ပန်းခြံထဲတွင် ကျွန်တော်
ထိုင်နေပါသည်။ ကလေးမလေးတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က ကျွန်တော့် ရှေ့ခပ်လှမ်းလှမ်းတွင်
ကြက်တောင်ရိုက် ကစားနေကြသည်။ ဆေးလိပ်သောက်ချင် လာသော်လည်း …အားနာသဖြင့် …လိမ္မော်ရနံ့ငုံဆေးပြားလေးသာ
ကျွန်တော် ငုံထားလိုက်ရသည်။
ခပ်ငယ်ငယ် ခပ်ချောချော
တရုတ်အမျိုးသား လူငယ်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် ကျွန်တော့်ဆီကို စူးစမ်းသော
အကြည့်ဖြင့် …တည့်တည့်လျှောက်လာသည်ကို မြင်ရသည်။ အနားရောက်တော့…..ကောင်လေးက ဤသို့ မေး၏။