ပြည်တွင်းရေးရာနှင့် မဟာဘုတ်ရှုထောင့်အမြင်
Tuesday, October 30, 2012
လက်ရှိဖြစ်ပေါ်နေတဲ့ သတင်းများအရ ….. ဟိုဘက်သည်ဘက် ချကုန်ကြပြန်ပြီ ဆိုပါတယ်။ ခက်တာက ကျွန်တော်တို့ရဲ့ လက်ရှိနိုင်ငံ့အကြီးအကဲရဲ့ ကံဇာတာအရကလည်း ….အဆိုပါ အရေးအခင်း မျိုးတွေကို ဖြေရှင်းဖို့ ကြုံကြိုက်နေရတတ်ချိန် ဖြစ်နေပါတယ်။ တစ်ခြားအရေးကို ကျွန်တော် ဆိုလိုတာ မဟုတ်ပါ။
ယခု ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်က အရေးအခင်းကို ဆိုလိုတာဖြစ်ပါတယ်။ 
ထုံးစံအတိုင်း …. ဂေါ်တစ်ချောင်းနဲ့ လိုက်ဆွနေတတ်တဲ့ ကိုကိုအမေရိကန် တို့ကလည်း … ဆရာပွကြီးပီပီ …ဘယ်နေရာမှာ ဘယ်လိုလိုက်ဖွရမလဲ ချောင်းနေရာကနေ သည်အရေးအခင်းကို …လိုက်ဖွပါတော့တယ်။ သူ့ကိုယ်သူတော့ မဟာဂရုဏာရှင်လို ခံယူထားပြီး ပဲခူးဆားလို နေရာတကာ ပါချင်တဲ့ ပြည်ပနိုင်ငံအချို့ ရဲ့ စနက်ကလည်း မသေးပါဘူး။ လက်ရှိကျွန်တော် တို့နိုင်ငံထဲမှာ နေထိုင်နေတဲ့ ဘယ်သူနဲ့ ဘယ်သူပဲ ချချ..၊ သူတို့သေတာ နာတာ မှ မဟုတ်ပဲ။ သူတို့ကတော့ ရေးမှာ ၊ ပုံကြီးချဲ့တင်ပြကြမှာပါပဲ။
အရေးကြီးတာကတော့ ကျွန်တော်တို့ ပြည်တွင်းသတင်းသမားတွေ၊ မီဒီယာတွေ အနေနဲ့ ဘယ်ဘက်ကိုမှ ဘက်မလိုက်ပဲ အမှန်အတိုင်း တင်ပြနိုင်ဖို့နဲ့ ….နိုင်ငံခြားဘာသာနဲ့ပါ သတင်းတွေကို တင်ပြပေးနိုင်ဖို့ လိုအပ်မယ်လို့ ယူဆမိပါတယ်။
ကျွန်တော် ယူဆမိသမျှ …..
တစ်ကယ်တော့ အိမ်ရှင်နဲ့ ဧည့်သည် ….ဘယ်သူက ..ဘယ်သူ့ကိုမှ စော်ကားခွင့်မရှိပါဘူး။ အထူးသဖြင့် ဧည့်သည် ဖြစ်သူအနေနဲ့ အိမ်ရှင်ကို မနှစ်သက်ရင် …အဲဒီ့အိမ်ကနေ ထွက်သွား ရုံပါပဲ။ ရှင်းနေတာပဲ ။  မကြိုက်ဘူး ၊ စော်ကားတယ်လို့ ထင်တယ်။ ထွက်သွားလိုက်။ ပြီးတာပဲ ။ ကြားက ၀င်ဖွနေတဲ့ နိုင်ငံတွေ ကလည်း စုတ်သတ်၊ကျောပွတ်ပြီး ပါးစပ်က သနားပြမနေနဲ့။ တစ်ကယ်ကူညီပေးလိုက်။  ခေါ်သွား လိုက်…သူတို့လည်း ကောင်းကောင်းမွန်မွန်နေရတာပေါ့ ပိုပြီး။ အဲလိုကျတော့လည်း မဟုတ်ဘူး..။
ခုတော့ ….. မောင်မင်းတို့ကို နော် ကျွန်ုပ်တို့ အလွန်သနားဒယ်။ သနားဒယ်နော်….ခံပြင်းမိတယ် မောင်မင်းတို့ကိုယ်စား ….။  စတဲ့….အချိုးမျိုးနဲ့ …ကျောသပ်ပြီး ရန်တိုက်ပေးတာမျိုးပဲ လုပ်နေတယ်။
ကျွန်တော့်ဆီကို မွန်စလင် ဘာသာဝင် စာဖတ်ပရိတ်သတ်အချို့ .. လက်ရှိဖြစ်ပေါ်နေတဲ့ အရေးနဲ့ ပတ်သက်လို့ ရှေ့ဆက်ဘာဖြစ်လာနိုင်သလဲ ဆိုတဲ့ ခန့်မှန်းယူဆချက်မျိုးကို မေးလ်နဲ့ တစ်ဆင့် မေးလာကြသူအချို့လည်း ရှိပါတယ်။ အမှန်ပြောရရင် နှစ်ဖက်စလုံးမှာ ပူ့ပန် ကြောင့်ကြမှုတွေ ရင်ဆိုင်နေရတယ် ဆိုတာ တွေ့ရပါတယ်။ ဆိုရရင် …ဒီအရေးမှာ နှစ်ဖက်စလုံး နစ်နာကြမှာပါ။ ဘယ်ဘက်က ဘယ်သူပဲသေသေ ..သေသူတိုင်းအတွက် ပူဆွေးထိခိုက်ရသူတွေ ရှိနေမှာပါ။ အဲဒီ့လိုပါပဲ နှစ်ဖက်စလုံးမှာ …လည်း ပူပန်မှုတွေ ကြောင့်ကြမှုတွေနဲ့ ရပ်တည်နေကြရမှာပါ။
အရေးအကြီးဆုံးကတော့ နှစ်ဖက် အုပ်စုရဲ့ လေးစားအပ်တဲ့ အကြီးအကဲတွေအချင်းချင်း ညှိနှိုင်းဆောင်ရွက်နိုင်မှု ပါပဲ။ ဆက်ပြီးဖြစ်နေသေးတယ် ဆိုရင် …..အဲဒါ ..ခေါင်းဆောင် လုပ်သူတွေ လိုအပ်နေသေးတယ်ဆိုတာကို ဖော်ပြနေတာပါ။ အဖြေက ရှင်းရှင်းလေးပါ။ ဆက်ဖြစ်နေသေးတယ် ဆိုတာဟာ လက်ရှိမိမိအုပ်စုအပေါ် ခေါင်းဆောင်တွေရဲ့ သြဇာသက်ရောက်မှု နဲပါးခြင်း၊ စည်းရုံးငြိမ်ဝပ်စေမှု မရှိခြင်းကို ဖော်ပြပါတယ်။
နိုင်ငံရေးရာ ဆိုတာကလည်း အင်မတန်မှ ရှုပ်ထွေးလှပါတယ်။ ဒီကောင်တွေ အချင်းချင်း ချကြရင် ..ငါတို့ ..ဘယ်လိုနေရာမျိုးကနေ အကျိုးအမြတ် ရနိုင်တယ်ဆိုပြီး ပေသီးခေါက်နေတဲ့ သူတွေလည်း မနဲပါဘူး။ ဒီတော့ ကိုယ့်ဥာဏ်လေးနဲ့ကိုယ် ပါးပါးနပ်နပ်နေထိုင်ပြီး ကြိုးဆွဲမောင်းနှင် ခံရတဲ့အခြေအနေ မျိုးကို ရှောင်ရှားတတ်ကြဖို့လည်း လိုပါလိမ့်မယ်။
ဗေဒင်ပညာရပ်ဆိုင်ရာရှုထောင့် …..
အမှန်တော့ ခုရေးတဲ့အပိုင်းဟာ …လွန်ခဲ့သော ကာလအချို့က ကျွန်တော်ရဲ့ (www.mahabote.org)  ဆိုဒ်မှာ ရေးခဲ့ပြီးဖြစ်သော နိုင်ငံရေးဗေဒင် စာစု(၄) http://www.mahabote.org/2012/04/blog-post.html#more ရဲ့ နောက်ဆက်တွဲလို့ ဆိုနိုင်ပါတယ်။ ထိုစဉ်တုန်းက … ချန်လှပ်ထားခဲ့မိတဲ့ …ကဏ္ဍတစ်ခုကို ဆက်လက် တင်ပြထားခြင်း ဖြစ်ပါတယ်။
လက်ရှိကောဇာမြန်မာခုနှစ်အရ …မြန်မာ့နိုင်ငံရဲ့ အကြီးအကဲ ဖြစ်တဲ့ သမ္မတကြီး ဦးသိန်းစိန် ရဲ့ နာမည် နဲ့ ကောဇာ မဟာဘုတ်ဇာတာခွင်ကို တိုက်စစ်ကြည့်ရှုရာမှာ …..
ကောဇာခုနှစ်(၁၃၇၄ခုနှစ်) ၏ ကောဇာမဟာဘုတ်ဇာတာခွင်
      အဓိပတိ
        ၆ကြာ
နာမည်အရင်းစာလုံး(သိန်း)
     အထွန်း
      ၁နွေ
ပက္ခမိနေသော ကိုးကွယ် ယုံကြည်မှု ဂြိုဟ်
       သိုက်
        ၄ဟူး
        ရာဇ
      မရဏ
      ၅တေး
       ဘင်္ဂ
       ၂င်္လာ
       ပုတိ
       ၃င်္ဂါ
နာမည်အဖျားစာလုံး(စိန်)
နိုင်ငံတော်အကြီးအကဲ ဖြစ်သူ ဦးသိန်းစိန် ရဲ့ အရေးပါလှသော နာမည်အဖျားစာလုံး (စိန်) အင်္ဂါနံဟာ …တနင်္ဂနွေဂြိုဟ် နဲ့ ပက္ခမိနေတာကို ထူးထူးခြားခြားတွေ့ရပါမယ်။
တနင်္ဂနွေဂြိုဟ်ဟာ … ဥပဒေရေးရာ ၊ ဘာသာရေး နဲ့ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာများ ကို ဖော်ပြသော ဂြိုဟ်ဖြစ်ပြီး …ယင်းဂြိုဟ်နဲ့ နာမည်အဖျားစာလုံး ပက္ခမိထားခြင်း(၀ါ) ဆန့်ကျင်ဘက် အနေအထားများ ဖြစ်တည်နေခြင်း ကို မြင်တွေ့ရပါမယ်။
ဒီအချက်ကတော့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် အဖို့ လက်ရှိရောက်ဆဲ ကောဇာခုနှစ်ထဲမှာ …လူမျိုး ဘာသာရေးရာ ဆိုင်ရာ ပြဿနာများ၊ ဥပဒေရေးရာဆိုင်ရာ အခက်အခဲများ ကြုံတွေ့ရနိုင်တာကို အထင်အရှားဖော်ပြပါတယ်။
အဆိုပါအခြေအနေများအရ ….နှစ်ဦးပိုင်းလောက်ကတည်းက ဖြစ်ပေါ်နေတဲ့ ယခုကဲ့သို့သော ရခိုင်အရေး ကဏ္ဍတွေဟာ ….နောင်လာမယ့် ၁၃၇၄ခုနှစ် တပေါင်းလပြည့်နေ့ အထိ တိုင်အောင် …..သက်ရောက်မှု အနဲနဲ့အများ ရှိနေဦးမယ်လို့ ယူဆရပါတယ်။
တပေါင်းလပြည့်ကျော်လွန်ပြီး နောက်ပိုင်း ……နောင်လာမယ့် နှစ်သစ် ဖြစ်သော ၁၃၇၅ခုနှစ် ရဲ့ နိုင်ငံ့ခေါင်းဆောင်များ ကံဇာတာနဲ့ ဗေဒင်ပညာရပ်ဆိုင်ရာ နိုင်ငံရေးအခြေအနေ သုံးသပ်မှုတွေကိုတော့ …တပေါင်းလပြည့်နားနီးချိန်ရောက်မှ ..ကျွန်တော် ဆက်လက်ရေးသား တင်ပြပေးပါမယ်။
လတ်တစ်လော အဓိက တင်ပြသွားလိုတာကတော့ ……လက်ရှိဖြစ်တည်နေဆဲ ပြဿနာအရပ်ရပ်ဟာ …(ပုတိအင်္ဂါဂြိုဟ် ရပ်တည်မှုအရ)  … နှစ်ဖက် အဖွဲ့အစည်း ထဲမှာကိုပဲ ..ဒီရန်မီးတွေကို ပွားသည်ထက် ပွားအောင် ၊ အသစ်ကနေ ပြန်ပြန် စလာအောင် အစပျိုးလုပ်ဆောင်မှု ပြုမယ့် … အတွင်းလူ အတွင်းစနက်မီးတွေ ပါဝင်နေမယ်လို့ ဆက်စပ် ခန့်မှန်း ရပါကြောင်း….။
ကြောင့်ကြမှုဖြင့် အသက်ရှင်သန်ရခြင်း ကင်းကြပါစေ။ ………
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
Post a Comment
Posts Comments
©2006-2010 ·TNB