နှစ်ခုကြွင်း မဟာဘုတ်ဇာတာခွင်နှစ်
သည်တစ်နှစ် မြန်မာခုနှစ် ၁၃၇၄ခုနှစ်ကတော့ …. နှစ်ခုကြွင်းမဟာဘုတ်ဇာတာခွင်နှစ်မျိုး ဖြစ်ပါတယ်။ ဒီတစ်နှစ်မှာ မွေးဖွားသော ကလေးသူငယ်များ …ရင်သွေးငယ်များအဖို့ ..အောက်ပါနေ့နံ အသီးသီး ဟာ ဆိုင်ရာ မဟာဘုတ်ဇာတာဖွားများ ဖြစ်လာပါလိမ့်မယ်။
အဓိပတိဖွား
သောကြာ
|
||
အထွန်းဖွား
တနင်္ဂနွေ
|
သိုက်ဖွား
ဗုဒ္ဓဟူး
|
ရာဇဖွား
စနေ
|
မရဏဖွား
ကြာသာပတေး
|
ဘင်္ဂဖွား
တနင်္လာ
|
ပုတိဖွား
အင်္ဂါ
|
တနင်္ဂနွေနေ့တွင် မွေးဖွားသော ရင်သွေးငယ်များ အထွန်းဖွား
တနင်္လာနေ့တွင် မွေးဖွားသော ရင်သွေးငယ်များ ဘင်္ဂဖွား
အင်္ဂါနေ့တွင် မွေးဖွားသော ရင်သွေးငယ်များ ပုတိဖွား
ဗုဒ္ဓဟူးနေ့တွင် မွေးဖွားသော ရင်သွေးငယ်များ သိုက်ဖွား
ကြာသာပတေးနေ့တွင် မွေးဖွားသော ရင်သွေးငယ်များ မရဏဖွား
သောကြာနေ့တွင် မွေးဖွားသော ရင်သွေးငယ်များ အဓိပတိဖွား
စနေနေ့တွင် မွေးဖွားသော ရင်သွေးငယ်များ ရာဇဖွား
သူ့ဘာသာသူ ဘာနေ့ဖွားပြီး ဘာမဟာဘုတ်ဖွားမျိုးပဲဖြစ်ဖြစ် … မိဘဆိုတာကတော့
ကိုယ့်ရင်သွေးကို ကိုယ် ချစ်ရတာချည်းပါပဲ။ သို့သော် …သည်ဆောင်းပါးက …စပါယ်ရှယ့်..စပါယ်ရှယ်…မမွေးမီကတည်းက တင်ကြို ပြင်ဆင်ထားလိုကြတဲ့ ….ကဲကဲသဲသဲ ချစ်မိဘများ အတွက် ဆိုပါတော့။ ဆရာ …ဘာနေ့သားသမီး ယူရင်ကောင်းမလဲ
ဆိုတဲ့မေးခွန်းမျိုးကို …ဥာဏ်ပူဇော်ခပေးပြီးတစ်ဖုံ ….အခမဲ့တစ်ခွန်းနှစ်ခွန်း မေးလို၍ တစ်မျိုး…..၊
…အမျိုးမျိုး သိလို မေးမြန်းလာကြသော ….စာဖတ်ပရိသတ်များအတွက် …တမင် ရေးပေး လိုက်တာပါ။
သည်သို့ ရေးသားပေးရာမှာ……မဟာဘုတ်ခွင်ဆိုင်ရာ အမြင်အရပ်ရပ်ကို ခွဲခြား ကြည့်ပြီး…အကောင်းဆုံး ဖြစ်အောင်တော့ ကဏ္ဍခွဲ ကြိုးစားပေးထားပါတယ်။ လေ့လာကြည့်ကြပါစို့။
ယျေဘုယျအားဖြင့် ….အများစု အမြင်မှာတော့……. အထက်လေးခွင်ဖြစ်တဲ့ အထွန်း၊သိုက်၊ရာဇ၊ အဓိပတိဖွားများကို …အကောင်းမို့ ပိုမိုရွေးခြယ်လိုကြမှာဖြစ်တဲ့အတွက် ….တနင်္ဂနွေ ၊ ဗုဒ္ဓဟူး/ရာဟု ၊ စနေနဲ့ သောကြာ နေ့နံများကို ပိုမို ရွေးခြယ် နှစ်ခြိုက်ကြပါလိမ့်မယ်။
အောက်နံ သုံးခုဖြစ်တဲ့ မရဏ ၊ ဘင်္ဂ ၊ ပုတိ ဖွားများဖြစ်တဲ့ …ကြာသာပတေး ၊ တနင်္လာ နဲ့ အင်္ဂါ တို့ကတော့…….အများစု ရှောင်ကြတဲ့ နေ့နံနေ့ရက်တွေ ဖြစ်ကြပါမယ်။
သို့သော် ….အမှန်တစ်ကယ် …ဆန်းစစ်ကြည့်ကြမယ်ဆိုရင်………………..

၁၃၇၄ခုနှစ်အတွင်း ဖွားမြင်သည့်
ရင်သွေးငယ်များ နှင့် ပညာရေးကဏ္ဍ…..
တနင်္ဂနွေ ၊ ဗုဒ္ဓဟူး/ရာဟု ၊ စနေ သားသမီး ရင်သွေးငယ်များ ဟာ ပညာရေးဆိုင်ရာ အားသာချက် အရရှိနိုင်ဆုံးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် …ဗုဒ္ဓဟူး / ရာဟု သားသမီးများဟာ ပညာရပ်ပိုင်းဆိုင်ရာမှာ နိုင်ငံရပ်ခြား ဝေမြေရပ်ခြားထိ ပညာတော်သင်ကြားရခြင်း ကံမျိုးထိ အားသာချက် ရှိကြပါတယ်။ အမည် မှည့်ခေါ်ပုံပါ မှန်ကန်မှု ရရှိမယ်ဆိုရင် ….နာမည်ကျော်ပညာရှင်တွေ ဘ၀မျိုးအထိ ရောက်နိုင်သော ဇာတာရှင်များ လို့ ဆိုရပါမယ်။
တနင်္ဂနွေနေ့ဖွား ရင်သွေးငယ်များကတော့ …..ဘ၀မှာ ပညာရှင်အဖြစ် ရပ်တည်ခွင့်ကံ ကို ရရှိ ထားပေမယ့်…သင်ကြားရေးဆိုင်ရာ …မတည်ငြိမ်မှု ပြဿနာလေးတွေ တွဲပါနေတာလည်း အမှန်ပါ။ စနေနေ့ဖွား ရင်သွေးငယ်များဟာလည်း ပညာဖြင့် အသက်မွေးခွင့် ရရှိနိုင်ကြတာမို့ ..အားကောင်းသော အုပ်စုထဲ ထည့်ရပါလိမ့်မယ်။
သောကြာနဲ့ တနင်္လာနေ့ဖွား ရင်သွေးငယ်များကတော့ ….ပညာရေးကဏ္ဍ အားနည်းနိုင်သော ရင်သွေးငယ်များပဲ ဖြစ်ပါတယ်။ သောကြာနေ့ဖွား ရင်သွေးငယ်များဟာ … ဘယ်ဆရာမျိုးနဲ့မှ ..ပညာဆုံးအောင် သင်ခွင့်မရတာမျိုး ၊ ဆရာသမားဆိုင်ရာ အခက်အခဲကြုံတာမျိုး အများဆုံး ဖြစ်ပွားရတတ်ပြီး၊ ပညာရေးမှာ ဆိုင်းငံ့ အခြေအနေများစွာ လည်း ကြုံကြိုက်ကြရတတ်ပါတယ်။
တနင်္လာနေ့ဖွား ရင်သွေးငယ်များကတော့….. သင်တန်း၊ ကျောင်း.. ၊ ကျူရှင် စသည်တို့ မကြာမကြာ ပြောင်းလဲ နေရတတ်တာကြောင့် …သင်ကြားရေးဘက်မှာလည်း အခက်အခဲ ဖြစ်ရတတ်ပါတယ်။ အလွန် သေချာတာကတော့…သူတို့ရဲ့ဘ၀တစ်လျှောက်လုံးမှာ သင်ကြားရေး ဆိုင်ရာ မမြဲမြံမှုတွေ၊ တစ်ဝက် တစ်ပျက် သင်ကြားရမှုတွေ လွှမ်းမိုးနေတယ် ဆိုတာပါပဲ။
အင်္ဂါနေ့ဖွား ရင်သွေးငယ်များကတော့ သာမန်အလယ်အလတ်လို့သာ မှတ်ယူနိုင်ပါတယ်။ နာမည်ပေး မှည့်ခေါ်မှု ၊ ပေါက်ဖွားရာ အသိုက်အ၀န်း ၊ အုပ်ထိမ်းသူများရဲ့ အရည်အသွေး ပေါ်မှီတည်ပြီး… အားသာချက် အားနည်းချက် ဖြစ်တည်လာမှာပါ။

ရင်သွေးငယ်များ နှင့် ဓနဥစ္စာ ကြွယ်ဝချမ်းသာနိုင်ရေး…
ဓနဥစ္စာ ပိုင်ဆိုင်မှု နှင့် ပတ်သက်ပြီး …… သုံးသပ်ရမယ် ဆိုရင် …
စနေနေ့ဖွား ရင်သွေးငယ်များ ...

တနင်္ဂနွေနေ့ဖွား ရင်သွေးငယ်များ …..
သောကြာနေ့ဖွား ရင်သွေးငယ်များ……..
သုံးမျိုးဟာ …… အစဉ်အတိုင်း အင်အားရရှိထားတယ်လို့ မှတ်ယူနိုင်ပါတယ်။ စနေနေ့ဖွား ရင်သွေးငယ်များ ကတော့ …အားအကောင်းဆုံးလို့ပဲ ယူဆမိပါတယ်။ ဒီနှစ် ၁၃၇၄ခုနှစ်အတွင်း မွေးဖွားမယ့် ရင်သွေးငယ် တွေထဲမှာတော့ သောကြာ နဲ့ …. စနေ နေ့ဖွား လေးတွေဟာ ….အနာဂတ် အကျိုးစီးပွား ရှာဖွေရာမှာ အခွင့်အလမ်း အရရှိနိုင်ကြဆုံးပါပဲ။ အထူးသဖြင့် စနေဟာ အင်အားအပြည့်ရရှိထားပါတယ်။ နာမည်ပေး မှည့်ခေါ်ပုံသာ မတိမ်းစောင်းခဲ့ဘူးဆိုရင် …စနေနေ့ဖွား ရင်သွေးငယ်တွေဟာ ….သူတို့လိုလားတဲ့ အကျိုးစီးပွားကို သာမန်အနေအထားကနေ ….အလွန်မြင့်မားတဲ့ အနေအထားထိ ရယူပိုင်ဆိုင်နိုင်သော အတိတ်ကံ ပါလာကြသူများ ဖြစ်ပါတယ်။
၁၃၇၄ခုနှစ်အတွင်း ဖွားမြင်သည့် ရင်သွေးငယ်များ နှင့် အသက်ဇီဝ ကျန်းမာရေးကဏ္ဍ
သည်နှစ်မွေးတဲ့ ရင်သွေးငယ်လေးတွေထဲမှာ ဂရုအစိုက်ရဆုံး နေ့နံကို ပြပါဆိုရင် တနင်္ဂနွေ သားသမီးလေး တွေကို ပြရပါမယ်။ သည်ကလေးငယ်တွေဟာ ……. ရေဘေးအန္တရယ်ကို တစ်သက်လုံး ဂရုစိုက်ရမယ့် ဇာတာရှင်တွေဆို တာ ..လုံးဝ မှတ်ယူဂရုပြုမိဖို့ လိုပါတယ်။ အဘိုးကြီး အဘွားကြီး အရွယ်တစ်ချို့တောင် သဘောင်္မြုပ်လို့ ရေပြင်မှာ ရုန်းကန် အသက်လုလိုက်ရတဲ့ လက်တွေ့ဇာတာမျိုးတွေက အစ ကျွန်တော့်ဆီမှာ ရှိနှင့်ထားလို့ပဲ ဆိုပါရစေ။

ဒါတွေဟာ ကလေးမိဘတွေကို
ကြောက်အောင်လန့်အောင် ..ကျွန်တော် ဖြဲခြောက်နေတာ မဟုတ်ပါ။ ဂရုပြု ထိမ်းသိမ်းစောင့်ရှောက်ပေးနိုင်ဖို့
သတိပေးနေတယ် ဆိုတာ …ယုံကြည်ကြပါ။ ဗေဒင်လေ့လာ နေသူတွေကိုတော့……ပုတိအင်္ဂါနဲ့ ပက္ခမိထားခြင်းနဲ့
အညွန့်ဂြိုဟ် တနင်္လာနံတူ တနင်္လာနဲ့ ပက္ခမိခြင်း များကို လေ့လာကြဖို့ လမ်းညွှန်ပေးလိုက်ပါရစေ။
အဆိုပါအနေအထားဟာ…… သွေးကြောင့်ဖြစ်ပွားသော ရောဂါများ နဲ့ ၊ ကူးစက်တတ်သော ရောဂါများကို ဂရုပြု ရှောင်ရှားဖို့လည်း လိုအပ်ကြောင်း ဖော်ပြနေတဲ့အနေအထားဖြစ်ပါတယ်။ ..ဒါကြောင့် ဒီနှစ်မွေး သည့် တနင်္ဂနွေ အထွန်းဖွား ရင်သွေးငယ်များကို….ရောဂါ မကူးစက်နိုင်အောင် အထူးသတိပြုပေးဖို့နဲ့ ရေနဲ့နီးစပ်ရာတွေမှာ …အုပ်ထိမ်းသူမဲ့ မလွှတ်ထားမိဖို့ …အသိလက်ဆောင် ပြုလိုက်ရပါတယ်။
ဒုတိယအားနည်းသော နေ့နံကတော့ ဗုဒ္ဓဟူးသားသမီး ရင်သွေးငယ်များ ပဲ ဖြစ်ပါတယ်။ (ရာဟု မဟုတ်ပါ။) တတိယ အားနည်းသော နေ့နံကတော့ စနေသားသမီး ရင်သွေးငယ်များပါပဲ။
အထက်ပါ …တနင်္ဂနွေ … ဗုဒ္ဓဟူး …စနေ သားသမီးရင်သွေးငယ်များကို အခြားနေ့နံများထက် ပိုမိုပြီး … ဂရုစိုက် ပေးသင့်တယ် လို့ ယူဆမိပါတယ်။
ကျွန်တော့် အတွေး နှင့် ရင်သွေးငယ်များ ကံဇာတာ
ဒီနှစ်ထဲမှာ မွေးဖွားမယ့် ရင်သွေးငယ်များထဲမှာ …..ယောကျာ်းလေး ဖွားမြင်မယ်ဆိုရင် …စနေနေ့ဟာ ကျွန်တော် သဘောအကျဆုံး နေ့နံပါပဲ။ ဒုတိယသဘောအကျဆုံးကတော့ ..တနင်္ဂနွေပါ။ အသက်မွေး ၀မ်းကျောင်း ခိုင်လုံစေနိုင်မှုနဲ့ ဘ၀အောင်မြင်ရေးမှာ ….အခွင့်အလမ်းသာနိုင်မှု တို့ကြောင့် ပါပဲ။ ယောကျာ်းလေး ဇာတာရှင်များဟာ အသက်မွေးမှု အင်အား ကောင်းလေ….သင့်လျော်လေလို့ ယျေဘုယျ ဆိုနိုင်ပါတယ်။
အဲ…မိန်းကလေး ဖွားမြင်မယ် ဆိုရင်တော့ …… ဗုဒ္ဓဟူး/ရာဟု နေ့မှာ မွေးဖွားတာကို ဖြစ်နိုင်ရင် ရှောင်ရှား သင့်တယ်လို့ …ယူဆမိပါတယ်။ အိမ်ထောင်ရေး ..မေတ္တာရေး အားနည်းမှု များပြားနိုင်တာကြောင့်ပါပဲ။ ယောကျာ်းလေးတွေထက် ..မိန်းကလေးတွေအဖို့ အိမ်ထောင်ရေး အားနဲမှုဟာ ပိုမိုထိခိုက်စေနိုင်တယ်လို့ ယေဘုယျအားဖြင့် ယူဆနိုင်တာကြောင့်ပါ။ အခြားသော အိမ်ထောင်ရေး / မေတ္တာရေး အားနည်းစေ နိုင်သော နေ့နံများကတော့ ….ကြာသာပတေး နဲ့ စနေ တို့ပဲ ဖြစ်ပါတယ်။ ကြာသာပတေးက ပိုမို ဆိုးအားများ ပါတယ်။
ကဲ…….သည်လောက်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ်……ချစ်စွာသော စာဖတ်ပရိသတ်တို့အတွက် ..ပူတူတူး အုဝဲ လေးများ လိုလား ရွေးခြယ်ကြရာမှာ …..အထောက်အကူ ဖြစ်စေလိမ့်မယ် လို့ ယူဆမိပါတယ်။
သို့သော် တစ်ချက် မှာလိုတာကတော့………ကိုယ်က အကောင်းဆုံးကို ရွေးတိုင်းလည်း ကျိန်းသေ ရမယ် မမှတ်ပါနဲ့။ ကိုယ်နဲ့ထိုက်မှလည်း ကိုယ်ရနိုင်ကြောင်း သတိချပ်ပါ။ အကောင်းဆုံး ကို မျှော်လင့်နိုင်ပါတယ်။
ဒါပေမယ့် ဘယ်နေ့မွေးမွေး ကိုယ့်ရင်သွေးပါ။ နောက်တစ်ခုကတော့……မွေးနေ့ မွေးနံက အားသာချက် ရှိသည့် တိုင်အောင် နာမည်မှာ အားနည်းရင်လည်း ထင်သလောက် အကျိုးမရနိုင်ပါ။ အဲသလိုပါပဲ မွေးနေ့ မွေးနံက အားနဲချက်များသည့် တိုင်အောင် ..နာမည်က အားကောင်းရင်လည်း … ဆိုးကျိုးကို ထိမ်းသွား နိုင်ပါတယ် ဆိုတာ………တင်ပြရင်းဖြင့်……………….။

ချမ်းမြေ့သုခ ရရှိနိုင်ကြပါစေ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
Phone / 01 618 469
Post a Comment