Friday, March 30, 2018




အင်္ဂါနေ့ဖွား တို့ ကံဇာတာ ( ၁၃၈၀ခုနှစ်)
=============================
ယခုနှစ် ၁၃၈၀ခုနှစ်ကတော့ အင်္ဂါနေ့ဖွားတို့အတွက် ကောင်းကျိုးချမ်းသာ ပိုမိုတိုးတက်နိုင်သော နှစ်ကောင်းနှစ်မြတ်လို့ အများစု အတွက် ဆိုနိုင်ပါလိမ့်မယ်။ မိမိတို့ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ခွင့် ပိုမိုရရှိနိုင်ခြင်း ၊ အတိတ်ကံ မူလဇာတာ အသက်ပိုင်း ဒသာပိုင်း စတာတွေ အရ ပါ ကောင်းသောကံ တွေ တိုက်ဆိုင်နေသူတွေ အဖို့ ...ချမ်းသာအောင်မြင်ခြင်း တွေ ဆိုက်ရောက်ခွင့် ပေးနိုင်သော ....ကောဇာနှစ်မျိုးလို့ လည်း ဆိုနိုင်ပါတယ်။
ယျေဘုယျအားဖြင့် အများစုသော အင်္ဂါနေ့ဖွားတွေကို အမောဖြေပြေ နိုင်စရာ ၊ အတူတစ်ကွ ပေါင်းစည်း နိုင်ခြင်း အကျိုးခံစားရစရာ...၊ ဘ၀တိုးတက်အောင်မြင်ခြင်း မျိုး ကြုံတွေ့စရာ များပြားသော ခုနှစ်မျိုး ဖြစ်ပါတယ်။
အသေးစိတ်အားဖြင့် …..ကဏ္ဍအနဲငယ်ခွဲခြားပြီး အောက်မှာ ဆက်လက်ရေးသားပေးလိုက်ရပါတယ်။

Wednesday, March 21, 2018

တနင်္လာနေ့ဖွား တို့ ကံဇာတာ ( ၁၃၈၀ခုနှစ်)
=============================
ယခုနှစ် ၁၃၈၀ခုနှစ်ကတော့ တနင်္လာနေ့ဖွား အားလုံးအတွက် …ခရီးသွားနှစ်လို့ ဆိုရလောက်အောင် ခရီးယာယီကိစ္စများ ကြုံကြိုက်ရခြင်း ၊ သူတစ်ပါးတို့ကိစ္စများ ကြားတွင် မကြာခဏ ၀င်ပါနေရတတ်ခြင်း ၊ အကြံအစည်များ တစ်ဝက်တစ်ပျက် မကြာခဏ ဖြစ်ရတတ်ခြင်း ၊ နေရာကောင်း ရခြင်း ၊ အထောက်အပံ့ကောင်းများ ရရှိတတ်ခြင်း ၊ နေရေးထိုင်ရေး အတွက် စီမံကိန်းများ အောင်မြင် ကံကောင်းတတ်ခြင်း စသည်ဖြင့်သော ကံတို့ …၀န်းရံနေတတ်သော အချိန်ကာလ နှစ်သစ်ပဲ ဖြစ်ပါလိမ့်မယ်။
အသေးစိတ်အားဖြင့် …..ကဏ္ဍအနဲငယ်ခွဲခြားပြီး အောက်မှာ ဆက်လက်ရေးသားပေးလိုက်ရပါတယ်။

Sunday, March 18, 2018


တနင်္ဂနွေနေ့ဖွား တို့ ကံဇာတာ ( ၁၃၈၀ခုနှစ်)
=============================
ယခုနှစ် ၁၃၈၀ခုနှစ်ကတော့ တနင်္ဂနွေ နေ့ဖွားအားလုံးကို … လက်ရှိအခြေအနေ ကို ဆန့်ကျင့်တွန်းလှန် ပြောင်းလည်းမှု ပြုရစေတတ်သော နှစ်သစ်မျိုးလို့ ဆိုရပါလိမ့်မယ်။ အပြောင်းအလည်း တွေကို လက်ခံနိုင်ဖို့ ကြိုးစားရင်း…ဘ၀ကို မြင့်ရာကနေ နိမ့်သွားနိုင်သလို….၊ နိမ့်ရာကနေလည်း မြင့်သွားနိုင်သော ခုနှစ်မျိုးပါပဲ။ အရေးကြီးတာကတော့ ပါးနပ်လိမ္မာသော ပြောင်းလည်းနိုင်စွမ်း ဖြင့် အောင်မြင်မှုကို တက်လှမ်းသွားနိုင်ဖို့သာ အရေးကြီးပါလိမ့်မယ်။
အသေးစိတ်အားဖြင့် …..ကဏ္ဍအနဲငယ်ခွဲခြားပြီး အောက်မှာ ဆက်လက်ရေးသားပေးလိုက်ရပါတယ်။
အလုပ်အကိုင်
=========
အလုပ်အပြောင်းအလည်း သိပ်ဖြစ်လွယ်သော ကာလမျိုးပါ။ အထက်လူကြီး အကြီးအကဲ နဲ့ အတိုက်အခံ ဖြစ်လွယ်တာလည်း ဒီနှစ်မျိုးပါပဲ။
 

Posts Comments

©2006-2010 ·TNB