တနင်္ဂနွေနေ့ဖွားတို့ ကံဇာတာ (၁၃၇၇ခုနှစ်)
တနင်္ဂနွေနေ့ဖွားတို့ ကံဇာတာ (၁၃၇၇ခုနှစ်)
============================
သည်တစ်နှစ် မှာတော့ တနင်္ဂနွေဂြိုဟ်သည် မရဏဌာနမှာ ရပ်တည်နေပါတယ်။ တနည်းအားဖြင့်ကတော့ …သည်တစ်နှစ်အဖို့ တနင်္ဂနွေနေ့တွင် ဖွားမြင်ထားသူ အားလုံး အဖို့ မရဏဌာနရဲ့ လွှမ်းမိုးမှု သက်ရောက်နေသော ကာလ လို့ ဆိုနိုင်ပါတယ်။
တော်တော်များများသော သူတွေကတော့ မရဏ ဆိုတာနဲ့ အသံကြားရုံဖြင့် ဟင်…ညံ့မှာလား ဆိုတဲ့ အတွေးမျိုး ၀င်လာတတ်ကြပါတယ်။ ဒီလိုဖြင့် တရားသေ မဟုတ်နိုင်ပါ။
ကောင်းပြီ …။ ဒီတစ်နှစ်အတွက် တနင်္ဂနွေနေ့ဖွားတို့ ကံဇာတာကို အနဲငယ် ချိန်ဆကြည့်ကြပါစို့။