ဆေးရောင်လှလှ ခြယ်ရအောင်

Friday, July 29, 2011

သမီးထွေး ၉လပြည့် အမှတ်တရ …..


ဘာအရောင်ခြယ်ပေးမလဲ။ ဘယ်လိုလှလှပပ ခြယ်ပေးမလဲ။ ဘယ်အရောင်နဲ့ ဘယ်အရောင် စပ်ဟပ်ပြီး တွဲလို့ ခြယ်ရမလဲ။ စဉ်းစားစရာပင် ဖြစ်လေသည်။

ဆေ
းရောင်လလှ ခယ်ရအောင်
 
တနင်္လာသည် အဖြူရောင်ကို အစိုးရ၏။ ကလေးသူငယ်များ ကိုလည်း ကိုယ်စားပြု၏။ ဖြူစင် နုနယ်သော အရောင်စွန်းထင်းလွယ်ကူသော ကလေးသူငယ်များ သည် တနင်္လာဂြိုဟ်၏ နိမိတ်ပုံ များပင် ဖြစ်လေသည်။ မိဘ လူကြီး ဆရာသမား များသည် ထိုအဖြူရောင်တို့ကို အရောင်ခြယ် ပေးသော အဓိက ပုဂ္ဂိုလ်များပင် ဖြစ်ကြပေသည်။    

ဘာအရောင်ခြယ်ပေးမလဲ။ ဘယ်လိုလှလှပပ ခြယ်ပေးမလဲ။ ဘယ်အရောင်နဲ့ ဘယ်အရောင် စပ်ဟပ်ပြီး တွဲလို့ ခြယ်ရမလဲ။ စဉ်းစားစရာပင် ဖြစ်လေသည်။

အခြားတစ်ချက်ကတော့ သူတို့၏ ဗီဇပါ အရောင် နှင့် .. မူလဇာတာပါ အရောင်အသွေး တို့ပဲ ဖြစ်သည်။ အင်္ဂါဂြိုဟ် အားကောင်းသော ကလေးသည် ..အဖြူရောင်မှတစ်ဆင့် အနီရောင်သို့ တစ်ဖြည်းဖြည်း ပြောင်းလဲလာမည်။ တနည်းအားဖြင့် … ထက်မြက်မည်။ စူးစမ်းစိတ် အလွန်များပြီး အရာရာကို ချက်ချင်းတုန့်ပြန့်တတ်သော သဘာဝ  ရှိလာမည်။ ဆန့်ကျင်ဘက်အားဖြင့် ..စနေဂြိုဟ် လွှမ်းမိုးမှု အားကောင်းသော ကလေးသည်… အရာရာ လေးလေးပင်ပင် တုန့်ပြန် တတ်မည်။ ကလေးအရွယ်မှာပင် အရွယ်နှင့်အားလျော်သော ငြင်းဆန်မှု ဖီဆန်မှုတို့ဖြင့်  တုန့်ပြန် တတ်သည်။ ဇီဇာအနဲငယ်ကြောင်ပြီး… ဟိုဟာမစားဘူး၊ ဒါမစားဘူး ဖြစ်လာမည်။ စားနေကြ ကျွေးနေကြ အလေ့အထများအရ သာ ကျွေးလို့ရတတ်သည်။  အရုပ်ဝယ်ပေးလျှင်သော်မှ သေးသေးကွေးကွေး ပိစိလေးတွေကို နှစ်သက်မည်။   လက်ရွေးမည် ။ လူရွေးမည်..စသည်ဖြင့် အရောင်တွေက ကလေးအရွယ်မှာ စပြီး ကွဲပြားလာသည်။

ထိုအရောင်တို့နှင့် ..သူမြင်တွေ့နေရသော လူကြီးမိဘ ပတ်ဝန်းကျင် စသည်တို့မှ ..အသံ ၊ အမြင်အာရုံ၊ ဖြစ်စဉ်ဖြစ်ရပ်များ ..စသည်ဖြင့်တို့မှ ရိုက်ခတ်လာသော အရောင်တွေ ပေါင်းစပ် မိလာသည်။ ဥပမာအားဖြင့် ……

အထက်တွင်ဆိုခဲ့သော အင်္ဂါဂြိုဟ် လွှမ်းမိုးသော ကလေးသူငယ်များ ဆိုပါစို့ ။  ထိုကလေး ၏ အမိအဘ နှစ်ပါး နှင့် ပတ်ဝန်းကျင် အသိုက်အ၀န်းသည် …တည်ငြိမ်အေးဆေးပြီး၊ ပညာစရိုက် လွှမ်းမိုးနေခဲ့ပါက …ယင်းကလေး၏ အနာဂါတ်သည်..လှပသော အရောင်အသွေး ဖြစ်လာမည်။ သူ၏ မူလအရောင် အသွေးနှင့် ပတ်ဝန်းကျင်၏ ကောင်းသော ထပ်မံခြယ်မှုန်းပေးမှု အားဖြင့် …. စစ်ဘက်ဆိုင်ရာ အရာရှိ၊ အလွန်တော်သော သချာင်္ပညာရှင်၊ အင်ဂျင်နီယာ ၊ ထက်မြက်သော ရှေ့ဆောင်ဦးရွက်ပြုနိုင်သူတစ်ဦး ….စသည်ဖြင့် ဧကန်ဖြစ်လာပေမည်

အဲ…..ထိုသို့ အင်္ဂါဂြိုဟ်လွှမ်းမိုးသော ကလေးသူငယ် ၏ အမိအဘ နှစ်ပါး နှင့် ပတ်ဝန်းကျင် အသိုက်အ၀န်းသည် …ရန်ပွဲများ၊ ပြဿနာမျိုးစုံ နှင့် ..ဗရုတ်သုတ်ခအခြေအနေများ၊ ဒေါသစရိုက် ..နှင့် ဒုစရိုက်မှုများ လွှမ်းမိုးနေခဲ့ပါမူ….ယင်းကလေးငယ်၏ အနာဂတ် အရောင်အသွေးမှာ … အမှောင်သွေး အဆင်ဖြင့် …ဖြစ်လာပေတော့မည်။ အရွယ်ရောက်စပြုစဉ်မှာပင် ရန်ပွဲများ၊ လက်လွန် ခြေလွန် ပြဿနာများ၊ ထူပြောလာမည်။ ထို့နောက်တော့………. ကလေးငယ်၏ ရှေ့ရေးသည် အရောင်မလှသော ..အမှောင်ည များစွာဖြင့်သာ ။

တစ်ကယ်တော့ ကျွန်တော်သည် အရောင်မလှသော အမှောင်ညများမှ ကြိုးစားဖောက်ထွက် နေရသူ တစ်ဦးသာ ဖြစ်သည်။ ကျွန်တော်ကိုယ်၌ အရောင်အသွေးမလှပသော ဘ၀ ဖြစ်သည့် တိုင်…ရင်သွေးတို့၏ အနာဂတ်ကိုမူ …ကျွန်တော့်ကဲ့သို့  အကျည်းမတန်စေလို။ ဖြစ်နိုင်သမျှ ဆေးရောင် လှလှ ခြယ်ပေးလိုသည်သာ ။ ..ကျွန်တော့်နည်းတူပင် များစွာသော မိဘတိုင်း သည်လည်း ဆန္ဒဖြစ်ကြမည်ဟု ယုံကြည်မိပေသည်။

နယ်မှာ စာအုပ်အငှားဆိုင် ဖွင့်ခဲ့စဉ်အခါက …တစ်နေ့တွင် အသက်ဆယ့်သုံးလေးနှစ် အရွယ် ကလေးငယ်လေး တစ်ဦး စာအုပ်လာငှားသည်။ စာအုပ်မှတ်ပေးနေစဉ် သူက ……ကျွန်တော့်အား ..အစ်ကိုကြီး ..စားပါဦးလား ဟု ကျွေးသည်။ ဘာလဲ ကြည့်လိုက်တော့ ..ကွမ်းယာထုပ် ဖြစ်နေသည်။ ကျွန်တော်စဉ်းစားလိုက်သည်။ ထို့နောက်…အေး စားမယ် ခဏနေဦး ဟု ပြန်ပြော လိုက်သည်။

ကောင်လေးသည် ..ပါးစပ်တစ်ခုလုံး နီရဲနေအောင် ကွမ်းယာတွေဝါးထားသည်။ သူ့ကိုယ်သူလည်း အတော် မိသည်။ ငါ အရမ်းဟော့သည် အထင်လေးရောက်နေပုံရ၏။ ကျွန်တော်ကွမ်းအမြဲဝါးနေသည်ကို သူတွေ့သဖြင့် ..ကျွန်တော့်ကို ကွမ်းကျွေးခြင်းဖြစ်သည်။ တနည်းအားဖြင့် …သူ့ထက် အသက်ကြီးရင့်အရွယ်ရောက်နေသော ကျွန်တော့်တို့နည်းတူ သူလည်း လူလား မြောက်ပြီ ၊ ဒါမျိုးတွေ( ကွမ်းယာဝါးခြင်း) လည်း လုပ်နိုင်သည် ဖြစ်ကြောင်း ..ပြသလိုခြင်း ဖြစ်သည်။

လာ … ဒီကို ..။
ကောင်လေးကို ဆိုင်အပြင် အ၀ အနီးသို့လက်ယပ်ပြီး ခေါ်လိုက်သည်။ ကောင်လေးက အူကြောင်ကြောင် မျက်နှာလေးဖြင့် လိုက်လာသည်။ ကျွန်တော်က သူမြင်သာအောင် ကျွန်တော့် ပါးစပ်ကို ဖွင့်ပြလိုက်သည်။ အောက်ခြေတွင် … ဟာနေသော ၊ ကျဲနေသော နေရာများကို မြင်အောင် ပြသည်။ အထပ်ထပ်သွားတိုက်သည့်တိုင်အောင်…ချွတ်ရခက်သော ကွမ်းဂျိုးတို့ ကိုလည်း  မြင်အောင်ပြသည်။ သူက လန့်နေသော မျက်နှာနှင့် ကျွန်တော်ကို့ အူကြောင် ကြောင်လေး ကြည့်နေသည်။

ဘယ့်နှယ်တုန်း မြင်ပြီလား။ …ညီလေး..ငါလည်း မင်းအရွယ်ထက်တောင် စောပြီး …ဟောဒီ့ ကွမ်းယာတွေကို ၀ါးလာခဲ့တာပဲ။ ခုတော့ ငါမ၀ါးရကို မနေနိုင်တော့ဘူး။ အစ်ကိုက မ၀ါးရရင် နားထင်ကြောတွေ တင်းလာတယ်။ နောက်…စိတ်တွေတိုလာတယ်။ တစ်ခါတစ်ခါ စိတ်ဓါတ် အရမ်း ကျတယ်..မ၀ါးရရင်။ ဖြတ်လို့လည်း မလွယ်ဘူးဖြစ်နေရတယ်။ သွားတွေကလည်း ကျဲကုန်တယ်။ တစ်ခုခုစားလိုက်တာနဲ့ သွားကြားညှပ်တာက အရင်။ အရမ်းစိတ်ပျက်ဖို့ ကောင်းတယ်ကွာ။ ဒါပေမယ့်  ..ငါ ၀ါးနေတုန်းပဲကွ။ မနေနိုင်လို့ကို ၀ါးနေတာ။ မင်းကော ..အခု မ၀ါးရ မနေနိုင်ဖြစ်နေပြီလား။

ကောင်လေးက လန့်နေသော မျက်နှာနှင့်ပင် ခေါင်းကို သွက်သွက်ရမ်းပြသည်။

သြော် အေးအေး …အစ်ကို့လို ဖြစ်ချင်ရင်တော့ ဆက်ဝါးပေါ့ကွာ။ အစ်ကို့တုန်းက အဲဒီ့လို မသိဘူးကွ။ အစ်ကို့အဘိုးကိုယ်တိုင်က ကွမ်းယာအချို အစိမ့် စပြီး ကျွေးခဲ့တာ။ အဲဒီ့ကနေ ခုချိန်ထိ အစ်ကိုဖြင့် ကွမ်းယာဝါးခြင်း ဆိုတဲ့ ဒုက္ခတစ်ခု ပိုက်မိနေတာပါပဲ။ ကဲကဲ…သွားတော့။

ကောင်လေးသည် သူစီးလာသော စက်ဘီးလေးကို ဒေါက် ခပ်သွက်သွက်ဖြုတ်ပြီး နင်းထွက်သွား တော့၏။ ငှားထားသော စာအုပ်များပင် ယူမသွားတော့ချေ။ နောင်တွင် ထိုကလေး၏ ဖခင် ဖြစ်သူသည် ကျွန်တော့်အား သူ့သားငယ်ကို ဆိုဆုံးမပေးသည့်အတွက် .. အလွန်ကျေးဇူး တင်ကြောင်း အချိန်အတော်ကြာအောင် ..ဆွေးနွေးပြောဆိုသွား၏။ ရိုက်သည့်နှက်သည့်တိုင် ခိုးဝှက်ပြီး စားမြဲစားနေသဖြင့် ..ဒေါသ အင်မတန်ထွက်ရကြောင်း၊ ယခုမူ …ကျွန်တော့်သွားများ ကျဲကုန် အရုပ်ဆိုးကုန်သည်ကို မြင်ရသဖြင့် သူ့ဘာသာသူပင် မစားတော့ကြောင်း…၊ ထို့အတွက် ..အလွန် ကျေးဇူးတင်မိပါကြောင်း ..၊စေတနာကိုလည်း နားလည်မိပါကြောင်း… အက်ကြောင်းများ ထပ်အောင် ပြောပြသွားခဲ့ပါသည်။

အမှန်တော့… ကျွန်တော့်အနေနှင့် မိမိ၏ ခံတွင်းနှင့် သွားချွတ်ယွင်းချက်ကို ..အခြားသူတစ်ဦးကို ပြသရန် ရှက်ရွံမိပါသည်။ ယခုဆောင်းပါးအဖြစ် ယင်းကိစ္စကို ပြန်လည်ရေးသား ဖော်ပြရချိန်ထိတိုင်အောင်… ကျွန်တော်၏ ချွတ်ယွင်းချက်အတွက် သိမ်ငယ်ရှက်ရွံ့စိတ် အနဲငယ်ဖြစ်မိပါသည်။ သို့သော် ..ယခုကိစ္စ တွင်မူ တစ်ထိုင်တည်းနှင့် ကိစ္စ အပြတ်ဖြတ်ရန် စဉ်းစားမိသဖြင့် ..ထိုကလေးကို ယခုကဲ့သို့ ဥပမာဖြင့် သွန်သင်လိုက်ရခြင်း ဖြစ်လေသည်။ တနည်းအားဖြင့်  .. ကျွန်တော့်တွင် စွန်းထင်နေသော အရောင်ဆိုး အချို့ကို ထိုကလေးတွင် နောင်သောအခါ စွန်းမည်စိုးသောကြောင့်ပါပေ။

ကလေးသူငယ် လူငယ်လူရွယ်တို့ဟူသည်မှာ အရောင်စွန်းထင်းရန် လွယ်ကူလွန်းလှသော အဖြူရောင်လေးများ ဖြစ်ကြ၏။ ထိုအရောင်လေးတို့ကို သူတို့၏ ပတ်ဝန်းကျင်မှ အရောင်ထပ်မံ ခြယ်မှုန်း ပေးနေကြ၏။ မိတ်ဆွေ………. သင့်အရောင်တွေ က မလှပရင်…အဖြူရောင်လေးတွေကို မစွန်း သွားပါစေနဲ့။  အထူးသဖြင့် မလှပတဲ့ သင့်အရောင်တွေကို ကလေးငယ်တွေက လှတယ်လို့ အထင်မရောက် သွားပါစေနဲ့။ အမှန်တစ်ကယ် အရုပ်ဆိုးအကျည်းတန်ကြောင်း သူတို့သိအောင် ပြောပြ ပေးဖို့ သတိရပါစေ။

ဘာပဲ လုပ်လုပ်ပါ ……
သတိတစ်ကယ်ထားတတ်မယ် ဆိုရင်ဖြင့် ……….
သူ့အနီးနားမှာ ….အဖြူရောင်လေးတွေ …………………………………
ကိုယ့်အနီးနားမှာ … အဖြူရောင်လေးတွေ……………………………………………. ။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း

Post a Comment
 

Posts Comments

©2006-2010 ·TNB