စာစု(၁)
နိုင်ငံရေးဗေဒင် ဆိုလို့ ဆရာဖုန်းတော့ နိုင်ငံရေးဘက် ခြေဦးလှည့်သွားပြီ မထင်လိုက်ကြပါနဲ့။ တစ်ကယ်ကို နိုင်ငံရေး အသိအမြင် အားနည်းသူမို့ …. အတွေးနဲ့တောင် နိုင်ငံရေးမှာ မလိမ္မာ ပါ။ ဒီဆောင်းပါးမှာ ကျွန်တော် အဓိက ပြောချင်တာက နိုင်ငံရေးဗေဒင်ပညာ နဲ့ စပ်လျဉ်းပြီး ပြောချင်တာလေးတစ်ခုပါ။ နိုင်ငံရေး ဗေဒင်ကို လက်ရိုး နက္ခတ်ပညာမှာ တွက်စစ်ယူသော နည်းတွေ ရှိကြပါတယ်။ နိုင်ငံရဲ့ ဇာတာ၊ နိုင်ငံခေါင်းဆောင်တွေရဲ့ဇာတာ၊ ကောဇာဇာတာ နဲ့ ကောင်းကင်ဂြိုဟ်သွား အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး …နိုင်ငံရေး ဟောကိန်းတွေ ထုတ်လေ့ရှိကြတာကို တွေ့ရပါတယ်။
ကျွန်တော်တွေးမိတာတစ်ခုက နိုင်ငံရေးဗေဒင် ဟောကိန်းတွေကို အမှန်တစ်ကယ် မှန်ကန်အောင် ထုတ်နိုင်ဖို့အတွက် ဆိုတာ…ဗေဒင်ပညာရပ်ပိုင်းဆိုင်ရာ အတွေးအမြင်တွေ အပြင် .. နိုင်ငံရေး ဆိုင်ရာ အသိအမြင် ဗဟုသုတတွေပါ အားလုံးပြည့်စုံ ညီညွတ်နေမှသာ ပြောင်မြောက်တဲ့ဟောကိန်းတွေ ထုတ်နိုင် လိမ့်မယ် လို့ တွေးမိပါတယ်။ ကျွန်တော်တို့လို သာမန် ဗေဒင်ပညာတစ်ခုထဲကိုသာ သိမြင်တတ်ကျွမ်း နေသူများ အဖို့တော့ မလွယ်ကူပါ။
ဥပမာအားဖြင့် .. နိုင်ငံဇာတာအရ .. တနင်္ဂနွေဂြိုဟ်က အစိုးရသော ..အခြားနိုင်ငံတစ်ခုခုနဲ့ … သံတမန်ရေး အရ ကောင်းသော ဆက်သွယ်မှုဖြစ်ပွားခြင်း၊ သို့တည်းမဟုတ် နိုင်ငံရပ်ခြားဆိုင်ရာ ကုန်စည်ဖလှယ်မှု တစ်ခုခု ပြုလုပ်နိုင်ခြင်းမျိုး ဖြစ်တော့မယ် ထား၊ ဘယ်နိုင်ငံနဲ့ အဆိုပါဆက်သွယ်မှုမျိုး တစ်ကယ် လုပ်ဖြစ် နိုင်မလဲ ဆိုတာ နိုင်ငံရေးဆိုင်ရာ အသိအမြင်တွေ ပြည့်စုံမှသာ အမှန်တစ်ကယ် ဆုံးဖြတ်နိုင် ပါလိမ့်မယ်။ အဲဒီ့လို ဆက်သွယ်လုပ်ကိုင်ခြင်းဖြင့် နောင်အရှည်သဖြင့် ရနိုင်သော ကောင်းကျိုးဆိုးပြစ် ဆိုတာတွေ ကိုလည်း ..နိုင်ငံရေးအသိအမြင် ကြွယ်ဝနေမှသာ ပိုမိုမှန်ကန်အောင် ကြိုတင်တွေးတော ဆုံးဖြတ် နိုင်စွမ်း ရှိပါမယ်။ သာမန်အားဖြင့် ကတော့ … ဗေဒင်ရှုထောင့်အရ အပေါ်ယံအတိုင်းအတာ မျှသာ ကောက်ချက် ချနိုင်မှာပါ။
ဒါကြောင့် နိုင်ငံရေးဗေဒင် ဆိုတာကို တိတိကျကျခိုင်ခိုင်မာမာ ဟောပြောနိုင်ဖို့အတွက် ဗေဒင်ကျမ်းဂန် ကိုသာမက နိုင်ငံရေးရာ ဗဟုသုတ လည်း ပြည့်စုံကြွယ်ဝ ဖို့ လိုအပ်လှပါတယ်။
တစ်ခါက စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခု ပိုင်ရှင်ဖြစ်သူက စကားစမြည် စပ်မိရာကနေ နိုင်ငံရေးနဲ့ စပ်လျဉ်းပြီး ဗေဒင်ပညာအရ ရှုထောင့်အမြင်ကို မေးပါတယ်။ ကျွန်တော်က အနည်းငယ် ပြောပြပြီး ၊ နိုင်ငံရေးဆိုင်ရာ သုတများစွာ မရှိကြောင်း ဒါကြောင့် ဗေဒင်ပညာသက်သက်နဲ့သာ အတန်အသင့် ပြောပြ နိုင်ကြောင်း ပြန်ဖြေခဲ့ပါတယ်။ အဲဒီ့ကနေ တစ်ဆင့် အမေစု အကြောင်း ဆက်မိကြပါတယ်။ အမေစု (၀ါ) ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်တဲ့ ဗေဒင်ပညာရပ်ဆိုင်ရာ ရှုထောင့်အမြင်လေးတွေကို ပါ အကြောင်း စပ်ပြီး ဆက် ဆွေးနွေးမေးမြန်းလာပါရော …။
ကျွန်တော်က ပြောပြရပါတယ်။ ကျွန်တော် လက်ရိုးဗေဒင်သမားမဟုတ်ကြောင်း။ လက်ဆန်းဗေဒင် လေ့လာ လိုက်စားနေသူသာ ဖြစ်ကြောင်း။ ဒါကြောင့် လက်ဆန်းဗေဒင် ရှုထောင့်အရသာ အချင်းအရာ အချက်အလက် အချို့ကို သိမြင်မိပါကြောင်း ၊ အဲဒါတွေကတော့ ……………………….
အမေစု ရဲ့ မူလ မွေးမဟာဘုတ်ဇာတာအရ အလွန်အရေးပါတဲ့အမည်အဖျားစာလုံးနဲ့ ပက္ခမိထားသော တနင်္ဂနွေဂြိုဟ် နဲ့ ပတ်သက်လို့ ကနဦး ရှင်းပြရပါမယ်။
အဲဒီ့လိုမရှင်းပြခင်မှာ … ပိုမိုသိမြင်နားလည်နိုင်အောင် တနင်္ဂနွေဂြိုဟ် နဲ့ စပ်လျဉ်းသော သဘာဝအချို့ကို .. သိနှင့်ထားဖို့ လိုပါလိမ့်မယ်။
တနင်္ဂနွေဂြိုဟ် … ဆိုတာ ကတော့ တစ်ခြားမဟုတ်ပါ။ လူသားတွေ နေ့စဉ်မြင်တွေ့နေကြတဲ့ နေမင်း ကို တနင်္ဂနွေဂြိုဟ်လို့ ခေါ်ဆိုသညာထားခြင်းပဲ ဖြစ်ပါတယ်။ တနင်္ဂနွေဟာ လူတွေအတွက် အလွန်အရေးပါ အရာရောက်ပြီး …. တစ်စုံတစ်ရာကို လှုပ်ရှားနိုးထ အသက်ဝင်စေ ဖို့အတွက် အဓိက အင်အားပြု ပေးသောဂြိုဟ် တစ်လုံးလို့လည်း ဆိုနိုင်ပါတယ်။ ဒါ့အပြင်…
လူတစ်ယောက်ရဲ့ နာမည်၊ အဲဒီ့လူရဲ့ ဂုဏ်သတင်း၊ အဲဒီ့လူကို အများက အသိမှတ်ပြုထားတဲ့ အမြင် စတာ တွေကိုလည်း ဖော်ပြပါတယ်။ ပြောရရင် ကျယ်ပြန့်လှပေမယ့် ….. အဓိက အနှစ်ချုပ် အားဖြင့် တနင်္ဂနွေဟာ ….အောက်ပါကဏ္ဍတွေကို အဓိက လွှမ်းမိုးထားပါတယ်။
(၁) ဆုလာဘ်၊ အောင်မြင်မှု ၊ အစပျိုးလုပ်ဆောင်နိုင်မှုများ၊ မူလမူရင်း ကဏ္ဍများ
ကျွန်တော်က ပြောပြရပါတယ်။ ကျွန်တော် လက်ရိုးဗေဒင်သမားမဟုတ်ကြောင်း။ လက်ဆန်းဗေဒင် လေ့လာ လိုက်စားနေသူသာ ဖြစ်ကြောင်း။ ဒါကြောင့် လက်ဆန်းဗေဒင် ရှုထောင့်အရသာ အချင်းအရာ အချက်အလက် အချို့ကို သိမြင်မိပါကြောင်း ၊ အဲဒါတွေကတော့ ……………………….
အဲဒီ့လိုမရှင်းပြခင်မှာ … ပိုမိုသိမြင်နားလည်နိုင်အောင် တနင်္ဂနွေဂြိုဟ် နဲ့ စပ်လျဉ်းသော သဘာဝအချို့ကို .. သိနှင့်ထားဖို့ လိုပါလိမ့်မယ်။
လူတစ်ယောက်ရဲ့ နာမည်၊ အဲဒီ့လူရဲ့ ဂုဏ်သတင်း၊ အဲဒီ့လူကို အများက အသိမှတ်ပြုထားတဲ့ အမြင် စတာ တွေကိုလည်း ဖော်ပြပါတယ်။ ပြောရရင် ကျယ်ပြန့်လှပေမယ့် ….. အဓိက အနှစ်ချုပ် အားဖြင့် တနင်္ဂနွေဟာ ….အောက်ပါကဏ္ဍတွေကို အဓိက လွှမ်းမိုးထားပါတယ်။
(၂) အသက် ၊ ရှင်သန်ခြင်း ၊ ဂုဏ်သိက္ခာနှင့် ကြီးမြင့်မှု ၊ ကိုးကွယ်ယုံကြည်မှု
(၃) နာမည် ၊ တံဆိပ် ၊ မှတ်ပုံတင်ခြင်း …စသော တရားဝင် အသိမှတ်ပြုထားသော ကဏ္ဍများ
(၄) အဖ၊ အကြီးအကဲ၊ ထိပ်ဆုံးပုဂ္ဂိုလ်၊ အိမ်ထောင်ဦးစီး၊ အားကိုးအားထားရာ အာဝါသ
(၅) အသက်မွေးမှု ၊ အလုပ် နှင့် အိုးအိမ်
ကောင်းပြီ….တနင်္ဂနွေဂြိုဟ်အကြောင်းတော့ ကျွန်တော်တို့တစ်တွေ အတန်အသင့် သိပြီဆိုပါတော့။ ဆက်ပြီး…လေ့လာဖို့အတွက် အမေစုရဲ့ မူလဇာတာခွင် ကို သွားကြရအောင်။
(၅) အသက်မွေးမှု ၊ အလုပ် နှင့် အိုးအိမ်
ဒီလိုဂြိုဟ်မျိုးက မူလမဟာဘုတ်ဇာတာမှာ မရဏမှာ ရပ်တည်နေပြီး …. နာမည်အဖျားစာလုံး နဲ့ ပက္ခ မိထားခြင်းကြောင့် အားနည်းနေသော အခြေအနေဟာ .. မကောင်းသော တုံ့ဆိုင်းမှု၊ မကောင်းသော သဘာဝဖြင့် အခြေအနေ အိုင့်နေ အီနေတတ်မှုကို မလွှဲမသေ ဖြစ်ပွားနေစေမှာကို တွေ့သာ မြင်သာ နေခဲ့တာကြောင့်ပါပဲ။
(၁) အမေစု အနေဖြင့် …နောက်ကျောဘက်မှ ရန်သူကို သတိပြုမိရန်
(၂) အပြန်လမ်း၊ အပြန်ခရီးစဉ်၊ ပြန်လာသည့်ခရီးစဉ်ကဲ့သို့ နောက်ကြောင်းပြန်ခရီးစဉ်များ၊ တစ်ကျော့ပြန် ခရီးစဉ်များ တွင် အထူးသတိပြု သွားလာရန်
(၃) ကြာသာပတေးနေ့များ ၊ ကြာသာပတေးနံသင့် မြို့ရွာ၊ အရပ်ဒေသ၊ လူပုဂ္ဂိုလ်များ နှင့် ပတ်သက်၍ သတိပြုရန်
အထူး လိုအပ်လာပြီဖြစ်သော အချိန်ကာလများကို ရောက်ရှိနေပါပြီ။ ကောင်းပြီ …ဒီအပိုင်းအထိဟာ နိုင်ငံရေးဗေဒင် နဲ့ မသက်ဆိုင်သေးပါ။ အမှန်ပြောရရင်တော့ … လူတစ်ယောက်ရဲ့ ကံဇာတာ အနေထားကို ဗေဒင်ပညာနဲ့ တင်ကြိုခန့်မှန်းတွက်ဆ ရုံမျှသာ ဖြစ်ပါတယ်။ ဒီဆောင်းရဲ့ အစကနဦး ရည်ရွယ်ရင်းကိုလည်း မရောက်သေးပါ။ ကျွန်တော် အဓိက တင်ပြလိုသော အချင်းအရာလည်း မဟုတ်သေးပါ။
အဓိက တင်ပြလိုသော အချင်းအရာကတော့………လက်ရှိမြန်မာနိုင်ငံရဲ့ မင်းအစိုးရ နာမည်နဲ့ အနာဂတ် မြန်မာနိုင်ငံရဲ့ အခြေအနေကို ထောက်ဆ တင်ပြလိုခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ ကံဇာတာကို ထောက်ဆ ခန့်မှန်းရာမှာ အမေစုရဲ့ ကံဇာတာကိုလည်း တင်ကြိုထောက်ဆကြည့်ဖို့ လိုအပ်တာကြောင့် အမေစု ဇာတာကို ကနဦး တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။
ဆောင်းပါး အနေအထားအရ အရမ်းရှည်လျားနေပြီဖြစ်လို့…..နောက်ဆောင်းပါးဖြစ်တဲ့ သံလျက်ပိုင်ရှင် တို့၏ အမည်များ ဆောင်းပါးမှာပဲ …မြန်မာနိုင်ငံရဲ့လက်ရှိမင်းအစိုးရ နဲ့ အနာဂတ်မြန်မာနိုင်ငံရဲ့အခြေအနေ ကို ထပ်မံ ထောက်ဆရေးသား ဖော်ပြပေးသွား ပါမည်ခင်ဗျား။
အားလုံးသော စာဖတ်သူများကို လေးစားသမှုဖြင့်
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
Phone ; 01 618 469
Post a Comment