
လူနာစောင့် ဒိုင်ယာရီ (၁)
(၁)
ကျွန်တော် စာရေးပျက်နေခဲ့သည်မှာ ကြာခဲ့ပေပြီ။ ရှေးယခင်က
တစ်လကို အနည်းဆုံး ဆောင်းပါး လေးပုဒ် မပြည့်သည် ဟူ၍ မရှိခဲ့သော်လည်း …ယခုမူ ကျွန်တော့်အတွေးများက ခဲဆွဲထားသည့်အလား လေးလံလွန်းလှသည်။
ယခုနှစ်အတွင်း ကျွန်တော်ရင်ဆိုင်ရသော ဘ၀မျက်နှုာစာများသည် ကြမ်းတမ်းသော
စိန်ခေါ်မှုများ ပြည့်နှက် နေခဲ့သည်။ လူမှုရေး ၊ စီးပွားရေး၊ ကျန်းမာရေး တည်းဟူသော စိန်ခေါ်မှုမျိုးစုံ ကို ယှဉ်ပြိုင် ထိုးသတ်ရင်း
..တစ်ချက်တစ်ချက် … အသက်ရှု ရပ်မတတ် ဖြစ်ဖြစ်သွားခဲ့သည်။
အထူးသဖြင့် မိသားစုဝင် သံယောဇဉ်တွယ်တာရသူ တို့၏ အရေးသည် …ကျွန်တော့်ကို
လှုပ်ခါမှု အပြုနိုင်ဆုံး ဖြစ်သည်။ စိန်ခေါ်မှုမျိုးစုံထဲတွင် ကျန်းမာရေးတည်း ဟူသော စိန်ခေါ်မှုမျိုးကား
ထိုးသတ် ယှဉ်ပြိုင်ရ အခက်အခဲဆုံး ဖြစ်ပါလိမ့်မည်။
သည်နှစ်ထဲတွင် ထိုကဲ့သို့သော
ယှဉ်ပြိုင်ထိုးသတ်ရမှု ကြီးကြီးမားမား နှစ်ကြိမ်
ရင်ဆိုင်ခဲ့ရပါသည်။ ပထမဆုံး ဇနီးဖြစ်သူ နှလုံးရောဂါဖြင့် ဆေးရုံတင်လိုက်ရသည်။ ဆေးရုံတွင်
ဆယ့်တစ်ရက်ကြာကုသခဲ့ရပြီး ၊ နောက်တစ်ကြိမ် ဆေးရုံထပ်မတင်ဖြစ်အောင် ကြိုးစားရန် ပါရဂူတည်း
ဟူသော ပညာရှင်တို့က အကြံပေးလိုက်ကြပါသည်။
ဒုတိယအကြိမ်ကား ပိုမိုအင်အားပြင်းထန်ခဲ့သည်။ ဖခင်ဖြစ်သူ ဦးနှောက်သွေးကြောပေါက်
သဖြင့် လင်းအားကြီး အချိန်တွင် …. အရေးပေါ် ဆေးရုံပြေးတင်ရတော့သည်။ အစွန်အဖျားတွင်
နေမိသော ဒုက္ခကား မသေးပေတကား။ ငှားစရာ ကားမရှိ၊
သွားစရာ … လားလားမရှိဖြစ်ခဲ့သည်။ တော်သေးသည်။ အောက်ဆုံးထပ် ၀ပ်လျော့မှ ကားအကူညီပေးခဲ့သည်။
အနှစ်ချုပ်လိုက်တော့ ဆေးရုံသုံးခု ပြောင်းလိုက် ရသည်။ ပထမ အင်းစိန် သီရိစန္ဒာဆေးရုံ ၊
ဒုတိယ ရန်ကုန်ပြည်သူ့ဆေးရုံကြီး (ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဆောင်) ၊ တတိယ
ရွှေဂုံတိုင် မှ အက်စ်အက်စ်စီ ။မိသားစုတွင် သောက်သောက်လဲ ငွေကုန်ကြေးကျ ဖြစ်ခဲ့သော်လည်း တစ်လကျော်ခန့်
အကြာတွင် …ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပါသည်။ ဆေးရုံတက်နေစဉ်ကာလများတွင်လည်း … ကျွန်တော်အတွေး များသည်
နားနားနေနေ မရှိခဲ့။ စိတ်အေးလက်အေး ရှိမှ စာရေးနိုင်သော ကျွန်တော်အဖို့ စာရေးကျင့် ပျက်သကဲ့သို့
ဖြစ်သွားခဲ့ပါသည်။
ဟောစာတမ်းများ ကိုလည်း အလွန်အချိန်နောက်ကျ
ပြီးမှ အပ်နိုင်ခဲ့သလို ..၊ သင်တန်းသား အချို့ကိုလည်း မျက်နှာလွှဲ ထားရသည့် အခြေအနေဆိုက်ခဲ့သည်။
ဆေးရုံတည်းဟူသော …ကြောက်မက်ဖွယ်ရာ ဌာနကြီးတွင် ….ရုန်းကန်တိုက်ပွဲဝင်ခဲ့ရသည်မှာ ကာယကံရှင်
ဖခင်ဖြစ်သူမှမဟုတ်…၊ လူနာစောင့် ဖြစ်ရသော ကျွန်တော်တို့သည်လည်း
အပါအ၀င်။ တစ်ကယ်တော့ လူနာစောင့် လုပ်ရသူများ ၏ ဒုက္ခ က ပိုကြီး မလားပင် ဆိုနိုင်၏။
လူနာစောင့်လုပ်ရသည့် ကာလများအတွင်း အခြားသော လူနာများ နှင့် လူနာရှင်များ
၏ ဘ၀များ၊ ကံဇာတာများ ကိုလည်း လေ့လာသိရှိခဲ့ရပါသည်။ အံ့အားသင့်စရာ အခြေအနေများ ကိုလည်း
ကြုံတွေ့ ခဲ့ရသည်။ အော့နှလုံးနာစရာ အကျင့်ပျက် ၀န်ထမ်းအချို့၏ စက်ဆုတ်ဖွယ် အပြုအမူများကိုလည်း
ရင်ဆိုင်ခဲ့ရသည်။ အလွန်သနားဖွယ်ရာ ကောင်းသော
အားနဲသည့် ဘ၀အခြေအနေလေးများကိုလည်း
ဂရုဏာ ဖြစ်ဖွယ်ရာ တွေ့ကြုံခဲ့ရသည်။ ယခုဆောင်းပါး ဖြစ်သော မင်းသား ကျွန်တော်
…ကျွန်တော် မင်းသား ဆောင်းပါးသည် …ဦးနှောက်နှင့်
အာရုံကြော ခွဲစိတ်ကုသဆောင် တွင် တွေ့ကြုံခဲ့ရသော လူနာ ကောင်လေးတစ်ယောက် အကြောင်း ဖြစ်ပေသည်။
(၂)
ဒီမှာ အစ်ကိုက ဒါရိုက်တာကြီး
မဟုတ်လား ….
ပုခုံးကိုလက်တို့ပြီး မေးသံကြောင့် ….. ကျွန်တော်လှည့်ကြည့်လိုက်သည်။
ပိန်ပိန်လှီလှီ ရှည်ကိုင်းကိုင်း …နှင့် အသားညိုညို ကောင်လေးတစ်ယောက်ကို တွေ့ရသည်။
နှာတံကျပုံကောင်းသဖြင့် …မျက်နှာ သွင်ပြင်မှာ ဂရုဏာသက်စရာ မျက်နှာပြင်မျိုး ဟု ထင်ရသည်။
ခေါင်းတွင်မူ ….ခေါင်းတုံး ပြောင်အောင်အရိပ်ခံထားရပြီး …၊ ညာဘက် ချိုစောင်းတွင် ခွဲစိတ်ထားသဖြင့်
ဆေးပလာစတာများ ကပ်ထား၏။
သူ့ကို ကျွန်တော် သိပါသည်။ သူ့နာမည်မှာ ယမင်းကိုကို ဖြစ်သည်။ ယောကျာ်းလေးကို
ယမင်းကိုကို ဟု မှည့်ထားသော ထူးခြားသည့် အမည်မျိုးမို့ ကျွန်တော် မှတ်မိနေခြင်းလည်း
ဖြစ်သည်။ ဒါ့အပြင် သူ့ကုတင်က …ကျွန်တော်လူနာစောင့်လုပ်ရသည့် အဖေ့ ကုတင်နှင့် မျက်နှာချင်းဆိုင်မို့ …သူ့ကို ကျွန်တော် ကောင်းကောင်း သိပေသည်။
သူ့ကို သူ၏ အမွှာအစ်ကိုနှင့်
အမေ တို့က တစ်လှည့်စီ လာစောင့်ရသည်။ သူ့အခြေအနေက …၀မ်းဗိုက် မှာလည်း ခွဲစိတ်ထားရသည်ဟု
ဆိုသည်။ အစာ နှင့် ရေ ကို အတိုင်းအဆ နှင့် သာ ကျွေးရသေးသဖြင့် ….သူသည် ဗိုက်ဆာလာချိန်ရောက်တိုင်း
အလွန်ဂျီကျ တတ်၏။
အိမ်ပြန်မယ်…. အမေ
|
စားချင်လို့ပါ … ကျွေးပါ
ဟာဗျာ …မစောင့်နိုင်တော့ဘူး ….ဆရာမတွေက တစ်မျိုးပြီး တစ်မျိုး ပြောနေတာပဲ
….နောက်နာရီဝက် နောက်နာရီဝက် နဲ့ ……အဲဒီ့နာရီဝက်ကလည်း ပြည့်မပြည့်နိုင်တော့ဘူး…အလကားပဲ….
စသည်ဖြင့် ……သူထင်ရာ ကို ပြောဆိုနေတတ်သည်။ ဦးခေါင်းကိုလည်း ထိခိုက်ထားသဖြင့်
ခွဲစိတ် ထားရသည့် ဦးနှောက်အနဲငယ်ချို့ယွင်း
နေသော လူနာလူငယ်လေး တစ်ဦး ဖြစ်သည်။
အစ်ကိုဒါရိုက်တာကြီး ….. ကျွန်တော် တို့ ဇာတ်ကားက ဘယ်တော့မှ ပြီးမှာလည်း….၊
မင်းသမီးကရော ….ဘယ်မှာလည်း …၊ တစ်ခါမှလည်း လာတာမတွေ့ဘူး…။ ကျွန်တော် …တစ်ပင်တိုင် မင်းသား
လုပ်နေရတာ ကြာပြီဗျ…မင်းသမီး မရှိတော့ ….အဆင်မပြေဘူး ၊ ရှုတင်မလာဖြစ်ဘူး ဆိုရင်လည်း
ကြိုပြောသင့်တယ် မလာဖြစ်ဘူး ဆိုတာ ။
ကျွန်တော့်ကို သူက ရုပ်ရှင်ဒါရိုက်တာကြီး ဟု ထင်နေတတ်ပြီး ၊ သူကိုယ့်သူတော့
မင်းသား ဟု သတ်မှတ် ထားပုံပင်။ စိတ်မူမမှန်သည့် ဝေဒနာရှင်တစ်ဦးဖြစ်ပုံရသဖြင့် …ကျွန်တော်သူ့ကို
စိတ်ရှည်ရှည်ဖြင့် ဇလိုက်ဇရော ပြန်ဖြေပေးရပါသည်။
အေးကွာ ဟုတ်တယ် …မင်းသမီးတွေကလည်း စိတ်ပျက်စရာပါပဲ ..၊ နာမည်လေး နည်းနည်း ရလာပြီဆိုရင်
ဒီအတိုင်းချည်းပဲ ….၊ ရှုတင်နောက်ကျရတာနဲ့ … အထာကိုင်ရတာနဲ့ မလွယ်ပါဘူး။ ….ငါ့ညီတို့လို မင်းသား ငယ်ငယ်လေးတွေပဲ ကောင်းတယ်…နှော့..။
မင်းသားလည်း မကောင်းပါဘူးဗျာ…မင်းသမီးမှ မရှိရင်…၊ မင်းသမီးခေါ်ပေးပါ
ဒါရိုက်တာကြီး …ခေါ်ပေးဗျာ …ခေါ်ပေး။
ဗုဒ္ဓေါ …မြတ်စွာ …ငါ့တော့ ရှုးပတ်ပဟဲ့ ။ ကျွန်တော် မျက်လုံးပြူးသွားသည်။ ဂွပဲ ..အဲဒါမှ..။
မောင်မင်းကြီးသားကတော့ မင်းသမီး ဇွတ်ရှာခိုင်းနေ ပါပကောလား။ ကျွန်တော်လည်း ထိုးမိထိုးရာ
လက်ညှိး ထိုးရင်း….အဲဒီ့မှာလေ မောင်ရင့်မင်းသမီး ဟု မေးငေါ့ပြလိုက်မိသည်။
ဟာဗျာ…မင်းသမီးကလည်း ဗိုက်ကြီးနေတာကိုးဗျ….ဒါကြောင့် ရှုတင်မလာတာ ထင်တယ်။
ကျွန်တော် ညွှန်ပြလိုက်သော မင်းသမီးကို ကြည့်ရင်း
သူငြီးတွား၏။ ဟုတ်တော့လည်း ဟုတ်သား….ကျွန်တော် ညွှန်ပြလိုက်မိသည်က ..ဆေးရုံမှ
အလွန်အပေါက်ဆိုးသော ကိုယ်ဝန်ဆောင် နပ်စ် အမျိုးသမီး တစ်ဦး ဖြစ်နေသည်။ ထိုအမျိုးသမီး
အပေါက်ဆိုးပုံကလည်း လွန်သည်။ ကြီးသူကိုလည်း ကြီးသူမှန်းမသိ … ၊ ရိုသေထိုက်သူဟု…ဆရာဝန်ကြီးများ
နှင့် စစ်စတာ ကြီးများ ကိုသာ သတ်မှတ်ထားပုံပင် ..။ ကျန်သည့် သူများအားလုံးကိုတော့…
လူဟု ပင် ထင်ပါလေရဲ့လား အောက်မေ့ရသည်။ အော်ဟစ် ငေါက်ငမ်း ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံလေ့ရှိတတ်သူ
။
ဒီအတိုင်းတော့ မဖြစ်ဘူး …ဒါရိုက်တာကြီး …ကျွန်တော့်ကို မင်းသမီးအသစ်
ရှာပေးပါ။
အေးအေး …ရှာပေးမယ် ..၊ မောင်ရင်လည်း ရှာထားပေါ့ ၊ စိတ်ကြိုက်တွေ့ရင်
ကိုယ့်ဆီ ဖုန်းဆက်လိုက်နော် …ဟုတ်ပြီလား။
သူခေါင်းငြိမ့် ပြ၏။ တော်ပါသေးရဲ့
….. ။ ကျွန်တော် သက်ပြင်းကြိတ်ချပြီး မြန်မြန်သူ့အနားက
လစ်ထွက်ခဲ့ရသည်။
ယခုအချိန်တွင်မူ ….သူ့အကြောင်းသည် …..ကျွန်တော့်အတွက် …စာရေးစရာ
အကြောင်းအရာ တစ်ခု ဖြစ်လာခဲ့ပေသည်။
(၃)
ကျွန်တော်သည် ရင်သွေးအမည်ပေးကဏ္ဍအတွက် ဆောင်ရွက်ပေးသည့် အမည်ပေး ဟောစာတမ်း များတွင်
….လူပုဂ္ဂိုလ်တို့ အမည်မှည့်ခေါ်ရာတွင် ..ရှောင်ရှားအပ်သော
အပြစ်သုံးပါး ဟူသည့် ကဏ္ဍ ကိုလည်း …မေးမြန်းသည့်
ရင်သွေးပိုင်ရှင် မိဘအုပ်ထိမ်းသူများ ထံသို့ …တပါးတည်း ထည့်ပေးလိုက်စမြဲ ဖြစ်သည်။ မှတ်မှတ်ရရ ၂၀၁၁ မှ စပြီး
ထည့်ပေးဖြစ်ခဲ့ပါသည်။ ယင်းကဏ္ဍ တွင် ပါဝင်သော …နံပါတ်(၃) အချက်မှာ ဤဆောင်းပါးနှင့်
ဆက်နွယ်ဆက်စပ်မှု ရှိနေသဖြင့် ….အဆိုပါ နံပါတ်(၃) အချက်ကို တင်ပြပေးပါမည်။
(၃) ဆန့်ကျင်ဘက် ပညတ်များကို တွဲစပ်မှည့်ခေါ်ခြင်း မှ
ရှောင်ကျဉ်ခြင်း
လောကတွင် အဖြူနှင့် အမဲ ၊ အလင်းနှင့် အမှောင် ၊ အထက်နှင့်အောက်
..စသဖြင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက် သဘော ရှိသော အနက်သဘောပညတ်ရှိသည့် အမည်တို့ကို
တွဲမမှည့်အပ်ပေ။ မှည့်သော် ဘာဖြစ်သနည်း။ အသက်ဘေး အန္တရယ် ၊ ဘေးဆိုး ၊ ကပ်ဆိုးများ နှင့် ကြုံတွေ့ရတတ်သတည်း။ ထိုသို့
အနက်သဘော ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ပြုထားသော အမည်တို့ကို တွဲစပ်မှည့်ခေါ်ထားပါမူ ဆိုင်ရာအမည်ရှင်တို့မှာ အကောင်းအဆိုး လွန်ကဲသော ဘ၀ပိုင်ရှင်များ ဖြစ်လာကြ၏။ ယင်းမှတစ်မူလည်း
အန္တရယ်ဆိုးဆိုးဝါးဝါးတို့နှင့် ဘ၀တွင် တည့်တည့်ရင်ဆိုင်မိတတ်ကြပေသည်။
ဥပမာပြုရပါမူ .. သက်မြင့် ၊ ချိုချိုသက်၊ ချိုတူး ၊ မဲထိန်၊
ပိုလို ၊ စုစုဝေ စသော အမည်များဖြစ်ကြ၏။
အထက်ပါ အပြစ်သုံးပါး ကိုရှောင်ရှားခြင်းဖြင့် လောကီလူသားတို့သည်
အမည်နာမတို့ကို (ရေရှည် အကျိုးစီးပွားအတွက် မျှော်ရည်ပြီး) မှည့်ခေါ်အပ်ရာ၏။အဆိုပါ အချက် နှင့် …… ယခုကြုံတွေ့ရသော
…လူနာလူငယ်လေး ကို လေ့လာကြည့်ပါစို့။
ယမင်းကိုကို ဟူ သော အမည် ကိုပင် စတင်လေ့လာကြည့်ပါမည်။
ယမင်းသည် …….. မ
သဘောဆောင်သော ပညတ် ဖြစ်ပြီး..
ကိုကို သည်……..
ဖို သဘောဆောင်သည့် ပညတ် ဖြစ်နေကြောင်းတွေ့ရမည် ဖြစ်သည်။
ဆန့်ကျင်ဘက် သဘောဆောင်နေသော …အဆိုပါ ပညတ်နှစ်ခုကို တွဲလျှက် မှည့်ခေါ်ထားခြင်း
သည် …ဆန်းကျင်နေသော အမည်မျိုး ဖြစ်လာစေ၏။ တနည်းအားဖြင့် အထက်ပါ နံပါတ်(၃) အချက်နှင့် တိတိကျကျ
ကိုက်ညီနေကြောင်း တွေ့ရမည် ဖြစ်၏။
ယမင်းကိုကို တွင် နာမည်အဖျားစာလုံးသည် … ကို …(တနင်္လာနံ ) ဖြစ်၏။ တနင်္လာသည် စိတ်ကူးယဉ် နယ်ပယ် နှင့် ရုပ်ရှင်ဖလင်လောက
၊ အနုပညာလောက ကို အစိုးရ၏။ ရှင်းအောင် ပြောရပါမူ …ရူးရသည့် ဘ၀ရောက်ချိန်မှာပင် ….နာမည်၏
အာနိသင် အရ …ရုပ်ရှင်ရူး ၊ အနုပညာရူး ရူးရ၏။
ကျွန်တော်သည် နာမည်များစွာကို ဘ၀တစ်လျှောက်လုံး လေ့လာမှတ်တမ်းတင်လာခဲ့
မိရာတွင်….. သံဝေဂ ရစရာများစွာ ကောင်းသော ဘ၀များ၊ အလွန်ထူးခြားသော ဘ၀များ ကိုလည်း တွြေ့မင်ခဲ့ရ၏။
ယခု ဖခင်ဖြစ်သူ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဆောင် တွင် တင်ထား ရချိန်တွင် ကြုံတွေ့ရသော အမည်ရှင်များ နှင့် ကံဇာတာများသည်လည်း
အပါအ၀င် ဖြစ်လေသည်။
ဆက်ပါဦးမည်…………..။
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီ မောင်ဖုန်း
phone 01 618 469
Post a Comment