နိုင်ငံရေးဗေဒင် စာစု (၂)

Sunday, November 27, 2011


သံလျက်ပိုင်ရှင်တို့၏ အမည်များ 
အခန်း(၁)   ရှေးဘုန်းရှေးကံ


နိုင်ငံအုပ်ချုပ် မင်းလုပ်ခွင့်ရတဲ့ …ကံ ဆိုတာ အင်မတန် ဘုန်းသမ္ဘာနဲ့ ပြည့်စုံညီညွတ်မှ  ရနိုင်အပ်သော ကံတစ်မျိုးပါ။ လူတိုင်း ဖြစ်ခွင့်ရချင်သလောက် …လူတိုင်းဖြစ်ခွင့်မရှိတဲ့ ကံလို့လည်း ဆိုနိုင်ပါတယ်။ မင်းကောင်းမင်းမြတ်ပဲ ဖြစ်ဖြစ် ၊ မင်းဆိုးမင်းညစ်ပဲ ဖြစ်ဖြစ် ၊ အသောက မင်းတရားကြီးပဲ ဖြစ်ဖြစ် ၊ ဆက်ဒန်ဟူစိန်ပဲ ဖြစ်ဖြစ် …..မင်းအဖြစ်ကို ရရှိစေဖို့အတွက် ..ရှေးကပြုဖူးသော ထူးမြတ်ထက်မြက်သော အတိတ် ကုသိုလ်ကံမျိုး ၊ ဘုန်းသမ္ဘာမျိုး ပါလာပြီး ဖြစ်ပါတယ်။ လူတိုင်း လိုချင်လို့ ၊ ဖြစ်ချင်လို့ လွယ်လွယ် ရအပ်သော အရာမျိုးလည်း မဟုတ်ပါ။

အထွန်းမှာ ရပ်တဲ့ နေသူရိန်

Saturday, November 19, 2011


စာရေးသူ နယ်မှာနေစဉ်အခါက  တပည့်ဖြစ်သူ အချို့ ရှိပါသည်။ ထိုသူတို့အထဲတွင် မောင်သက်ဦး ဆိုသော ကလေးသည် ပညာကို အလွန် ရိုရိုသေသေဖြင့် လေ့လာလိုက်စားသည့်သူ ဖြစ်သည်။ ကျွန်တော်က ခေါ်ခွင့်မပြုသဖြင့် ဆရာဟု သူမခေါ်သည့်တိုင်အောင် ..သူသည်ကျွန်တော့်ထံတွင် တပည့် ကောင်း တစ်ဦးပမာ သင်ယူသွားခဲ့သူဖြစ်သည်။

နိုင်ငံရေးဗေဒင်

Tuesday, November 15, 2011


စာစု(၁)

နိုင်ငံရေးဗေဒင် ဆိုလို့ ဆရာဖုန်းတော့ နိုင်ငံရေးဘက် ခြေဦးလှည့်သွားပြီ မထင်လိုက်ကြပါနဲ့။  တစ်ကယ်ကို နိုင်ငံရေး အသိအမြင် အားနည်းသူမို့ …. အတွေးနဲ့တောင် နိုင်ငံရေးမှာ မလိမ္မာ ပါ။ ဒီဆောင်းပါးမှာ ကျွန်တော် အဓိက ပြောချင်တာက  နိုင်ငံရေးဗေဒင်ပညာ နဲ့ စပ်လျဉ်းပြီး ပြောချင်တာလေးတစ်ခုပါ။ နိုင်ငံရေး ဗေဒင်ကို လက်ရိုး နက္ခတ်ပညာမှာ တွက်စစ်ယူသော နည်းတွေ ရှိကြပါတယ်။ နိုင်ငံရဲ့ ဇာတာ၊ နိုင်ငံခေါင်းဆောင်တွေရဲ့ဇာတာ၊ ကောဇာဇာတာ နဲ့ ကောင်းကင်ဂြိုဟ်သွား အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး  …နိုင်ငံရေး ဟောကိန်းတွေ ထုတ်လေ့ရှိကြတာကို တွေ့ရပါတယ်။

ကြယ်ပွင့်များရဲ့ ကံဇာတာ

Friday, November 4, 2011




ကြယ်ပွင့်များ ဟူသည်ကတော့ … အနုပညာလောက ၊ ဖလင်လောကမှ …အနုပညာသည်တို့ကို သည်နေရာမှာ ရည်ညွှန်းပါ၏။ တစ်နေ့သော အခါက .. နယ်မှ အသိဟောင်း ဗေဒင်ပညာရှင် တစ်ဦးနှင့် ဖုန်းတော်တော်ကြာ ပြောဖြစ်ခဲ့သည် ။ သူသည် အမေးသန်သူဖြစ်သလို … ခရေစေ့ တွင်းကျ လည်း ရှာရှာဖွေဖွေ တွေးတတ်မေးတတ်သူလည်း ဖြစ်သည်။ အဲသည်ကနေပြီး …ရုပ်ရှင် ဖလင် လောက အကြောင်း ဆက်မိလာသည်။ သူမေးသော မေးခွန်းတစ်ခု ကို ပြန်ပြောပြပါမည်။

 

Posts Comments

©2006-2010 ·TNB