မျှော်လင့်ထားတဲ့ မနက်ဖြန်

Monday, December 17, 2012



မျှော်လင့်ချက်  ..ရည်မှန်းချက် …အနာဂတ်ဆန္ဒ  နဲ့ အာသီသများ  ။ အဲဒီ့ အချင်းအရာတွေကို ဗေဒင်ပညာမှာ ဘယ်အရာနဲ့ ဖော်ပြထားပါသလဲ။ ဌာန တစ်ခုခုနဲ့လား၊ အတန့် ဘာဝ တစ်ခုခုနဲ့လား။ လက်ဖ၀ါးပေါ်က အရေးအကြောင်းတွေနဲ့လား ၊ ဂြိုဟ်သဘာဝ တစ်ခုခုနဲ့လား ။ အဆိုပါ …မျှော်လင့်ချက် ..ရည်မှန်းချက် နဲ့ အနာဂတ် ဆန္ဒများ ပြည့်ဝပိုင်ဆိုင်ရခြင်း သို့တည်းမဟုတ် လက်လွှတ်ဆုံးရှုံးရခြင်း ..ဆိုတာ ကရော….ဘယ်လိုတွက်လို့ ….ဘယ်လိုခန့်မှန်းကြည့်လို့  ရနိုင်ပါသလဲ…။ ကျွန်တော့်အယူအဆ အရ…..အောက်ပါအချင်းအရာတွေကို သာ လေ့လာကြည့်မယ်ဆိုရင်………………………….။ 

နာမည် လှလှ ရွေးရအောင်

Tuesday, December 4, 2012



လူတော်တော်များများ …နာမည်လာရွေးလေ့ရှိကြပါတယ်။ အချို့က ….ရင်နှစ်သည်းချာ သားသမီး ငယ်လေးတွေ အတွက်၊ အချို့က …မိမိကိုယ်တိုင်အတွက် …၊ အချို့က …မကြာမီ လုပ်ကိုင်တော့မယ် … လုပ်ငန်း အတွက် ၊ တစ်ချို့က တော့…. ကိုယ်သုံးမယ့် အနုပညာနာမည်အတွက် စသည်ဖြင့် ဆိုပါတော့။ 

မဟာဘုတ် အနုပညာ

Friday, November 23, 2012



ပန်းခြံထဲတွင် ကျွန်တော် ထိုင်နေပါသည်။ ကလေးမလေးတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က ကျွန်တော့် ရှေ့ခပ်လှမ်းလှမ်းတွင် ကြက်တောင်ရိုက် ကစားနေကြသည်။ ဆေးလိပ်သောက်ချင် လာသော်လည်း …အားနာသဖြင့် …လိမ္မော်ရနံ့ငုံဆေးပြားလေးသာ ကျွန်တော် ငုံထားလိုက်ရသည်။

ခပ်ငယ်ငယ် ခပ်ချောချော တရုတ်အမျိုးသား လူငယ်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် ကျွန်တော့်ဆီကို စူးစမ်းသော အကြည့်ဖြင့် …တည့်တည့်လျှောက်လာသည်ကို မြင်ရသည်။ အနားရောက်တော့…..ကောင်လေးက ဤသို့ မေး၏။

ရင်းနှီးမြှပ်နှံခြင်းနှင့် မဟာဘုတ်ရှုထောင့် အမြင်

Wednesday, November 14, 2012



အရင်းအနှီး  (၀ါ)  ရင်းနှီးမြှပ်နှံမှု  ဆိုတာကို မဟာဘုတ်ဗေဒင်ပညာမှာ နေ့နံ အသီးသီး အလိုက် အောက်ပါဂြိုဟ်တွေက သတ်မှတ်လုပ်ဆောင်ပေးကြပါတယ်။

အချစ်ရေး ကံဇာတာ

Monday, November 5, 2012


ချစ်မေတ္တာ အထောက်အကူ ပြု စာစုများ (၁)



ချစ်လည်းချစ်နိုင်ကြ၏။

တွေ့သမျှ မြင်သမျှ က ချစ်နိုင်ကြသည့် မောင်မောင် မမ ၊ ကိုကို ၊ ပျိုပျို များ ဖြစ်နေကြသည်။ ညနေ အလုပ်သိမ်းချိန် ရောက်၊ ခဏတစ်ဖြုတ် နား ၊ ရေမိုးချိုး ၊ စားရေးသောက်ရေးကဏ္ဍလုပ်။ ပြီးသည်နှင့် အိပ်ယာလေးများပေါ် မှောက်လျှက် တစ်ဖုံ၊ ငုတ်တုတ်တစ်သွယ်၊ အသီးသီး ချက်တင် (chatting) ၀င်ကြတော့သည်ကို ကျွန်တော် မြင်နေရသည်။  

သြော် သည်အချိန်လေးပဲ အပန်းဖြေ ၊ အလွမ်းပြေ၊ စခန်းဖွေလို့ နားကြရသည်သာ။

ပြည်တွင်းရေးရာနှင့် မဟာဘုတ်ရှုထောင့်အမြင်

Tuesday, October 30, 2012


လက်ရှိဖြစ်ပေါ်နေတဲ့ သတင်းများအရ ….. ဟိုဘက်သည်ဘက် ချကုန်ကြပြန်ပြီ ဆိုပါတယ်။ ခက်တာက ကျွန်တော်တို့ရဲ့ လက်ရှိနိုင်ငံ့အကြီးအကဲရဲ့ ကံဇာတာအရကလည်း ….အဆိုပါ အရေးအခင်း မျိုးတွေကို ဖြေရှင်းဖို့ ကြုံကြိုက်နေရတတ်ချိန် ဖြစ်နေပါတယ်။ တစ်ခြားအရေးကို ကျွန်တော် ဆိုလိုတာ မဟုတ်ပါ။

ယခု ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်က အရေးအခင်းကို ဆိုလိုတာဖြစ်ပါတယ်။ 

အမည်များ နှင့် ကံဇာတာ (၁၃၇၄ ခုနှစ်) (ဒုတိယပိုင်း)

Wednesday, October 17, 2012


(၁) နာမည်အဖျားစာလုံး ဗုဒ္ဓဟူး/ရာဟုနံ (ယ၊လ၊၀၊ရ) ဖြင့် မှည့်ခေါ်ထားသော အမည်ရှင်များ

ဥပမာအားဖြင့် ….(ခင်ခင်ဝေ၊ သဉ္ဇာယွန်း၊ နှင်းနှင်းလွင် ၊ ချစ်သုဝေ၊ ထွန်းလင်း)

အထက်ပါကဲ့သို့သော အမည်ရှင်တွေအဖို့ လက်ရှိရောက်ဆဲ မြန်မာကောဇာခုနှစ် ၁၃၇၄ ခုနှစ် ထဲမှာ …..

စင်္ကာပူတွင် … ခေတ္တ … ဗေဒင်ဟောပြောမည်

Monday, October 15, 2012



နာမည်သည် လူ၏ ကံတရားကို မဖန်တီး ။ သို့သော် ရှေ့ဖြစ်လာမည့် အကျိုးဆက် တို့၏ အကြောင်းတရား ပုံရိပ်များ ထင်ဟပ်နေကြ၏။

ကျေးဇူးပြု၍ … အချစ်ကို လက်မလွှတ်လိုက်ပါနဲ့ …. (ဒုတိယပိုင်း)

Thursday, October 11, 2012




(၁)

ကမ္ဘာပေါ်ရှိ သာယာနာပျော်ဖွယ် အကောင်းဆုံး သုတိမင်္ဂလာ အသံသာများ ထဲတွင် …. ကိုယ်ချစ်သော မိန်းကလေး တစ်ယောက်က ကိုယ့်ကို  …. မောင်… .. ဟု ခေါ်သံလည်း အပါအ၀င် ဖြစ်မည်ဟု ကျွန်တော် ထင်မြင်ခဲ့ဖူးပါသည်။ ထို့ကြောင့်ပင်လျှင် … ရည်းစားတစ်ယောက် ဖြစ်ဖြစ်မြောက်မြောက် မပိုင်ဆိုင်သေးမီ ကတည်းကပင် ….. ငါရည်းစားရတဲ့အခါ …မောင်… လို့ ခေါ်ခိုင်းမယ် ဟူသော စိတ်ကူးယဉ် အတွေးမျိုး … ကျွန်တော် တင်ကြို စိုက်ပျိုးခဲ့မိသည်။ ထိုအချိန်ကတည်းက တင်ကြိုပြီး စိတ်ကူးဖြင့် ကြားယောင် ကြည့်မိခဲ့သည်။

အရသာ ရှိလိုက်ပါဘိတောင်း……..။

အမည်များနှင့် ကံဇာတာ (၁၃၇၄ ခုနှစ်)

Thursday, October 4, 2012


(ပထမပိုင်း)


ပထမ ဆောင်းပါးဖြစ်တဲ့ …. ၁၃၇၄ ခုနှစ် ခုနှစ်သားသမီးများ ကံဇာတာကို အရင်ဖတ်ပါ။ ပြီးတဲ့နောက်မှာမှ ….ဒီဆောင်းပါးမှာပါတဲ့ နာမည်ဆိုင်ရာ ဟောကိန်းများကို ဆက်လက်ဖတ်ရှုလေ့လာကြည့်ကြပါစို့…။

ကျေးဇူးပြု၍ … အချစ်ကို လက်မလွှတ်လိုက်ပါနဲ့ …. (ပထမပိုင်း)

Monday, September 24, 2012



(၁)

ခင်ငြိမ်း နှင့် ကျွန်တော်သည် ချစ်သူများ ဖြစ်ကြသည်။ သို့သော် … ကျွန်တော် တို့နှစ်ဦး သည် အချစ်ဦးများ မဟုတ်ကြပါ။ သူသည် ..ကျွန်တော့်အတွက် တတိယမြောက် ရည်းစားဖြစ်ပြီး၊ သူ့အတွက်ကတော့ ..ကျွန်တော်သည် ဒုတိယမြောက် ချစ်သူဖြစ်လေသည်။

၁၃၇၄ ခုနှစ် ခုနှစ်ရက်သားသမီး ကံဇာတာ

Sunday, September 16, 2012



မကြာမီ ၀ါလကင်းလွတ် သီတင်းကျွတ်ပေတော့မည်။ နှစ်အားဖြင့် တစ်ဝက်ခန့် ဖြတ်သန်းပြီးပါမှ ….ဒီဆောင်းပါးကို ကျွန်တော် ရေးဖြစ်သည်။ အမှန်ကတော့ မရေးတော့ဘူးဟု ….. စိတ်ကူးပြီး မရေးဘဲ ထားခဲ့ခြင်းဖြစ်သည်။ တစ်နေ့ ကျွန်တော် ….ကိုယ့်ဆိုဒ်ကို ကိုယ် …ဟိုလှန်သည်လှန် ပြန်စစ်ကြည့်ရင်း……..နှစ်စဉ်ဟောကိန်းများတွင် လူအများစု …၀င်ဖတ်နေကြကြောင်း တွေ့ရ၏။ ထိုသို့ဖတ်ရာတွင် မြန်မာလူမျိုး လူငယ်အများစုမှာ ……မိမိတို့ လက်ရှိရောက်ရှိ ဖြတ်သန်းနေသည့် မြန်မာခုနှစ်ကိုပင် ၁၃၇၄ ခုနှစ် မှန်းမသိ၊ …၁၃၇၃ ခုနှစ်မှန်းမသိ ဘဲ …နှစ်ဟောင်းမှ ဟောကိန်းဆောင်းပါးများကို ပင် ၀င်ဖတ်နေကြသည် ကို တွေ့ရပါသည်။

သူတို့နာမည် … သူတို့ဘ၀ (၁)

Tuesday, September 4, 2012



ကျွန်တော်သည်  ဗေဒင်ဟောဆိုခဲ့သည့် သက်တမ်းတစ်လျှောက် တွင် အချို့သော နာမည်ရှင်များ နှင့် သူတို့၏ ဘ၀လေးများကိုလည်း မှတ်မှတ်ထင်ထင် ….ရှိခဲ့ရပါသည်။ ယင်းတို့ထဲမှ အချို့သော နာမည်ရှင်များနှင့် …….ဘ၀ဖြစ်စဉ်အနှစ်ချုပ်ကလေးများကို …သတိပြုလေ့လာနိုင်စေရန် ယခုဆောင်းပါးကို ရေးသားအပ်လေသည်။ ယင်းသို့ရေးသားဖော်ပြရာတွင် နာမည်ဖော်ပြရန်မသင့်သော သူအချို့ကိုမူ ..နာမည်၏ နေ့နံများဖြင့်ဖြစ်စေ … အနဲငယ်ပြောင်းလဲပြီး ဖြစ်စေ  ဖော်ပြရေးသား တင်ပြပေးထားပြီး၊ ကျန်နာမည်ရှင် ဇာတာရှင်များကိုမူ …နာမည်အရင်းများအတိုင်း ….ဘ၀ဖြစ်စဉ်အမှန် အတိုင်း သုံးသပ်ရေးသား တင်ပြပေးလိုက်ရပါကြောင်း။

လူ ၊ နာမည် နှင့် ဇာတာ

Thursday, August 9, 2012


(၁) 
လူအမျိုးမျိုး စိတ် အထွေထွေ ဟု ဆိုလေ့ရှိကြသည်။ တစ်ကယ်တော့ လူအမျိုးမျိုး နာမည်အသွယ်သွယ် …ဇာတာအမျိုးမျိုးဟု ကျွန်တော့်အတွက်တော့ ဆိုရမလိုပင်။ မုဆိုးစိုင်သင် …တဲ့။
  အချို့သော …ဇာတာရှင်များကို ကျွန်တော် ဟောဆိုပေးရင်းဖြင့် .. ပညာရခဲ့ပါသည်။ မှတ်သားစရာ ၊ အံ့သြစရာ များစွာလည်း ရရှိ မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ဂြိုဟ်ဒေါသ ကိုဘောမ

Thursday, August 2, 2012



(၁)

မနက်ဖြန်မှာ ဘာဖြစ်မလဲ …။  တော်တော်များများ သိချင်ပြီး ….ဘယ်သူမှ တိတိကျကျ မသိနိုင်သော အချင်းအရာဖြစ်သည်။ အလွန်သေချာနေသော သေချာမှုများပင်လျှင် မသေချာမရေရာ အစိုးမရဖြစ်တတ်သော အနတ္တ သဘောတရားလွှမ်းခြုံထားသည့် …လောကတွင် .. အဘယ်မည်သူသည် …သေချာ ပိုင်နိုင်မှုကို အစိုးရနိုင်ပါအံ့နည်း။

သရုပ်မှန် လ၀န်း ရွှန်းပပ

Friday, June 22, 2012



သိပ်တော့ ….လူကြားမကောင်း…။

ဘယ့်နှယ် ….အချစ် နှင့် မေတ္တာရေး …အကြံပြု စာပေတွေ ဝေေ၀ဆာဆာ ရေးနေသည့် ဗေဒင်ဆရာ စာရေးဆရာကြီးတစ်ယောက် ..မိန်းမနှင့် ကတောက်ကဆ မကြာခဏ ဖြစ်နေရသည် ဆိုပါလျှင် ..လူဟားစရာ ဖြစ်တော့မည်။

ခုလည်း ….. ကျွန်တော် နှင့် မိသွယ် တို့ စကားများ ရဦးမည် ထင်၏။ မနက်ကတည်း က …ဆူဆောင့် နေသော မိသွယ်ကို ကျွန်တော်လည်း ပြန် တင်းစ ပြုလာသည်။

ဆုတောင်းပြည့် သော သစ်တစ်ပင်

Friday, June 1, 2012


(၁)

သည်ဇာတ်လမ်း ၏ အစကတော့ …..ရှာရှာဖွေဖွေ မွှေနှောက်စူးစမ်းတတ်သော နေဒွန်းနိုင်၏ အလေ့အကျင့် မှ စတင်ခဲ့ခြင်း ဖြစ်လေသည်။

သည်နှစ် မွေးသည့် ရင်သွေးငယ်တွေ (၁၃၇၄ခုနှစ်)

Tuesday, May 22, 2012


နှစ်ခုကြွင်း မဟာဘုတ်ဇာတာခွင်နှစ်


သည်တစ်နှစ် မြန်မာခုနှစ် ၁၃၇၄ခုနှစ်ကတော့ …. နှစ်ခုကြွင်းမဟာဘုတ်ဇာတာခွင်နှစ်မျိုး ဖြစ်ပါတယ်။ ဒီတစ်နှစ်မှာ မွေးဖွားသော ကလေးသူငယ်များ …ရင်သွေးငယ်များအဖို့ ..အောက်ပါနေ့နံ အသီးသီး ဟာ ဆိုင်ရာ မဟာဘုတ်ဇာတာဖွားများ ဖြစ်လာပါလိမ့်မယ်။

လာဘ်လာဘကို ဆောင်သောဂြိုဟ်

Saturday, May 12, 2012


မဟာဘုတ်ဗေဒင်ပညာ မှာ လာဘ်လာဘ ကို ဘယ်ဂြိုဟ်က ဆောင်ပါသလဲ ဆိုတဲ့ မေးခွန်းမျိုး မေးခဲ့သည် ရှိသော်…. စာရေးသူအနေနဲ့  ဒီကနေ့အထိ လေ့လာ သုတေသနပြုထားသမျှ အတွေ့အကြုံ  နဲ့  သုံးသပ် ပြရရင် ရာဇဌာနမှာ ရှိသောဂြိုဟ်ဟာ လာဘ်လာကို ဆောင်သောဂြိုဟ် ဖြစ်ပါတယ်။

ဗိုလ်အုန်းသီး

Friday, May 4, 2012



လူနာစောင့် ဒိုင်ယာရီ (၂)

(၁)

အစ်ကိုကြီး ….လုပ်ပါဦး…ဆရာမ သွားခေါ်ပေးပါဦး ၊ ဒီမှာ အဖေ အသက်ရှုကျပ်သလို ဖြစ်နေလို့ ။

ရောက်ရောက်ချင်း ဆိုသလို …ညီမလေးဆီမှ အမောတကော ပြောသံကြောင့် ….ကျွန်တော် အဖေ့နား ချက်ချင်း တိုးကပ်ကြည့်မိသည်။ ဟုတ်သည်။ အဖေသည် အသက်ကို မနည်း ရှုနေရသည်။ အောက်စီဂျင်ပိုက် တပ်ထားသည့်တိုင်…အဆင်ပြေပုံမပေါ်။

မင်းသား ကျွန်တော် .. ကျွန်တော် မင်းသား

Wednesday, May 2, 2012



လူနာစောင့် ဒိုင်ယာရီ (၁)


(၁)

ကျွန်တော် စာရေးပျက်နေခဲ့သည်မှာ ကြာခဲ့ပေပြီ။  ရှေးယခင်က  တစ်လကို အနည်းဆုံး ဆောင်းပါး လေးပုဒ် မပြည့်သည် ဟူ၍ မရှိခဲ့သော်လည်း …ယခုမူ  ကျွန်တော့်အတွေးများက ခဲဆွဲထားသည့်အလား လေးလံလွန်းလှသည်။

ယခုနှစ်အတွင်း ကျွန်တော်ရင်ဆိုင်ရသော ဘ၀မျက်နှုာစာများသည် ကြမ်းတမ်းသော စိန်ခေါ်မှုများ ပြည့်နှက် နေခဲ့သည်။ လူမှုရေး ၊ စီးပွားရေး၊ ကျန်းမာရေး တည်းဟူသော  စိန်ခေါ်မှုမျိုးစုံ ကို ယှဉ်ပြိုင် ထိုးသတ်ရင်း ..တစ်ချက်တစ်ချက် … အသက်ရှု ရပ်မတတ် ဖြစ်ဖြစ်သွားခဲ့သည်။

လျှို့ဝှက်တံခါးကို ဖွင့်တဲ့သော့

Monday, April 23, 2012



သည်ဆောင်းပါး  ဟာ အင်မတန် တန်ဖိုးရှိတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ သည်လိုညွှန်းဆိုတာမျိုးကို ကျွန်တော် တော်တန်ရုံနဲ့ ညွှန်းဆိုလေ့ မရှိခဲ့ပါ။

သို့သော် သည်ဆောင်းပါး မှာတော့ အထက်ပါအတိုင်း ညွှန်းဆိုရပါလိမ့်မယ်။

နိုင်ငံရေးဗေဒင် စာစု(၄)

Tuesday, April 3, 2012



မနက်ဖြန်တို့၏  နိမိတ်ပုံများ

(၁)

နိုင်ငံရေးဗေဒင် စာစု (၄)  ဖြစ်တဲ့ သည်ဆောင်းပါး ဟာ …လက်ရှိမြန်မာနိုင်ငံရဲ့ အကြီးအကဲတစ်ဦးဖြစ်သော …ဦးသိန်းစိန်ရဲ့ နာမည် နဲ့ လာမယ့် မြန်မာနှစ်သစ် ၁၃၇၄ ခုနှစ် မဟာဘုတ်ဇာတာခွင်အရ ဖြစ်ပေါ် လာနိုင်သော … အကြောင်းအကျိုးဆက် အချို့ကို ခန့်မှန်းတင်ပြထားခြင်းဖြစ်ပါတယ်။

နိုင်ငံရေးဗေဒင် စာစု(၃)

Wednesday, March 7, 2012



ကျွန်တော် တွေးမိသော အပြောင်းအလဲများ

(၁)

နိုင်ငံရေးဗေဒင်စာစုတွေကို ကျွန်တော် ရေးသားနေစဉ်မှာပဲ ၊ တစ်ဖက်ကလည်း …ဂျာနယ်တွေကို ပိုဖတ်ဖြစ် ခဲ့ပါတယ်။ အမေစု နဲ့ နိုင်ငံတော်အကြီးအကဲ ဦးသိန်းစိန်တို့ရဲ့ သတင်းတွေကို ဂျာနယ်တိုင်းလိုလိုမှာ စာရွက် ထပ်မျှ ဖတ်ရှုနေရပြီး …အတွေးမျိုးစုံ၊ ၊ အရေးအသားမျိုးစုံကိုလည်း ဖတ်ရှုနေရဆဲပါပဲ။ ဘာပဲဖြစ်ဖြစ် ရှေးနဲ့မတူသော ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကို တွေ့မြင်ကျေနပ်ခဲ့ရပါတယ်။

အမည်သုတအဖြာဖြာ စာစု(၂)

Monday, February 27, 2012


အမည်များ မှည့်ခေါ်ခြင်း
ဘ၀တစ်ခု အစပြုလိုက်ပြီးတဲ့နောက်မှာ …များမကြာမီ ထိုဘ၀ပိုင်ရှင်ကို အမည်သညာတစ်ခု စတင် မှည့်ခေါ် ပေးကြရပါတယ်။ လူစိတ်ကင်းမဲ့တဲ့ မိဘအချို့က လမ်းဘေးမှာ စွန့်သွားတာခံလိုက်ရတဲ့ ဘ၀လေးတစ်ခု မှာတောင် အမည်လေးတစ်ခုတော့ ပိုင်ဆိုင်လာပါတယ်။

သူချစ် … ကိုယ်ချစ် … အချစ်ဆုံး

Tuesday, February 14, 2012



သူချစ်


မောင်မောင်ကို …  မိဆူးက  ချစ်နေမှန်း မောင်မောင် သိသည်။ သိလောက်အောင်လည်း မိဆူးက  မောင်မောင့်အပေါ် အနွံတာခံသလို …အစစအရာရာ အလိုလိုက်အကြိုက်ဆောင် မျက်နှာသာ ပေးတတ်သည်။ ခက်တာက မောင်မောင်ကိုယ်တိုင်ပဲ ဖြစ်သည်။ မိဆူးကို ပြန်ချစ်လိုစိတ် မပြင်းပြဘဲ ဖြစ်နေသည်။ မေမေ နှင့်မမတို့ကလည်း မိဆူးကို သဘောကျ နှစ်လိုကြသည်။ ခြံချင်းကပ်လျက်  နေကြသူများမို့  တစ်ဖက်နှင့် တစ်ဖက်လည်း အရိပ်အကဲ အကြောင်းအကျိုး သိနေကြသူများ ဖြစ်နေ ကြသည့် အတွက် ထူးထွေသည့်အံ့ရာသော် ..ငြင်းစရာရယ်လို့ မရှိပေ။ သို့သော်……………..

ဒီတစ်ခွန်းဆိုရင်ဖြင့် (၁)

Friday, February 10, 2012

အပိုင်း(၁)
(၁)
တော်တော်လေးကိုမှ မကျေနပ်စရာ ။ သင်းမြကို ဒင်းက  ရှိတယ်လို့မှ အောက်မေ့သေးရဲ့လားမသိ ။ အတော် သွေးအေးသည့် ယောကျာ်း  ။ မီးစနဲ့ ထိုးပြီး သွေးပူအောင်လုပ်လိုက်ရ မကောင်းဖြစ်ရောမယ်။ စိတ်ပေါက်ပေါက် ရှိသည်နှင့် အပျိုကြီး မသင်းမြတစ်ယောက် ..ကိုဘမိုး ကို ကြည့်ရင်း  မကျေမနပ် တွေးနေမိသည်။

အမည်သုတ အဖြာဖြာ

Monday, January 16, 2012



ဂန္ဓာရုံ ပညတ် အမည်များ
မြန်မာလူမျိုးတွေ အများအပြားမှည့်ခေါ်လေ့ရှိတဲ့ အမည်တစ်မျိုးကတော့  သင်း   ဆိုတဲ့ ပညတ် တစ်ခု ဖြစ်ပါတယ်။ ပမာအားဖြင့် … သင်းရနံ့ ၊ သင်းသင်းဆွေ၊ သင်းပျံ့နွေး၊ သင်းမြမြဦး၊ စသည်ဖြင့်ပေါ့ …သင်း နဲ့ အစပြု မှည့်ခေါ်လေ့ ရှိကြတာကို တွေ့ရှိရပါတယ်။

ကျွန်တော် တွေးမိသော ဘာဝသဘောတရားများ

Saturday, January 7, 2012


တနုဘာဝ
ဇာတာတစ်စောင်မှာ အရေးအကြီးဆုံးကတော့ လဂ်ဘာဝ (တစ်တန့်ဘာဝ) လို့ ဖတ်ခဲ့ရဖူးပါတယ်။ တစ်တန့်ဘာဝ ဟာ … ဇာတာရှင်ရဲ့ လူ့လောကတံခါးဝကို တွန်းဖွင့်ဝင်ရောက်စ အချိန်လို့လည်း ပြောလို့ ရမယ် ထင်ပါတယ်။  တနုဘာဝလို့လည်း ခေါ်ဆိုတဲ့ အဆိုပါ ဘာဝဟာ ..ဆိုင်ရာဇာတာရှင်နဲ့ အနှီးနွယ် အပတ်သက်ဆုံး ဘာဝတစ်ခုဆိုလည်း မမှားပါ။

 

Posts Comments

©2006-2010 ·TNB