ဗေဒင်သင်တန်းများ ဖွင့်လှစ်ခြင်း

Thursday, July 7, 2011


ဤသင်တန်းသည် မည်သည့် သင်တန်းသားမျိုးကိုမဆို ..မဟာဘုတ်ဗေဒင်နှင့် ပတ်သက်သော အတွေး အမြင်သစ်များ ရရှိစေနိုင်မည် ဟု ယုံကြည်မိပေသည်။ သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ် အချက် အလက်များကို ဆိုဒ်တွင် ထပ်မံ ဖော်ပြပေးမည် ဖြစ်သည်။


အပိုင်း(၁)     မဟာဘုတ်ဗေဒင်ပညာ  အဖွင့်
အပိုင်း(၂)     နာမည်များကို လေ့လာအသုံးပြုနည်း သင်တန်း
အပိုင်း(၃)     အင်္ဂ၀ိဇ္ဇာ ၊ မဟာဘုတ် နှင့် ဂြိုဟ်အိပ် သက်ရောက် အသုံးပြုနည်း သင်တန်း

သင်တန်းအမျိုးအစား သုံးမျိုးတိတိကို ခွဲခြားထားသည်။

အပိုင်း(၁) မဟာဘုတ်ဗေဒင်ပညာ  အဖွင့်

ဤသင်တိုင်း အပိုင်း(၁) တွင်  အခန်း (၇) ခန်း ပါဝင်သည်။

(၁)    မဟာဘုတ် မိတ်ဆက်    
(၂)    မဟာဘုတ် ဗေဒင် တွက်နည်း
(၃)    အခြေခံ  ဗေဒင်ပညာရပ်ဆိုင်ရာ  သိမှတ်ဖွယ်ရာများ

(က)   ဂြိုဟ် နှင့် အက္ခရာ ၊ ဂဏန်းများ
(ခ)     ဓါတ်ကြီးလေးပါး
(ဂ)     စာခြောက်တန်း
(ဃ)   အဌလဂ်ခွင်
(င)    ပရိဝါရ ဝေဖန်ခြင်း
(စ)    ကာရကများ
(ဆ)  ပါပ နှင့် သောမ
(ဇ)    ဂြိုဟ်တို့၏ သဘာဝ အကျဉ်းချုပ်
(ဈ)    အခြားသော သိမှတ်ဖွယ်ရာများ

(၄)    မဟာဘုတ် ဌာနများ

          (က)   အထက် အကောင်း အောက် အဆိုး
(ခ)     ဌာန(၇) ပါး  သဘာဝ 
(ဂ)     မဟာဘုတ် ကသစ်ဂြိုဟ်
(ဃ)    ဌာန နှင့် ဂြိုဟ် ပေါင်းစပ် ဆက်သွယ်ခြင်း

(၅)    မဟာဘုတ် ပက္ခများ
(က) ပက္ခနိဒါန်း
(ခ) ပက္ခမိသော မဟာဘုတ်ဌာနများ
(ဂ) ပက္ခများကို အသုံးပြုတွက်စစ်ခြင်း

(၆)    ကာရကများ  ကို လေ့လာခြင်း

(က)    ကာရကများကို ချဲ့ထွင်အသုံးပြုခြင်း
(ခ)     ကာရကများ မှ ပေးသော ကောင်းကျိုး/ဆိုးကျိုး
(ဂ)     ကာရက နှင့် ယတြာ
(ဃ)    ဂြိုဟ် နှင့် ကာရက
(င)     အနုစိတ် ကာရက ခြောက်ဆယ့်လေးပါး

(၇)     လက်တွေ့တွက်ချက်ဟောဆိုခြင်း

(က)   မဟာဘုတ်ခွင်များ ကို အသုံးပြုနည်း
(ခ)     ဂြိုဟ်များကို ခွဲခြား ဟောဆိုနည်း
(ဂ)     မဟာဘုတ်ခွင် ခုနှစ်မျိုးကို အနှစ်ချုပ် သုံးသပ်ခြင်း
(ဃ)   ပက္ခများကို အသုံးပြု ဟောဆိုခြင်း
(င)    ကာရက နှင့် ပက္ခ တွဲစပ်ဝေဖန်ခြင်း
(စ)    ရောက်ဆဲခုနှစ်အရ  ဖြစ်ပေါ်လာမည့် ကံဇာတာကို စစ်ဆေးတွက်ချက်ခြင်း
(ဆ)   လက်တွေ့ဇာတာများ တွက်စစ်ခြင်း

အပိုင်း(၁) သင်တန်းပို့ချချက်များသည်  ဗေဒင်ပညာကို စတင်လေ့လာသူများ အတွက် အခြေခံအဆင့် ဖြစ်သော အချက်အလက်များကို အဓိကပြု သင်ကြားလမ်းညွှန်ပေးထားခြင်းဖြစ်ပြီး ၊ စာရေးသူ၏ ကိုယ်ပိုင် အယူအဆ အချို့ နှင့် သုံးသပ်ပုံအဆင့်ဆင့်တို့ကို လည်း ထည့်သွင်းပို့ချပေးထား ပေသည်။ သင်တန်းကြေး USD 200$ သတ်မှတ်ထားပြီး၊ Mails  to Mails စနစ် ဖြင့်လည်း သင်ကြားပို့ချပေးမည် ဖြစ်သည်။

မပြည့်စုံသည့်သူများအတွက် သင်တန်းကြေး မသတ်မှတ်ထားပါ။ ပညာကိုအမှန်တစ်ကယ်လိုလားပြီး ၊ သင်တန်းကြေး မပြည့်စုံသည့်သူများအနေဖြင့် စာရေးသူ လက်ရှိနေထိုင်ရာ သို့ လာရောက်ပြီး ၊ သင်ယူ နိုင်သည်။

သင်တန်းကာလ  နှစ်လ (ေယ်ဘုယ် အားဖြင့်) သတ်မှတ်ထားသည်။

ဤ အပိုင်း(၁) သင်တန်းကဏ္ဍ ပြီးဆုံးအောင်သင်ကြားပြီးပါက .. မဟာဘုတ်ဗေဒင်ပညာရပ်ကို   တမူ ထူးခြားသော ရှုထောင့်များမှ တွေးမြင်သုံးသပ်နိုင်စွမ်းရှိလာမည် ဖြစ်ပြီး ၊ သင်တန်းမူများထဲတွင် ..  ပါဝင်သော မဟာဘုတ်ဌာနဖွင့်ဆိုချက်များ ၊ ပက္ခနှင့်  ပတ်သက်သော အယူအဆများ ၊ ကာရကများနှင့် ပတ်သက်သော  အယူအဆသစ်များ အားလုံးသည် ..စာရေးသူ ၏ ကိုယ်ပိုင် အတွေးအမြင်သစ်များကို  ပို့ချ ပေးထားခြင်း  ဖြစ်ခြင်းကြောင့် .. ၊ သင်ယူသူအားလုံးတွင် ..မဟာဘုတ်ဗေဒင်နှင့် ပတ်သက်သော  အမြင်သစ် အတွေးသစ်များ ရရှိမည် ဖြစ်သည်။ ဆက်စပ်တွေးဆပုံတို့ကို ပါ ဥပမာဇာတာများဖြင့် သင်ကြား ပေးမည် ဖြစ်ပြီး ၊ သင်ယူသူ၏  မူလဥာဏ်စွမ်းအလိုက် .. အခြေခံသဘာဝများကို  နားလည် တတ်ကျွမ်း နိုင်မည် ဖြစ်သည်။

အဓိကအားဖြင့် …

ဤသင်တန်းသည် မည်သည့် သင်တန်းသားမျိုးကိုမဆို ..မဟာဘုတ်ဗေဒင်နှင့် ပတ်သက်သော အတွေး အမြင်သစ်များ ရရှိစေနိုင်မည် ဟု ယုံကြည်မိပေသည်။ သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ်  အချက်အလက်များကို ဆိုဒ်တွင် ထပ်မံ ဖော်ပြပေးမည် ဖြစ်သည်။ သင်တန်းနှင့် ပတ်သက်ပြီး စုံစမ်း မေးမြန်း လိုပါက အောက်ပါ ဖုံးနံပါတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း။

01 618469

မြန်မာ့ရိုးရာဗေဒင် www.mahabote.org
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း

 

Post a Comment
 

Posts Comments

©2006-2010 ·TNB