နိုင်ငံရေးဗေဒင် စာစု(၄)

Tuesday, April 3, 2012



မနက်ဖြန်တို့၏  နိမိတ်ပုံများ

(၁)

နိုင်ငံရေးဗေဒင် စာစု (၄)  ဖြစ်တဲ့ သည်ဆောင်းပါး ဟာ …လက်ရှိမြန်မာနိုင်ငံရဲ့ အကြီးအကဲတစ်ဦးဖြစ်သော …ဦးသိန်းစိန်ရဲ့ နာမည် နဲ့ လာမယ့် မြန်မာနှစ်သစ် ၁၃၇၄ ခုနှစ် မဟာဘုတ်ဇာတာခွင်အရ ဖြစ်ပေါ် လာနိုင်သော … အကြောင်းအကျိုးဆက် အချို့ကို ခန့်မှန်းတင်ပြထားခြင်းဖြစ်ပါတယ်။

 အများစုသော သူတို့ အထင်အမြင်သေးတတ်ကြတဲ့ မြန်မာရိုးရာဗေဒင်ပညာ တစ်ခုဖြစ်တဲ့ မဟာဘုတ် ဗေဒင်ပညာ ရဲ့ အသုံးဝင်ပုံ ၊ မှန်ကန်မှုရှိပုံကို အဓိကတင်ပြလိုခြင်းဖြစ်ပြီး ၊ လူသားတွေ နဲ့ နာမည်တွေရဲ့  ဆက်နွယ်မှုကိုလည်း သိစေလိုတာကြောင့် သည်ဆောင်းပါးကို တင်ပြရေးသားဖြစ်ခဲ့ပါတယ်။
အနည်းငယ် တောင်းပန်လိုတာကတော့ ….လေ့လာစူးစမ်းချိန်လည်း နည်းပါးတဲ့အတွက် … လက်ရှိနိုင်ငံရဲ့ အကြီးအကဲ ဖြစ်သော ဦးသိန်းစိန် ရဲ့ မွေးခုနှစ် မွေးနေ့ မွေးနံ များကို တိတိပပ မသိရှိရသေးတာကြောင့် … တစ်ချို့သော အချဉ်းအရာများကို ခန့်မှန်း တင်ပြရေးသားရာမှာ ချန်လှပ်ထားခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် …မဟာဘုတ် ဇာတာခွင်တစ်ခုနဲ့  … နိုင်ငံ့ခေါင်းဆောင် အကြီးအကဲတစ်ဦးရဲ့ နာမည် တစ်ခု အပေါ် မူတည်ပြီး ….ကျွန်တော်တို့ စတင် လေ့လာကြည့်ကြပါစို့ ။

(၂)
ကောဇာမဟာဘုတ် ဇာတာခွင်  နှင့် အမည်  တစ်ခုကို လေ့လာခြင်း ….
၁၃၇၄ခုနှစ်  ၏ ကောဇာမဟာဘုတ်ဇာတာခွင်



  အဓိပတိ
       ၆


   အထွန်း
      ၁
    သိုက်
       ၎
      ရာဇ
       ဝ
    မရဏ
      ၅
      ဘင်္ဂ
       ၂
     ပုတိ
       ၃


ကောဇာမဟာဘုတ်ဇာတာခွင်   နှင့်   အမည်တစ်ခု၏ ရပ်တည်ပုံ


       အဓိပတိ
           ၆
အမည်အရင်းစာလုံး  

       အထွန်း
           ၁
ပက္ခမိထားသောဂြိုဟ်
        သိုက်
          ၎
         ရာဇ
           ဝ
         မရဏ
           ၅
ပက္ခမိထားသောဂြိုဟ်
          ဘင်္ဂ
           ၂
          ပုတိ
           ၃
အမည်အဖျားစာလုံး

ကောဇာမဟာဘုတ် ခွင် ပေါ်မှာ အပြာရောင်နဲ့ပြထားတဲ့  ဌာနနဲ့ ဂြိုဟ်တွေဟာ …လူသားတစ်ယောက်ရဲ့ နာမည်တွေပါ။ ခုဆောင်းပါးမှာတော့ နိုင်ငံတော်ရဲ့ လက်ရှိအကြီးအကဲ ဦးသိန်းစိန်ရဲ့ နာမည်ဆိုပါတော့။
အနီရောင်နဲ့ ပြထားတဲ့ ဌာန နဲ့ ဂြိုဟ်တွေကတော့ နာမည်အရင်းစာလုံး အဖျားစာလုံးများနဲ့ ပက္ခမိ ထားခြင်း အားဖြင့်  အားနည်းချက် ပေါ်ပေါက်လာသော ဌာနနဲ့ ဂြိုဟ်တွေပဲ ဖြစ်ပါတယ်။

ဒါက  ဘာနေ့သားသမီးမျိုးကိုမဆို  … နာမည်ကိုစတင်လေ့လာခြင်းဖြင့် … ကောဇာမဟာဘုတ်ခွင် အရ အားသာချက်တွေ အားနည်းချက်တွေ…. စတင်ခွဲခြားထားခြင်း ပဲ ဖြစ်ပါတယ်။

ကောင်းပြီ။   …..  စတင်လေ့လာကြည့်ကြပါစို့။


နာမည်အရင်းစာလုံး  (သိန်း)   …. ရပ်တည်ရာဌာန = (အဓိပတိ ဌာန)


နာမည်အရင်းစာလုံးဟာ ….အဓိပတိမှာ ရပ်တည်ထားပါတယ်။ နာမည်အရင်းစာလုံးဟာ တာထွက်ရမယ့် စတင် အမှတ်နဲ့ အလားတူပါတယ်။ တနည်းအားဖြင့်တော့  ကောဇာမြန်မာနှစ်သစ် ၁၃၇၄ခုနှစ် ရဲ့  တာထွက်ပွိုင့်ဟာ အဓိပတိဌာန မှာ ဖြစ်နေတာကို တွေ့ရှိရပါမယ်။  အထက်ပါအချင်းအရာကတော့……..
နိုင်ငံ့ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးသိန်းစိန် အဖို့  လာမယ့် ၁၃၇၄ ခုနှစ် အတွင်းမှာ …စူပါ့စူပါ စွမ်းဆောင်ရည်တွေကြောင့် ထင်ရှားမှု ပိုမိုလာနိုင်ခြင်း နဲ့ အားပြိုင်ရမှုတွေလည်း ပိုမိုများပြား လာနိုင်ခြင်းကို ဖော်ပြပါတယ်။ အဓိပတိဌာနဟာ စစ်မြေပြင်နဲ့ အလားတူပါတယ်။ ယှဉ်ပြိုင်တိုက်ခိုက်ရမှု မှန်သမျှဟာ အဓိပတိဌာန နဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် ရှေ့လာမယ့် နှစ်ထဲမှာ ..နိုင်ငံ့ခေါင်းဆောင် ဦးသိန်းစိန် အဖို့ …. အတိုက်အခံနဲ့  အားပြိုင်မှုတွေ ပိုမိုရင်ဆိုင် ရနိုင်ဖွယ်ရာ ရှိလာပါတယ်။

နာမည်အရင်းစာလုံး (သိန်း) နှင့် ပက္ခမိထားသောဂြိုဟ် =  ကြာသာပတေးဂြိုဟ်(မရဏဌာန)

ကြာသာပတေးဂြိုဟ်ဟာ မရဏဌာနမှာ ရပ်တည်ထားပြီး … ယင်းဂြိုဟ်အားနည်းချက်အဖြစ် နာမည်အရင်း စာလုံး ရပ်တည်မှုအရ .. ဖြစ်တည်လာပါတယ်။ ကြာသာပတေးဂြိုဟ် အားနည်းခြင်းဟာ ဆုံးဖြတ်ချက် အမှားအယွင်း ဖြစ်စေနိုင်မှုနဲ့  …. အကြံပေးပုဂ္ဂိုလ်များဆိုင်ရာ အားနည်းချက်ကို ဖော်ပြပါတယ်။ အဆိုပါ ကြာသာပတေးဂြိုဟ်ဟာ မရဏဌာနမှာ ရပ်တည်နေပြီးမှ အားနည်းချက် ဖြစ်စေမှာ ဖြစ်တဲ့အတွက် …………………..
ရှေ့လာမယ့် ၁၃၇၄ ခုနှစ် ထဲမှာ နိုင်ငံတော် အကြီးအကဲဦးသိန်းစိန်အဖို့  …လက်ရှိ အကြံပေးပုဂ္ဂိုလ်များ ထဲက အချို့ကို ဆုံးရှုံးစွန့်လွှတ်ရတတ်ခြင်း နဲ့  .. ယင်းတို့အစား အခြားအကြံပေးပုဂ္ဂိုလ်တို့ကို အစားထိုး ရခြင်း ကံ…….. ကြုံလာနိုင်တာကို ထင်ထင်ရှားရှား တွေ့ရပါတယ်။
အဓိကအားဖြင့်ကတော့  မရဏမှာ ရှိတဲ့ ကြာသာပတေးဂြိုဟ်နဲ့ ပက္ခမိထားခြင်းဟာ ….မှားယွင်းသော အကြံပေးမှုကို လက်ခံမိခြင်းမျိုးနဲ့  …. ပညာရှင်ပိုင်းဆိုင်ရာ ဆုံးရှုံးရမှု ၊ ဆုံးဖြတ်ချက် မှားယွင်းနိုင်မှု တို့ကို ဖော်ပြပါတယ်။  သမိုင်းမှာ လည်း  ကြာသာပတေး(မရဏ) နဲ့  မူလဇာတာအရပင်လျှင် ပက္ခ မိထားခဲ့ဖူးသော မြန်မာဘုရင်တစ်ပါး ကုန်းဘောင်ခေတ် နှောင်းပိုင်းမှာ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ မြန်မာလူမျိုး အများစု သိရှိပြီး ဖြစ်တဲ့ သီပေါဘုရင်မင်းတရားပဲ ဖြစ်ပြီး … သီပေါဘုရင် ဟာ မူလမွေးဇာတာအရပင်လျှင်.. ကြာသာပတေးဂြိုဟ်(မရဏ) နဲ့ ပက္ခ မိထားသော အမည်ရှင် တစ်ဦးပဲ ဖြစ်ပါတယ်။

သည်တော့ကာ  ဆိုရမယ် ဆိုရင်ဖြင့်  ၁၃၇၄ ခုနှစ်ဟာ နိုင်ငံတော်အကြီးအကဲ ဦးသိန်းစိန် အဖို့ ပညာရှင်များ ဆိုင်ရာလိုအပ်ချက် များပြားစေမယ့် ကာလဖြစ်ပြီး ၊ အကြံကောင်း ပေးနိုင်သူ အားနည်းသွားနိုင်တာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် … နိုင်ငံတော် ၀န်ကြီးအချို့၊ လွှတ်တော်အမတ်အချို့ ….  အစားထိုး ပြောင်းလဲရမှု ဖြစ်စဉ်များ ယခုမြန်မာခုနှစ် ၁၃၇၄ခုနှစ်အတွင်း များပြားလာနိုင်ပါတယ်။ အကြောင်းကတော့ …..မရဏမှာ ရပ်တည်နေသော ကြာသာပတေးဂြိုဟ်ဟာ …အစားထိုးခံရတော့မယ့် ကံတရားကို ဖော်ပြနေပြီး ၊ ဗေဒင်ပညာစည်းကမ်းမှာ  …. ကြာသာပတေးနဲ့ သောကြာဂြိုဟ်ဟာ နိုင်ငံရဲ့ ၀န်မင်းများ ၊ အမတ်များကို ဖော်ပြတဲ့ အတွက်ကြောင့်ပါပဲ။

နာမည် အဖျားစာလုံး  (စိန်) …. …. ရပ်တည်ရာဌာန = (ပုတိဌာန)

နာမည်အဖျားစာလုံး  (စိန်)  ဟာ … အင်္ဂါနံ ဖြစ်ပြီး …ပုတိဌာနမှာ ရပ်တည်ထားပါတယ်။ နာမည်အဖျား စာလုံးဟာ … ပန်းတိုင် (၀ါ) ရည်မှန်းရောက်ရှိရာ နေရာ ကို ဖော်ပြပါတယ်။ အလွန် အရေးကြီးလှပြီး …. လူတစ်ယောက် ဘာတွေ အဓိကတွေ့ကြုံရင်ဆိုင်ရမယ် ဆိုတာကို ဖော်ပြတဲ့ ဂြိုဟ်ဟာလည်း နာမည် အဖျား စာလုံးပဲ ဖြစ်ပါတယ်။

ကောင်းပြီ ။ အဲဒီ့နာမည်အဖျားစာလုံး ဟာ … ပုတိဌာနမှာ ရပ်တည်ထားပါတယ်။ ပုတိဌာန မှာ ရပ်တည်ထားသော အင်္ဂါနံ နာမည်အဖျားစာလုံးဟာ …ဒီကနေ့ နိုင်ငံတော်အကြီးအကဲ တစ်ဦးဖြစ်တဲ့ ဦးသိန်းစိန် ကြုံတွေ့ရမယ့် ၁၃၇၄ ခုနှစ် ကံဇာတာပဲ ဖြစ်ပါတယ်။

နာမည်အဖျားစာလုံး  ပုတိမှာ ရပ်တည်လာခြင်း ဟာ မည်သည့်နေ့နံမျိုး .. မည်သည့်အမည်ရှင်မျိုးကို မဆို …. ဒွိဟ ဖြစ်စရာ ၊ ရွေးရခက်စရာ ၊ ဗျာများစရာ အခြေအနေတွေကို ဖြစ်ပေါ်လာစေပါတယ်။ ပြတ်ပြတ် သားသား ဖြစ်နိုင်ဖို့ ခက်ခဲရတတ်ပြီး ၊ ပေါ်ပေါက်လာသမျှ အခြေအနေတွေကလည်း …. ကြားနေဗျာများ ရမယ့် အနေအထားမျိုး တွေ ဖြစ်နေရတတ်ပါတယ်။ ဒါဟာ ………. ဦးသိန်းစိန် အဖို့  … ချက်ချင်းကြုံရမယ့် ကံဇာတာ အနေအထား တစ်ရပ်ဖြစ်လာပါတယ်။

နိုင်ငံတစ်ခုရဲ့ အကြီးအကဲ တစ်ဦးရဲ့ နာမည်အဖျားစာလုံး  ပုတိဌာနမှာ ရပ်တည်နေသော ကာလဟာ …နိုင်ငံရဲ့  ပညာရေး ၊ လယ်ယာစိုက်ပျိုးရေး ၊ မြေယာပိုင်ဆိုင်မှု ကဏ္ဍများ၊ ခရီးသွားလာရေး နဲ့ ယာဉ်ကား ဆိုင်ရာ ကဏ္ဍများ မှာ ထူးခြားဖြစ်စဉ်များ ပေါ်ပေါက်လာစေတတ်ပါတယ်။

နိုင်ငံတော်အကြီးအကဲ ဦးသိန်းစိန်ရဲ့ နာမည်အဖျားစာလုံးဟာ  တိုးမြှင့်မှုကို အဓိက ကာရကပြုထားသော အင်္ဂါနံ နာမည်အဖျားစာလုံး(စိန်)  ဖြစ်တာကြောင့် …… ၁၃၇၄ ခုနှစ်ဟာ အထက်ဖော်ပြပါ ပညာရေး ၊ လယ်ယာ စိုက်ပျိုးရေးနဲ့ ခရီးသွားလာရေးဆိုင်ရာကဏ္ဍများမှာ တိုးမြှင့်မှု အမြောက်အများ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ … ပုတိဌာနရဲ့ သခင်ဂြိုဟ် တနင်္လာဟာ ဘင်္ဂမှာ ဆက်လက်ရပ်တည်ထားတာကို ဆက်လက်စဉ်းစားဖို့လိုပါတယ်။  စာရေးသူ အမြင်အရ ပြောရရင်တော့…… အထက်ပါ ကဏ္ဍများမှာ ..မြေလှန် ပြောင်းလဲမှုများ၊ အဟောင်းအချို့ကို ပြတ်ပြတ်သားသား ဖျက်သိမ်းခြင်းများ ပါဝင်နေမှာကို အဆိုပါ အနေအထားက ဖော်ပြနေပါတယ်။

ဒါကြောင့် လာမယ့် ကောဇာခုနှစ် ၁၃၇၄ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့  ပညာရေး ၊ လယ်ယာစိုက်ပျိုးရေး ၊ ခရီးသွားလာရေး ၊ မြေယာပိုင်ဆိုင်မှု ကဏ္ဍများ ၊ ရေပိုင်နက်ဆိုင်ရာကဏ္ဍများ နဲ့  ရေလုပ်ငန်းနယ်ပယ် ရေးရာအ၀၀ တို့မှာ  ကြီးမားတဲ့ အပြောင်းအလဲ တွေ၊ ဖျက်သိမ်းခြင်း ၊ တိုးမြှင့်ခြင်း တွေ ပေါ်ပေါက် လာနိုင်ဖွယ်ရာ ရှိပါတယ်။


ခွန်အား  ပျော့ စေသော အနေအထား  ….


အင်္ဂါဂြိုဟ်ဟာ  ဗေဒင်ပညာစည်းကမ်းမှာ  ခွန်အားကို ဖော်ပြပါတယ်။  နာမည်အဖျားစာလုံး အင်္ဂါနံနဲ့ မှည့်ခေါ်ထားသော နိုင်ငံတော်အကြီးအကဲ ဦးသိန်းစိန်ဟာ  လုပ်ဆောင်မှုမှန်သမျှမှာ ခွန်အားသုံး မြန်မြန် ဆန်ဆန် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လေ့ရှိမှာကို သူရဲ့နာမည်ကနေ ဖော်ပြနေပါတယ်။
အဲဒီ့လိုခွန်အား ကောင်းစေသော အင်္ဂါဂြိုဟ်ဟာ  ၁၃၇၄ ခုနှစ်ထဲမှာတော့ ….ဂွမ်းပုံလေးနဲ့တူတဲ့  ပုတိဌာနမှာ …အိစိ အိစိ ဖြစ်သွားတာကို တွေ့ရပါတယ်။ တနည်းအားဖြင့်ကတော့ ….အင်္ဂါဂြိုဟ်ဟာ ပုတိဌာနမှာ ရောက်ရှိသွားချိန်တိုင်း ခွန်အားသုံးလုပ်ဆောင်လိုမှု လျော့ကျသွားခြင်း၊ အစွမ်းသတ္တိ လျော့ကျ သွားခြင်း ၊ ပြတ်သားမှု အားနည်းသွားခြင်း မျိုး ဖြစ်ပေါ်လာလေ့ရှိပါတယ်။

ဆိုတော့ နိုင်ငံတော်အကြီးအကဲ ဦးသိန်းစိန်အပါအ၀င် …နာမည်အဖျားစာလုံး အင်္ဂါနံဖြင့် မှည့်ခေါ်ထားသော နာမည်ရှင်များ အားလုံးအဖို့  ၁၃၇၄ ခုနှစ်ထဲမှာ …. ခွန်အားသုံးလုပ်ဆောင်မှုများ လျော့ကျစေနိုင်ခြင်း နဲ့  ပြတ်သားမှု အားနည်းစေနိုင်ခြင်း ကို ကြုံကြရမှာ ဖြစ်ပါတယ်။ ဒီအချက်က နိုင်ငံတော်အကြီးအကဲ ဦးသိန်းစိန်အဖို့ …လမ်းခုလတ်မှာ ရည်ရွယ်ချက် ပြတ်တောက်သွားသလိုမျိုး ဖြစ်စဉ်တွေကိုလည်း ကြုံကြိုက် ရတတ်တာကို ဖော်ပြပါတယ်။


အတွင်းစည်း  အားပြိုင်မှုများ ….


အလွန်အင်မတန်မှ … တိုက်ခိုက်ခြင်း ၊ အားပြိုင်ခြင်း၊ အနိုင်လုခြင်း ၊ စွမ်းရည်သုံး ခွန်အားပြိုင်ခြင်း များကို ဖြစ်ပွားစေနိုင်သော အင်္ဂါဂြိုဟ် ဟာ ပုတိဌာနမှာ ရပ်တည်နေတဲ့ကာလ ဖြစ်ပါတယ်။ ပုတိဌာနဟာ အတွင်း နဲ့ အပြင်မှာ …….. အတွင်းဘက်ကို ဖော်ပြသော ဌာန ဖြစ်ပါတယ်။ နိုင်ငံရေးဗေဒင်မှာ  ပြည်တွင်း နဲ့ ပြည်ပ ခွဲခြားရာမှာ ပုတိဌာန ဟာ ပြည်တွင်းကို အစိုးရပါတယ်။ စစ်မက်တို့၏ အရှင်သခင်လို့ တင်စားခေါ်ဆိုရတဲ့  … အင်္ဂါဂြိုဟ်လို ဂြိုဟ်မျိုး  ပုတိဌာနမှာ စံပျော်နေသည့်ကာလမျိုးဟာ ……. ကမ္ဘာပေါ်မှာ …ပြည်တွင်းစစ်များ ၊ ပြည်တွင်းရေး အားပြိုင်မှုများ ၊ အသင်းအဖွဲ့ ဆိုင်ရာ ပြိုင်ပွဲ များ ၊ အသင်းအဖွဲ့အတွင်း မှာပင် အားပြိုင် အနိုင်လုခြင်းများ အလွန်အင်မတန်မှ ဖြစ်ပွားစေတဲ့ ကာလမျိုး ဖြစ်ပါတယ်။ မျိုးနွယ်စု သို့မဟုတ် မိသားစုများ အတွင်း ပေါ်ပေါက်လာသော အပြိုင်အဆိုင် ကဏ္ဍတွေဟာလည်း ပုတိအင်္ဂါ ရဲ့ သဘာဝတွေပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ  ….အဆိုပါကံတရားနဲ့  …အလွန် ဆက်နွယ်နေတာကြောင့် ..နိုင်ငံတော်အကြီးအကဲရဲ့ နာမည် အဖျားစာလုံးဟာ ပုတိဌာနမှာ ရပ်တည်သော အင်္ဂါဂြိုဟ် အဖြစ် ၁၃၇၄ ခုနှစ်မှာ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

အထက်ပါအချင်းအရာဟာ…..ယခုရောက်မည့် နှစ်သစ် ၁၃၇၄ ခုနှစ်အတွင်း ..ပြည်တွင်းရေး အပြောင်းအလဲများ ၊ ပြည်တွင်းရေးရာ ….အားပြိုင်မှုများ (ယခုရွေးကောက်ပွဲ … တနည်း အားပြိုင်ပွဲမျိုး အပါအ၀င်) အမြောက်အများ ပေါ်ပေါက်လာတော့မှာကိုလည်း ဖော်ပြနေပါတယ်။

စာရေးသူအနေနဲ့  ဒီလိုအားပြိုင်မှုမျိုး ပေါ်ပေါက်လာနိုင်သော ကာလမျိုးမှာ ရွေးကောက်ပွဲ ပေါ်ပေါက် လာတာကိုလည်း သက်ပြင်းချ ကျေနပ်ရပါတယ်။ ပြည်တွင်းစစ်လို အားပြိုင်မှုမျိုး မဖြစ်ပေါ်လာစေဘဲ …ငြိမ်သက်အေးဆေးတဲ့ အားပြိုင်မှုမျိုးနဲ့  သည်တစ်နှစ်ကို ဖြတ်သန်းသွားနိုင်ဖို့ အင်မတန် အရေးကြီး ပါတယ်။ သူတစ်လူငါတစ်မင်း …..ပြည်တွင်းရေး အားဗလတွေကို …လက်ရုံးညှစ်ကွေး …ပြကြမယ့် ကာလမျိုး ဖြစ်နေတာကတော့ အမှန်ပါဘဲ။ တစ်ကယ်တော့ အိမ်ကြက်ချင်း  ခွပ်ရတာ အင်မတန် အားဖြုန်းတီးရာ ရောက်ပါတယ်။

ကျွန်တော်တို့ရဲ့ လက်ရှိနိုင်ငံတော်အကြီးအကဲ ခေါင်းဆောင်ရဲ့ နာမည်ဟာ ..ပုတိဌာနမှာ ရပ်တည် နေတော့မယ့် အင်္ဂါဂြိုဟ် ဖြစ်လာပါတယ်။ ဒါကြောင့် နိုင်ငံတော်အကြီးအကဲ ဦးသိန်းစိန် ကိုယ်တိုင် …သူရဲ့ အတွင်းစည်းက  လူတွေရဲ့ မညီညွတ်မှု ၊ အတွင်းကြိတ် အားပြိုင်မှုတွေကို ကြုံတွေ့ရတော့မှာ သေချာ လှပါတယ်။ သည်တစ်နှစ်မှာ ကိုယ်အချင်းချင်း အားပြိုင်ရတဲ့ …..တနည်းအားဖြင့် ခပ်ရှင်းရှင်းပြောရရင်တော့ အချင်းချင်း တိုက်ရတဲ့ တိုက်ပွဲတွေ ဆိုးဆိုးရွားရွား မဖြစ်ပေါ်လာစေဖို့  ….ဆိုင်ရာအကြီးအကဲ ခေါင်းဆောင် ပိုင်းတွေအနေနဲ့ ..အထူးဂရုပြု စောင့်ရှောက်ရမယ့် အချိန် ရောက်လာပါတယ်။

လမ်းကတော့နှစ်သွယ် ရှိပါတယ်။
အချင်းချင်း စေ့စပ်ညှိနှိုင်း ညီညွတ်မလား ။
ဒါမှမဟုတ်…….

အားပြိုင်တိုက်ခိုက်မှုတွေ နဲ့ ဖြေရှင်းမလား ……ဆိုတာပါပဲ။
အဆိုပါကံတရားဟာ မြန်မာပြည်နဲ့  အင်မတန် နှီးနွယ် ဆက်စပ်နေသော……………………..၁၃၇၄ ခုနှစ်ပဲ ဖြစ်ပါတယ်။

မောင်ဖုန်းတွေးမိသမျှ ……

ဒီအချိန်ဟာ နိုင်ငံတော်အကြီးအကဲများ အဖို့ အင်မတန် အားစိုက်ကြရပြီး ပင်ပန်းကြမယ့်ကာလတွေပါပဲ။ …နိုင်ငံရေး အသိအမြင်ဗဟုသုတ ကျဲပါးပြီး ဗေဒင်ပညာအမြင်မျှသာ ရှိတဲ့မောင်ဖုန်း တောင် ……ပေါ်ပေါက် လာတဲ့ ဗေဒင်ပညာရပ်ဆိုင်ရာ ကြောင်းကျိုး ဆက်စပ်မှုလေးတွေကို တွေးပြီး….နိုင်ငံမှာ ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေတွေကို ..ရင်တမမ စိတ်ပင်ပန်းမိပါတယ်။

ဟုတ်ရင်ဟုတ် ……….မဟုတ်ရင် ..ရှုပ် ဆိုတဲ့ ကာလမျိုးပါ။

တနင်္လာနဲ့ အင်္ဂါဂြိုဟ် အင်အား နည်းပါးနေသော ကာလမျိုးမှာ နိုင်ငံတော်အကြီးအကဲများ ဖြစ်တဲ့ ဦးသိန်းစိန် နဲ့ အမေစု (ဒေါ်အောင်ဆန်းစုကြည်) တို့ရဲ့ နာမည်အဖျားစာလုံးတွေဟာ အဆိုပါ အင်္ဂါ နဲ့ တနင်္လာ ဂြိုဟ်များ ဖြစ်နေတာဟာလည်း ………ဒီကနေ့ တိုင်းပြည်ရဲ့ ကံဇာတာပဲလို့ ဆိုနိုင်ပါလိမ့်မယ်။ ဆိုးမယ်လို့ မဆိုပေမယ့်……..လှုပ်ခါပြောင်းလဲမှုတွေ များပြားမယ့်ကာလလို့တော့ ……. ဆိုနိုင်တာ အမှန်ပါ။
သည်တစ်နှစ်အတွက် အဓိက တိုင်းပြည်ရဲ့ အသက်သွေးကြော ကတော့ စည်းလုံးညီညွတ်ရေးပဲ ဖြစ်ပါလိမ့်မယ်။ အခြားအခြားသော နှစ်တွေထက်ကို ပိုမိုအရေးကြီးပါတယ်။ တိုင်းပြည်ကို တစ်ကယ် ကောင်းစေချင်ရင် …ပြည်တွင်းရေး ငြိမ်သက်စေမှု နဲ့ တိုးတက်စေမှုကို ရှေးရှုကြဖို့လိုပါလိမ့်မယ်။


လက်တွဲမလား ..လမ်းခွဲမလား  ရွေးကြရမယ့် ကာလမျိုးမှာ ……အပြုံးတွေနဲ့ လက်တွဲဖို့သာ ကြိုးစား နိုင်ကြမယ် ဆိုရင်………………..

အမုန်းတွေနဲ့ လမ်းခွဲရခြင်းကြောင့် ကြုံတွေ့ရိုက်ခတ်လာနိုင်တဲ့  ကံကြမ္မာဆိုးတွေကိုလည်း မြန်မာနိုင်ငံ ပြည်သူ ပြည်သားတွေ ကင်းဝေးနိုင်ကြမယ်လို့…….ယုံကြည်ယူဆမိပါတော့တယ်။

( နိုင်ငံတော်အကြီးအကဲ ဦးသိန်းစိန် ရဲ့ နာမည်အဖျားစာလုံး အင်္ဂါ နဲ့ ပက္ခမိထားသော တနင်္ဂနွေဂြိုဟ် (အထွန်းဌာန) ရဲ့ ………အားနဲချက်နဲ့ ..အခြားသော တွေးမိသမျှတွေကိုတော့ သည်ဆောင်းပါးမှာ ဆက်လက် မဖော်ပြလိုတော့တာကြောင့် ဖြုတ်ချ ချန်ထားခဲ့လိုက်ပါတယ်။ မွေးနေ့ မွေးနံ မွေးခုနှစ် ဘာမှ မသိရသေးဘဲ နာမည် တစ်ခုထဲနဲ့ ဆုံးဖြတ်ရာမှာ ….အတိမ်းအစောင်း များနိုင်တာကြောင့်လဲ … မမှားအပ်သော နိုင်ငံ့ရေးရာတွေမို့  … တမင်ချန်လှပ်ထားခဲ့တာပါ။ )
ဘာပဲဖြစ်ဖြစ်……………………နံနက်ခင်း မိုးလင်းလို့ ပြတင်းတံခါးဖွင့်လိုက်တိုင်း……တိုးတက်မှု  နဲ့အတူ ပြုံးပီတိ ကိုယ်စီနဲ့ ဆင်းရဲကျပ်တည်းခြင်း လျော့ပါးနေကြမယ့် ပြည်သူပြည်သားတွေကို မြင်နေရပြီ ဆိုရင် ….၊ ဗုဒ္ဓဘာသာ အထွန်းကားဆုံး ဆိုတဲ့ …မြန်မာပြည်ကြီးမှာ …မေတ္တာလွှမ်းမိုးနေတဲ့ …ရှုမြင်ကွင်းတွေကိုသာ မြင်နေရပြီဆိုရင်………၊ လွတ်လပ်ခြင်း ရဲ့ အရသာအစစ်ကို ….မြည်းစမ်းရင်း …တစ်ဦးမျက်နှာတစ်ဦး ကြည့်ပြီး ..ကျေနပ် အေးချမ်းနိုင်ကြပြီ ဆိုရင်………..

ဆိုရင်………..
ဆိုရင်………………
ဆိုရင်…………………………..ဖြင့်။

တစ်တိုင်းပြည်လုံး … အေးချမ်းသာယာ …. နိုင်ပါစေ။



ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း

Post a Comment
 

Posts Comments

©2006-2010 ·TNB