သမ္ပဒါန ကာရက အမည်ရှင်များ အကြောင်း

Tuesday, December 13, 2011

သမ္ပဒါန ကာရက အမည်ရှင်များကို ခွဲခြားပြဆိုခြင်း




သမ္ပဒါန ကာရက အမည်ရှင်တွေရဲ့  ထူးခြားချက်ကတော့ … အဖော်အပေါင်း လိုလားခြင်း ဆိုတဲ့ အချက်လို့ အဓိက ဆိုရပါမယ်။ လာကြဟေ့ ၊ သွားကြစို့ ၊ အတူတူဆောင်ရွက်စို့ …စသည်ဖြင့် အများစုနဲ့ အတူတစ်ကွ လုပ်ကိုင် ဆောင်ရွက်လိုသော အခြေခံသဘာဝ ရှိကြသူများဟာ သမ္ပဒါနကာရက အမည်ရှင်တွေပါပဲ။

တနင်္ဂနွေနံ  အစ + အင်္ဂါနံ အဆုံး အမည်ရှင်များ ( ဥပမာ  … အေးအေးစု၊ အောင်နိုင်စိုး)

တနင်္လာနံ အစ + ဗုဒ္ဓဟူးနံ အဆုံး အမည်ရှင်များ ( ဥပမာ … ကျော်ကျော်ဝင်း၊ ခင်မာလွင်)

အင်္ဂါနံ အစ + စနေနံ အဆုံး အမည်ရှင်များ ( ဥပမာ … စိုးနိုင်၊ ဆွေဆွေတင်၊ စုလဲ့ထွန်း )

ဗုဒ္ဓဟူးနံ အစ  ကြာသာပတေးနံ အဆုံး အမည်ရှင်များ ( ဥပမာ … ၀င်းမောင်၊ လွင်မိုး)

ကြာသာပတေးနံ အစ + သောကြာနံ အဆုံး အမည်ရှင်များ ( ဥပမာ ..သန်းမြင့်၊ သွန်းလဲ့ဖြိုး)


စနေနံ အစ + ရာဟုနံ အဆုံး အမည်ရှင်များ ( ဥပမာ .. တင်တင်ရီ၊ ထွန်းရွှေ၊ နိုင်မင်းရဲ)

ရာဟုနံ အစ + တနင်္ဂနွေနံ အဆုံး အမည်ရှင်များ ( ဥပမာ .. ရွှေစင်ဦး၊ ရဲအောင်၊ ရီရီအေး)|
အထက်ပါကဲ့သို့သော အမည်ရှင်တွေ အားလုံးဟာ သမ္ပဒါနကာရက အမည်ရှင်တွေ ပါပဲ။

သမ္ပဒါန ကာရက အမည်ရှင်တွေရဲ့  ထူးခြားချက်ကတော့ … အဖော်အပေါင်း လိုလားခြင်း ဆိုတဲ့ အချက်လို့ အဓိက ဆိုရပါမယ်။ လာကြဟေ့ ၊ သွားကြစို့ ၊ အတူတူဆောင်ရွက်စို့ …စသည်ဖြင့် အများစုနဲ့ အတူတစ်ကွ လုပ်ကိုင် ဆောင်ရွက်လိုသော အခြေခံသဘာဝ ရှိကြသူများဟာ သမ္ပဒါနကာရက အမည်ရှင်တွေပါပဲ။ အဖော်အပေါင်းနဲ့ ပတ်ဝန်းကျင်အသိုက်အ၀န်း ဟာ သူတို့ရဲ့ ကံဇာတာကို အဓိက ဖန်တီးပေးတဲ့ ကဏ္ဍလည်း ဖြစ်ပါတယ်။ သမ္ပဒါနကာရက အမည်အမျိုးအစား ပေါင်း ရှစ်မျိုး ထဲမှာမှ  သောကြာနံ အစ + တနင်္လာနံအဆုံး အမည်ရှင်များ ( ဥပမာ .. သွယ်သွယ်ခိုင်၊ သီတာကျော်၊ သုတမင်းခန့်၊ ဟိန်းမင်းခန့်) ဟာ …ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု အကူးစက်လွယ်ဆုံး နာမည်ရှင်တွေပဲ ဖြစ်ပါတယ်။

သူတို့တွေဟာ ဘယ်လောက်ပဲ အခြေခံစိတ်ဓါတ်ခိုင်မာသည် ဖြစ်စေကာမူ ……ပတ်ဝန်းကျင်ရဲ့ စေ့ဆော်မှု လွှမ်းမိုးမှုအားဖြင့် ပြောင်းလဲသွားနိုင်သော မူလသဘာဝတစ်ရပ် သက်ရောက်နေကြသူများ ပဲ ဖြစ်ပါတယ်။ မုဆိုးနားနီး မုဆိုး ၊ တံငါနားနီး တံငါ ဆိုတဲ့ စကားပုံဟာ ဒီအမည်ရှင်တွေနဲ့ အင်မတန် ကိုက်ညီနေပါတယ်။ ဒီအမည်မျိုး မှည့်ခေါ်လိုက်တဲ့ ကလေးသူငယ် လူငယ် လူရွယ်တွေ ကို အပေါင်းအသင်း အလွန်အင်မတန် ဂရုစိုက် ပေးဖို့လိုပါတယ်။ အရက်သမားတွေနဲ့ အနေကြာလာရင် အရက်သမား ဖြစ်လွယ်လာစေသလို … တရားသမားတွေနဲ့ အနေနီးစပ်ပြီး တရားသမား ဖြစ်လာစေဖို့လည်း ဒီအမည်တွေက သာမန် အမည်ရှင် မျိုးတွေထက် ပိုမို တွန်းအားပေးမှာ အမှန်ပါပဲ။

အရွယ်အသိ ပြည့်စုံနေပြီဖြစ်သော သမ္ပဒါန ကာရက အမည်ရှင်တွေကို တော့…..ဘယ်သူနဲ့လက်တွဲမလဲ ၊ ဘယ်သူနဲ့ ပေါင်းဖော်မလဲ ။ ဘယ်သူဘယ်ဝါနဲ့ အကျိုးတူ ဆောင်ရွက်မလဲ ဆိုတဲ့အချက်ကို … ဘ၀ တစ်လျှောက်လုံးမှာ အဓိကထား စဉ်းစားသင့်တယ်လို့ ဆိုချင်ပါတယ်။

ရှစ်မျိုးသော သမ္ပဒါနကာရက အမည်များ ထဲမှာ … တနင်္ဂနွေနံ  အစ + အင်္ဂါနံ အဆုံး အမည်ရှင်များ ( ဥပမာ  အေးအေးညိမ်း၊ အောင်မင်းဆွေ ၊ အေးသီတာစိုး)  ကဲ့သို့သော အမည်ရှင်တွေဟာ ဘ၀ တစ်လျှောက်လုံးမှာ တွဲရေး /ခွဲရေး ကဏ္ဍတွေ အများပြားဆုံး အမည်ရှင်တွေပါပဲ။ စပ်တူတွေ ၊ အစုရှယ်ယာ ကဏ္ဍတွေလည်း အများပြားဆုံး အမည်ရှင်မျိုးတွေ ဖြစ်ပြီး၊ ဘ၀တစ်လျှောက်လုံးမှာလည်း အဝေတည့်မှု / မတည့်မှုတွေ၊ ညီညီမျှမျှ ဖြစ်မှု / မဖြစ်မှု တွေ နဲ့ လုံးထွေးနေကြရသူတွေပါ။

အားလုံးသော သမ္ပဒါနကာရကအမည်ရှင်တွေကို လက်ဆောင်ပါးလိုတာ ကတော့…..ဘယ်အရပ်မှာနေမလဲ။ ဘယ်လို အသိုက်အ၀န်းမှာ ကျင်လည်မလဲ၊ ဘယ်လိုလူတွေနဲ့ အုပ်စုဖွဲ့ ရမလဲ၊ ဘယ်လိုလူတွေနဲ့ အရှည် သဖြင့် လက်တွဲရမလဲ ဆိုတာကိုသာ ဘ၀ခရီးမှာ အဓိကထား စဉ်းစားကြဖို့ လက်ဆောင်ပါး တိုက်တွန်းလိုက် ရပါကြောင်း………………….။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

သုတေသီ ဝေသာလီမောင်ဖုန်း



Phone / 01 618 469

Post a Comment
 

Posts Comments

©2006-2010 ·TNB