၁၃၇၄ ခုနှစ် ခုနှစ်ရက်သားသမီး ကံဇာတာ
Sunday, September 16, 2012
မကြာမီ ၀ါလကင်းလွတ် သီတင်းကျွတ်ပေတော့မည်။ နှစ်အားဖြင့် တစ်ဝက်ခန့် ဖြတ်သန်းပြီးပါမှ ….ဒီဆောင်းပါးကို ကျွန်တော် ရေးဖြစ်သည်။ အမှန်ကတော့ မရေးတော့ဘူးဟု ….. စိတ်ကူးပြီး မရေးဘဲ ထားခဲ့ခြင်းဖြစ်သည်။ တစ်နေ့ ကျွန်တော် ….ကိုယ့်ဆိုဒ်ကို ကိုယ် …ဟိုလှန်သည်လှန် ပြန်စစ်ကြည့်ရင်း……..နှစ်စဉ်ဟောကိန်းများတွင် လူအများစု …၀င်ဖတ်နေကြကြောင်း တွေ့ရ၏။ ထိုသို့ဖတ်ရာတွင် မြန်မာလူမျိုး လူငယ်အများစုမှာ ……မိမိတို့ လက်ရှိရောက်ရှိ ဖြတ်သန်းနေသည့် မြန်မာခုနှစ်ကိုပင် ၁၃၇၄ ခုနှစ် မှန်းမသိ၊ …၁၃၇၃ ခုနှစ်မှန်းမသိ ဘဲ …နှစ်ဟောင်းမှ ဟောကိန်းဆောင်းပါးများကို ပင် ၀င်ဖတ်နေကြသည် ကို တွေ့ရပါသည်။
သူတို့နာမည် … သူတို့ဘ၀ (၁)
Tuesday, September 4, 2012
ကျွန်တော်သည် ဗေဒင်ဟောဆိုခဲ့သည့် သက်တမ်းတစ်လျှောက် တွင် အချို့သော နာမည်ရှင်များ နှင့် သူတို့၏ ဘ၀လေးများကိုလည်း မှတ်မှတ်ထင်ထင် ….ရှိခဲ့ရပါသည်။ ယင်းတို့ထဲမှ အချို့သော နာမည်ရှင်များနှင့် …….ဘ၀ဖြစ်စဉ်အနှစ်ချုပ်ကလေးများကို …သတိပြုလေ့လာနိုင်စေရန် ယခုဆောင်းပါးကို ရေးသားအပ်လေသည်။ ယင်းသို့ရေးသားဖော်ပြရာတွင် နာမည်ဖော်ပြရန်မသင့်သော သူအချို့ကိုမူ ..နာမည်၏ နေ့နံများဖြင့်ဖြစ်စေ … အနဲငယ်ပြောင်းလဲပြီး ဖြစ်စေ ဖော်ပြရေးသား တင်ပြပေးထားပြီး၊ ကျန်နာမည်ရှင် ဇာတာရှင်များကိုမူ …နာမည်အရင်းများအတိုင်း ….ဘ၀ဖြစ်စဉ်အမှန် အတိုင်း သုံးသပ်ရေးသား တင်ပြပေးလိုက်ရပါကြောင်း။
Subscribe to:
Posts (Atom)