ခေတ်မီလက်နက်တွေကို စမ်းသပ်ကြည့်ဖို့ မိုက်ရူးရဲ စစ်ခေါင်းဆောင် အချို့ရဲ့ ဆုံးဖြတ်ချက်တွေ
ကြောင့်လည်း …သွေးမြေကျမှုတွေ ပိုမို ဖြစ်ပေါ်လာ နိုင်တာကို တွေ့ရှိရပါတယ်။ တနည်းအားဖြင့်
စစ်လက်နက် စွမ်းရည်ပြိုင်ပွဲတွေကြောင့် ….လူသားအများအပြား ..ထိခိုက်နစ်နာရတတ်ချိန် လို့
အတိအကျ ဆိုနိုင်ပါတယ်။
ကောဇာမြန်မာနှစ်သစ် ၁၃၇၅ခုနှစ် အကြောင်း
လူနှစ်ယောက် လမ်းတစ်လမ်းမှာ
လျှောက်လှမ်းလို့လာပါတယ်။ သူတို့ဟာ တစ်ခရီးတည်း သွားတွေပါ။ … ဒီလမ်းပေါ်မှာ သူတို့တွေ
အတူလျှောက်လာခဲ့ကြတာလည်း ကြာပါပြီ။ ဒီလိုနဲ့ လမ်းခုလတ် တစ်နေရာ ရောက်တော့ …..တစ်ယောက်က
..ဓါးတစ်လက် ကောက်ရပါတယ်။ အဲဒီ့လိုပါပဲ ..တစ်ခြားတစ်ယောက်ကလည်း ..လှံရှည်တစ်လက်ကို
ကောက်ရပါတယ်။ သူတို့ဟာ သူတို့အသီးသီး ရရှိလာတဲ့ လက်နက်တွေအပေါ်မှာ သာယာ လာကြပါတယ်။ ဒီဓါးနဲ့
ခုတ်ကြည့်လိုက်ရရင် ဘယ်လိုနေမလဲ….၊ ဒီလှံနဲ့ တိုက်ခိုက်လိုက်ရရင် ..ဘယ့်နှယ့် ရှိပါလေစ….၊
စသဖြင့် …အတွေးတွေ လွှမ်းမိုးလာပြီးတဲ့နောက်မှာတော့………… ။
တစ်ယောက်ကို တစ်ယောက် ရန်စောင်လာကြပါပြီ။ လက်နက်တွေရဲ့ အစွမ်းနဲ့ အားစမ်း ကြည့်ကြ ဖို့ကိုလည်း တာစူလာကြပါတော့တယ်။ …….
မြန်မာနှစ်သစ် ၁၃၇၅ ခုနှစ်
ဟာ … အဲဒီ့ ပုံပမာ နဲ့ ခိုင်းနှိုင်းရမယ့် နှစ်တစ်နှစ်
ဖြစ်ပါတယ်။ အစွယ် ရှိသူက …. အစွယ် .၊ အဆိပ်ရှိသူက
…အဆိပ် ၊ ရန်လိုမှုတွေ နဲ့ ….အပြန်အလှန် ထိုးဆိတ် တိုက်ခိုက်ကြမယ့် အခြေအနေတွေ အမြောက်အများ
ပေါ်ပေါက်လာနိုင်တဲ့ ကောဇာခုနှစ် တစ်ခု ဖြစ်ပါတယ်။
နှစ်သစ် .. အခြေအနေ အရပ်ရပ်
နိုင်ငံရေးရာကဏ္ဍများ
လူသားတွေ အတွက် ခေါင်းဆောင်
တစ်ဦးဦးကို လိုအပ်လာတဲ့ ကောဇာနှစ်မျိုး ဖြစ်ပါတယ်။ လူတွေရဲ့ ရင်ထဲမှာကိုပဲ….ငါတို့မှာ
ခေါင်းဆောင် ရှိဖို့လိုတယ် ဆိုတဲ့ အသိဆန္ဒမျိုးတွေ ပိုမိုဖြစ်ထွန်း လာတတ်ချိန်ပါ။ ဒါကြောင့်လည်း
ကမ္ဘာ့ နိုင်ငံ အသီးသီးမှာ …နိုင်ငံရေး ခေါင်းဆောင် တွေ ယခင်ထက် ပိုမို ပေါ်ထွန်းလာတတ်ချိန်
ဖြစ်ပါတယ်။
ရှေးယခင်နှစ်များက ….မည်သို့ပင်
ရှိစေခဲ့ကာမူ…၊ ယခုနှစ်မှာတော့ လူသားတွေအဖို့ စည်းမျဉ်း စည်းကမ်း နဲ့ ဥပဒေ ဆိုတာတွေကို
အလေးထား မှု ပိုမိုလာကြပါမယ်။ တစ်သီးတစ်သန့် ရပ်တည်နိုင်ခွင့် နဲ့သတ်သတ်မှတ်မှတ် နာမည်
တွင်ရစ်နိုင်ရေးအတွက် လည်း ကြိုးစားရယူလိုစိတ် များပြား လာတတ်ချိန် ဖြစ်ပါတယ်။
အထက်ပါ စိတ်သဘာဝ အခြေအနေများ ဖြစ်တည်လာနိုင်ခြင်းအားဖြင့် …. လူသားတွေဟာ ဥပဒေမူသစ်တွေ
စတင် ချမှတ်လာပါမယ်။ ခွဲရေးတွဲရေး ပြဿနာ တွေ များပြားလာနိုင်ချိန်ဖြစ်ပြီး ..( ခွဲထွက် တစ်စင်ထောင် ၊ အဖွဲ့အစည်းအသစ် စတင်ထူထောင်မှု ) မျိုး တွေလည်း အထူး များပြားလာနိုင်ချိန်
ရောက်ရှိလာပါတယ်။
ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိတဲ့
နိုင်ငံရေးပါတီများထဲမှာလည်း စိတ်ဝမ်းကွဲပြားမှုတွေ ၊ ဦးတည်ချက် ကွာခြားမှုတွေ၊ သဘောထားကွဲလွဲမှုတွေ
ရှိလာနိုင်တာနဲ့ အမျှ ..၊ ခွဲထွက်ပါတီတွေ၊ ပါတီသစ်တွေ မှိုလိုပေါက်လာနိုင်တဲ့ အချိန်ပါပဲ။
နိုင်ငံအသီးသီးမှာလည်း ... သဘောထားကွဲလွဲမှု အခြေအနေ အရပ်ရပ်ကို အနဲနဲ့အများဆိုသလို ရင်ဆိုင်လာကြရမှာဖြစ်ပြီး၊
လက်နက်ကိုင် အဖွဲ့အစည်း တွေဟာ တစ်သီးတစ်သန့် ရပ်တည်လိုမှုအားဖြင့် …တော်လှန်ရေးအခြေအနေတွေကို
ဖန်တီးမှု ပိုမိုပြုလာဖွယ်ရာရှိပါတယ်။
ကိုယ့်အုပ်စုနဲ့ကိုယ်…ကိုယ်သဘာဝနဲ့ကိုယ်
ရပ်တည်မှု ပြုလိုစိတ် ပိုမိုပြင်းထန်လာကြခြင်း အားဖြင့် …. မြေလှန်ပြောင်းလဲ တော်လှန်မှုများ
ပေါ်ပေါက်လာတော့မယ့်  အချိန် ကျရောက်လာပါပြီ။
နဂို ကတည်းက သူတစ်လူ ငါတစ်မင်း ဖြစ်နေတဲ့ နိုင်ငံများကတော့ (မြန်မာနိုင်ငံအပါအ၀င်) ဒီအခြေအနေကို
ပိုမိုရင်ဆိုင်ရနိုင်ဖွယ်ရာ ရှိပါတယ်။
စီးပွားရေးရာ ကဏ္ဍများ
ဒီတစ်နှစ် ကမ္ဘာ့စီးပွားရေး
အခြေအနေ အရပ်ရပ်ထဲမှာ ….စပ်တူအစုရှယ်ယာကဏ္ဍများ ပြိုကွဲမှု ဟာ အဆိုးဆုံးအခြေအနေတစ်ရပ်
ဖြစ်ပါလိမ့်မယ်။ စတော့ရှယ်ယာ လုပ်ငန်းများ ရဲ့ အပြောင်းအလဲ နဲ့ ကမောက်ကမ ဖြစ်စဉ်တွေကလည်း
ကြောက်ခမန်းလိလိ ဖြစ်ပေါ်လာနိုင်ချိန် ဖြစ်ပါတယ်။ စီးပွားရေးရာ လမ်းခွဲမှု တွေက တစ်နှစ်တာကို
အဓိက ကြိုးကိုင်ခြယ်လှယ်ထားမယ့် ကံလွှမ်းမိုးမှု တစ်ရပ် ဖြစ်ပါတယ်။
အဲဒီ့လိုပါပဲ နိုင်ငံရေးအနေအထားများ
နဲ့ ဥပဒေသစ်ချမှတ်မှု အနေအထားတွေကလည်း ကမ္ဘာ့ စီးပွားရေး အပြောင်းအလဲတွေကို ခါတိုင်းထက်
ပိုမိုဖန်တီး လာမယ့် ကာလ ဖြစ်ပါတယ်။ ထူးခြားတာ တစ်ခုကတော့ …ဒီတစ်နှစ်မှာ လူပေါင်းများစွာ
တို့ဟာ မိမိတို့ ကိုယ်ပိုင်လုပ်ငန်း သို့တည်း မဟုတ် ခြေလှမ်းသစ်တွေကို စတင်လှမ်းဖို့
အတွက် ကြိုးပမ်းလိုစိတ် အထူးထက်သန် လာကြ ပါလိမ့်မယ်။ ဒီအချက်ကြောင့်ပဲ …စီးပွားရေးကဏ္ဍတွေမှာလည်း
လုပ်ငန်းသစ်တွေ မိုးဦးကျ မှိုလေးတွေလို ဖွေးဖွေးလှုပ် လာနိုင်တာကို တွေ့ရပါတယ်။
ခက်တာတစ်ခုကတော့ အလုပ်သမားလူတန်းစား
ဆိုင်ရာ …ဆူပူအုံကြွမှု အခြေအနေတွေ ပေါ်ပေါက်လာနိုင်သော ကာလဖြစ်တာမို့….လုပ်ငန်းရှင်များအနေနဲ့
…မိမိတို့ရဲ့ လုပ်သားစု များအပေါ် အပြည့်အ၀ ဖြည့်ဆည်း စောင့်ရှောက်ပေးနိုင်မှသာလျှင်
မိမိတို့ရဲ့ စီးပွားရေး အခြေအနေတွေကို တစ်ဖက်တစ်လမ်း ကနေ ကာကွယ်ရာ ရောက်နိုင်မှာပါ။
နို့မဟုတ်ရင်တော့ အလုပ်သမားထု တော်လှန် သပိတ်မှောက်
ဆူပူမှု ဖြစ်တာတွေကို ရင်ဆိုင်ရခြင်းဖြင့် …စီးပွားရေးရာ နှောင့်နှေးမှုတွေ ရင်ဆိုင်ရနိုင်တဲ့
အချိန်သမယ ဖြစ်ပါကြောင်း။
ကျန်းမာရေးရာကဏ္ဍများ ….
ကမ္ဘာပေါ်မှာ …ထူးဆန်းပြီး
ကုသရခက်ခဲစေမယ့် ..ရှုပ်ထွေး နက်နဲတဲ့ ရောဂါဆန်းတွေ ပေါ်ပေါက် လာစေတတ်သော ခုနှစ်အချိန်အခါမျိုးဖြစ်ပါတယ်။
တစ်ဖက်ကလည်း ….ထင်ရှားတဲ့ လေးစားဂုဏ်ယူထိုက်တဲ့ သမားတော်တွေ ၊ အောင်မြင်တဲ့ ဆေးဝါး သုတေသနတွေ
ပေါ်ထွန်းလာနိုင်သော ကာလ ဖြစ်တာကို တွေ့ရပါတယ်။ အဲဒီ့လိုပါပဲ ကာလ အတန်ကြာပျောက်ကွယ် တိမ်မြုပ်နေတဲ့
၊ လူသားမျိုးနွယ်စုများ ခံစားခဲ့ ဖူးပြီး ဖြစ်သော ရောဂါဘယဟောင်း တစ်ချို့ ပြန်လည်ပေါ်ပေါက်လာနိုင်ပြီး
…ထူးခြားတာက …နဂိုရှိပြီး ရောဂါပိုး အနေအထားထက် ပိုမိုလက်စွမ်းထက်မယ့် အနေအထား ကိုလည်း
တွေ့ရပါတယ်။ အထက်ပါ အခြေအနေများအားလုံးကို အဓိပတိဌာနမှာ ရပ်တည်နေသော စနေဂြိုဟ်နဲ့ …၊
ရာဇမှာ ရပ်တည်နေသော တနင်္ဂနွေဂြိုဟ် တို့က ဖော်ညွှန်းပြဆိုနေကြပါတယ်။
အထွေထွေ အနေအထားများ
သည်တစ်နှစ်မှာ အင်္ဂါဂြိုဟ်ဟာ
ဘင်္ဂဌာန မှာ နံတူပက္ခ မိပါလိမ့်မယ်။ သည်အချက်ကတော့ …. ကမ္ဘာနဲ့ အ၀ှမ်းမှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ
ထဲမှာ စိတ်ဝမ်းကွဲပြားမှုတွေ ၊ ညှိနှိုင်းရခက်ခဲမှုတွေနဲ့ ..၊ အကျိတ်အနယ် အားပြိုင်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်သည့်
တွန်းအားပေး မှုမျိုးကို ဖြစ်စေပါလိမ့်မယ်။ အင်္ဂါဂြိုဟ်ဟာ ..ရုပ်ပိုင်းဆန်ပြီး ..ကွန်မြူနစ်
ဝါဒ လက်ကိုင်ထားသော နိုင်ငံများကို အဓိကလွှမ်းမိုးတယ်လို့ ယူဆရပါတယ်။ ဒါကြောင့် ….ယခုနှစ်
၁၃၇၅ခုနှစ်အတွင်းမှာ ကွန်မြူနစ်နိုင်ငံများမှာ လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်း သွေးစည်း
ညီညွတ်မှု ပိုမိုအားနဲ လာနိုင်ပါတယ်။ အဆင်မသင့်ရင် …ပြည်တွင်းစစ်အထိ ဖြစ်ပွားမှုတွေ ကြုံတွေ့ကြရ ပါလိမ့်မယ်။
ခေတ်မီလက်နက်တွေကို စမ်းသပ်ကြည့်ဖို့ မိုက်ရူးရဲ
စစ်ခေါင်းဆောင် အချို့ရဲ့ ဆုံးဖြတ်ချက်တွေ ကြောင့်လည်း …သွေးမြေကျမှုတွေ ပိုမို ဖြစ်ပေါ်လာ နိုင်တာကို
တွေ့ရှိရပါတယ်။ တနည်းအားဖြင့် စစ်လက်နက်စွမ်းရည်ပြိုင်ပွဲတွေကြောင့် ….လူသား အများအပြား
..ထိခိုက်နစ်နာရတတ်ချိန် လို့ အတိအကျ ဆိုနိုင်ပါတယ်။
အလားတူပဲ သဘာဝဘေးအန္တရာယ်
တွေထဲမှာလည်း …မီးဘေး နဲ့ ပေါက်ကွဲ ပျက်ဆီးမှု ဘေးအန္တရာယ် တွေ အများဆုံး ဖြစ်ပွားလာနိုင်တဲ့
ကာလ ဖြစ်တာမို့….သည်တစ်နှစ်မှာ မီးရေးထင်းရေး သတိပြုမှု ပိုမိုထားရှိကြဖို့ လိုအပ်ပါလိမ့်မယ်။
ထို့နည်းတူစွာပဲ..အင်္ဂါဂြိုဟ်ဟာ
ချိန်သားကိုက်ညီမှုကို ဖော်ပြသောဂြိုဟ်ဖြစ်ပြီး..၊ ယင်းဂြိုဟ် အားနဲချိန် ဖြစ်တာမို့….ကမ္ဘာနဲ့
အ၀ှမ်းမှာ မတော်တစ်ဆမှုများ ၊ ရထားလမ်းချော်မှု ၊ ယာဉ်မတော်တစ်ဆမှု စသည်ဖြင့်ကဲ့သို့သော….အချိန်အဆ
လွဲချော် ထိခိုက်မှုတွေ အမြောက်အများ ဖြစ်ပေါ်လာနိုင်ပါတယ်။
တစ်ဖက်ကလည်း ကောင်းကျိုးအသီးအပွင့်အဖြစ်
….လူသားများ ရရှိထိုက်သော ဆုလာဘ်ကတော့….ထင်ရှားသော ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာနိုင်ခြင်း
…၊ အစွမ်းထက်သော ဆေးဝါးများ ၊ အောင်မြင်သော ဆေးဝါးသုတေသနများ ပေါ်ပေါက်လာနိုင်ခြင်း
တို့ကို တွေ့ရှိရပါတယ်။
သုံးခုကြွင်းမဟာဘုတ်ခွင်
ကျရောက်သော ယခုကဲ့သို့သော ကောဇာ ခုနှစ်မျိုးဟာ ကမ္ဘာပေါ်မှာ လူပေါင်းများစွာ တစ်ညီတစ်ညွတ်တည်း
….အရိုအသေပြု ၊ လေးစားကြည်ညို၊ ယုံကြည်ကိုးစား အပ်သော ခေါင်းဆောင်ကောင်းတွေ ပေါ်ထွန်းလာတတ်စမြဲ
ဖြစ်ပါတယ်။ ဘာသာရေး ၊ နိုင်ငံရေး ၊ စီးပွားရေး ၊ ကျန်းမာရေး စသဖြင့် နယ်ပယ်အသီးသီး
မှာ ထင်ရှားသူများ ပေါ်ထွန်းလာမှာ မြေကြီးလက်ခတ်မလွဲ လို့ ဆိုနိုင်ပါတယ်။
ရေးစရာတွေ အမြောက်အများကျန်ရှိနေသေးပေမယ့်….
မြန်မာနိုင်ငံနဲ့တိုက်ရိုက်ဆက်စပ်မှုကို သာ အဓိကထား ထပ်မံဖော်ပြ ရေးသားလိုတဲ့အတွက်
…နောက်ဆောင်းပါး ဖြစ်တဲ့ ကောဇာနှစ်သစ် ..၊ မြန်မာနိုင်ငံ ..နှင့် နိုင်ငံ့ခေါင်းဆောင်များ
ဆောင်းပါးမှာ အသေးစိတ် ထပ်မံရေးသား ပါဦးမယ်။
ချမ်းမြေ့ကြပါစေ။
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
Post a Comment