ဗေဒင်ဆရာ နတ်ဒေ၀ါ

Friday, June 24, 2011

ဘာဖြစ်ချင်သလဲ ပြော


ရှေ့ဖြစ်မှာတွေ ၊ နောက်ဖြစ်မှာတွေ လာမပြောနဲ့ ။ ဘာဖြစ်ချင်သလဲ သာ ပြော ဆိုပဲ ။ ဆရာရန်းက နှစ်ကြိမ် လောက်မက ဖုန်းဆက်ဖြစ်တိုင်း ပြောပြလို့  သိလိုက်ရပါတယ်။ ယတြာလေဒီ ဆိုတဲ့ ဗေဒင်ဆရာမကြီး တစ်ဦး ရဲ့ ခတ်ဟော့ဟော့ ကြော်ငြာ ဆိုပဲ ။ ကြော်ငြာက တယ်ကောင်းပါလား ဆိုပြီး …ကိုယ်တောင် … စိတ်ပါပါ ဖြစ်လာတယ်။ မောင်ဖုန်းလည်း သွားကြည့်ဦးမှ ထင်တယ်။ ဘာဖြစ်ချင်သလဲ သာ ပြော ဆိုတဲ့အတိုင်း ဖြစ်ချင်တာ အကုန် ပြောပစ်ဦးမယ်။ ဟုတ်တယ်ဗျ …. သူ့ကြော်ငြာက လုံးဝသာ သဘာဝ မကျတာ …လူပေါင်းများစွာရဲ့ စိတ်နှလုံးကိုတော့ ဆွဲဆောင်နိုင်မှာ သေချာတယ်။ 


အတွေးစုဗူး (၂)

Sunday, June 19, 2011


ကောဇာ နှင့်  ဒသာ  ဘယ်ဟာက  … ပိုကောင်း

တစ်လောက ဆရာနျူမာန် (မိုးတား) က  ကောဇာ နဲ့ ဒသာ အားပြိုင်မှုများနှင့် စပ်လျဉ်းပြီး လက်ရိုးဗေဒင်လောကရှိ ဆရာကြီးများ၏ ၀ိဝါဒကွဲပြား ယူဆမှုအချို့ကို တင်ပြသွားခဲ့သည်။ ထိုအကြောင်း ဖတ်မိသောအခါ … ကျွန်တော့်မွေးဇာတိ မြို့လေးပေါ်မှ ကိုကိုလက်ရိုး တို့အကြောင်း သတိရမိသည်။ ကိုပြေတိုးဟန် ၊ ကိုသာဂိ ၊ ကိုဝင်းနိုင် စသော သူတို့က  ကောဇာ သမားတွေ။ ကိုရင်လှစိန်၊ ဦးလေး ဦးကျော်သောင်း၊ ကိုဖြိုးသူ  စသော သူတို့ အုပ်စုက  ဒသာ မှ ဒသာ သမားများ ။

ကြာသာပတေးသားသမီး များ အတွက် ၁၃၇၃ ခုနှစ် ကံဇာတာ

Wednesday, June 15, 2011


ကောဇာခုနှစ်ပြောင်းပြီးသည့်နောက်မှာတော့ … ကြာသာပတေးသားသမီးများ မှာလည်း အခြားနေ့နံ သားသမီးများ နည်းတူ ကံဇာတာအပြောင်းအလဲ လေးတွေ ဖြစ်ပေါ်လာပါတယ်။ ယခင်နှစ်တုန်းက ဆိုးနေတဲ့ ကဏ္ဍတွေ ခုတစ်နှစ်မှာ အားပျော့သွားတတ်သလို  ၊ ယခင်နှစ်တုန်းက ကောင်းနေတဲ့ ကဏ္ဍအချို့လည်း ယခုနှစ်မှာတော့ အရှိန်အဟုန် လျော့ပါး သွားတတ်ပါတယ်။ ကောဇာအနေအထားအရ  ကံတရား ရိုက်ခတ်တတ်မှု တွေဟာ လူအများစုနဲ့ ဆိုင်ပေမယ့် ..တစ်ဦးတစ်ယောက်ချင်းဆီမှာလည်း တူညီသော ကျောရိုးပေါ်မှာ မတူညီသော အတိုင်းအဆ ပမာဏ အသီးသီး နဲ့ သက်ရောက်လာစေနိုင် ပါတယ်။ ဖြစ်ပွား လာတတ်သော ကောဇာအနေအထား နဲ့ ကံတရား ရိုက်ခတ်မှုတွေကို မြန်မာ့ရိုးရာ မဟာဘုတ် ဗေဒင်ပညာ နဲ့ တွက်စစ်ပြီး ရေးသားဖော်ပြပေးအပ် ပါကြောင်း။

လူဝင် တော်၏ မတော်၏

Wednesday, June 8, 2011



 

ဆရာ  ..ကျွန်မတို့အိမ်ပေါ်ကို အမျိုးသားရဲ့ မိတ်ဆွေတစ်ယောက် လာပြီး သောင်တင်နေပါတယ် ၊ အဲဒါ သူရောက်ပြီး သိပ်မကြာဘူး ၊ လုပ်ငန်းတွေလည်း ကမောက်ကမတွေ ဖြစ်ဖြစ်လာလို့ပါ ဆရာ ၊ အဲဒါ အ၀င် တော်၏  မတော်၏  သိချင်လို့ပါ


အထက်ပါကဲ့သို့သော မေးခွန်းပေါင်းများစွာ များစွာ အတွက် ကျွန်တော်ဖြေပေးခဲ့ရဖူးပါသည်။ ဖြောင်းဖြ ခဲ့ရဖူးပါသည်။ တရားချခဲ့ရဖူးပါသည်။ သို့သော် မကြာမကြာဆိုသလိုပင် မေးသူများကား ပေါ်လာ နေကြစမြဲ ။  ကြာတော့လည်း ဖြေရတာ မဖြေချင်တော့ပါ။ ယခုကဲ့သို့ ဆောင်းပါးရေး တင်လိုက်ခြင်း အားဖြင့်  … ဒီကိစ္စကို ဖြတ်ရပါတော့သည်။

ရာဟုသားသမီးများအတွက် ၁၃၇၃ခုနှစ် ကံဇာတာ

Friday, June 3, 2011

မြန်မာခုနှစ် ၁၃၇၃ခုနှစ် အတွင်း  ရာဟုသားသမီးများသည်     ……..


ဒီခုနှစ်အတွင်း မှာ ရာဟုသားသမီးများအဖို့  မိမိတို့လိုလားသော အကျိုးစီးပွားကိုရှာဖွေရာမှာ …အပြိုင်အဆိုင် အတိုက်အခံများစွာကြားမှ ရှာဖွေရပါလိမ့်မယ်။ တနည်းအားဖြင့်တော့ ..အလုအယက် အပြိုင်အဆိုင် ၊ အနိုင်ကြဲစနစ် မျိုးနဲ့ အသက်မွေးရတတ်သော ကာလ တစ်ခု ဖြစ်လာပါတယ်။ ပခုံးချင်း ယှဉ်လာမယ့် သူတွေ ၊ ပြိုင်ဘက်တွေ နဲ့ ဆုံဆည်းရတတ်သော အချိန်ပါပဲ။ တစ်ခုပိုခက်တတ်တာကတော့ .. နောက်ကြောဘက်ကနေ (၀ါ) နောက်ကွယ်ကနေ ပြိုင်ဆိုင်ရ ၊ တိုက်ခိုက်ရ တတ်တဲ့ အခြေအနေမျိုး တွေပါ ကြုံလာရတတ်တာပဲ ဖြစ်ပါတယ်။ အလားတူပဲ ယခု ၁၃၇၃ခုနှစ် ဆိုတာဟာ ရာဟုသားသမီးများ အဖို့တော့  ..မိမိတို့အကျိုးစီးပွားကို ပြန်လည်ရယူနိုင်စွမ်း ပြကြရမယ့် နှစ်မျိုး ဖြစ်လာပါလိမ့်မယ်။

 

Posts Comments

©2006-2010 ·TNB