အချစ်ကို ပြန်လည် ပြုပြင် မွမ်းမံခြင်း

Tuesday, January 28, 2014

မောင် နှင့် မယ် ရွှေလည်တွဲနိုင်ဖို့ စာစု(၅)
 

အချစ် ဆိုတာ … နောက်ဆုံးပေါ် ဟန်းဆက် တစ်လုံး လိုပါပဲ။  ဆိုင်ပေါ်မှာ ရှိနေတုန်းက ကိုယ့်ကို မြူဆွယ်နေသလောက် …၊ ကိုယ့်လက်ထဲရောက်လာချိန်က စပြီး….ဘာမှ သိပ်မဟုတ်တော့သလို ..တစ်စ တစ်စ ယဉ်ပါး ဖြော့တော့ လာတတ်စမြဲ ။
 
အချစ်က ဆော့ဖ်ဝဲလ် တစ်ခုနဲ့ တူတယ်….။ အမြဲတမ်း update တောင်းနေတတ်တယ်။ Ask me later … လုပ်ပါများရင် …အချစ်က …အရင်လို မသွက်တော့ဘူး..။  လိပ်အိုကြီး တစ်ကောင်ရဲ့ ကျောပေါ်က ပိဿာလေး လိုပဲ ဖြစ်လာတယ်။

ကြာရင် ..ခက်တော့မယ်…ထင်ရဲ့ ။
အချစ်ရေ ….. ကိုယ်တို့ …အချစ်ကို  ပြန်လည် ပြုပြင် မွန်းမံ ကြရအောင် …….။
 

Posts Comments

©2006-2010 ·TNB