အမည်သုတအဖြာဖြာ စာစု(၂)

Monday, February 27, 2012


အမည်များ မှည့်ခေါ်ခြင်း
ဘ၀တစ်ခု အစပြုလိုက်ပြီးတဲ့နောက်မှာ …များမကြာမီ ထိုဘ၀ပိုင်ရှင်ကို အမည်သညာတစ်ခု စတင် မှည့်ခေါ် ပေးကြရပါတယ်။ လူစိတ်ကင်းမဲ့တဲ့ မိဘအချို့က လမ်းဘေးမှာ စွန့်သွားတာခံလိုက်ရတဲ့ ဘ၀လေးတစ်ခု မှာတောင် အမည်လေးတစ်ခုတော့ ပိုင်ဆိုင်လာပါတယ်။

သူချစ် … ကိုယ်ချစ် … အချစ်ဆုံး

Tuesday, February 14, 2012



သူချစ်


မောင်မောင်ကို …  မိဆူးက  ချစ်နေမှန်း မောင်မောင် သိသည်။ သိလောက်အောင်လည်း မိဆူးက  မောင်မောင့်အပေါ် အနွံတာခံသလို …အစစအရာရာ အလိုလိုက်အကြိုက်ဆောင် မျက်နှာသာ ပေးတတ်သည်။ ခက်တာက မောင်မောင်ကိုယ်တိုင်ပဲ ဖြစ်သည်။ မိဆူးကို ပြန်ချစ်လိုစိတ် မပြင်းပြဘဲ ဖြစ်နေသည်။ မေမေ နှင့်မမတို့ကလည်း မိဆူးကို သဘောကျ နှစ်လိုကြသည်။ ခြံချင်းကပ်လျက်  နေကြသူများမို့  တစ်ဖက်နှင့် တစ်ဖက်လည်း အရိပ်အကဲ အကြောင်းအကျိုး သိနေကြသူများ ဖြစ်နေ ကြသည့် အတွက် ထူးထွေသည့်အံ့ရာသော် ..ငြင်းစရာရယ်လို့ မရှိပေ။ သို့သော်……………..

ဒီတစ်ခွန်းဆိုရင်ဖြင့် (၁)

Friday, February 10, 2012

အပိုင်း(၁)
(၁)
တော်တော်လေးကိုမှ မကျေနပ်စရာ ။ သင်းမြကို ဒင်းက  ရှိတယ်လို့မှ အောက်မေ့သေးရဲ့လားမသိ ။ အတော် သွေးအေးသည့် ယောကျာ်း  ။ မီးစနဲ့ ထိုးပြီး သွေးပူအောင်လုပ်လိုက်ရ မကောင်းဖြစ်ရောမယ်။ စိတ်ပေါက်ပေါက် ရှိသည်နှင့် အပျိုကြီး မသင်းမြတစ်ယောက် ..ကိုဘမိုး ကို ကြည့်ရင်း  မကျေမနပ် တွေးနေမိသည်။

 

Posts Comments

©2006-2010 ·TNB