(၁)
လူအမျိုးမျိုး စိတ် အထွေထွေ ဟု ဆိုလေ့ရှိကြသည်။ တစ်ကယ်တော့ လူအမျိုးမျိုး နာမည်အသွယ်သွယ် …ဇာတာအမျိုးမျိုးဟု ကျွန်တော့်အတွက်တော့ ဆိုရမလိုပင်။ မုဆိုးစိုင်သင် …တဲ့။ အချို့သော …ဇာတာရှင်များကို ကျွန်တော် ဟောဆိုပေးရင်းဖြင့် .. ပညာရခဲ့ပါသည်။ မှတ်သားစရာ ၊ အံ့သြစရာ များစွာလည်း ရရှိ မှတ်တမ်းတင်နိုင်ခဲ့ပါသည်။