နွေ လာ င်္ဂါ ရဲ့ ကံဇာတာ

Tuesday, August 30, 2011



နှစ်တစ်ဝက်ကျိုးခါနီးပါမှ …. ကျန်ရှိနေသေးသော နေ့နံသုံးမျိုးရဲ့ ကံဇာတာအနေအထားကို တင်ပြ ပေးလိုက်ရပါတယ်။ အမှန်ပြောရရင်တော့ …. ရေးလိုစိတ် ..ခမ်းခြောက်လာလို့ပါ။ တစ်ခြားဆောင်းပါး တွေထက် လူအများစုကလည်း ဟောကိန်းတွေဆို ပိုစိတ်ဝင်စားကြပါတယ်။ ဟောကိန်းတွေ တင်လိုက်တဲ့ နေ့ဆို … ဆိုဒ်မှာ စာဝင်ဖတ်တဲ့လူဝင်နှုန်းက နှစ်ဆလောက် မြင့်တက်သွားတာကို မြင်ရတိုင်း ဖီလင် ငုပ်မိ တာလည်း အမှန်ပါ။


လူအများစု အနေနဲ့ ဆူလွယ်နပ်လွယ် ရယ်ဒီမိတ်လုပ်ပေးထားတာကို အတော်ပဲ သဘောကျကြ တာကို တွေ့ရပါတယ်။ အမှန်အတိုင်း ဆိုရရင်တော့  အချိန်ကန့်သတ်ထားတဲ့ကာလ ဆိုင်ရာ ဟောကိန်းတွေကို ကျွန်တော် ဆောင်းပါးအဖြစ် မရေးသားလိုပါ။ စာလာဖတ်ကြသူအချို့က တောင်းဆိုကြတာကြောင့် ရေးဖြစ်သွားခဲ့ပါတယ်။ ရေးလက်စရှိပြန်တော့ ဆက်မရေးလို့ကလည်း မရတော့ပြန်ပါဘူး။  

တစ်ကယ့်တစ်ကယ် က  ကိုယ်တိုင် အတန်အသင့်လေ့လာ အားထုတ်မှုပြုထားပြီး မိမိဘ၀ရှေ့ရေးမှာ အသုံးပြုနိုင်အောင် ကြိုးစား အားထုတ်တာကသာ လမ်းအမှန်ပါ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ … ဘ၀အရေး ကြိုးပမ်းနေကြရင်း ကိုယ်တိုင်ကလည်း မလေ့လာအား ၊ မလိုက်စားနိုင် ကြလို့ ..မိမိတို့ ကံဇာတာ အနေအထားကို ပါးပါးလေးလောက်ပဲဖြစ်ဖြစ် ..ဖတ်ရှုလိုကြတဲ့စာဖတ်ပရိသတ်အတွက် … ဒီနောက်ဆုံး ဟောကိန်းဆောင်းပါးကို ရေးသားပေးလိုက်ရပါတော့တယ်။

၁၃၇၃ခုနှစ် အတွင်း တနင်္ဂနွေ ၊ တနင်္လာ၊ အင်္ဂါ သားသမီးတို့၏ ကံဇာတာ အနေအထားများ

နေရေးထိုင်ရေး အ၀၀

နေရေးထိုင်ရေးကဏ္ဍများမှာ … အထက်ပါနေ့နံသုံးမျိုးမှာ … တနင်္လာသားသမီးများအဖို့ အားသာမှု အရှိဆုံးပါပဲ။ essential အဖြစ်ဆုံး အဓိကနေရာမျိုးတွေ ရနိုင်သော ကံဇာတာမျိုး ကြုံကြိုက်ရတတ်သလို ၊ နေရာပေးခံရတာ၊ ထောက်ခံအားပေးမယ့်သူပေါများတာ ၊ အရေးပါအရာရောက်သော ပုဂ္ဂိုလ်များရဲ့ ထောက်ခံ အားပေးမှု ကြုံရတာမျိုး ဖြစ်ပွားမယ့် ကာလပါပဲ။

တနင်္လာတွေ …နေရေးထိုင်ရေးကဏ္ဍ အားအကောင်းဆုံးကာလဖြစ်သလောက် တနင်္ဂနွေတွေ ကတော့ …စပယ်ရှယ်ကို နေရေးထိုင်ရေးကဏ္ဍတွေမှာ အားနဲနိုင်သော အချိန်ဖြစ်ပါတယ်။ နေရာပျောက်တာ။ နေရာလုခံရတာ။ နေရာဆုံးရှုံးရတာ၊ နေစရာကိုမရှိတာ။ မနေနိုင်မထိုင်နိုင် ဂဏှာမငြိမ် သလို ပိုမိုဖြစ်ရတာ ဟောဒီ့မြန်မာခုနှစ် မျိုးပါပဲ။ ကိုယ်လုပ်သမျှကို ထောက်ခံအားပေးမယ့်သူတွေလည်း အရင်လောက် မရှိတော့ပဲ …ဖြစ်နေတတ်ပါတယ်။

အလားတူပဲ အင်္ဂါသားသမီးတွေအဖို့လည်း နေရေးထိုင်ရေးဆိုင်ရာ ကဏ္ဍများမှာ အညံ့ကြုံရတတ်သော ကာလ ဖြစ်ပါတယ်။ တည်ငြိမ်မှုမရှိခြင်း၊ နေထိုင်ရေးဆိုင်ရာ အခက်အခဲများ ရင်ဆိုင်ဖြေရှင်းရတတ်ခြင်း၊ မိမိတို့ နေရာထိုင်ခင်း သို့တည်းမဟုတ် နေရာဌာနကို အထက်လူကြီးများ ၊မင်းအစိုးရများက မကြည်ဖြူ တတ်ခြင်းမျိုး ကြုံကြိုက်ရတတ်သော ကာလဖြစ်ပါတယ်။

မေတ္တာရေးရာ အဖြာဖြာ

မေတ္တာရေးရာကဏ္ဍမှာ  တနင်္ဂနွေသားသမီးတွေအဖို့ ကံအားသာချိန်ဖြစ်ပြီး၊ တနင်္လာနဲ့ အင်္ဂါသားသမီးများ အဖို့တော့ …ကံအားနဲချိန်ပါပဲ။ အထူးသဖြင့် တနင်္လာသားသမီးများ မေတ္တာရေးရာ ရှုပ်ထွေးမှုတွေ အဖြစ်ပွားတတ်ဆုံးကာလ ဖြစ်ပါတယ်။

တနင်္လာသားသမီးများအဖို့  …နဂိုကများ ပွေခဲ့ရှုပ်ခဲ့မိရင် ဒီတစ်နှစ်မှာ ဘာကိုမှ ဖုံးဖိထားလို့မရတော့ပါ။ နောက်ကြောင်း မရှင်းလေလေ သည်တစ်နှစ်အဖို့ ရှုပ်ထွေးမှုတွေများများ ရင်ဆိုင်ရလေလေပါပဲ။

အလုပ်အကိုင် အသက်မွေးမှု အနေအထား

တနင်္ဂနွေသားသမီးတွေအဖို့ … သင်တန်းများတက်ရောက်ရခြင်း၊ အသင်းအဖွဲ့ဆိုင်ရာကဏ္ဍများ ဆောင်ရွက်လုပ်ကိုင်ရခြင်း၊ ကြုံရတတ်သော ကာလဖြစ်သလို၊ အခွင့်အလမ်းနှစ်ခု နှစ်ခွ ပေါ်ပေါက် လာတတ်သော ကာလဖြစ်ပါတယ်။ အထက်အရာရှိ အကြီးအကဲများနဲ့ မထင်မှတ်ပဲ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်ရတာမျိုး ကြုံတွေ့နိုင်သော ကာလမျိုးလည်းဖြစ်ပါတယ်။ အထူးသဖြင့် ..အသက်မွေးမှု အနေအထားမှာ အပြောင်းအလဲတွေ ကြုံရတတ်ချိန်မို့ ဂရုပြုစရာကာလ ဖြစ်ပါတယ်။

တနင်္လာသားသမီးများအနေနဲ့ အသက်မွေးမှုအနေအထား မှာ အကျိုးပေးချိန်ဖြစ်ပါတယ်။ သို့စဉ်သည့် တိုင်အောင် ….ကိုယ်မယူချင်တဲ့တာဝန်တွေ၊ ကိုယ်နဲ့မဆိုင်တဲ့တာဝန်တွေ ပါ ၀င်ထမ်းပေးရတတ်ပြီး၊ မငြင်းနိုင်လို့ လက်ခံလိုက်ရတဲ့ တာဝန်မျိုးတွေ ထမ်းရတတ်သော အချိန်ကာလပါပဲ။ ငြီးငွေ့မှုတွေ၊ မနှစ်သက်စရာတွေ ကြုံလာရတတ်သော ကာလမျိုးမှာ အလုပ်အကိုင်နဲ့အသက်မွေးမှုမှာလည်း … အဆိုပါ အချင်းအရာတွေ ရိုက်ခတ်လာတတ်ပါတယ်။ အလုပ်ကောင်းကောင်း လုပ်ခွင့်ရပါစေဦး မပျော်ပိုက် ရတတ်သော ကာလပါ။

အင်္ဂါသားသမီးများအဖို့တော့ … အလုပ်အကိုင်အသက်မွေးမှုနဲ့ နေရေးထိုင်ရေး၊ နေရာထိုင်ခင်း၊ လုပ်ငန်း နေရာဌာန စသည်တို့  ဆန့်ကျင့်ဘက်အနေအထားမျိုးဖြစ်လာခြင်း ကြုံရတတ်ချိန်ပါ။ အလုပ် အဆင်ပြေရင် နေရေးထိုင်ရေးကဏ္ဍ အားမှိန်လာတတ်သလို၊ နေရေးထိုင်ရေး အဆင်ပြေပြန်တော့လည်း အလုပ်အကိုင် ညှိးမှိန် အားနည်းရခြင်းမျိုး ပေါ်ပေါက်လာတတ်သော ကာလမျိုး ဖြစ်နေပါတယ်။

ကျန်းမာရေးရာ ကဏ္ဍ

တနင်္ဂနွေသားသမီးများအဖို့ ရေနဲ့နီးစပ်သော နေရာများမှာ အပန်းဖြေခြင်းအားဖြင့် ကျန်းမာရေးတိုးတက်မှု ရရှိနိုင်သော ကာလဖြစ်ပါတယ်။ စနေနေ့များမှာ နာမကျန်းမှု စတင်ဖြစ်ပွားရန် လွယ်ကူတတ်တာမို့ သတိပြုရပါမယ်။

တနင်္လာသားသမီးများအဖို့တော့ … ကျန်းမာရေး အခြေအနေ သင့်တင့်သော ကာလဖြစ်ပါတယ်။ သောကြာနေ့များဟာ ကျန်းမာရေးကို အားနည်းစေတတ်ပါတယ်။

အင်္ဂါသားသမီးများအဖို့ …ကျန်းမာရေး ကျဆင်းလွယ်သော ကာလဖြစ်ပြီး၊ ကြာသာပတေးနေ့များကို သတိပြု နေထိုင်သင့်လှပါတယ်။

အနှစ်ချုပ်သုံးသပ်အကြံပြုချက်။                         တနင်္ဂနွေသားသမီးများ အနေနဲ့ လက်ရှိ မြန်မာခုနှစ် ၁၃၇၃ခုနှစ်အတွင်းမှာ …အထက်လူကြီး အကြီးအကဲများ ၊ မင်းအစိုးရများနဲ့ အဆင်ပြေအောင် နေထိုင်သင့်တဲ့ကာလမို့ ….တင်ကြိုသတိချပ်ပြီး ဆင်ခြင်မှ တော်ရုံကြပါမယ်။ တနင်္လာသားသမီးတွေ ကတော့ မပျော်သာတဲ့ ကာလမှာ အပျော်မရှာပဲ နေနိုင်အောင် ထိမ်းပါမှ …သက်သာပါမယ်။ ငြီးငွေ့ပျင်းရိစရာ ကောင်းသည့်တိုင်အောင် ..သီးခံဖြတ်သန်းကြရပါလိမ့်မယ်။ အင်္ဂါသားသမီးများ အဖို့တော့ …ကံဇာတာက ကောင်းသလိုလို …. ကောင်းသလိုလို နဲ့ တစ်ချက်တစ်ချက် စီယာတိုင်ကွေ့ပြီး အဆိုးဘက်ကို ရောက်သွားတတ်ချိန်ပါ။ ရှာသမျှ အကျိုးစီးပွားကလည်း ခါတိုင်းလို လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ဖြစ်ဖို့ မလွယ်ကူတတ်ပါ။ ဒီနေ့နံ သုံးမျိုးမှာ ….တနင်္လာဟာ ကံအား အနဲနိုင်ဆုံးဖြစ်ပြီး တစ်နှစ်လုံး အနက်ရောင်တွေကို ရှောင်ရှားအသုံးပြုဖို့ အကြုံပြုလိုက်ရပါတယ်။ ကံအားအသာနိုင်ဆုံး ကတော့ တနင်္ဂနွေသားသမီးများပဲ ဖြစ်ပြီး ၊ အနာဂတ်အောင်မြင်ရေးအတွက် ရှေ့တိုးလုပ်ဆောင်မှု အချို့ကို အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိနိုင်သော ကာလတစ်ခု လည်း ဖြစ်ပါကြောင်း။

အားလုံးပဲ ချမ်းမြေ့ကြပါစေ။

သုတေသီဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)


Post a Comment
 

Posts Comments

©2006-2010 ·TNB