ဆေးရောင်လှလှ ခြယ်ရအောင်

Friday, July 29, 2011

သမီးထွေး ၉လပြည့် အမှတ်တရ …..


ဘာအရောင်ခြယ်ပေးမလဲ။ ဘယ်လိုလှလှပပ ခြယ်ပေးမလဲ။ ဘယ်အရောင်နဲ့ ဘယ်အရောင် စပ်ဟပ်ပြီး တွဲလို့ ခြယ်ရမလဲ။ စဉ်းစားစရာပင် ဖြစ်လေသည်။

မဟာဘုတ်ဗေဒင်သင်တန်း တက်ရောက်လိုသူများသို့

Sunday, July 24, 2011

ဗေဒင်သင်တန်း နှင့် ပတ်သက်သော အချက်အလက်များ

သင်တန်းသားများအတွက် အခြားအသင်းသားမေးလ်ဖြင့် အမြဲ ဝင်ရောက်ဖတ်ရှုနိုင်သော Learning Mahabote ကို တည်ထောင်လိုက်ပြီ ဖြစ်ရာ သင်တန်းမူများ၊ သင်ခန်းစာများ၊ မရှင်းလင်းသည့် အချက်များ ပြန်လည် ဖြေကြားမှု အစရှိသော ကဏ္ဍများ ပါဝင်မည် ဖြစ်သည်။

လက်တွေ့အသုံးချ မဟာဘုတ်ပညာ

Thursday, July 21, 2011

ကြော်ငြာခြင်း      

 

ကျွန်တော်သင်တန်းတစ်ခု စပြီး ပို့ချတော့မယ် လို့  သိသိချင်း  … မွေးရပ်မြေက ဗေဒင်မိတ်ဆွေတွေဆီက ဖုန်းတွေဝင် လာပါတယ်။ ရတနာဒီပံလို့ ကျွန်တော် နောက်ပြောင်ပြီး ခေါ်တဲ့ အစ်ကိုကြီးတစ်ယောက်က … မင်းလောက် ပညာကပ်စေးနည်းတဲ့ကောင် က တစ်ကယ် သင်တန်းဖွင့်ပြီး သင်ပေးတော့မလို့လား  လို့ လည်း ဖုန်းဆက်ပြီး ခနဲ့ပါတော့တယ်။ စီးပွားရေးအရ သိပ်အောင်မြင်နေတဲ့ မိတ်ဆွေတစ်ဦးကတော့ …ကြော်ငြာ ထည့်ဖို့ ပြောပါတယ်။ သူရောင်းတဲ့ ကုန်တွေလို မှတ်နေလား မသိပါ။ ဒါပေသိ သူပြောတဲ့ စကား တစ်ခွန်းကတော့ … ကျွန်တော့်အတွက် ..မှတ်သားစရာဖြစ်ခဲ့ပါတယ်။

ဗုဒ္ဓဟူး သားသမီးများ အတွက် ၁၃၇၃ခုနှစ်

Tuesday, July 19, 2011



ဗုဒ္ဓဟူးသားသမီးများ  နဲ့ ၁၃၇၃ခုနှစ် ကာလ ။ သည်ကာလအချိန်တွေဟာ ဗုဒ္ဓဟူးသားသမီးတွေကို  ထူးခြားတဲ့ အတွေ့အကြုံ / ပတ်ဝန်းကျင် အသစ်အဆန်းတွေနဲ့ ထိတွေ့မိစေနိုင်သော ကာလဖြစ်ပါတယ်။ လုပ်ငန်းနယ်ပယ် …လူမှုရေးနယ်ပယ် စသဖြင့် နယ်ပယ်ရပ်ဝန်းအသီးသီးမှာလည်း …ရှေးကနဲ့မတူ တစ်မူ ထူးခြားသော အနေအထား ကဏ္ဍများ ရရှိလာတတ်ပါတယ်။|

မဟာဘုတ်ကို ဘယ်လိုတွေးမယ်

Sunday, July 17, 2011

မဟာဘုတ် ဘယ်လိုတွက်မလဲ ဆိုတော့ …လွယ်ပါတယ်ဗျာ ခုနှစ်နဲ့စားပြီး တွက်မှာပေါ့ လို့ မဖြေလိုက်ကြပါနဲ့။ ကျွန်တော်ဆိုလိုတာက  မဟာဘုတ်ခွင်တစ်ခု ကို ဘယ်လိုဝေဖန် ကောက်ချက်ချမလဲ ၊ အဖြေရှာ ဟောကိန်းထုတ်ကြမလဲ လို့ ဆိုလိုတာပါ။ တစ်ခြား ဆရာ့ဆရာတွေ ကတော့ ဘာနည်းတွေနဲ့ ဟောကိန်းထုတ်ကြတယ် ကျွန်တော်မသိပါ။ ကျွန်တော်ကတော့ ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့  ရှုမြင် သုံးသပ်မိပါတယ်။

ဗေဒင်သင်တန်းများ ဖွင့်လှစ်ခြင်း

Thursday, July 7, 2011


ဤသင်တန်းသည် မည်သည့် သင်တန်းသားမျိုးကိုမဆို ..မဟာဘုတ်ဗေဒင်နှင့် ပတ်သက်သော အတွေး အမြင်သစ်များ ရရှိစေနိုင်မည် ဟု ယုံကြည်မိပေသည်။ သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ် အချက် အလက်များကို ဆိုဒ်တွင် ထပ်မံ ဖော်ပြပေးမည် ဖြစ်သည်။

 

Posts Comments

©2006-2010 ·TNB