လှုပ်ခါမှု ခံရသော ဂြိုဟ်များ

Tuesday, September 27, 2011

မဟာဘုတ် ဗေဒင်ပညာ စာစု(၂)




စာစု(၁)  မှာ … ကသစ်ဂြိုဟ်များ နဲ့ ပက္ခအကြောင်း နိဒါန်းပျိုး ခဲ့ပြီးဖြစ်ပါတယ်။ ကသစ်ဂြိုဟ်များ ဟာ မဟာဘုတ် ဗေဒင်ပညာမှာ အင်မတန် အရေးပါ အရာရောက်ပါတယ်။ ခက်တာတစ်ခုက အရေး ဘယ်လောက် ပါတယ်ဆိုတာကို ဆိုင်ရာဌာနရဲ့ သဘာဝအမှန်ကို နားလည် သဘောပေါက် ထားမှ သာလျှင် ပိုမိုသိမြင်နိုင်ခြင်းပဲဖြစ်ပါတယ်။ ဥပမာ အားဖြင့် ဘင်္ဂဌာန ဆိုပါစို့ ဘင်္ဂဌာနရဲ့ သဘာဝကို ထဲထဲဝင်ဝင် သိမြင်ထားပါမှ ဆိုင်ရာဌာနရဲ့ အာနိသင်နဲ့ ကသစ်ဂြိုဟ်တွေရဲ့ ဆက်နွယ်မှု ၊ အာနိသင် ပြုတတ်မှု တို့ကို ပိုမိုသိမြင်နားလည် နိုင်မှာဖြစ်ပါတယ်။


အချစ်များစွာဖြင့် … သင်၏ ဘမောင်

Thursday, September 15, 2011



(၁)

နံနက်ခင်း အတွက် နှိုးစက်မလိုဘဲ ..ဘမောင် နိုးလာပါသည်။ သည်အချိန်ဆို သူ့ အလိုလို နိုးထနေကြ။ အိပ်ယာဘေးနားတွင် ထောင်ထားသော ၀ါးတံ ကို လှမ်းယူလိုက်ပြီး၊ ပြတင်းတံခါးများကို ချက်ဖြုတ်ကာ ကဲလား ထောက်လိုက်သည်။ ပြတင်းတံခါးကို တွန်းမ လှပ်လိုက်စဉ်မှာပင် နှင်းဆီရနံ့တို့က နှာဖျားမှသည် ရင်ဝဆီထိတိုင် လှိုက်၍ စိမ့်ဝင်စီးဆင်းလာ၏။

မြစ်ဝါမြစ်ထဲက နဂါး ၊ ဧရာဝတီမြစ်ကမ်းပေါ်က ကျား

Monday, September 12, 2011


ဒီအကြောင်းစရေးတော့  ကျွန်တော် ကိုယ့်ကိုယ်ကို  ပြုံးမိပါသေးတယ်။ တစ်ကယ်တော့ ကျွန်တော် နက္ခတ်ဗေဒင်သမားတစ်ယောက်မဟုတ်သလို … တတ်ကျွမ်းကျင်လည်သူတစ်ဦးလည်း မဟုတ်။ သို့သော် နက္ခတ်ဗေဒင် စာအုပ်ပေါင်းများစွာကိုတော့ အလွန်ဖတ်လေ့ရှိပြီး ပျော်မွေ့နေတတ်သူ ဖြစ်သည်။ နယ်မှာ နေစဉ်ကလည်း  ..ပေါင်းသင်းခဲ့ရသမျှက နက္ခတ်ဗေဒင်သမားတွေသာ များခဲ့သည်။ အလွန် ငြင်းကြ ခုန်ကြသည့် သူတွေ ပဲ ဖြစ်သည်။ အချင်းချင်း စိတ်ဆိုးကုန်ကြသည်အထိ အယူအဆများ ငြင်းခုန်ကြ ၊ တစ်ဦးနှင့် တစ်ဦး ..တိုက်ခိုက်ကြ မကြာမကြာ ဖြစ်ကြသည့် သူများပင်။

လာမပြောနဲ့ဟေ့ … ငါ့သဘောနဲ့ ငါ … အပျိုကြီး

Tuesday, September 6, 2011



ကျားသစ္စာ

တစ်ကယ်တော့  .. အပျိုကြီး တစ်ပိုင်းဖြစ်လို့ …ဟိုင်းစစ အရွယ် မှာ မိန်းကလေးတို့ရဲ့ ပူပန်မှုက ငယ်ထိပ် ရောက်အောင် တစ်ချက်တစ်ချက် ဆောင့်ဆောင့် တက်လာတတ်ပါတယ်။ အထူးသဖြင့် ကိုယ့်အနီး ပတ်ဝန်းကျင်မှာ ကိုယ့်ထက်အသက်ငယ်သူအချို့ အခါတော်ပေး နတ်ရေးငယ်ရွှေစာ လုပ်သွားကြတာမျိုး မြင်လိုက်ရ ကြုံလိုက်ရတိုင်းမှာ …လက်ရှိရည်းစားကိုပဲ ထုထောင်းချင် လာသလိုလို ၊ ခါတိုင်းထက် ပိုပြီးပဲ  ရှိုးထုတ်ချင်လာသလိုလို ဖြစ်လာတတ်ပါတယ်။ အဲဒါမျိုးကြုံရတဲ့ ရက်ပိုင်းတွေမှာ မသိမသာ စိတ်က တိုချင် နေတတ်ပါတယ်။

 

Posts Comments

©2006-2010 ·TNB