အခါများထက် ပိုမိုပြီး ..စီမံဆောင်ရွက်နိုင်လာပါမယ်။ မနှစ်ကတုန်းက …ဒီနာမည်ရှင်တွေအဖို့ ..ပြသနာ ထူပြောခြင်း၊ အခက်အခဲများ ၊ ဖိအားပေးခံရမှုများ များပြားခြင်း ရှိခဲ့သမျှ ..ဒီတစ်နှစ်တော့ အမောဖြေချိန်နဲ့ အလားသဏ္ဍန်တူပါတယ်။ ဖရိုဖရဲ ဖြစ်နေသမျှကို ..သေချာသပ်သပ်ရပ်ရပ်ဖြစ်အောင် စီမံဆောင်ရွက်နိုင်မယ့် ကာလမျိုးလို့ပဲ ဆိုကြပါစို့ ။ အခြားအချက်အလက်တွေပါ တိုက်ဆိုင် ညီညွတ် လာသူ အချို့အတွက်ကတော့ ..ဒီကောဇာနှစ်ဟာ ..အတိတ်ကံကုသိုလ်အကျိုးပေး နိုးထလာတဲ့ နှစ်မျိုးပါပဲ။ ရစရာရှိတာတွေရမယ်။ အကျိုးစီးပွားတိုးတက်မှုကြုံမယ် ဆိုတဲ့ ကောဇာခုနှစ်မျိုးပါပဲ။ အဓိက အားဖြင့်တော့ မိမိတို့ရဲ့ဘ၀ရည်မှန်းချက်တွေကို အတိုင်းအတာတစ်ရပ်ထိ …ဆောင်ရွက်ပြီးမြောက်ခွင့် ရရှိနိုင်တဲ့ အချိန်အခါသမယ ပဲ ဖြစ်ပါတယ်။
(၄) နာမည်အဖျားစာလုံးကို (ယ၊လ၊၀) အက္ခရာများဖြင့် မှည့်ခေါ်ထားသော သူများအတွက်
ဥပမာအားဖြင့် ။ ။ ၀င်းဝင်းလွင် ၊ မိုးမြင့်ဝေ ၊ တင်နီလာဝင်း ၊ သောင်းမြင့်ဝင်း ၊ နဒီယွန်း စသော အမည်ရှင်များ။
အထက်ပါ အမည်ရှင်တွေကတော့ ..သည်တစ်နှစ်ထဲမှာ …ဘာသာရေးအားပြုကြဖို့ မလွှဲမသေ လိုပါလိမ့်မယ်။ အတားအဆီးတွေ ၊ အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေ၊ လူမှုရေးပျက်ပြားခြင်းတွေ အများအပြား ..ကျရောက်လာနိုင်တဲ့ကာလဖြစ်နေပါတယ်။ တစ်ခြားဆိုးကိန်းတွေ ရေးမပြလိုတော့ပါ။ ညံ့တယ်။ နီးသလား ဝေးသလား မေးရင် အရမ်းဝေးတယ်။ လွယ်သလား ခက်သလား မေးရင် အရမ်းခက်တယ် ဆိုတဲ့ကာလမျိုးပါ။ ..ဖြစ်နိုင်သမျှ အနားယူခြင်း၊ တရားထိုင်ခြင်း၊ လူသူကင်းဝေးသော နေရာများတွင် ..ဘ၀အစိတ်ပိုင်းများကို ပြန်လည်လေ့လာသုံးသပ်ခြင်းမျိုး ပြုလုပ်သင့်တဲ့အချိန်ပါပဲ။
(၅) နာမည်အဖျားစာလုံးကို ရာဟုနံ (ရ) ဖြင့်မှည့်ခေါ်ထားသူများ အတွက်
ဥပမာအားဖြင့် .. သူရ ၊ ဇော်ရဲ ၊ ပပလင်းရွှေ …စသည်။
စိတ်ပိုင်းဆိုင်ရာမှာ အရမ်းပြင်းထန်လာတတ်တဲ့ နှစ်ပါ။ အရွဲ့တိုက်လိုမှုတွေ ၊ အလွန်အမင်း ကာကွယ် ဖုံးကွယ်လိုမှုတွေ များပြားလာတတ်ချိန်ပါ။ ဘ၀ကို စည်းမဲ့ကမ်းမဲ့ ထင်ရာစိုင်းပစ်လိုစိတ်များပင် ၀င်လာ တတ်ပါတယ်။ အခက်အခဲနဲ့ အညံ့လည်း ရှိတတ်သလို ..ကိုယ်တိုင်က ကံချွတ်ချော်နေပါစေဦး ..သူတစ်ပါးကို ကယ်တင်ပေးလိုတဲ့စိတ်တွေလည်း ထက်သန်လာတတ်ပါသေးတယ်။ ဒီနာမည်ရှင်တွေ ကိုလည်း ဘာသာရေးအားပြုဖို့ အထူးတိုက်တွန်းလိုက်ရပါတယ်။
(၆) နာမည်အဖျားစာလုံး ကြာသာပတေးနံ (ပ၊ဖ၊ဗ၊ဘ၊မ ) ဖြင့် မှည့်ခေါ်ထားသူများ အတွက်
ဥပမာအားဖြင့် ။ ။ ပပ ၊ ကျော်မင်း ၊ လင်းဝေပိုင်၊ ယမင်း ၊ ရွှေမိ ။
အထက်ပါအမည်ရှင်တွေအဖို့ကတော့ ..သည်တစ်နှစ်မှာ ..အားပြိုင်ရတာတွေ၊ တိုက်ခိုက်ရတာတွေ၊ ယှဉ်ပြိုင်ရတာတွေ၊ ဆီးကြိုနေပါတယ်။ ကိုယ်တိုင်ကလည်း အပြိုင်အဆိုင် အနိုင်ကျဲလိုစိတ်တွေ များလာပါမယ်။ ယခင်တုန်းက ခေါင်းငုံပြီးနေတတ်သူတွေတောင် သည်တစ်နှစ်ထဲမှာတော့ မရတော့ပါ။ အားပြိုင်မှုပြုဖို့ ၀န်မလေးတတ်သော ကာလကိုရောက်ရှိနေပါပြီ။ ဒီတစ်နှစ်လုံးမှာ ..ကိုယ့်စိတ်ထဲမှာလည်း အရည်အသွေး ဆိုတာကို ပိုပြီး မက်မော အလေးထားမိလာပါမယ်။ အပ်ကနေ ရေငုပ်သဘောင်္အထိ ..အရည်အသွေး ရှိတာကိုသာ ကိုင်တွယ်အသုံးပြုလိုစိတ် ၀င်လာတတ်သော ကာလမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ပညာရပ်ပိုင်းဆိုင်ရာ အားပြိုင်မှုတွေ ၊ စူးစမ်းမှုတွေ အရမ်းအားကောင်းပြီး ဖွံ့ဖြိုးတိုးတက် နိုင်တဲ့ကာလပါ။
(၇) နာမည်အဖျားစာလုံး သောကြာနံ (သ၊ဟ) ဖြင့်မှည့်ခေါ်ထားသူများ အတွက်
ဥပမာအားဖြင့် ၊ ။ ဖြိုးဝေသွင် ၊ နှင်းယုယုသွယ် ၊ ကျော်မင်းဟိန်း …စသည် ။
အထက်ပါ အမည်ရှင်တွေအဖို့ လက်ရှိကောဇာခုနှစ် ထဲမှာ .. ဘ၀ရည်မှန်းချက်တွေ ပိုမို ခိုင်မာလာပါမယ်။ အနာဂတ် လိုလားချက်တွေ စီမံကိန်းတွေ သေသေချာချာသတ်မှတ်ခွင့် ဖြစ်တည်လာပါမယ်။ လာဘ်ကောင်း စေသော နှစ်မျိုးဖြစ်သလို …အောင်မြင်မှုအသီးအပွင့်တွေကိုလည်း ခံစားရတတ်သော နှစ်ကောင်းနှစ်မြတ် တစ်ခုလို့ ဆိုနိုင်ပါတယ်။
(၈) နာမည်အဖျားစာလုံး စနေနံ (တ၊ထ၊ ဓ၊ ဒ၊ န) ဖြင့်မှည့်ခေါ်ထားသော သူများအတွက်
ဥပမာ ။ ။ မင်းမင်းတိုး ၊ မာဒင် ၊ သင်းသင်းထက် ၊ တိုးနိုင်၊ စိုးမိုးထွန်း ..စသည်။
ဒီနာမည်ရှင်တွေ အဖို့ကတော့ သည်တစ်နှစ်မှာ ..ဖွံဖြိုးတိုးတက်ခြင်း၊ လုပ်ဆောင်နိုင်သော အခန်းကဏ္ဍ များမှာ ယခင်ကာလများထက် ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လာနိုင်ခြင်း ရှိမယ့် ကာလ ဖြစ်ပါတယ်။ နဂိုက ..ဘာပင်စိုက်ထားလဲ ..အဲသည့်စိုက်ထားတဲ့အပင်က သည်တစ်နှစ်မှာ ကောင်းစွာ ဖွံ့ဖြိုးလာပါမယ်။ နောက်တစ်ခုကတော့ …သည်တစ်နှစ်ထဲမှာ ကောင်းတာပဲလုပ်လုပ် ..ဆိုးတာပဲလုပ်လုပ် လူအများသိဖို့ အလွန်လွယ်ကူနေချိန် ဖြစ်ပါတယ်။ ဖုံးဖိထားလို့ မရပါ။ ခေါင်းမြီးခြုံကုလားမလေးတွေလို ..သိုသိုသိပ်သိပ် နေတတ်သူတွေတောင် ..သည်လိုနှစ်မျိုး ရောက်ရှိကြုံကြိုက်လာချိန်မှာ … လူသိသူသိခံရတဲ့ အခြေအနေမျိုးတွေ ရင်ဆိုင်လာရတတ်ပါတယ်။ ပရဟိတနဲ့ ..နာမ်ပိုင်းဆိုင်ရာ နယ်ပယ်တွေမှာ ထင်ရှားအောင်မြင်တတ်ချိန်ဖြစ်ပြီး ၊ အချို့သော သည်နာမည်ရှင်တွေ အဖို့ နယ်ခြား ပယ်ခြား ဒေသများ နဲ့ နိုင်ငံရပ်ခြားဆိုင်ရာ ကောင်းကျိုးများ လည်း ရရှိခံစားရတတ်ပါကြောင်း။ ….
ကဲ…ကျွန်တော်ချစ်တဲ့ ကျွန်တော့်စာဖတ်ပရိသတ်တွေ အတွက် ..ကျွန်တော်တတ်နိုင်တာလေးတော့ အားထုတ် ပေးခဲ့ပါပြီ။ နောက်ထပ် ..နေ့နံတစ်ခုချင်းဆီ အလိုက် ..အသေးစိတ် ထပ်မံပြီး ရေးသား တင်ပြ ပေးပါဦးမယ်။ ယတြာပိုင်းတွေကအစ ဆောင်ရန်/ရှောင်ရန်တွေ အဆုံး အသေးစိတ်ဆိုပါတော့။
တစ်ခုတောင်းပန်လိုတာကတော့ …ဒီနှစ်သစ်မှာ …ယခင်နှစ်များလို …အခမဲ့မေးမြန်းခြင်းများကို အတိုင်းအတာ တစ်ရပ်အထိသာ ကျွန်တော် ဆောင်ရွက်ပေးနိုင်ပါတော့မယ်။ ဒါလေးကို တော့ နားလည် ပေးကြပါ ။ ကျွန်တော်တတ်တဲ့ ပညာနဲ့ ရိုးရိုးသားသား .. အသက်မွေးဝမ်းကြောင်းမှု ပြုနိုင်ဖို့ အတွက်ပါ။ တစ်ခုတော့ ချွင်းချက်ထားပါတယ်။ တစ်ကယ်ငွေကြေးမတတ်နိုင်သူများ ၊ ဘ၀ခရီးမှာ ကြမ်းတမ်းစွာ ဖြတ်သန်းနေရသူများ အတွက်တော့ အချိန်မရွေး ၊ အွန်လိုင်းပေါ်မှာဖြစ်စေ ၊ ပြင်ပ ကျွန်တော် နေထိုင်ရာမှာ ဖြစ်စေ ၊ ဖုန်းနဲ့တစ်ဆင့်ဖြစ်စေ ..မေးမြန်းနိုင်ပါတယ်။ ထုံးစံအတိုင်း ကျွန်တော် ကူညီနိုင်တဲ့ ကဏ္ဍ ဖြစ်နေရင် ကူညီပေးသွားမှာပါ။
တစ်ခုတောင်းပန်လိုတာကတော့ …ဒီနှစ်သစ်မှာ …ယခင်နှစ်များလို …အခမဲ့မေးမြန်းခြင်းများကို အတိုင်းအတာ တစ်ရပ်အထိသာ ကျွန်တော် ဆောင်ရွက်ပေးနိုင်ပါတော့မယ်။ ဒါလေးကို တော့ နားလည် ပေးကြပါ ။ ကျွန်တော်တတ်တဲ့ ပညာနဲ့ ရိုးရိုးသားသား .. အသက်မွေးဝမ်းကြောင်းမှု ပြုနိုင်ဖို့ အတွက်ပါ။ တစ်ခုတော့ ချွင်းချက်ထားပါတယ်။ တစ်ကယ်ငွေကြေးမတတ်နိုင်သူများ ၊ ဘ၀ခရီးမှာ ကြမ်းတမ်းစွာ ဖြတ်သန်းနေရသူများ အတွက်တော့ အချိန်မရွေး ၊ အွန်လိုင်းပေါ်မှာဖြစ်စေ ၊ ပြင်ပ ကျွန်တော် နေထိုင်ရာမှာ ဖြစ်စေ ၊ ဖုန်းနဲ့တစ်ဆင့်ဖြစ်စေ ..မေးမြန်းနိုင်ပါတယ်။ ထုံးစံအတိုင်း ကျွန်တော် ကူညီနိုင်တဲ့ ကဏ္ဍ ဖြစ်နေရင် ကူညီပေးသွားမှာပါ။
အားလုံးပျော်ရွှင်နိုင်သော နှစ်ကောင်းနှစ်မြတ်တစ်ခု ဖြစ်ပါစေ ဆုတောင်းရင်း …..
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
Post a Comment