သူချစ်
မောင်မောင်ကို … မိဆူးက ချစ်နေမှန်း မောင်မောင် သိသည်။ သိလောက်အောင်လည်း မိဆူးက မောင်မောင့်အပေါ် အနွံတာခံသလို …အစစအရာရာ အလိုလိုက်အကြိုက်ဆောင် မျက်နှာသာ ပေးတတ်သည်။ ခက်တာက မောင်မောင်ကိုယ်တိုင်ပဲ ဖြစ်သည်။ မိဆူးကို ပြန်ချစ်လိုစိတ် မပြင်းပြဘဲ ဖြစ်နေသည်။ မေမေ နှင့်မမတို့ကလည်း မိဆူးကို သဘောကျ နှစ်လိုကြသည်။ ခြံချင်းကပ်လျက် နေကြသူများမို့ တစ်ဖက်နှင့် တစ်ဖက်လည်း အရိပ်အကဲ အကြောင်းအကျိုး သိနေကြသူများ ဖြစ်နေ ကြသည့် အတွက် ထူးထွေသည့်အံ့ရာသော် ..ငြင်းစရာရယ်လို့ မရှိပေ။ သို့သော်……………..
မမ မျိုးပပကျော်သရဖီကိုကို မောင်မောင် အရမ်းချစ်သည်။ မောင်မောင် အရမ်းချစ်သော မမ မျိုးပပကျော် သရဖီကို ကလည်း အရမ်းလှ အရမ်းသ အရမ်းမာန ကြီးသည့်သူ ။ အတွေးပေါက်သမျှ သူဌေး ပေါက်စလေးတွေ အရာရှိပေါက်စလေးတွေ ၀ိုင်းနေသော မျိုးပပကျော်သရဖီကို အဖို့ … ကျောင်းပင် မပြီးသေးသော မောင်မောင်အား အဖြေပင် ပြန်မပေးသေးသည်မှာ မဆန်း ။ သို့စဉ်သည့်တိုင်အောင် မောင်မောင်က ….မျိုးပပကျော်သရဖီကို ကို …တမ်းတမ်းစွဲ ချစ်မြတ်နိုးခဲ့သည်။ မေမေ နှင့် မမကြီးတို့က …အမျိုးမျိုး တားသည့်တိုင်အောင် မောင်မောင် အရူးအမူး ဖြစ်ခဲ့ဖူးလေသည်။
သူချစ် ကိုယ်ချစ်
အသည်းရေ …. သမီးလေးကို ခဏခေါ်ထားဦး မောင် ငွေထုတ်ရှင်းပေးလိုက်ဦးမယ်။
ရင်ခွင်ထဲတွင် ပွေ့ထားသော သမီးငယ် ကို … ဇနီးဖြစ်သူထံ ခဏထည့်ပေးရင်း မောင်မောင် ငွေရှင်းဖို့ ကောင်တာကို လှမ်းလာခဲ့သည်။ ရှေ့တွင် အမျိုးသမီးကြီးတစ်ယောက် ကောင်တာတွင် ငွေရှင်းနေသဖြင့် ခဏစောင့် နေလိုက်သည်။ အမျိုးသမီးကြီးက အထုပ်တွေကို မနိုင်မနင်း ဆွဲကိုင်ရင်း ….ကောင်တာမှ ပြန်ခွာပြီး သူ့ဘက်သို့ လှည့်လာသည်။
မမကြောင့် သူအသည်းတွေ ဟက်တက်မက အစောင်းလိုက် အလျားလိုက် ခပ်နုပ်နုပ် ဆနွင်းမကင်း ပုံပါမကျန် … တစ်စစီ အခွဲခံရခဲ့ဖူးသည်။ မမတို့အိမ်ရှေ့မှာ မူးပြီး ကြေကွဲပြမိသဖြင့် …. ကူညီပါရစေ နှင့်လည်း ထိပ်တိုက်တွေ့ပြီး ၊ ကြမ်းပိုးကိုက်သော အေးစိစိ ဟောင်တောင်တောင် ကြမ်းပြင်ပေါ် အိပ်ခဲ့ရ ဖူးသည်။ ဒါပေသိ မောင်မောင် မမကို ဘယ်သောအခါကမှ မမုန်းမိခဲ့။ စိတ်နာလို့ မရခဲ့။ သိပ်သိပ် ချစ်ခဲ့ဖူးပါသည့် မမ မျိုးပပကျော်သရဖီကို သည် …. နောက်ဆုံး သူ့ကို စွန့်သွားပြီး … ရွှေပြည်မျှော် လို့ နေပြည်တော်က အရာရှိမင်းတစ်ဦးနှင့် နတ်ရေးငယ်ရွှေစာ သွားခဲ့သည်မှာ အတိတ်ကာလ ..အတေတီကပင်။
ဘယ်တော့မှ မေ့မရနိုင်တော့ပါ ဟု ကြေကွဲနှစ်ရှည် စိတ်တေလေ ဖြစ်ခဲ့ဖူးသော မောင်မောင် ကိုယ်တိုင် ပင်လျှင် မိဘချင်း စီမံပေးမှုဖြင့် ….ယခုမူ ဇနီးနှင့်သမီးနှင့် ဖြစ်ခဲ့ပေပြီ။
မှတ်မှတ်ရရ သမီးငယ်ကို ဖွားမြင်ချိန်တွင် ….မထင်မှတ်ဘဲ တစ်ယောက်နှင့် ဆုံဖြစ်ခဲ့သေးသည်။ တစ်ခြားတော့ မဟုတ် ။ မိဆူး ခေါ် ဒေါက်တာဆူးလဲ့ရည်နှင့်ပဲ ဖြစ်သည်။ ထိုင်မရ ထမရ တောင်လျှောက်လိုက် မြောက်လျှောက်လိုက် …လှုပ်စိလှုပ်စိ ဂဏှာမငြိမ် ဖြစ်နေသော …မောင်မောင်သည်…ဇနီးသည်အတွက် အပူကြောင့် ….နားထင်တွေပါ ထူပြီး ...ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည့် အချိန်။ ဇနီးဖြစ်သူ သင်းမြတ်နုက နှလုံးရောဂါ အခံရှိသူမို့ မောင်မောင် တော်တော်လေးကို စိုးရိမ်နေခဲ့မိ နေချိန်။
ကလေးရော …..မိခင်ပါ ….အားလုံး ကျန်းမာကြောင်း။ သမီးကလေး မွေးကြောင်း ဆရာဝန်မ တစ်ဦးက လာပြောပြသည်။ ကြည့်လိုက်တော့……သူလက်ထပ်သွားချိန်မှ စပြီး သူ့ကို အတွေ့မခံတော့ဘဲ ရှောင်ဖယ်ဖယ် လုပ်သွားခဲ့သော … နယ်တွင် တမင် တာဝန်သွားရောက် ထမ်းဆောင် နေခဲ့သည်ဟု သာ ကြားခဲ့ရသော …သူ့ကို တစ်ဖက်သတ် ချစ်ခဲ့ဖူးသည့်….. မိဆူး (၀ါ) ဆူးလဲ့ရည် ဖြစ်နေသည်ကို အံ့အားသင့်စွာ တွေ့ရလေသည်။
အချစ်ဆုံး
မောင်…..
မောင်…..
ဗျာ..ဗျ ပြောလေ အသည်းလေး …….
သူ့ဖြေပုံကြောင့် …..လူနာကုတင်နဘေးတွင် လက်ပိုက်လျှက်ရပ်နေသော မိဆူးက သူ့ကို မျက်စောင်း ထိုးသည်။ ဒါကို ဇနီးဖြစ်သူ သင်းမြတ်နုက မြင်ပြီး ရယ်သည်။
သူ့ဖြေပုံကြောင့် …..လူနာကုတင်နဘေးတွင် လက်ပိုက်လျှက်ရပ်နေသော မိဆူးက သူ့ကို မျက်စောင်း ထိုးသည်။ ဒါကို ဇနီးဖြစ်သူ သင်းမြတ်နုက မြင်ပြီး ရယ်သည်။
မောင်က..အဲလိုပဲ…ဆူးရဲ့ ၊ အဲလိုကြီး မခေါ်ပါနဲ့ ဆိုလည်း မရဘူး။ လူကြားထဲလည်း ခေါ်နေတာပဲ အမြဲ။
မိဆူးက မျက်နှာနည်းနည်း နီချင်ချင်ဖြင့် …..
ခေါ်ပါစေ ခေါ်ပါစေ …..အခွန် မဆောင်ရတော့လည်း ခေါ်ပေါ့နော…….မောင်မောင်တို့များ …ဘယ်တော့ ဖြစ်ဖြစ် ကဲပါ့ သဲပါ့ ဟွန်းးး ။ ဒါနဲ့ နေဦး …မောင်မောင် ၊ ငါနင့်ကို မေးပါရစေဦး .မနုရှေ့မှာဘဲ မေးမယ်။ မှန်မှန် ဖြေနော်။ နင့်ဘ၀မှာ ….ဘယ်သူ့ကို အချစ်ဆုံးလဲ ပြောစမ်း မောင်မောင် ။
မိဆူးသူ့ကို အမြင်ကပ်ကပ်နှင့် ချွန်တွန်းလုပ်မှန်း မောင်မောင်သိပါသည်။ မောင်မောင် ပြုံးလိုက်သည်။ သူ့လက်ညှိးကို သေးတိသေးကွေး လက်ကလေး နှစ်ဖက်ဖြင့် လိုက်လံ ဖမ်းဆုပ်ဖို့ ကြိုးစားနေသော သမီးကလေးကို ရွှတ်ကနဲ ငုံနမ်းရင်း …မောင်မောင် ပြန်ဖြေလိုက်သည်။
တယ်ခက်ပါလား … အပျိုကြီးရယ်…….ငါ့သမီးလေးကို ငါအချစ်ဆုံးပေါ့ကွယ် ။
ကိုစိုး …
ခေါ်ပါစေ ခေါ်ပါစေ …..အခွန် မဆောင်ရတော့လည်း ခေါ်ပေါ့နော…….မောင်မောင်တို့များ …ဘယ်တော့ ဖြစ်ဖြစ် ကဲပါ့ သဲပါ့ ဟွန်းးး ။ ဒါနဲ့ နေဦး …မောင်မောင် ၊ ငါနင့်ကို မေးပါရစေဦး .မနုရှေ့မှာဘဲ မေးမယ်။ မှန်မှန် ဖြေနော်။ နင့်ဘ၀မှာ ….ဘယ်သူ့ကို အချစ်ဆုံးလဲ ပြောစမ်း မောင်မောင် ။
ကိုစိုး …
ချစ်သူများနေ့ အမှတ်တရ
Phone / 01 618 469
Post a Comment